ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, May 28, 2012

ဘာသာရေးဟာသ


ဘုန်းကြီးကျောင်းကို ဒကာမလေးတစ်ယောက် ဆွမ်း လာပို့တယ်..
“အရှင် ဘုရား  အမေ က ဆွမ်းပို့ခိုင်းလိုက်လို့ ပါဘုရား”
“အေးအေး …ကိုရင်တွေ ပေးလိုက်  ဆွမ်းချို င့် ကို..”
“တင့်ပါ့  ဘုရား…”
ဘုရားဝတ်ပြုပြီး တော့ ဒကာမ က
“တပည့်တော်ပြန်ကြွပါအုံးမယ် ဘုရား..”
“ဟေ..ဘယ် နှယ် ပြန်ကြွမယ် လဲ..ဒီ ဒကာမ နဲ့တော့ ..
နင့်အမေ ရှိရင် ဘုန်းကြီးခေါ် တယ် လို့ ပြောလိုက်..ခုလာခဲ့ လို့”
“တင်ပါ့ ..ပြောလိုက်မယ် ဘုရား”
++++
အမေ ဖြစ်သူ က ရောက်လာ
“ အရှင် ဘုရား..ဘာကိစ္စများရှိလို့ လဲ ဘုရား”
“ အေး ..နင့်သမီး က  ငါ့ ကို ပြန်မယ် ဆိုတာ ပြန်ကြွပါအုံးမယ် လို့ 
လျှောက်ပါရောလား..နင် တို့ တွေ လဲ သားသမီး ကို သင်ပြထားအုံးမှပေါ့”
“ဩော်..ဒီသမီးနှယ်  အပြော အဆို မတတ် လိုက်တာ…
သီးခံပါဘုရား  တပည့်တော် အိမ် ပြန် ရောက်ရင် သမီးကို
အရှင်ဘုရား တို့ နဲ့ပြောရင် ဘယ် လိုပြောရမယ် ဆိုတာလေး.
မိန့် တော်မူ လိုက်ပါမယ် ဘုရား..”
“ဟင်..နင် က တစ်မျိုးပါလား…မဖြစ်သေးပါဘူး
နင့်ယောင်္ကျားကိုလွှတ် လိုက် စမ်း..ငါ့ဆီ”
“တင် ပါ့ ဘုရား…”
++++
ယောင်္ကျားဖြစ်သူ  ဘုန်းကြီးရှေ့ ရောက်လာ
“အရှင်ဘုရား မိန့် စရာရှိတယ် ဆိုလို့  ပါ.”
“မိန်းမ နဲ့ သမီးကတော့  ငါ ဘုန်းကြီးနဲ့ စကားပြောတာများ
 အပြောမတတ် လိုက်တာ ဒကာကြီးရယ်..မင်းလဲ ကြည့်ပြီးသွန်သင်
လိုက်ပါအုံး..”
“တင်ပါ ဘုရား…..တပည့်တော် လဲ  သင်ပေးပါတယ် ဘုရား..
မှတ်မှတ်သားသား မရှိကြလို့ ပါ  နောင်ဒီလိုမပြောရအောင်လို့ 
ပြန်ရောက်တာနဲ့  သားအမိ နှစ်ယောက်လုံး ချေချွတ် ဆုံးမ တော်
မူလိုက်ပါ့မယ်….ဘုရား”
“ဟမ်…မင်း ကလဲ မဟုတ်သေးပါဘူး..ဒီတိုင်းတော့ မဖြစ်သေးဘူး.
မင်းအိမ်မှာ  ဘယ်သူရှိသေးလဲ လူကြီး က..”
“တင်ပါ…တပည့်တော် ယောက္ခမ ကြီးတော့ ရှိပါတယ် ဘုရား..”
“အေး..မင်းယောက္ခ မ သာ လွှတ် လိုက်တော့  ဒကာကြီး..
ပြောရင် မောတယ် ”
“တင့်ပါ ဘုရား”
++++++
ယောက္ခမ ကြီး ရောက်လာ
“အရှင် ဘုရားမိန့် တော်မူ ပါအုံးဘုရား..ဘာတွေ များဖြစ်လို့ ပါလိမ့် ..”
“အေး ..ဘာဖြစ်လဲဆိုတော့..ဒကာမ ကြီး က အသက် အရွယ် လည်း ရနေပြီ
ဘုန်းကြီးတွေနဲ့ စကားပြောရင်ဘယ်လိုပြောဆိုရမယ် ဆိုတာမျိုးလေး..
ကိုယ့်သားသမီးတွေ မြေးတွေ ကိုသင် ပြအုံးမှပေါ့…ခုတော့ ပြောနေ လိုက်ကြတာ
အချိုးမကျ ပါလား..အဲ့တော့ ဒကာမ ကြီး က လူကြီးဆိုတော့ ပြောတာဆိုတာလေးတွေ
ဂရုစိုက်ပြီးသင်ပေးလိုက်..ဟုတ်ပလား”
“တင်ပါ့ ဘုရား  တပည့်တော်  ကတော့သင်ပေးပါတယ်..
သူတို့ တွေ က စိတ် မ၀င်စားကြတော့ မှတ် မှတ် သားသားမရှိကြတာပါ..
ခုခေတ် ကာလ သားသမီးများ ပြောမကောင်းဆိုမကောင်းတွေ ပါဘုရား..
တခါ တခါ တပည့်တော် တောင် မှ စိတ် ရှုပ် လွန်းလို့ 
ဘ၀နတ်ထံ ပျံလွန် တော်မူချင်တော့တာပါပဲ ဘုရား..”
“ဟေဟဟဟဟဟဟဟဟဟ….ကောင်းကြသေးရဲ့ လား”



*********တတိယမြောက်သမီးတော်**************

3 comment:

လွင်ပြင်လှိုင်းငယ် said...

ဟိ ၇ီရတယ်။
ဆက်လျက်ရေးသားပါအုံး အားပေးနေပါ့မယ်

Anonymous said...

အဟိ.... ရယ်ရတယ်... ကျေးဇူးးးး

Unknown said...

အလည်လာ ပြီး Share သွားပါတယ်...(သာဓု ၃ခါ )ပါဗျာ...