ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Wednesday, June 27, 2012
ဘုရားကို အမှန်တကယ် ပူဇော်နိုင်ကြပါစေ
ဘုရားနှစ်မျိုးရှိပါတယ်…
သဏ္ဍန်တော် ဘုရားနဲ့  ဥာဏ်တော် ဘုရား ပါ..
အားလုံးမြင်နေ ၊ တွေ့ နေ ပူဇော် နေကြတဲ့ .ဘုရား က သဏ္ဍန်တော် ဘုရား ဖြစ်ပါတယ်..
စေတီတော် ၊ ရုပ်တုတော် ၊ ပုံတော် စသဖြင့် ပေါ့ ... လူတိုင်းပုဂ္ဂိုလ်တိုင်း
Posted on: Monday, June 25, 2012
ဆုတောင်း
ဝေဿန္တရာ ဇာတ်တော်ကို ဖတ်မှတ်ဖူးသူတိုင်းသိပြီး
ကြမည်ဖြစ်ပါသည်။ဝေဿန္တရာမင်းကြီးသည် သားတော်
သမီးတော်တို့ကိုပုဏ္ဏားအားလှူဒါန်းပြီးသောအခါ
တာဝတိံသာ နတ်ပြည်မှ နတ်တို့ သနင်းသိကြာမင်းကြီးသည်
မင်းကြီးဝေဿန္တရာကို ပြုစုသူမဲ့မည်စိုးသောကြောင့် 
Posted on: Sunday, June 24, 2012
သောတာပန် ဖြစ်နိုင်တဲ့ အကြောင်း လေးပါး
သောတာပန်ဖြစ်နိုင်တဲံအကြောင်းလေးပါးကို
 ကျန်းဂမ်များမှာဤသို့ ဖေါ်ပြပါတယ်
Posted on: Saturday, June 23, 2012
အမြတ်ဆုံး
 မြတ်စွာဘုရားရှင်ဇေတ၀န် ကျောင်းတော် `၌ သီတင်းသုံးတော် မူစဉ်
သိကြားမင်းနှင့် တကွ နတ်အပေါင်းတို့ သည် စုဝေးရောက်ရှိကြကုန်၍
              သိကြားမ င်း က“ဘုန်းတော်ကြီးမြတ်သောမြတ်စွာဘုရား…
ဤမည်သော ပြဿနာ လေးရပ် တို့ ၏ အနက် အဓိပ္ပါယ် ကို
ကျွန်ုပ် တို့ အား ထင်ရှားဖြေဆို ပါကုန် ’’ဟူ၍ လျှောက်ထားလေ၏။
Posted on: Tuesday, June 19, 2012
မီးလွတ်စားသုံးသည်ဆိုရာဝယ်
မြတ်စွာဘုရားရှင် က မီးလွတ်စားကြဖို့မှာကြားဆုံးမတော်မူခဲ့ပါသည်။
ထို့ အတွက်ကြောင့်လားတော့မသိ မီးလွတ်စားသောကိုယ်တော်များ
တချို့ တချို့ နေရာများတွင် ရှိကြသည်။ကြည်ညိုကြသူများကလည်း
တအုံးအုံးနှင့်ပင်။လူတွေများစည်မှ စည် ။
                     ဘုရားဟောသည့်မီးလွတ်စားရန် အကြောင်းမှာ ဘယ်လိုမျိုး
ပါလဲ ဟူ၍ နည်းနည်းမှ လည်းမလေ့လာ။မိမိ ကတော့ ပြောအားရှိတာပေါ့။
Posted on: Monday, June 18, 2012
မင်္ဂလာရှိသောသူ
မြတ်စွာဘုရားဟောကြားတော်မူထားတဲ့ 
မင်္ဂလာတရားတော် ထဲမှာ 
``ဖုဌဿ လောက ဓမ္မေဟိ၊စိတ္တံ ယဿ န ကမ္ပတိ။``
               လို့ ပါပါတယ်…
Posted on: Sunday, June 17, 2012
မတူသော အကြောင်းများ
မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီး ကသတ္တ၀ါတွေရဲ့  အကျိုးစီးပွား
အလို့ ငှါ  သစ္စာ(၂)ပါးကို ဟောကြားတော်မူပါတယ်…
 အတော်များများသိကြတာက သစ္စာ(၄)ပါး ပါ..
ခုပြောမယ့်သစ္စာ(၂)ပါး ကို တော့ ဟီရိ သြတပ္ပ  အလို့ ငှါ
Posted on: Friday, June 15, 2012
တည်းခိုခန်း
,ဂျပန် ဘုန်းတော်ကြီးတစ်ပါးဟာ  နန်းတော်ထဲ ကိုဝင် လာတယ်...
အမှတ်တမဲ့ ဆိုတော့ အစောင့်တွေ ကသတိမထားမိလိုက်ဘူး..
ရှင် ဘုရင် က ဘုန်းတော်ကြီးကိုတွေ့ တော့ မေးတယ်.
``အရှင်ဘုရား..ဘာအလိုရှိပါသလဲ ဘုရား .``
Posted on: Thursday, June 14, 2012
ဘယ်ကလာလို့  .ဘယ်ကိုသွားကြမှာလဲ
မြတ်စွာဘုရားရှင် ဟောကြားခဲသော မရဏဿတိ ကို 
ယက်ကန်းသည်မလေးသည် သဒ္ဒါကြည်ညိုစွာပွားများခဲ့
သဖြင့် ၃ နှစ်ကြာသောအခါ ဥာဏ်တော်ရင့် နေသည်ကို 
သိတော်မူသော မြတ်စွာဘုရားက ရာဇဂြိုလ် ပြည်
 ဇေတ၀န်ကျောင်းတော် တွင် သီတင်းသုံးရာမှ 
အာဠ၀ီပြည် သို့  ကြွတော်မူ၍တရားပွဲကျင်းပရာ
လူပရိသတ်အလယ်`၌ယက်ကန်းသည်မ ၏ 
သမီးကို ပြဿနာလေးချက်အား မေးလေ၏။ 
(ဗုဒ္ဓ)………………သတို့ သမီး..သင်ဘယ်ကလာသနည်း၊
Posted on: Tuesday, June 12, 2012
‘‘‘ဒီဘ၀ ဒီခန္ဓာ ဘယ်သူလာလို့ ထောက်ပံ့ပါလိမ့် ’’
ဒီဘ၀ဒီခန္ဓာ ဘယ်သူထောက်ပံ့ လို့ ဖြစ်နေတယ် ဆိုတာလေး
ပြောပြချင်ပါသေးတယ်….
ခန္ဓာ(၅)ပါးကို အကျဉ်းရုံးလိုက်ရင်(၂)ပါးပဲကျန်ပါတယ်.
ရုပ်ခန္ဓာ နဲ့   နာမ် ခန္ဓာ ဖြစ်ပါတယ်..
ဒီရုပ်နဲ့ ဒီနာမ် ကို ဘယ်သူတွေထောက်ပံ့ သလဲ ဆိုတာလေး
ပြောပြပါမယ်..
ရုပ် ကို ထောက်ပံတဲ့အကြောင်းအရာ(၄)ပါးရှိပြီးတော့
နာမ် ကို ထောက်ပံ့တဲ့အကြောင်းအရာ(၂)ပါးရှိပါတယ်
ရုပ် ကိုထောက်ပံ့တဲ့အရာ(၄)ပါး က
Posted on: Monday, June 11, 2012
အဖေထက်မြင့်မြတ်သောသမီး
အနာထပိဏ် သူဌေးကြီး ဆိုရင် ဗုဒ္ဓဘာသာဝင်တိုင်းသိကြမှာ
ဖြစ်ပါတယ်…သူဌေးကြီး ဟာ ဘုရားရှင် နဲ့ တကွ ရဟန်းတော်များကို
ဆွမ်းအမှူ နဲ့ လုပ်ကျွေးပြုစု တဲ့ဒကာ တစ်ယောက်ပါ..အကြီးဆုံး
သမီးဖြစ်တဲ့  မဟာသုဘဒ္ဒါ ကို အမှူကိစ္စ အ၀၀ ဆောင်ရွက် ဖို့ 
တာဝန်ပေးထားပါတယ်…မဟာသုဘဒ္ဒါ က အမှူကိစ္စ ဆောင်ရွက်ရင်း
တရားတော်နာကြားလို့  သောတာပန်တည်ပါတယ်..နောက်တော့
Posted on: Saturday, June 9, 2012
သူတစ်ပါးစိတ်အကြံအစည်ကိုသိသောသူ
    မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး သက်တော်ထင်ရှားရှိစဉ်တုံးက
ဟိမ၀န္တာတောင်ခြေမှာ မာတိက ဆိုတဲ့ရွာလေးတစ်ရွာ ရှိတယ်..
အဲ့ဒီရွာမှာ မာတိကမာတာ လို့ရွာသူရွာသားတွေက လေးစားရိုသေခြင်း
ခံရတဲ့ အမျိုးသမီးတယောက်ရှိတယ်..
လာတယ်..မာတိကမာတာ က ရဟန်းတော်များကို ဒီရွာမှာပဲသီတင်း
သုံးနေထိုင်ဖို့လျှောက်ထားတာကြောင့် ရဟန်းများကလဲ လက်ခံတော်
မူတယ်…ရဟန်းများက လက်ခံတော်မူတာနဲ့ ..ရဟန်းတော်များနေဖို့ 
Posted on: Friday, June 8, 2012
နတ်သမီးလေးတစ်ပါး၏ ချစ်ပုံပြင်
တာဝတိံတာ နတ်ပြည် က နတ်ဥယျာဉ်လေးထဲမှာ
“မာလဘာရီ”လို့  ခေါ်တဲ့ နတ်သားတစ်ပါးဟာ
နတ်သမီးတစ်ထောင်နဲ့အတူ ပျော်ပါးနေတယ်….
နတ်သမီးလေး ငါးရာ ကပန်းပင်ပေါ်တက်ပြီးပန်းပွင့်တွေ ချွေချ
သလို ကျန်တဲ့ နတ်သမီးငါးရာကတော့ ချွေချ တဲ့ ပန်းလေးတွေ
လိုက်ကောက်လို့ နတ်သားကိုတန်ဆာဆင်ကြတယ်…
အဲ့ လိုပျော်ပါးနေကြတုန်းမှာပဲ
ပန်းပင်ထက်မှာ ပန်းချွေနေတဲ့  နတ်သမီးလေးတစ်ပါးဟာ
အပင်ပေါ်မှာပဲ စုတေ သေလွန်လို့ နတ်ခန္ဓာပျောက်သွားတယ်..
+++++
Posted on: Thursday, June 7, 2012
မီး(၁၁)မီးငြိမ်းဖို့
ဘာသာရေးနဲ့ပတ်သက် ပြီး ဘာမှ သဲသဲကွဲကွဲ မလေ့လာမိသေးတဲ့အချိန်ကပါ
အမကြီးတယောက်က ဘယ်က ကြားလာမှန်းမသိ တဲ့လုပ်နည်းလေးတခုကိုပြောလို့
လိုက်လုပ်ခဲ့မိပါတယ်.. သူပြော တာက
မချစ်တတ်ဘူး ဆိုတဲ့ စကား မပြောပါနဲ့
တတ်သိနားလည်လွန်း လို့ ပြောနေတာမဟုတ် ပေမယ့်...
သိသလောက် တတ် သလောက်လေး ကို  သူငယ်ချင်း တွေ ကို
မျှ ဝေချင် မိ လို့  ပါ....
မချစ်တတ်ဘူး  ဆိုတဲ့ စကား   ဘယ်သူကိုမှ မချစ်ဘူး ဆိုတဲ့ စကားတွေ
ပြောနေတာ မကြာ မကြာ  ကြားနေ ရ ပါ တယ်...
ချစ်တယ်  ဆို တာကလဲ တွေ့ သမျှ မြင်သမျှ  ချစ်လို့ ရေ နတာ မျိုး
Posted on: Tuesday, June 5, 2012
♦♦♦သင် မိတ်ဆွေကောင်းနဲ့ တွေ့ ဖူးပြီလား♦♦♦
အကောင်းဆုံးမိတ်ဆွေဆိုတာ  ကိုယ့် ကို စိတ်ချမ်းသာစေပါတယ်...
ကိုယ့် ရင်ထဲမှာပူလောင်နေတာ ကိုငြိမ်းသတ်ပေးပါတယ်...
မရင့်ကျက်တဲ့စိတ်ကိုရင့်ကျက်စေပါတယ်...
မငြိမ်းတဲ့ မီးကိုငြိမ်းအောင်ပြုပါတယ်...
မသိသေးတဲ့ အတတ်ပညာ ကိုသိအောင်ပြပါတယ်...
သင့်ဘ၀ မှာမိတ်ဆွေကောင်းနဲ့ကြုံတွေ့ ခဲ့ ပြီလားဆိုတာ
သေချာစဉ်းစားပါ...မတွေ့ သေးရင်တွေ့ အောင်ရှာပါ..
မတတ်သေးတာတတ်အောင်သင်ဖို့ ...သင့်အတွက်အကောင်းဆုံးမိတ်ဆွေ
ရအောင် ကြိုးစားပါ...ချမ်းသာခြင်းအစစ်အမှန် ကိုရဖို့ အတွက်
သင့်ကိုအကောင်းဆုံးမိတ်ဆွေ က ကူညီပါလိမ့် မယ်..
မိတ်ဆွေကောင်းကိုပေါင်းသင်းမိခြင်းက
Posted on: Monday, June 4, 2012
မမြင်သောမျက်စိများ
အားလုံးသော ပုထုဇဉ်တို့ ၏မျက်စိများသည် ချမ်းသာခြင်းအတု ကို
မြင်ကြပါပေ၏။  အပေါ်ယံအားဖြင့် မြင်နိုင်တွေ့ နိုင်သောချမ်းသာခြင်း
ကိုမက်မော ကြပါ၏။ စိန်ရွှေရတနာ ပစ္စည်းဥစ္စာများကို တပ်မက်ကြ၏။
၎င်း ချမ်းသာခြင်းသည်စစ်မှန်သောချမ်းသာခြင်းမဟုတ်သည်ကိုလည်း
မသိကြချေ။ ဤကဲ့သို့ မသိခြင်းသည် အ၀ိဇ္ဇာ သာဖြစ်၏။အမှောင်ဖုံးနေ
သောကြောင့် မသိခြင်းပင်၊။၎င်းချမ်းသာခြင်းတို့ ကို ချမ်းသာသည်ဟု
မြင်နေတွေ့ နေ သိနေပြီး မက်မောစွာ ရှာဖွေကြ၏။ရသည်ရှိသော်
မဂ္ဂသစ္စာ
ကုသိုလ် အမျိုးအစား  ၃ မျိုးမှာ
၁။ဒါန ကုသိုလ်
၂။သီလ ကုသိုလ်
၃။ဘာဝနာကုသိုလ် ဆိုတာရှိနေပြီး
              အဲ့ဒီကုသိုလ် တွေ ကို  ပြန်လည်ပြီး ခွဲခြမ်းပြထားပါတယ်။
၁။ ဒါန သည်  အညံ့စားကုသိုလ်
၂။ သီလ သည် အလတ်စားကုသိုလ်
၃။ဘာဝနာသည်  အမြတ်စားကုသိုလ်  ဆိုပြီး ခွဲ ခြားပြပါတယ်။
                         နံပါတ်  ၃။  ဘာဝနာမှာ  နောက် ထပ် ခွဲ ခြားပြသေးတာက
သမထ  နဲ့ဝိပဿနာ ပဲ ဖြစ်ပါတယ်။။ သမထ လမ်းစဉ် က ဗြဟ္မာ ဖြစ်ကြောင်း
ကုသိုလ်  ဖြစ်ပြီး  ၀ိပဿနာ က  နိဗ္ဗာန်ရောက်ကြောင်း အကျင့်လမ်းစဉ် ပဲ
ဖြစ်ပါတယ်။ဒီဝိပဿနာ က မဂ္ဂသစ္စာ ပါပဲ။မှန်ကန်တဲ့ကျင့် စဉ်ပဲဖြစ်ပါတယ်။