အားလုံးသော ပုထုဇဉ်တို့ ၏မျက်စိများသည် ချမ်းသာခြင်းအတု
ကို
မြင်ကြပါပေ၏။ အပေါ်ယံအားဖြင့် မြင်နိုင်တွေ့ နိုင်သောချမ်းသာခြင်း
ကိုမက်မော ကြပါ၏။ စိန်ရွှေရတနာ ပစ္စည်းဥစ္စာများကို
တပ်မက်ကြ၏။
၎င်း ချမ်းသာခြင်းသည်စစ်မှန်သောချမ်းသာခြင်းမဟုတ်သည်ကိုလည်း
မသိကြချေ။ ဤကဲ့သို့ မသိခြင်းသည် အ၀ိဇ္ဇာ သာဖြစ်၏။အမှောင်ဖုံးနေ
သောကြောင့် မသိခြင်းပင်၊။၎င်းချမ်းသာခြင်းတို့
ကို ချမ်းသာသည်ဟု
မြင်နေတွေ့ နေ သိနေပြီး မက်မောစွာ ရှာဖွေကြ၏။ရသည်ရှိသော်
ထိုချမ်းသာခြင်းတို့ဖြင့် ပျော်မွေ့ ကြလျှက်
မေ့မေ့ လျော့လျော့ နေကြလေ၏။
သတိလက်လွတ် ခံစားကြလေ၏။ ထို့ နောက် သေခြင်းတရား၏ခေါ်ဆောင်ရာသို
့
ဆင်းရဲပင်ပန်းစွာလိုက်ပါကြလေကုန်၏။ စည်းစိမ်ချမ်းသာကိုရှာဖွေ၍
မရသော
သူများကလည်း ရလိမ့်နိုးနိုး မျှော်လင့်ခြင်းများစွာဖြင့်
လောဘ ဇောတိုက်၍ ရှာ
ကြဖွေကြသည်သာဖြစ်၏။ရှာရင်းဖွေရင်းဖြင့် သေခြင်းတရားခေါ်ဆောင်ရာသို
့
လိုက်ပါကြရပြန်လေ၏။သေခြင်းတရား၌ အရာရာသည် အဆုံးသတ်သည်
မဟုတ်ချေ။မိမိပြုခဲ့သော ကုသိုလ် အကုသိုလ် တို
့ သည် မိမိ နှင့်အတူ
ဘ၀ အဆက်ဆက် သံသရာ အဆက်ဆက် လိုက်ပါကြကုန် လျှက်
ဆင်းရဲ
ပင်ပန်းစွာ နေထိုင်ကြရပြန်လေ၏။ ငါ့သား ငါ့သမီး
ငါမယား လင်သား ဥစ္စာ
စသည်ဖြင့် ငါစွဲ စွဲ ကာ ငါ နှင့် ငါသာ နေထိုင်၍ ဒီသံသရာ ဒီဒုက္ခများကိုသာ
ခံစား စံစား လည်ပတ်နေကြကုန်၏။
ထိုကဲ့ သို ဘ၀များစွာ သံသရာဝယ် လည်ပတ်၍
ဒုက္ခတို့ကိုခါးစည်းခံ
ကြရမှန်းလည်း မသိကြချေ။ ကိုယ်လုပ်သမျှ ဟုတ်လှပြီ
ဟု ထင်မှတ် ကာ
သိတ်တော်တဲ့ ငါ ပါလား ဟူ၍ပင် ဘ၀င်မြင့်ကြချေသေး၏။ငရဲရောက်လိုက်
နတ်ပြည်ရောက်လိုက်။ငရဲရောက်တော့လည်း ငရဲပျော်
ပျော်နေကြမည်သာ။
တို့ကတော့ ငရဲရောက်လည်း ပျော်ပျော်ပဲ ဟူ၍ ပင်
ကြွေးကြော်ကြသေး၏။
အ၀ိဇ္ဇာ ကြောင့် ပင် ဖြစ်ပေတော့သည်။
စိန်ရွှေရတနာ ပစ္စည်းဥစ္စာတို့ မည်သည်သာမာန်မျက်စိ
ဖြင့်မြင်တွေ့ ၍ ချမ်းသာခြင်းသာဖြစ်သည်။သစ္စာမသိသူတို့၏ မက်မောခြင်းသာ
ဖြစ်ပေသည်။ လိုချင်ရချင်သောစိတ် သိချင်မြင်ချင်သောစိတ် ဖြစ်ချင်သောစိတ်
စသည်အားဖြင့် တဏှာသည် အ၀ိဇ္ဇာ ၏ စွမ်းအားဖြင့် ဖြစ်တည်လေ၏။
ထို့ ကြောင့် ပဋိစ္စသမုပ္ပါဒ် တွင် အ၀ိဇ္ဇာကြောင့် တဏှာဖြစ်ကြောင်းကို
မူလနှစ်ဖြာ နေရာတွင်ဖေါ်ပြပါရှိလေသည်။၎င်း မူလ နှစ်ဖြာမှအစ ပြု၍
ခန္ဓာ့ပဋိစ္စသမုပ္ပါဒ် လည်ရလေတော့သည်။ အရင်းခံသည်
မူလနှစ်ဖြာသာ
ဖြစ်၏။ ဤ သည်ကို ဥာဏ်မျက်စိဖြင့်သာမြင်နိုင်တွေ
့နိုင်ပေလိမ့်မည်။
သာမာန်မျက်စိဖြင့်မူ မမြင်မတွေ့ နိုင်ပေ။ ဒုက္ခကိုသုခ
ဟု မြင်ကြတွေ့ ကြလိမ့်မည်။
ဒုက္ခကိုဒုက္ခ ဟုအမှန်မြင်ခြင်းသည်သာ သစ္စာ မည်၏။ဒုက္ခသစ္စာသည်
သူတစ်ပါးတို့နာကျင်မှူ ဝေဒနာ ခံစားနေရခြင်းကိုခေါ်ဆိုခြင်းမဟုတ်ချေ။မိမိ
ခန္ဓာတွင်ဖြစ်တည်လာသော ကိလေသာတို့ ဖြစ်ပြီးပျက်ခြင်းကို
ဒုက္ခ သစ္စာဟု
ခေါ်ဆိုခြင်းဖြစ်လေသည်။ လူအများ၏ မြင်တွေ့ မှ
ူသည် မျက်စိဖြင့်မြင်၍
တွေ့ နေသော အနိဌာရုံများကို ဒုက္ခ ဟု မြင်ကြ၏။ထင်မှတ်ကြ၏။
အမှတ်မှားနေခြင်းဖြစ်လေသည်။မြင်တွေ့ ရသော အနိဌာရုံများကို
ဒုက္ခဟု လွယ်လွယ်ကူကူ ထင်မှတ် ခြင်းသည် မှားလေစွ။၎င်းမြင်တွေ
့ရခြင်းကို
သံဝေဂ ယူရန်သာဖြစ်သည်။.မိမိ ၏ ခန္ဓာသည်လည်း ကောင်းနေရာမှ
ဆိုးခြင်းတို့  ဖြစ်လာနိုင်သည်ကို တွေးမြင်၍
သံဝေဂ ယူ၍ ဖြစ်ခြင်းသည်
ပျက်ခြင်းသဘောသာရှိသည။် ၎င်း ဖြစ်ခြင်းသည် ပျက်ခြင်းသဘောရှိခြင်း
ကြောင့်ဒုက္ခသစ္စာမည်၏ ဟု အရိယာသူတော်စင်တို
့ ပြောသည်ကို
မှတ်သားသင့်လှပေသည်.။ အရိယာတို့၏မျက်စိဖြင့်မြင်အပ်သော
အရာကို
မိမိ ကိုယ် တိုင် တွေ့ မြင်နိုင်အောင်ကြိုးစားသင့်
လှပေသည်။သာမာန်မျက်စိ
ဖြင့် မမြင်နိုင်ချေ။ထို့ ကြောင့် သစ္စာတရားကိုဥာဏ်မျက်စိဖြင့်သာမြင်နိုင်သဖြင့်
သာမာန်မျက်စိများသည် သစ္စာတရားကိုမမြင်သောမျက်စိများသာဖြစ်သည်။
သာမာန်မျက်စိများသည် ချမ်းသာခြင်းအတုကိုမက်မောစေသော
မျက်စိ
တပ်မက်စေသောမျက်စိ သာဖြစ်၏။ ချမ်းသာခြင်းအစစ်ကိုမူ
ဥာဏ်မျက်စိ ကသာ
မြင်နိုင်စွမ်းပေ၏။ဖြစ်ခြင်းသဘောတို့သည် ပျက်ခြင်းသဘောသာလျှင်ရှိကြသည်ကို
ဥာဏ်မျက်စိတို့ဖြင့်ရှူမြင်ဆင်ခြင်သိမှတ်ပွားများပါမူ
နိဗ္ဗာန်သို့ အရောက်လှမ်းနိုင်
ပေလိမ့်မည်။သာမာန်မျက်စိတို့ဖြင့်သစ္စာတရားတို
့ကို မမြင်နိုင်မတွေ့ နိုင်ပါပေ။
ထို့ကြောင့် သာမာန်မျက်စိတို့သည် မမြင်သောမျက်စိများသာဖြစ်ကြပါ၏။
**********တတိယမြောက်သမီးတော်**********
2 comment:
အရမ်းကောင်းတဲစာသားလေးတွေပါ
အားပေးသွားပါတယ်အမရေ
ဝိပဿနာမျက်စိ ဥာဏ်မျက်စိ... ကျေးဇူးပါ အမရေ...
Post a Comment