ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, June 8, 2012

နတ်သမီးလေးတစ်ပါး၏ ချစ်ပုံပြင်


တာဝတိံတာ နတ်ပြည် က နတ်ဥယျာဉ်လေးထဲမှာ
“မာလဘာရီ”လို့  ခေါ်တဲ့ နတ်သားတစ်ပါးဟာ
နတ်သမီးတစ်ထောင်နဲ့အတူ ပျော်ပါးနေတယ်….
နတ်သမီးလေး ငါးရာ ကပန်းပင်ပေါ်တက်ပြီးပန်းပွင့်တွေ ချွေချ
သလို ကျန်တဲ့ နတ်သမီးငါးရာကတော့ ချွေချ တဲ့ ပန်းလေးတွေ
လိုက်ကောက်လို့ နတ်သားကိုတန်ဆာဆင်ကြတယ်…
အဲ့ လိုပျော်ပါးနေကြတုန်းမှာပဲ
ပန်းပင်ထက်မှာ ပန်းချွေနေတဲ့  နတ်သမီးလေးတစ်ပါးဟာ
အပင်ပေါ်မှာပဲ စုတေ သေလွန်လို့ နတ်ခန္ဓာပျောက်သွားတယ်..
+++++

အဲ့ဒီနတ်သမီးလေးသေလွန်တော့ သာဝတ္ထိပြည် မှာ လူလာဖြစ်တယ်..
သူ့ မှာထူးခြားစွာပဲ ဘ၀ဟောင်းကိုအောက်မေ့ နိုင်တဲ့ (ဇာတိဿရ)
ဥာဏ်ကိုရနေတယ်..အဲ့ဒီတော့ သူမ ဟာ မာလဘာရီ နတ်သားရဲ့ 
ကြင်ယာသက်ထားဖြစ်ခဲ့ဖူးတာကိုအောက်မေ့ ပြီး လွမ်းဆွတ်သတိရ
နေတာပေါ့…အလှူဒါန တစ်ခုခုကိုပြုတိုင်းလဲ``အရှင် လင်ဖြစ်ခဲ့ဖူးတဲ့ 
မာလဘာရီ နတ်သားထံပြန်ဖြစ်ရပါစေသား”ဆိုပြီး ဆုတောင်းတယ်..
အသက်(၁၆)နှစ်မှာအိမ်ထောင်ကျလို့  လင်ယောင်္ကျားနောက်
ကိုလိုက်သွားရပေမယ့် အရင်ဘ၀ ကခင်ပွန်းကိုပဲတမ်းတနေတော့
ကုသိုလ်ကောင်းမှူပြုတိုင်း ခင်ပွန်းသည် မာလဘာရီ နတ်သား ထံ
ပြန်ရောက်ဖို့ ပဲဆုတောင်းတာပေါ့… အဲ့ဒီလို အလှူပေးတိုင်း
လင်ယောင်္ကျားကို``တ” ပြီး ဆုတောင်းလို့  ပတိပူဇိကာသတို့သမီး လို့ ရဟန်းတော်များက နာမည်မှည့်ခေါ်ကြတယ်….
ပတိပူဇိကာ သတို့ သမီးဟာ သားလေးယောက်ဖွားမြင်ပြီး မကြာ
ခင်မှာပဲ အနာရောဂါ နှိပ်စက်တဲ့ ဒဏ်ကြောင့် လူ အဖြစ်ကနေသေ
လွန်ရှာပြန်တယ်..အဲ့ဒီမှာပဲ သူမ တောင့်တ တဲ့  မာလဘာရီ
နတ်သားဆီမှာ နတ်သမီးလေး ပြန်ဖြစ်တယ်… နတ်သားက အံ့သြ ပြီး
မေးတာပေါ့…``မနက်ခင်းတုန်း က နတ်သမီးလေးကိုမတွေ့ မိပါလား”
``ဟုတ်ပါတယ်…အရှင် နတ်သားရယ် နတ်သက်ကြွေလို့  သေလွန်
ခဲ့ တာပါ”
``အို ..ဟုတ်လား သင်နတ်သမီး.. ဘယ်အရပ်မှာဖြစ်ခဲ့သေးသလဲ”
``လူ့ ပြည်မှာ ဖြစ်ခဲ့ပါတယ်”လို့  အစချီပြီး အိမ်ထောင်သားမွေးခဲ့ တာ
ကိုပါပြောပြတာပေါ့….
``အလို လူ့သက်တမ်း က ဘယ်လောက်ရှည် လဲ”
``အနှစ်တစ်ရာ ရှည် ပါတယ်”
``အနှစ်တစ်ရာ ပဲရှည်တာကိုလူတွေ ကအိပ်ပျော်ခြင်းမေ့ လျှော့ခြင်း
တွေနဲ့ အချိန်ကုန်ကြသလား။ဒါမှမဟုတ် အလှူပေးခြင်းစတဲ့ ကောင်း
မှူ ကိုပြုပြီး နေကြသလား”
``အရှင် နတ်သား..နှစ်ပေါင်းအသင်္ချေ မရေမတွက်နိုင်အောင် အသက် ရှည် တဲ့သူတွေ လို။ မအိုနိုင်မသေနိုင် တဲ့ သူတွေ လို။
အမြဲတမ်းမေ့မေ့လျှော့လျှော့ နေကြပါတယ်”
``အော်..ဒါဆိုရင်တော့  ဆင်းရဲ က ဘယ်တော့ လွတ်ကြမှာတဲ့ လဲ”
မာလဘာရီ နတ်သားဟာ နတ်သမီးပြောပြတာကိုနားထောင်ပြီး
သတိသံဝေဂတွေ ရ ရှာတယ်။
လူတို့ ရဲ့ အနှစ်တစ်ရာ ဟာ တာဝတိံတာ နတ်ရက် တစ်ရက်
ပဲရှိပါတယ်..တာဝတိံတာ နတ်တွေ ဟာ နတ်သက် တစ်ထောင်ထိ
အသက်ရှည် ပါတယ်….
နတ်သမီးလေးဟာ စွဲလမ်းတဲ့ စိတ်နဲ့  နတ်သားဆီ ကို
ရောက်ဖို့ ပဲ စိတ်ကရှိနေတော့ မြတ်စွာဘုရားရဲ့ သစ္စာတရားကို
မနာကြားခဲ့ ပါဘူး…..ဒါန ကောင်းမှူ ဟာ နတ်ပြည်ရောက်ကြောင်း
အထောက်အပံ့ ကောင်းဆိုတာကိုသိပြီးနတ်ပြည်ကိုပဲ ဆုတောင်း
ခဲ့ တာပါ…နတ်ဘ၀ က လဲ သေလွန်ရတာပဲဆိုတဲ့ ဆင်းရဲ ခြင်းကို
သူမ မလေ့ လာခဲ့ ပါဘူး…ဒါကြောင့်သေခြင်းတရားဖြစ်ရတဲ့ ဘ၀ကို
ပဲပြန်တောင့်တ လို့ အားထုတ်ခဲ့ တာပေါ့…
ပဋိစ္စသမုပ္ပါဒ်မှာ အကြောင်းကြောင့်အကျိုးဖြစ်တယ် လို့ ဆိုထား
ပါတယ်…အတိတ်က ပြုခဲ့ တဲ့ အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုး
ဖြစ်ပါတယ်…သေခြင်းတရားရှိတယ်ဆိုတာကိုမသိ မဆင်ခြင်တဲ့
အတွက်ကြောင့် နောက်ထပ်သေခြင်းတရားကို တောင့်တ ပါတယ်
ပတိပူဇိကာ သတို့ သမီး ဟာ မတည်မြဲနိုင်တဲ့  ဘ၀ ကိုပဲ အောင့်
မေ့ ပြီး ကုသိုလ် အမှူ ကို ပြု တယ် သေခြင်းတရားကို သူမသိဘူး.
သေခြင်းတရားကြောင့်ဆင်းရဲ တာကိုသူမသိဘူး..မသိတာကို အ၀ိဇ္ဇာ
လို့ ခေါ်ပါတယ်.မသိခြင်းအ၀ိဇ္ဇာကြောင့်လိုချင်တယ် လိုချင်တာ က
တဏှာ အ၀ိဇ္ဖာကြောင့်တဏှာဖြစ်တယ် လို့  ပဋိစ္စသမုပ္ပါဒ် လည်စေ
တဲ့ အကြောင်းတရား ရှစ်သွယ်ရှိတဲ့ ထဲမှာ မူလနှစ်ဖြာ ဆိုပြီး အဦးဆုံး
လည်စေတဲ့ အကြောင်းကို ပြဆိုပါတယ်…
မူလ နှစ်ဖြာ က အ၀ိဇ္ဇာနဲ့  တဏှာ ကို ပြထားပါတယ်..
မသိလို့  လိုချင်တယ် ရချင်တယ်…လိုချင်ရချင်တယ်ဆိုတာ မသိလို့ ပါ။
ဒီနှစ်ဖြာ က အပြန်အလှန် အကျိုးပြု ပါတယ်….
ဒါကြောင့်မို့ သိအောင် လုပ်ကြပါ..တတ်အောင်သင်ကြပါ..
မသိတာကိုမသိသလိုဆက်နေရင် အကြိမ်ကြိမ် အဖန်ဖန် သေရမှာဖြစ်
ပါတယ်..ပတိပူဇိကာ သတို့သမီး က သေကြောင်းကြံတာပါပဲ…
သေရမယ့်ဘ၀ကိုပဲလိုချင်ခဲ့တာ မသေရာနိဗ္ဗာန်ကိုအားထုတ် ဖို့ 
နည်းနည်းလေးမှ မလေ့ လာခဲ့ရှာဘူး…အဲ့လိုမသိတာလေးတွေ
ကြောင့် မြတ်စွာဘုရားရှင် က သတ္တ၀ါတွေကိုသနားတော်မူ ခဲ့ တာ
ဖြစ်ပါတယ်…..
သောတာပန်တည်ပြီးသူက (၇)ဘ၀ ပဲ သေခြင်းတရားနဲ့ တွေ့ မှာပါ
(၇)ဘ၀ ပြည့်ရင် သူအလိုလို တရားအားထုတ်ပြီး နိဗ္ဗာန် စံဝင်မှာ
ဖြစ်ပါတယ်..အနည်းငယ်မျှသောဝဋ်ကြွေးတို့ ကို ခံရမှာဖြစ်ပါတယ်..
သကဒါဂမ် က တော့ (၃)ဘ၀ ပဲ ကျန်ပါတယ်..
အနာဂမ် ကတော့  (၁)ဘ၀ ပါ..
ရဟန္တာ တွေ ကတော့  ဒီဘ၀ နောက်ဆုံးသေရခြင်းပါ..နောက်ထပ်
သေခြင်းတရားတွေကို ဆင်းရဲ စွာရင်ဆိုင်ရတော့ မှာမဟုတ်ပါဘူး..

အားလုံးပဲ လေ့ လာပွားများလို့ အသိတရားတွေ ကြွယ်ဝပြီး
သေခြင်းတရားက လွန်မြောက်နိုင်သူတွေ ဖြစ်ကြပါစေ……

*******တတိယမြောက်သမီးတော်*******

4 comment:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မသိသေးတာတစ်ချို့ကို မှတ်သားသွားပါတယ်။

ခင်လျက်
မြတ်

စံပယ်ချို said...

မသိတဲ့အဲဒီနတ်သမီးအကြောင်းလေး ပေါ့နော်
စိတ်ဝင်စားဖို့လဲကောင်းတယ် ဆွဲဆောင်မှုလဲရှိတယ်

3rdthameetaw said...

ကျေးဇူးတင်ပါတယ် ...
သမီးတော်တစ်ယောက်ထဲသိနေရတာကိုအားမရလို့ လေ..
ဒါကြောင့်သိတ် ရေးချင်နေတာ..

မင်းမုန်းတဲ့သူ(အလွမ်းကဗျာများ) said...

အစ်မသမီးတော်စာလေးဖတ်ပြီးတော့...တခုခုကိုနားလည်သွားသလိုပဲ