ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Friday, June 15, 2012
တည်းခိုခန်း
,ဂျပန် ဘုန်းတော်ကြီးတစ်ပါးဟာ  နန်းတော်ထဲ ကိုဝင် လာတယ်...
အမှတ်တမဲ့ ဆိုတော့ အစောင့်တွေ ကသတိမထားမိလိုက်ဘူး..
ရှင် ဘုရင် က ဘုန်းတော်ကြီးကိုတွေ့ တော့ မေးတယ်.
``အရှင်ဘုရား..ဘာအလိုရှိပါသလဲ ဘုရား .``
``ငါ့ ကို အခန်းကောင်းကောင်းလေးတစ်ခန်းပေးပါ..``
``အရှင် ဘုရား    နေရာမှားလာပြီ ဘုရား...ဒါ  ကတည်းခိုခန်း မဟုတ်ဘူးဘုရား..``
``ဟေ..ဟုတ်လား..မင်း က  ဒီမှာနေတာ...မင်းအရင်  ဘယ်သူနေသွားသေးလဲ``
``တပည့်တော် ရဲ့ အဖေ နေသွားပါတယ်  ဘုရား..``
``မင်းအဖေ  မတိုင်ခင် ကကော..ဘယ်သူနေသွားသေးလဲ``
``တပည့် တော် ရဲ့ အဖိုး နေသွားပါတယ်  ဘုရား``
``မင်းအဖိုး  မတိုင်ခင်တုံး က ဘယ်သူနေသွားသေးလဲ``
``တပည့်တော် ရဲ့  အဘေး  နေသွားပါတယ်  ဘုရား``
``ဒါ ဆို  မင်း  အဘေး လဲ ဒီမှာနေပြီး  ထွက်သွားပြီ...မင်း အဖိုးလဲ
ဒီမှာနေပြီး ထွက်သွားပြီ..မင်းအဖေ လဲ ဒီမှာနေပြီး ထွက်သွားပြီ..
မင်း  လဲ ထွက်သွားရအုံးမှာပဲ  မလား..``
``ဟုတ်ပါတယ်   ဘုရား``
``ဒါ ဆို   ဒါ က  တည်းခိုးခန်း မဟုတ်ရင် ဘာလဲ..``
                      ဒါလေးက အားလုံးဟာ  ဧည့် သည်တွေ ပဲဆိုတာ ကို
ပြဆိုထားတာလေးပါ..
ဘယ်သူမှ ဒီနေရာမှာ အမြဲ မနေဘူးဆိုတာ..သိအောင်လို့ 
ဘုန်းကြီး က ရှင်ဘုရင် ကို သတိလာပေးတာပေါ့..
အသိလေးသတိလေးနဲ့ ..နေကြဖို့  မှာကြားခြင်းပါပဲ..
       သမီးတော် တို့ ရဲ့  မြတ်စွာဘုရားက  နောက်ဆုံးအနေ နဲ့
                                        မမေ့မလျော့သောသတိနဲ့နေကြဖို့ မှာကြားခဲတာ.
                                                              .လေ့လာဖူးသူတိုင်းသိပါတယ်...
      အားလုံးပဲသတိ။ဝီရိယနဲ့ ပညာညာဏ်  ရှေ့ ရှူ လို့ အရိယာမဂ်ကိုရနိုင်ကြပါစေ ရှင်....
။    ။ကျမ်းကို.။ရဝေနွယ်(အင်းမ )၏ လက်ကမ်းစာအုပ်ငယ်မှ ထုတ်နုတ်ဖေါ်ပြပါသည်။   ။
****************တတိယမြောက်သမီးတော်*************
6 comment:
အလွမ်းမြို့ said...
သမီးတော်ရေ...
ပိုစ့်လေးလာဖတ် အားပေးသွားတယ်။
တည်းခိုခန်းဆိုလို့...အဟီး.... ဘုန်းကြီးများ တကယ်မှားဝင်လားလို့..
ပျော်ရွှင်ပါစေ သမီးတော်ရေ
ခင်တဲ့
အလွမ်း
3rdthameetaw said...
ကျေးဇူးပါအလွမ်းရေ...
Snow May said...
ဒီဥပမာလေးက တစ်ကယ်ပေါ်လွင်တယ်.. အားလုံးက ဧည့်သည်တွေပါပဲလေ
စံပယ်ချို said...
စစချင်းစဉ်းစာနေတာ
တည်းခိုခန်းနဲ့ ဘုန်းကြီး ဘယ်လိုများလဲလို့
အော်------ဒီလိုကုး
koko said...
လာတော့ တစ်ယောက်နှစ် ယောက် ပြန် ရင် အစု လိုက်
အပြုံလိုက် ခေတ်ဖြစ် လာမှာလား။ နျူ ခေတ်
koko said...
လာတော့ တစ်ယောက်နှစ် ယောက် ပြန် ရင် အစု
လိုက်အပြုံလိုက် ခေတ်ဖြစ် လာမှာလား။ နျူ ခေတ်