ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, June 17, 2012

မတူသော အကြောင်းများ


မြတ်စွာဘုရားရှင် ကိုယ်တော် မြတ်ကြီး ကသတ္တ၀ါတွေရဲ့  အကျိုးစီးပွား
အလို့ ငှါ  သစ္စာ(၂)ပါးကို ဟောကြားတော်မူပါတယ်…
 အတော်များများသိကြတာက သစ္စာ(၄)ပါး ပါ..
ခုပြောမယ့်သစ္စာ(၂)ပါး ကို တော့ ဟီရိ သြတပ္ပ  အလို့ ငှါ

မြတ်စွာဘုရား က ဟောကြားခြင်း ဖြစ် ပါတယ်…
                          သစ္စာ(၂)ပါး
(၁)သမုတိ သစ္စာ(အခေါ်ရှိ သမုတ် ရှိ)
(၂)ပရမတ္ထ သစ္စာ…(အမှန်ရှိ  တကယ် ရှိ) ဆို ပြီး (၂)ပါးရှိပါတယ်..

ဘုန်းကြီးရယ်။လူရယ်။ ခွေးရယ် ဆို ပါတော့ ပရမတ္ထ နယ်ပယ်အရ တော့  အားလုံးဟာ ခန္ဓာ(၅)ပါးပါပဲ…ဘုန်းကြီးလဲခန္ဓာ(၅)ပါး။လူလဲခန္ဓာ(၅)ပါး။ခွေးလဲခန္ဓာ(၅)ပါး 

ခန္ဓာ(၅)ပါးချင်း အတူတူ ပဲမို့ လို့
ဘုန်းကြီးကိုရှိခိုး သလို ခွေးကို ရှိခို့းမလား
    မရှိခိုး ဘူးနော်…...ပရတ္ထ နယ်မှာပဲတူတာ..
သမုတိနယ် အရ ဘုန်းကြီး က ဘုန်းကြီး ခွေး က ခွေး ပါပဲ..
စေတီဘုရားကို အုတ်ခဲတွေပုံပြီး တည်ထားတာ နော်..
ဘုရားရှင်ကိုရည်စူးပြီး ရှိခိုးကိုးကွယ်တယ်..လမ်းဘေး က
အုတ်ခဲကိုခြေထောက်နဲ့ ကန် မယ်..ရတယ် နော်..
စေတီတည် ထားတဲ့ အုတ်ခဲ ကို ခြေထောက်နဲ့ ကန် ရဲ လား.
ပရမတ္ထ သစ္စာ အရ အုတ်ခဲပုံကြီး လို့ ပဲတွေပြီးခြေထောက်နဲ့ ကန်မယ် 
ဆိုရင် အပါယ် ကိုရောက်ရ ပါလိမ့်မယ်..
အုတ်ခဲခြင်းတူပေမယ့် အဆင့်ခြင်းမတူဘူး…အဲလိုလေးကွာခြားတယ်
မတူတာကိုတူတယ်ထင်မိရင်မှားကုန်မှာပေါ့..ယောင်္ကျားလဲ
ခန္ဓာ(၅)ပါး မိန်းမလဲ ခန္ဓာ(၅)ပါး အဖေ အမေ သားသမီး လဲ
ခန္ဓာ(၅)ပါး အားလုံးတူတယ်။ တူနေလို့ အတူတူ ထားရင်
တိရိစ္ဆာန်လောက ဖြစ်သွားမယ်။အဖေ က အဖေ သားက သား
အမေ က အမေ  သမီး က သမီး စသည်အားဖြင့် ယောင်္ကျားမိန်းမ
သမုတိနယ် အရ ကွဲပြားရပါမယ်။ပရမတ္ထသစ္စာ အရ တူပေမယ့်
သမုတိ သစ္စာ အရ မတူဘူးဆိုတာကို ခွဲခြားနားလည်ထားရပါမယ်
ခွဲခြားနားလည်မထား ရင် အားလုံးဟာ
အသိညာဏ်မရှိတဲ့ တိရစ္ဆာန်တွေဖြစ်ကုန်ပါ လိမ့်မယ်။
          သမုတိကို ပယ် ရင်  အပါယ် လားရောက်ရမယ်…တဲ့
ပရမတ္ထ ကိုပယ် ရင်.တော့ နိဗ္ဗာန် နဲ့လွဲ ရလိမ့် မယ်…
သူ့ နေရာနဲ့ သူ ရှိတာကို နားလည်ထားဖို့ လိုပါတယ်..
အရာအားလုံးဟာ အတူတူတွေ မဟုတ်ဘူးဆိုတာပါပဲ..
 နောက်တစ်ခု က ရဟန္တာ မဖြစ်သေးသမျှ  မာန  ဆိုတဲ့
ကိလေသာ ကျန်ပါသေးတယ်…အနာဂမ် အရိယာ က
မာနဆိုတဲ့ ကိလေသာတစ်ပါး ကျန် လို့ ရဟန္တာ မဖြစ်တာပါ..
အရိယာတောင်မှ သူ့ အဆင့်နဲ့သူပဲ ကိလေသာကို ပယ် နိုင်
သတ် နိုင်ပါတယ် လုံးဝမတူပါဘူး... 
ဒီလိုအကြောင်းတရားတွေ ကိုသိမထားရင် နောင်သောအခါ
အဓမ္မ ဆန်တဲ့ တရားတွေ ကို လက်ကိုင်ထားတဲ့ပုဂ္ဂိုလ်တွေနဲ့
တွေ့ ရင် မှားယွင်းစွာ ကိုးကွယ် မိတတ်ပါတယ်..ယူဆ မိတတ်
ပါတယ်..သူတို့ ပြောတတ်တဲ့အကြောင်းတရာတွေ က
မြတ်စွာဘုရားဟောတော်မူတဲ့ အကြောင်းတရားတွေ ကို
အခြေခံပြီးဟောတာမို့ လို့  တကယ် အစစ် လို့ ထင်တတ်ကြပါတယ်။
မြတ်စွာဘုရားက ပညတ် နဲ့ပရမတ်ကို ရှင်းအောင်သိဖို့ ဟော
ထားပေမယ့်  တကယ် တရားအစစ်နဲ့ မကြည့်ပဲ ပရမတ် သဘော
တခု ထဲကို ထောက်လို့ ဟောတတ်ပြောတတ်တဲ့အတွက် 
သတိထားမိစေဖို့ ရည်ရွယ်ပါတယ်။နေရာတိုင်းမှာ ပရမတ် တခုထဲပဲ
ကြည့်လို့ မရပါဘူး..။သမုတိ ကို ပယ် လို့ မရတဲ့အကြောင်းတရားကို လည်း
သိထားဖို့ လိုအပ်ပါတယ်.။ယောကျာင်္းမိန်းမ ပုဂ္ဂိုလ်သတ္တ၀ါမရှိဘူး လို့ 
ပြောတဲ့အတွက် အဲလို့ပဲနေရာတိုင်းယူဆ လို့ မရပါဘူး။ဒီသဘောလေးပါ။
မိမိ ပြောလို တဲ့အကြောင်းအရာက ပရမတ် ဆိုတာကြီးနဲ့ကိုင်ပေါက်ပြီး
တကယ်ရှိတာကြီးပဲယူဆ ရင် အပါယ် လားရောက်လို့  ဒုက္ခရောက်ကြရနိုင်တာကို
ဆင်ခြင်ဆုံးဖြတ်နိုင်ကြစေဖို့ ပါပဲ။
ကြောက်စရာကောင်းတဲ့သတ္တလောက မှာ ဘယ်တရားဟာ အစစ်
မှန် ဆုံးလဲဆိုတာ တော်ရုံအသိပညာ ဗဟုသုတ လောက်နဲ့မရနိုင်ပါဘူး..
ရှင်ဘုရင် က ကိုးကွယ် တိုင်းလည်း တရားစစ်တရားမှန်ကို ဟောသူလို့ 
ယုံကြည်လို့ မရနိုင်ဘူး..ရှင်ဘုရင် ရဲ့ အသိကအရိယာ မဖြစ်သေးလို့ 
အမှန်ကိုမသိနိုင်တဲ့အတွက် သူလည်းအပြောကောင်းသူနောက်ကိုပါသွား
မှာပါပဲ..ဒါကြောင့်  ဘယ်သူက ကိုးကွယ်တယ်ဆိုပြီး လိုက်ယုံလို့ 
မဖြစ်တဲ့အတွက် ကိုယ်တိုင် က အကြားအမြင် ဗဟုသုတ များနိုင်ဖို့ 
လေ့လာဆည်းပူးမှတ်သားထားသင့်ပါကြောင်း သိသမျှကို ဝေမျှလို့ 
ပေးလိုက်ပါတယ်..
                       အားလုံးလဲ
ကိလေသာ အညစ်အကြေးတွေခွါ ချပြီး  အရိယာပုဂ္ဂိုလ်တွေ
အဖြစ်နဲ့   ဂေါတမ မြတ်စွာဘုရားရဲ့  သားတော် အစစ်
သမီးတော် အစစ် တွေ ဖြစ် နိုင် ကြပါစေ  ရှင်….


***********တတိယမြောက်သမီးတော်********

6 comment:

Anonymous said...

သမီးတော်ရေ..တရားသဘောလေးတွေဖတ်ရတာ စိတ်အေးချမ်းလှပါတယ်

စံပယ်ချို said...

အပေါ်ကတစ်ယောက်မှန်ထှာဟယ်များများဖတ်သင့်တယ်
သမီးတော်ရေ သူ့ကို များများလေး တရားရအောင်လုပ်ပေးပါ

သူငယ်ချင်းအားလုံးကိုချစ်တဲ့ jasmine

3rdthameetaw said...

အဟဲ..

Phyu Lwin said...

ဟုတ်တယ်.. ကိုယ့်ဘာသာဆိုရင် တခါတလေမှပဲ ရှာဖတ်ဖြစ်တာ. ဒီိလိုဆိုတော့ အဆင်သင့်ဖတ်မှတ်ရတာဆိုတော့ အရမ်းကောင်းပါတယ်

Anonymous said...

- လမ်းဘေး ကအုတ်ခဲကိုခြေထောက်နဲ့ ကန် မယ်..ရတယ် နော်..
+ လမ်းဘေး ကအုတ်ခဲစစ်စစ်ကိုစေတီအုတ်ခဲလို့ စိတ်ထဲအမှတ်နဲ့ ခြေထောက်နဲ့ ကန် မယ် ရလား။
- စေတီတည် ထားတဲ့ အုတ်ခဲ ကို ခြေထောက်နဲ့ ကန် ရဲ လား.
+ စေတီတည် ထားတဲ့ အုတ်ခဲ ကို စေတီအုတ်ခဲမှန်းမသိပဲခြေထောက်နဲ့ ကန်မိလျင် ဘယ်လိုအကုသိုလ်အကျိုးပေးမှာလဲ။
- ပရမတ္ထ သစ္စာ အရ အုတ်ခဲပုံကြီး လို့ ပဲတွေပြီးခြေထောက်နဲ့ ကန်မယ်
+ ပရမတ္ထ သစ္စာ အရ အုတ်ခဲပုံကြီး လို့ ပဲတွေပြီးတဲ့နောက်ခြေထောက်နဲ့ ကန်စရာအကြောင်းကိုမရှိဘူး။ အုတ်ခဲပုံကိုခြေထောက်နဲ့ ကန်တဲ့ ကမ်မဘ၀မှာ
ပရမတ်သစ်စာမရှိဘူး။
- ယောင်္ကျားလဲခန္ဓာ(၅)ပါး မိန်းမလဲ ခန္ဓာ(၅)ပါး အဖေ အမေ သားသမီး လဲ
ခန္ဓာ(၅)ပါး အားလုံးတူတယ်။ တူနေလို့ အတူတူ ထားလိုက်တာလည်းပရမတ်
သဘောနဲ့ ဘယ်လိုမှမဆက်စပ်ဘူး။
- နေရာတိုင်းမှာ ပရမတ် တခုထဲပဲကြည့်လို့ မရပါဘူး..။
+ နေရာတိုင်းမှာ ပရမတ်တစ်ခုပဲကြည့်ချင်လို့ ဝိပသနာတရားလေ့လာအား
ထုတ်နေကြတာမဟုတ်ဘူးလား။ သမုတိ သစ်စာပယ်ဖို့ /တည်ဖို့  ကိစ်စ ကို
အကောင်းဆုံးဖြေရှင်းနည်းကတော့ ပရမတ်သစ်စာကို နာလည်းနာနိုင်၊
နာတဲ့အတိုင်းလည်းသိနိုင်၊ သိတဲ့အတိုင်းလည်းကျင့်နိုင်အောင် ကြိုးစားခြင်း
ပဲလို့ ထင်မိတယ်

3rdthameetaw said...

Anonymous ရေ နေရာတိုင်းမှာ ပရမတ် သဘောပဲတွေးလို့ မရဘူး
သမုတိ သဘောလေးကိုလဲ သိထား မှတ်ထားပြီး ဆင်ခြင်ရမယ်လို့ ဆိုထားတာပါ အစ အဆုံးသေချာဖတ်ကြည့်ပါအုံးကွယ်
လူတိုင်းကလဲ ပရမတ်ကိုရှင်းအောင်သိအောင်လုပ်တာမဟုတ်ဘူးကွဲ့.
ပရမတ် နဲ့ ပိညတ် ကို ရောထွေးတတ်တယ်
မိုးပြာဂိုဏ်းဆိုတာ ကြားဖူးရင် အဲ့လိုလူတွေ မဖြစ်အောင်
ဒီတရားလေးကိုတင်ပြထားတယ် ဆိုတာ သဘောပေါက်ပါလိမ့်မယ်