ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Thursday, June 7, 2012
မချစ်တတ်ဘူး ဆိုတဲ့ စကား မပြောပါနဲ့
တတ်သိနားလည်လွန်း လို့ ပြောနေတာမဟုတ် ပေမယ့်...
သိသလောက် တတ် သလောက်လေး ကို  သူငယ်ချင်း တွေ ကို
မျှ ဝေချင် မိ လို့  ပါ....
မချစ်တတ်ဘူး  ဆိုတဲ့ စကား   ဘယ်သူကိုမှ မချစ်ဘူး ဆိုတဲ့ စကားတွေ
ပြောနေတာ မကြာ မကြာ  ကြားနေ ရ ပါ တယ်...
ချစ်တယ်  ဆို တာကလဲ တွေ့ သမျှ မြင်သမျှ  ချစ်လို့ ရေ နတာ မျိုး
မဟုတ် ပါဘူး..ကိုယ် ချစ်လို့  ရတာတွေ့ မှ ချစ် ကြတာမျိုး ပါ..
ဘာကြောင့် ဒီလို ဖြစ်တယ် ဆိုတာကို  သမီးတော် သိသမျှ 
ဝေမျှ  ပြောပြချင်ပါတယ်
အချစ်ဆိုတာက  အနာဂမ် မတည် သေး သမျှ ရှိ နေ အုံး မယ် ဆို တာ
 ထေရ၀ါဒ  ဗုဒ္ဓဘာသာ မှာ မြတ်စွာဘုရား ဟောကြားတော်မူခဲ့ တာ က
ကိလေသာ(၃)မျိုး ရှိပါတယ်....
၁။ကိန်း  တဲ့   ကိလေသာ
၂။ထ,  တဲ့ ကိလေသာ
၃။လွန် ကြူး   တဲ့ ကိလေသာ   ရယ် လို့ .. (၃)မျိုး ပါ
  ဥပမာ အနေ နဲ့ ပြောရရင်   အပြာရောင် ကိုနှစ်သက်တဲ့သူ ဟာ
အပြာရောင် ကိလေသာ ကိန်းအောင်တဲ့ အတွက်  အပြာရောင်ကိုတွေ့ တဲ့အခါ
 ထ  တဲ့ ကိလေသာ ဖြစ် ပါတယ်.. အဲ့ဒီ ကိလေသာ ကိုမထိန်းသိမ်းလိုက်ရင်
လွန်ကြူးတဲ့  ကိလေသာရယ် လို့ဖြစ် ပါ တယ်...
အပြာရောင် ကို ကြိုက် တဲ့ သူ က အဖြူရောင် ကိုတွေ့ ရင် ထတဲ့ကိလေသာ မဖြစ်ပါ ဘူး.. 
ဒါကြောင့် ကိုယ်ကိုကိုယ် ထိန်း နိုင် ကြ ပါ တယ်
ကိုယ့် ခန္ဓာမှာ ကိန်း တဲ့ ကိလေသာနဲ့တိုက် ဆိုင်မှသာ ထ တဲ့ ကိလေသာ
ဖြစ်တာပါ...
ရေစက်ရှိ တဲ့ သူ ဆိုရင်တော့ မချစ်တတ် ပါဘူးဆိုလဲ  ချစ်မိသွားမှာပါ ပဲ
အတိတ်က ရေစက်နဲ့ လဲဆိုင်ပါတယ်... ကိန်းတဲ့ ကိလေသာနဲ့ 
မတိုက်ဆိုင်သေးခင်တော့ မချစ်တတ် ဘူးလို့ ပြောနေကြအုံးမှာ ပါပဲ...
ကဲ..မချစ်တတ် ဘူး လို့ ပြောနေကြ တဲ့   သူတွေ နော်...
သမီးတော်   ပြောလိုက် အုံး မယ်......
       ``မချစ်တတ်ဘူး   ဆိုတဲ့ စကား မပြောပါ နဲ့ ``   လို့ လေ...
***********တတိယမြောက် သမီးတော်*************
2 comment:
အောင်သက်ခိုင် said...
မချစ်တတ်ဘူး ဆိုတဲ့ စကား မပြောပါနဲ့ ဆိုတာလေးဖတ်သွားပါတယ်ဗျာ အရမ်းကောင်းတယ်မမရေ
3rdthameetaw said...
ဟုတ်ကဲ့ကိုသက်ခိုင်ရေ..
သိသမျှလေးကြိုးစားတင်နေမိတာပါ