ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Thursday, June 14, 2012
ဘယ်ကလာလို့  .ဘယ်ကိုသွားကြမှာလဲ
မြတ်စွာဘုရားရှင် ဟောကြားခဲသော မရဏဿတိ ကို 
ယက်ကန်းသည်မလေးသည် သဒ္ဒါကြည်ညိုစွာပွားများခဲ့
သဖြင့် ၃ နှစ်ကြာသောအခါ ဥာဏ်တော်ရင့် နေသည်ကို 
သိတော်မူသော မြတ်စွာဘုရားက ရာဇဂြိုလ် ပြည်
 ဇေတ၀န်ကျောင်းတော် တွင် သီတင်းသုံးရာမှ 
အာဠ၀ီပြည် သို့  ကြွတော်မူ၍တရားပွဲကျင်းပရာ
လူပရိသတ်အလယ်`၌ယက်ကန်းသည်မ ၏ 
သမီးကို ပြဿနာလေးချက်အား မေးလေ၏။ 
(ဗုဒ္ဓ)………………သတို့ သမီး..သင်ဘယ်ကလာသနည်း၊
(သတို့ သမီး)……မသိပါ    အရှင်ဘုရား…၊။
(ဗုဒ္ဓ)……………….သင်ဘယ်သို့   သွားမည်နည်း။
(သတို့ သမီး)……မသိပါ    အရှင်ဘုရား……..။
(ဗုဒ္ဓ)……………….သတို့သမီးငယ်…….သင်မသိဘူးလား။
(သတို့ သမီး)……..သိပါ၏  အရှင်ဘုရား……..။
(ဗုဒ္ဓ)………………..သတို့ သမီးငယ်.သင်   သိ၏လော။
(သတို့ သမီး) …….မသိပါ       အရှင်ဘုရား…..။
ဤ သို့ လျှင် မြတ်စွာဘုရားရှင်သည်  သတို့ သမီးငယ်ကို
 ပြဿနာ လေးချက် မေးမြန်းတော်မူလေ၏။
သတို့ သမီးငယ် ကလည်း မိမိ၏ လေးနက်သောအဓိပ္ပယ် ဖြင့်
 မြတ်စွာဘုရားရှင်၏ အလိုတော်ကိုသိကာဖြေကြားလေ၏
(၁)အမေး…..(သင်  ဘယ်ကလာသနည်း)…. အဘယ်ဘုံမှလာ၍
ဤယက်ကန်းသည်ဘ၀`၌ ဖြစ်ရသနည်း ။
အဖြေ….အဘယ်ဘုံဘ၀ မှ လာ၍ ဤယက်ကန်းသည်ဘ၀ `၌ငါဖြစ်ရ
သည်ကို မသိပါ။
(၂)အမေး…(သင်  ဘယ်သို့ သွားမည်နည်း).. ဤ လူ့ ပြည်မှ
စုတေ၍ အဘယ်ဘုံဘ၀သို့  သွားမည်းနည်း ။
အဖြေ…ဤဘ၀မှ စုတေ သော် ဘယ်ဘုံ`၌သွားရောက်ဖြစ်ရမည် ကိုမသိပါ။
(၃)အမေး…(သင်  မသိဘူးလော)…သေရမည့်အဖြစ်ကို မသိဘူးလော
အဖြေ….သေရမည့်အဖြစ်ကို  သိပါသည်။
(၄)အမေး…(သင် သိပါ၏လော)..မည်သည့်အခါ`၌
 သေရမည် ကိုသိပါ၏လော။
အဖြေ….မိမိ ၏သေရမည့် အဖြစ်ကိုသာသိပါ၏ 
ညဉ့် နေ့ နံနက် အစရှိသောအခါတို့ တွင် 
ဤမည်သောအခါ`၌ သေရမည် ကိုမသိပါ။
မြတ်စွာဘုရားရှင်သည်  သတို့ သမီး ၏ အဖြေ များကို
 ရှင်းလင်းစွာသိပြီးသောအခါ…သာဓု..  ခေါ်ဆိုတော်မူ၍
``အန္ဓီဘူတော  အယံလောကော`` အစရှိသောဂါထာကို
ဟောတော်မူရာ များစွာသော လူအပေါင်းတို့ အကျိုးတရားရ၍
သတို့ သမီးငယ်မှာ သောတာပတ္တိဖိုလ်`၌တည်လေ၏။
 ဖေါ်ပြပါ အကြောင်းအရာ ကို ထောက်ရှု လို့  သူငယ်ချင်းများလည်း
ဘယ်ကလာလို့   ဘယ်ကိုသွားမယ် ဆိုတာမသိနိုင်တဲ့ အတွက်
ကိုယ့် ရဲ့  ဘ၀  လားရာဂတိ ကောင်းကို ရှေ့ ရှု နိုင်ဖို့  ၀ိပဿနာကို
အားထုတ် ကြပါစို့ နော်…
သောတာပန် က နောက်ထပ်ကာမဘုံမှာ(၇)ဘ၀ ကျင်လည်မှာဖြစ်ပြီး
သုဂတိ ဘုံ မှာ ပဲ စံပျော် ရမှာ ဖြစ်ပါတယ်..သကဒါဂမ် အရိယာ 
ကတော့ နောက်ထပ်ကာမဘုံ(၃)ဘ၀ ကျင်လည် မှာဖြစ်ပြီး သူလဲ
သုဂတိ ဘုံမှာ လူချမ်းသာ နတ်ချမ်းသာ ဘ၀ နဲ့ နေသွားမှာဖြစ်ပါတယ်
အနာဂမ် အရိယာ ကတော့ နောက်ထပ်(၁)ဘ၀ သာ နေမှာဖြစ်ပြီး
ရဟန္တာ ဗြဟ္မာကြီး အဖြစ်နဲ့ ဗြဟ္မာပြည်မှာ မဟာကပ်ကမ္ဘာ နဲ့ ချီ ပြီး 
အသက်ရှည် မယ် ဗြဟ္မာပြည်မှာ ပဲ ပရိနိဗ္ဗာန် ပြုမှာ ဖြစ်ပါတယ်..
ရအောင် အချိန်ရှိခိုက်မှာ လုံလ စိုက်လို့ အားထုတ်ကြိုးပမ်းနိုင်ပါစေလို့ 
 ဆုတောင်းပါတယ် နော်…..
။ ။ကျမ်းကို..မဟာဗုဒ္ဓ၀င်-စတုတ္ထတွဲ ပေသကာရဓီတုဝတ္ထု(စာ-၃၇၁)။ ။
    *****တတိယမြောက်သမီးတော်*********
0 comment: