ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Monday, July 9, 2012
ချစ်ကံခေ
ပွင့်သစ်စ ပန်းလေးတစ်ပွင့်လောက ကြီးအကြောင်းကိုကောင်းကောင်းမသိသေး။
သို့ သော် မိဘများက သာကေတ မြို့ မှသူဌေးသားတစ်ဦးနှင့်ပေးစားဖို့ပြောလာတော့
အံသြတုန်လှူပ် လက်မခံနိုင်စွာ ခေါင်းခါမိသည်။တစ်ဦးတည်းသောသမီးလေး ..ဒါသီ
အိမ်မှူကိစ္စ ဗာဟီရ `၌ ကျွမ်းကျင်လိမ်မာသူလေး။မိဘများက ဖူးဖူးမှူတ် သဲသဲလှူပ်
ချစ်မဆုံး။ အနန္တော အနန္တ ငါးပါးကိုလည်း ဦးထိပ်ထားကာ သဒ္ဒါရိုကျိုးမြတ်နိုးကြည်
ညိုသူ။အလှူရေစက် လက်နှင့်မကွာသူ။သီလ အရာမှာ နိစ္စဓူဝ ပဉ္စင်္ဂ သီလကိုခါးဝတ်
ပုဆိုးလိုမြဲမြံအောင်ဆောက်တည်သူ။
  အဆင်းလည်းလှ။အချင်းနှင့်လည်းပြည့်စုံ။လိမ္မာရေးခြားလည်းရှိ အနေအထိုင်သိပ်
သည်း  မိန်းမတော်-မိန်းမကောင်းလေး ဣသိဒါသီ  …တဲ့။ဒီနာမည်လေးကို မသိသူမရှိ။
ကာလ သားတို့ တမ်းတမ်းစွဲ စုံမက်နှစ်သက်ကြ၏။မြတ်နိုးတန်ဖိုးထား၏။အိမ်နားတ၀ိုက်
ဣသိဒါသီ ကိုမြင်ရနိုးနိုး လျှောက်ပြန်သံပေး အဝေးမှချောင်းမြောင်းကြည့်ကြ၏။
     သို့ ရာတွင် ဗိုင်းကောင်းကျောက်ဖိဣသိဒါသီလေး၏ အရိပ်အရောင်သော်မှ မမြင်ရ။
လောက၏ သဘာဝ မရနိုင်လေ လိုချင်လေ ဖြစ်၏။
``အဖေ ကလဲတွေ့ ရာလူနဲ့ပေးစားပါ့မလား..အဖေတို့ထက်နှစ်ဆ ချမ်းသာတယ်။
ယောင်္ကျားလေးကလဲ အဖက်ဖက် ကတော်ရှာတယ်။သောက်စားမူးယစ်မရှိဘူး။
သမီးနဲ့လိုက်ဖက်တဲ့  သတို့သားလောင်းလေးပါကွယ်``
``မိဘနဲ့အတူနေတာလောက်စိတ်ချမ်းသာစရာကောင်းတဲ့နေရာ..သမီးတော့
ရှာမတွေ့သေးဘူး အဖေရယ်``
အဖေက ရယ်၏ ထို့နောက် ခေါင်းကိုဖြေးညှင်းစွာ ယမ်းခါလိုက်၏။
``ဒီသမီးလေးတစ်ယောက်ထဲရှိတာ..အဖေတို့လည်း ဘယ်ခွဲ ချင်ပါ့မလဲ..မိဘ၀တ္တရား
က ရှိတယ်လေ။အဖေတို့ မျက်ကွယ်ပြုသွားတဲ့အခါ သမီး ဘယ်သူ့ ကို အားကိုးမှာလဲ။
သမီးကညာ  အရွယ်ရောက်လာ အခါမလင့်ရ။အခါလင့် က သင့်မရ..ယုတ်သောသူနှင့်
ညားတတ်စွ ..တဲ့``
ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်မရှိတဲ့  ဒါသီလေး အဖေ ညွှန်ကြားချက်နဲ့ လင့်တစ်မျက်နှာ
တစ်ရွာထင်  သျှောင်နောက်ဆထုံးပါ ခဲ့ရလေသည်။
  သူဌေးသမီးဘ၀ ကိုခ၀ါ ချပြီး ယောက္ခမအိမ် တစ်အိမ်သားလုံးအတွက် အစေခံသဖွယ်
သွက်သွက်လည်အောင် ဆောင်ရွက်ပေးခဲ့ရသည်။ပင်ပန်းသည်ဟု မညီးညူရဲ။
မာနကြီးသောယောင်္ကျားကိုရသောမိန်းမ အဖို့ ကျွန်နှင့်တူသော မယားသာဖြစ်ပါလိမ့်
မည်။အဖက်မတန်သလိုဆက်ဆံခံရသည်။
``တနေ့ နေ့ တော့ပြောင်းလဲလာတန်ကောင်းရဲ့ ``လို့ မျှော်လင့်ရင်းမျက်ရည်များကို
အဖေါ်ပြုလက်ချိုးရေတွက် တစ်လ တင်းတင်းပြည့်ခဲပြီ။
``မိန်းမတစ်ယောက်အတွက် အိမ်ထောင်ပြုခြင်း ရလာဒ် က ဒါပဲလား``
တအိမ်ထဲ အတူနေပြီး လူချင်းနီးသော်လည်းနှလုံးသား က ကွာလှမ်းလှသည်။
ပြတင်းပေါက်မှာရပ်လျှက်အဝေးဆီသို့ ငေးမျှော်ကာ အဖေအမေ တို့ကိုလွမ်းဆွတ်သတိ
ရမိသည်။
``ဣသိဒါသီ``
မထင်မှတ်သောခေါ်သံ။
ခေါ်သူကိုသိသည်။လှည့်မကြည့်ပဲ တပ်အပ်သိသည်။ယုံရခက်နေသည်။
``ဣသိဒါသီ``
ပထမ အကြိမ် ထက် အသံပိုကျယ်သည်။သူ့ အသံ စစ်စစ် ပါပဲ။
``မင်းကိုစကားတစ်ခွန်းပြောမယ်``
``ကိုယ့်မိန်းမ ပဲမောင်ရယ် စကားပြောဖို့များခွင့်တောင်းစရာမလိုပါဘူး``
တလ လုံးလုံး ခပ်စိမ်းစိမ်းနေမိတာ ခွင့်လွတ်ပါလို့ တောင်းပန် မလို့ လား…..၊??????
``ပြောပါမောင်ရယ်  ဒါသီ   နားထောင်နေပါတယ်…``
အပျိုစင်ကလေးလို ရင်တလှပ်လှပ် ခုန်မိသည်။သူဘာပြောမှာပါလိမ့် ..။
``မင်းကို  ကျုပ် ဆက်မပေါင်းနိုင်တော့ဘူး``
``ဟင်``
ရင်ဝ ကိုဓါးနှင့်တချက်အသေထိုးစိုက်လိုက်သလို မျက်လုံးများပြာဝေသွားသည်။
လူတိုင်းလူတိုင်းဟာ ရက်စက်စိမ်းကားတဲ့ အကြင်နာမဲ့ စကားကိုအကြောက်ဆုံး
ပါပဲ..။
`` ဒါသီ့ မှာ ဘာအပြစ်ရှိလို့လဲမောင်ရယ်..``
``မင်းအပြစ် က ကျုပ် မင်းအပေါ် စိတ်ဝင်စားအောင်မစွမ်းဆောင်နိုင်တဲ့အချက်ပဲ
 မင်းကို ကျုပ် မကြည့်ချင်ဘူး   မမြင်ချင်ဘူး ဖြစ်လာတယ်။မင်းမျက်နှာမြင်ရတိုင်း
ကွာချင်စိတ် ပဲ ပေါ်နေတယ်။မင်းကိုမယား အဖြစ်ဆက်ပေါင်းဖို့ စိတ်ကုန်ခမ်းနေပြီ
ဒီတော့မင်းမိဘ အိမ် ကို သာပြန်ပါတော့..``
ဒါသီ အနှင်ချ ခံရပြီ။မျက်ရည်တွေတွေစီးကျလာသည်။အိမ်ထောင်ရေး`၌ ယောင်္ကျား
များတဖက်သတ်ဆုံးဖြတ်မှူကိုခံကြရသည့်မိန်းမသားတို့၏ အခွင့်အရေးဆုံးရှူံးမှူကို ယူကျူံးမရစွာငိုချမိပါသည်။ဘာတစ်ခွန်းမှလည်းမပြောရဲ ..။ယောက္ခမများက သင့်သင့်
မြတ်မြတ်ရှိကြရဲံလား ဟု မေးသည်။အကြောက်ဆုံးမေးခွန်းတွေ၊။
``သင့်မြတ်ပါတယ်ရှင်..ခွန်းကြီးခွန်းငယ် တစ်ခါမှ ရန်မဖြစ်ဖူးပါဘူး``
သို့ သော်
`` အဖေ့ ချွေးမ ပြောတာမှန်ပါတယ်..ဒါပေမယ့် ဣသိဒါသီကို  ကျနော်ဆက်မပေါင်းနိုင်
တော့ဘူး..``
``ဟေ့ကောင်..မင်းဘာစကားပြောတာလဲ သမီးဟာလမ်းပေါ် က  ကလေကချေ မဟုတ်ဘူး.
.ဆွေကြီးမျိုးကြီး မိကောင်းဖခင် သားသမီး မင်းရဲံတရားဝင်ဇနီးကွ..
ပေါင်းချင်တုံး က ပေါင်းပြီးကွာချင်ကွာလို့မရဘူး မိဘ ကိုအရှက်မခွဲ နဲ့ ..။``
`` အဖေ ကိုယ်တိုင်ရွေးပေးတဲ့ သတို့ သမီးကို ကြင်နာနိုင်လိမ့်မယ်ထင်လို့ 
အဖေ့ စကား ကျနော် နားထောင်ခဲ့တာ ခု တော့  မေတ္တာထားဖို့နေနေသာသာ
တနေ့ တခြားစိတ်ကုန်လာတယ်။သူ့မျက်နှာကိုမြင်ရင်စက်ဆုတ်ရွံရှာလာတယ်
သူ့အသံကြားရင်နားခါးလာတယ်။စိတ်ဆင်းရဲဒဏ်ကိုကျနော်မခံနိုင်တော့ဘူး။
သူ့ကိုဆက်ပေါင်းဖို့ဘယ်နည်းနဲ့ မှ မဖြစ်နိုင်တော့ဘူး..။ အဖေ တို့ချွေးမ အဖြစ်
အသိအမှတ်ပြုနေအုံးမယ်ဆိုရင်…ကျနော် ဒီအိမ်ပေါ် က ဆင်းသွားမယ်``
ဘယ်လောက်ခံပြင်းစရာကောင်းလိုက်သလဲ..ရင်ထဲမှာဆတ်ဆတ်ထိ နာတယ်။မိုးကြိုး
သွားထိမှန်သလိုပါပဲ..။.  မိဘ နှင့်ဝေးကွာမျက်နှာငယ်ရသည့် ဘ၀..။လင်ယောင်္ကျား၏
အပစ်ပယ်ခံဘ၀..။ရင်ထဲ အသဲထဲ မွမွ ကြေကွဲ သည်အထိ နင့်နင့်သီးသီး နာကျင်
ခံစားရသည်။
``သမီး ..သမီး..``
မရပ်မနားခေါ်သံများကြောင့်အသိပြန်ဝင်လာသည်။နှာဝမှာရှူဆေး နံ့ ကိုရလိုက်သည်။
``သမီး  သတိရပြီလား  နှမ ချင်းမစာနာ ယုတ်မာတဲ့ကောင်…မပေါင်းနဲ့တော့ သမီး..
သမီးကိုမိဘတွေဆီ ပြန်ပို့ပေးမယ်..။ဘာမှ အားမငယ် နဲ့..။သမီး တသက် စားမကုန်
အောင် အဖေ တို့ ထည့် ပေးလိုက်မယ်..။``
ကိုယ်ချင်းစာလို့ နှစ်သိမ့်လေဟန် သာမာန် ထင်မှတ်ထားနိုင်သော်လည်းတကယ်တမ်း
တော့ သူတို့ သား က ဆက်မပေါင်းလိုသည့် မိန်းကလေးအား ကွာရှင်းပေးပြီး မိဘ ထံ
ပြန်ပို့ခြင်းသာ..။   …ဒါသီ  ဘာလုပ်ရမလဲ..။အားပါးတရ ချုံးပွဲချ ငိုကြွေး လိုက်သည်။
++++++++++++++++++++++++++++++++++
သမီး တသက် စားမကုန်အောင်  အဖေ တို့ထည့်ပေးလိုက်တယ်..သိလား…``
မိန်းမသားတစ်ဦး၏ အပျိုစင်ဘ၀ နှင့် ဂုဏ်သိက္ခာ ကို ပစ္စည်းဥစ္စာဖြင့် အလျော်အစား
လုပ်ခံလိုက်ရသည်။
     အပြစ်မရှိပေမယ့်  မချစ်မိ၍ ကွာရှင်းရပါသည်…တဲ့ ။
မိဘ အိမ်သို့ ပြန်ရောက်တော့ ဒါသီ ငိုလွန်းသဖြင့် မျက်ခွံလေးတွေမို့ အစ်လို့
မျက်စိ ပင် ယောင်ကိုင်းနေပြီ..။
``အဖေ့ သမီးလေး  ..အဖေ့ ကြောင့်ကိုယ်စိတ်ဆင်းရဲ နေရတာ..။ဘာမှ အားမငယ် နဲ့
သမီးရယ်  ..။အဖေ က ဒင်းတို့ထက်သာတာကို ရှာပေးမယ်…။``
အင်အားကောင်းလှသည့် အဖေ့ မေတ္တာတွေ…။
မိဘ စကား နားထောင်ငြားက သံပြားကျောက်စောင်း ကျိုသော် ပြောင်း၏….တဲ့ ဆိုရိုး
စကားရှိတယ်လေ..။ နောက်ထပ်တစ်ယောက်နဲ့ထိမ်းမြားမင်္ဂလာ ပြုရပြန်ပါသည်။
 ဒုတိယ သတို့သားက မိမိ တို့ ထက် မချမ်းသာသည့်တိုင် တန်းတူ ရည်တူ မို့  မာန်မာန
ထောင်လွှားမောက်ကြွားဖို့မရှိ။တည်ကြည်ရိုးသားသည်။ဖြောင့်မတ် မှန်ကန် သည်။
သိမ် မွေ့ ယဉ်ကျေးသည်။စာနာညှာတာတတ်သည်။စိတ်သဘောထားပြည့်ဝသည်။
အရည်အသွေးများကို ကောက်ချက်ချကြည့်ပါက ယောင်္ကျားကောင်းတစ်ယောက်
ဟု အဖေ က ညွှန်းပြန်သည်။
   မိဘ အိမ် `၌ သာနေလိုပါသော်လည်း ဓလေ့ ထုံးစံကို မတွန်းလှန်နိုင်ပဲ  သတို့သား
အိမ်သို့  ဒါသီ လိုက်သွားရပြန်သည်။လက်ထပ် စကတော့ ရုပ်ချော။အပြောချို။
စေတနာပိုသော မယားအလိမ္မာလေးကို ရသော သတို့ သား ပျော်တြ့ပုံးပြုံးမော်မဆုံး
အောင် ရှိခဲ့ပါ၏။………..ရက်သုံးဆယ်ကြတော့….
``မင်းကိုမပေါင်းချင်တော့ဘူး…ဣသိဒါသီ``
ရုတ်ချဉ်းပြောင်းလဲသွားသော သူ့ အမူအရာကို အံ့သြ ထိတ်လန့် စွာ
နားမလည်နိုင်အောင်ရှိရသည်။နှစ်ခါကွဲသည့်အသဲ မနာ ပဲနေပါ့မလား..။
သို့ တစေ  မျက်ရည်ကျမနေချင်တော့ပါ..။  သူ က တမာ ဆိုမှတော့  ကိုယ်က
ခွေးတောက်ရွက်ပေါ့..။ သူတင်းလျှင် ကိုယ်ပြတ်ရုံသာ..။
``ဒီမှာ  အမောင်  ဘာအပြစ်တွေရှိလို့ ကျမ ကိုကွာရှင်းချင်ရတာလဲ..။အမောင့်ကို
ဝတ္တရား ပျက်ကွက်ခဲ့လားစိတ်သောက ရောက်စေခဲ့သလား။ဂုဏ်သိက္ခာ ညှိုးနွမ်းအောင်
 ကျမ လုပ်ခဲ့မိသလား..``
``မင်းမှာ အပြစ် မရှိဘူး။မယားဝတ္တရားလည်း မချို့ ယွင်းဘူး။စိတ်သောက လဲ မရောက်
ခဲ့ဘူး။``
``ဒ်ါနဲ့များရှင်..အံ့သြပါရဲ့ ..နှစ်ဘက်မိဘ လူကြီးများရှေ့ မှာ ပုဆိုးတန်းတင် အကြင်လင်
မယား အဖြစ် လက်ထပ်ခဲ့တာ အပြစ်မရှိပဲ နဲ့ ကွာချင်တိုင်းကွာလို့ရမလား..``
`` မင်း က ကိုယ့်ကိုအလိုရှိပေမယ့်..ကိုယ်မှ မင်းကိုအလိုမရှိတော့တာ``
`` ကျမ ဘက် က ကွာရှင်းမပေးနိင်ဘူးဆိုရင်ကော..``
``မင်းတို့ မိန်းမ တွေမှာ အဲ့လိုအခွင့်အရေးမျိုးရှိလိုလား..အခြေ အနေ မှန်ကိုရင်ဆိုင်
တာ အကောင်းဆုံးအဖြေပဲ …။``
  အယူ ခံဝင်ခွင့်မရှိ  ရှုံးနိမ့်ခဲ့ရပြန်သည်။
အဖေ ကတော့ တစ်ဦးတည်းသောသမီးမို့  ဆင်စီးပြီးမြင်ရံစေချင်ခဲ့သည်။
ဒါသီ ကမူ  ဆင်လည်းမစီး ခဲ့ရပါ။မြင်းလည်းမရံခဲ့ရပါ။
ဆင်နင်းပြီး မြင်းကန်တာ ခံခဲ့ ရသည်။
++++++++++++++++++++++++++++++
ပိုးဖလံမျိုး မီးကိုတိုး ကိုယ်ကျိုးနည်းခဲ့ပြီ..။
ရှေးလူကြီးမျာ၏ ဆိုစကား..။
ဒါသီလည်း ပိုးဖလံနှင့်တူနေပြီ..။
ပုထုဇဉ်လူသားပေမို့ ကိလေသာတွေပွာကာ  ရာဂမီး တောက်လောင်ကြီးထွားခဲ့ရသည်။
သောက်မိခဲ့သည့်ဆားငန်ရေကို သောက်လေ သောက်လေ ငတ်မပြေတော့..။
ပတ်သက်ခဲ့ဖူးသော ယောင်္ကျားနှစ်ဦး အား နာကျဉ်း မုန်းတီးမိသည်မှလွဲ၍  ဆန္ဒ ရာဂ
များ  မကုန်နိုင်  မခမ်းနိုင် သေး….သင်ခန်းစာ  မယူမိသေး…ဓမ္မသံဝေဂလည်းမပွားမိ
နိုင်သေး..။မှန်တာကိုဝန်ခံရပါမူ..။မိမိ  ကို ဂရုဏာ ကြီးမား မေတ္တာထားနိုင်သော
စာနာ ညှာတာစွာ ကြင်နာနိုင်သော နွေးထွေးယုယ သောအလိုကျစေသော ဘဝ
ကြင်ဖေါ်တစ်ဦး တကယ်ပင် လိုအပ်နေပါသည်။နစ်နာဆုံးရှုံး ခဲ့ရသည့် အိမ်ထောင်ရေး
ကွက်လပ်တွင် အကောင်းဆုံး ပြန်လည် ဖြည့်စွက် အစားထိုးချင်မိသည်။
စင်စစ်တော့
သမီး က ရေငတ်သူ…။
အဖေ က ရေရှာပေးသူ…။
``သမီးနဲ့အိမ်ထောင်ဖက်ခဲ့တဲ့သူနှစ်ယောက်က ချမ်းသာတဲ့သူတွေဆိုတော့ အိမ်ပြန်ပို့ခံ
ရတယ်။ဒီတခါတော့ ဆင်းရဲ သားကို ရွေးထားတယ် အဖေ ကတော့ အောက်ဆုံးထစ်ထိ
 စဉ်းစားတယ် သမီး လက်ခံနိုင်မယ် ဆိုရင်ပေါ့လေ။အဖေ တို့အိမ်လမ်းကြားကို
လာလာတောင်းနေတဲ့  သူတောင်းစားလေး….``
``ဘုရားရေ..အဖေ က သမီးကို သူတောင်းစားနဲ့ ပေးစားတော့မလို့ လား``
``ဘာဖြစ်လဲ  သမီးရဲ့  သူခများ ဆင်းရဲလို့ တောင်းစားနေတာ  သူတောင်းစားလည်း
ပုခုံးနှစ်ဖက်ကြားက ခေါင်းပေါက်တဲ့ သူ ပဲ။လူချင်းတူတူ ဘာခွဲခြားနေစရာ လိုသလဲ။
ဆင်းရဲတာကလွဲ ပြီး ဥပဓိရုပ်လည်းမဆိုးပါဘူး။ရိုးရိုးသားသားရည်ရည် မွန်မွန်လေးမို့
 ရွှေပင်နားတော့ ရွှေကျေးပေါ့..။သူလည်း တသက် လုံး အိမ်မက်တောင်မက်ဖူးမှာ
မဟုတ်တဲ့  ရွှေဘုံပေါ်မှာစံရပြီးသူဌေးသမီး အချောအလှနဲ့ပေါင်းရမယ် ဆိုရင်
သကောင့်သား..ဒီတိုက်ပေါ် က ဆင်းနိုင်ပါဦးမလား..။``
 အဖေ ပြောတာမှန်သည်။  သို့သော်
`` မဖြစ်နိုင်ဘူး  ထင်ပါတယ် အဖေ ရယ်``
ခေါင်းကိုတွင်တွင်ခါ၍ ငြင်းဆန် ခဲ့သော်လည်း  အဖေ ကသူ့ ဆုံးဖြတ်ချက်ကို နောက်
မဆုတ်ပါ။သူတောင်းစား ကလည်း ရွှေပင်နားတော့ ရွှေကျေးဖြစ်ခဲ့ပါ၏။
ပိုးဖဲကတ္တင်္ပါ ဆင်မြန်းပေးလိုက်တော့  မိုးပေါ်ကျ မင်းသားဖြစ်လာတော့သည်။
အမျိုးဇာတ်နိမ့်သူ ဖြစ်စေကာမူ  အိမ်ဦးနတ် လင်သားမှတ်၍ လေးလေးစားစား မယား
ဝတ္တရား ကျေပွန် ခဲ့သည်။
  တစ်ဆယ့်ငါး ရက်မျှ ကြာသော်
  မိုးပေါ်ကျ မင်းသားတဖြေးဖြေး စိမ်းကားလာပါသည်။
ကျမ  ဣသိဒါသီ  သုံးလင်ရှိခဲ့ပါပြီ။ လင်နှင့်ကွဲရမှာ သေမလောက်ကြောက်သည်။
အဖန်ဖန် အခါခါ နည်းအမျိုးမျိုး နှင့် တိုးလျိုး တောင်းပန် ကြိုးစားခဲ့သော်လည်း
ဒါသီ  အကြီးအကျယ် တုန်လှူပ် ခြောက်ခြားခဲ့ရပြီ။  ချိုချို သာသာ ဖြင့် အဖေ
ကိုယ်တိုင် နှစ်သိမ့်အားပေးမေးမြန်းပါသည်။မိုးကျရွှေကိုယ် က  ခေါင်းကိုငုံ ကာ
သက်ပြင်းသာချလျှက်…
``ဒီကိုလာတုံးက ကျနော်ပိုင်တဲ့ ခွက်စုတ် နဲ့ အင်္ကျီ ဟောင်းလေးသာ ပြန်လိုချင်
ပါတယ်    ခင်မျာ…```
`` ဘာာာာာာာာာာ..ဘယ်လို``
 အဖေ ကိုယ်တိုင် အံ့ သြ ထိတ်လန့်  ငယ်ထိပ်မြွေပေါက်ခံ ရသလို မျက်ပြူးဆန်ပြာ
ဖြစ်ရရှာသည်။
``သူဌေးမင်းနှင်တကွ တစ်အိမ်သားလုံး လိုလေသေးမရှိအောင် ၀တ္တရားကျေပွန်
လှပါတယ်။ အလိုလိုက် အကြိုက်ဆောင်ပြီး ဂရုစိုက်ခဲ့တာ ကျေးဇူးတွေဆပ်လို့မကုန်
အောင်ကြီးမားလှပါတယ်..  ကျနော် ဟာ ပြာပုံမှာအိပ်တဲ့ခွေး ပါ..ပြာပုံမှာပဲပျော်ပါတယ်
သူဌေးသမက် ဘ၀ မှာ မပျော် နိုင်တော့လို့  ခွက်စုတ် နဲ့ အင်္ကျီ ဟောင်းကိုသာ
ပြန်ပေးပါတော့…``
မျက်ရည် နှစ်စက် က ပါးပြင် မှာကြွေသက်လာသည်။အဖေ အားမကြည့်နိုင် မမြင်ရက်
ပါတော့။
``တားမနေပါနဲ့တော့  အဖေ ရယ်။ သူ့ ဆန္ဒ အတိုင်းသာ ဖြစ်ပါစေတော့…``
ဒါသီ့ ဘ၀ မှာ မှီခိုအားထားရာ အဖေါ်မရှိတော့ ။ရင်မှာ ထုံ ကျင်စွာ ဟင်းလင်းပွင့်ချေပြီ။
ခေါင်းအုံးမှာ မျက်နှာအပ်လို့ သည်းထန်စွာ ငိုကြွေး မိတော့သည်။
လင်ကံဆိုးလှသည့်   ဣသိဒါသီ  ပါ..။
``ကြံရာမရ သူတောင်းစားကိုမှ လင်လုပ်တဲ့မိန်းမ..လင်တစ်ယောက်ရဖို့အရေး
စည်းစိမ်ပုံပေးတာတောင်မှ မပေါင်းနိုင်လို့ ဆိုပြီး သူဌေးသမီးကိုပစ်ထားခဲ့သတဲ့
ခွက်စုတ်နဲ့အင်္ကျီဟောင်းကို ပြန်တောင်းပြီး သူတောင်းစားပဲလုပ်တော့မယ် တဲ့
သုံးလင်တောင်စွန့်ပစ် ခံရတဲ့ မိန်းမလူလုပ်ဖို့ကောင်းပါအုံးတော့မလား..။
သေသွားတာပဲအေးပါတယ.်    မိုက်မိုက်မဲမဲ ဇွတ်ရွတ် ကြံစည်လိုက်ပေမယ့်
မလုပ်နဲ့သမီး  မလုပ်နဲ့   တဲ့ အဖေ က ကြိုးခွေကို အပြေးအလွှား ဆွဲလုလိုက်သည်။
ဒီတစ်ခါ တော့ အဖေ က မေးပါသည်။ သမီး  ဘာလုပ်ချင်လဲ ။ကောင်းတာဆိုရင်
အဖေ ခွင့်ပြုနိုင်တယ်။ဘ၀ ကိုအရှုံးပေးတာ အဆုံးစီရင်တာမျိုးတော့ မလုပ်ရဘူး..``
``သမီး သာသနာ့ ဘောင်မှာ  ရဟန်းပြုတော့မယ်  အဖေ ``
``ဟင်…ဟာ``
``သမီး  အိမ်ထောင်ရေးကံမကောင်းခဲ့တာဟာ..ရှေးဘ၀ က အကုသိုလ် အမှူ ကို
အလွန်အကြူး ပြုလုပ်ခဲ့ဖူးလို့ဖြစ်မှာပါ အဖေ..ဒီ အကုသိုလ်ဝိပါက်ဝဋ်ကြွေးကို
ချေဖျက်ဖို့ ရာ တစ်နည်းသာ ရှိပါတယ်။ ရဟန်းပြုပြီး ရဟန်း တရား ကျင့်ကြံပွားများမှ
ဖြစ်နိုင်ပါလိမ့်မယ်..``
``သမီးရယ်..```
  အိမ် သို့  နေ့ စဉ်ဆွမ်းခံကြွနေကြဘိက္ခုနီ အရှင်မ ဇိနဒတ္တာထေရီ နောက်သို့ 
လိုက်ပါ၍ဒါသီ  ရဟန်းပြုခဲ့သည်။ ပါရမီ ထူးနှင့်ပြည့်စုံသည့် ပစ္ဆိမဘ၀ိက ပုဂ္ဂိုလ်ဖြစ်
နေမှန်းမသိခဲ့ပါ။  ရဟန်းတရားအားထုတ်ပြီး ခုနှစိရက်မြောက်သည့်နေ့ မှာပင်
ပုဗ္ဗေနိဝါသဥာဏ်။ဒိဗ္ဗစက္ခုဥာဏ်။ အာသ၀က္ခယဥာဏ် တည်းဟူသော
ဝိဇ္ဇာ သုံးပါး နှင့်ပြည့်စုံ ကာ ရဟန္တာ အရှင် မ ဖြစ်သွားရပါတော့သည်။
++++++++++++++++++++++++
သာဓု….သာဓု…သာဓု
ဗောဓိထေရီ အရှင်မ က သာဓု သုံးကြိမ် ခေါ်သည်။
``လောင်မြိုက်နေတဲ့ကိလေသာမီးတွေကို  သတိသံဝေဂတရားအချိန်မီ ပွားများနိုင်ခဲ့လို့
ယခုလိုငြိမ်းချမ်းသွားရတာ အဆိုးထဲက အကောင်းလို့ဆိုရပေမယ်။
ပုဗ္ဗေနိဝါသ ဥာဏ်မှာပြန်လှန်သုံးသပ် ဆင်ခြင်မှူ မပြုခဲ့ဘူးလား  အရှင်မ ဒါသီ``
``အရှင် မ ဘုရား..တပည့်တော်ဟာ  ပုဗ္ဗေနိဝါသ ဥာဏ်နဲ့  အတိတ်ခုနစ်ဘ၀ ကို
သိနိုင်ခဲ့ပါတယ်..ရှေး အတိတ် ခုနှစ်ခုမြောက်ဘ၀ ကို ဆင်ခြင်မိတဲ့အခါ………….
ဧရကစ္ဆ   ဆိုတဲ့မြို့ မှာ ဥစ္စာဓန အလွန်ကြွယ်ဝ တဲ့ ရွှေပန်းတိမ်သည်သား ဖြစ်ခဲ့
ပါတယ်။ဥစ္စာကြွယ်ဝ သမျှ အရွယ် ကလည်းကောင်း အပေါင်းအသင်း ကလဲ မှားသမို့ 
 သူတစ်ပါး မယား..လင်ရှိမယားကို ကြာခို မိုက်မှားပြီး ကာမဂုဏ် လိုက်စားတဲ့
လူရမ်းကားဖြစ်ခဲ့ပါတယ် ဘုရား..``
``အို…ဘုရားမကြိုက်  အမှားလိုက်တဲ့ မိစ ၦာ စာရ ကံဆိုးၾကီး့ပါလား..``
``မွန္ပါ့ဘုရား.. မိစ ၦာစာရ ကံကြောင့် ဒုတိယ ဘ၀ မှာ ငရဲကျပြီး နှစ်ပေါင်းများစွာ
 အပါယ် ဆင်းရဲတွေ လူးလိမ့်နေအောင် ခံစားခဲ့ရပါတယ်..ငရဲ ကလွတ် လို့ တတိယ
ဘ၀ ရောက်တော့ မျောက်တိရိစ္ဆာန် ဖြစ်ရပြန်ပါတယ် မွေးကင်းစ  ခုနှစ်ရက်သာ
ရှိသေးတယ်  မျောက်ထီးကြီး  ဝှေးစေ့ ကိုကိုက်ဖြတ်တာခံရပါတယ်….
မျောက်ဘ၀ သေပြီး ဆိတ်ထီးဖြစ်တော့လည်းဝှေးသင်းခံရပြန်ပါတယ်။နောက်ဘ၀ကျ
တော့နွား..နွားဘ၀ မှာလည်း ဝှေးသင်းခံရပြန်ပါတယ်။ဆဌမ ဘ၀ ကတော့ လူကျွန်မ
ရဲ့  ၀မ်းမှာ သန္ဓေတည်ပါတယ်။ကျွန် မ ကမွေး တဲ့ သပေါက်လေးဟာ အထီးအမ အင်္ဂါ
နှစ်မျိုးလုံး မပါတဲ့  နပုန်းပဏ္ဍုတ်(အခြောက်ကြီး) ဖြစ်ခဲ့ပါတယ်..မိစ္ဆာစာရ ကံရဲ့ အကျိုး
ဆက်ဟာ သံသရာမှာ ဘယ်လောက်ခံခဲ့ရသလဲဆိုတာ တွေးမိတိုင်းထိတ်လန့် စရာ
ကြောက်ရွံ့ စရာ..ရှက်စရာ  အလွန်ကောင်းပါတယ် ဘုရား…``
`` နောက်ဆုံး  သတ္တ မ ဘ၀ ကျတော့ကော``
``သတ္တမ ဘ၀ ကတော့ ချွတ်ခြုံ ကျအောင်ဆင်းရဲလှတဲ့ လှည်းသမားရဲ့သမီး ဖြစ်
ခဲ့ပါတယ် စားစရာမရှိ ငတ်ပြတ်နေတဲ့အခါ လှည်းမှူးကြီး ဆီမှာ ချေးငှားရပါတယ်..။
ချေးငွေတွေ တစ်စတစ်စ များလာပြီး အတိုးရောအရင်းရော ပြန်မဆပ် နိုင်တော့
သမီးကိုအစေခံကျွန်လုပ်ဖို့ အကြွေးနဲ့သိမ်းပါတယ်။အစေခံလုပ်ရင်းအရွယ် ရောက်
လာတော့ ရုပ်ကလေးသနားကမား မို့ လှည်းမှူးကြီးရဲ့သား..ဂိရိဒါသ ဆိုသူက
မယားငယ် ပြုလိုက်ပါတယ်။မယားငယ် ဘ၀ဟာ အစစအရာရ နိမ့်ကျလို့ မယားကြီး
ကို မနာလိုဝန်တိုဖြစ်ပြီး လင် ယောက်ျား ဂိရိဒါသ နဲ့ မယားကြီးကြား အထင်လွဲပြီး
 ကွဲသွားအောင် ဂုံးတိုက် ခြေထိုးအမျိုးမျိုးသော ပိသုဏ၀ါစာတွေ သုံးစွဲ ခဲ့မိပါတယ်။
သီလ ရှိတဲ့ မယားကြီးကို မလိုမုန်းထားဂုံးတိုက်စကားပြောမိလို့  ခုဒီဘ၀မှာ အပြစ်ကင်း
အောင် နေထိုင်းပြီးရိုးရိုးသာသားနှိမ့် နှိမ့် ချချ ပြုမူပေမယ့် ၀ဋ်ကြွေး ကလိုက်ပါလာတော့
 လင်ယောက်ျားတွေ အလိုလိုနေရင် မပေါင်းချင် မသင်းချင် စွန့် ပစ်ချင်လာကြပါတယ်
နောက်ဆုံးသူတောင်းစားကတောင် စွန့်ပစ်သွားတာခံခဲ့ရပါတယ်။ အမှန်တော့
ဣသိဒါသီ ဘ၀ မှာ လင်ပစ်မ ဖြစ်ခဲ့ရတာဟာ သူတစ်ပါးလင်မယားကြား ဂုံးတိုက်
မိမှူပိသုဏ၀ါစာကြောင့်ဖြစ်ပါတယ် ဘုရား``
``နောင်လာနောက်သား  ပုထုဇဉ်များတို့ သင်ခန်းစာ ယူဖို့သင့်မြတ်လှပါပေတယ်``
ဗောဓိထေရီ အရှင်မ က သံဝေဂ စကားဖြင့် အဆုံးသတ်လိုက်သည်။
ပိုးဖလံမျိုးမီးကိုတိုးခဲ့သော ဣသိဒါသီသည်  ယခုတော့ဖြင့် ၀ဋ်ဒုက္ခ တို
 ချုပ်ရာဖြစ်သောသန္တိသုခ ချမ်းသာအစစ်ကို အရဟတ္တဖိုလ် ဖြင့် ရရှိခဲ့ပြီး
 ဖြစ်သောကြောင့်ဘ၀ သစ်တဖန့် ပြန်မလာတော့ပြီအလုံးစုံသော
(ကိုးကား။   ။မလေးငြိမ်၏ ဂန္ထ၀င်ရသများ စာအုပ်မှ  ကျမ မှာမိန်းမသားမို့)
ကိလေသာနွံ အတွင်းမှ ရုန်းထွက်လွတ်ကင်းနိုင်ကြပါစေ………..
*****တတိယမြောက်သမီးတော်*****
9 comment:
စံပယ်ချို said...
မိန်းခလေးများအားလုံး ဒါသီ လိုဘ၀မျိုးမှ လွတ်ကင်းကြပါစေရှင်
3rdthameetaw said...
ဟိုက်..မြန်လှချဉ်လားဂျက်ရဲ့..သမီးတော် အီဒစ်လုပ်လို့တောင် မပြီးသေးဘူးလေ
ကျေးဇူးနော်...
မိုးသူ(တောင်ကြီး) said...
နာမည်က ကိုက မဂျက်လေ
သူကွန်မန့် က ဂျက်လေယာဉ်ထက်တောင်မြန်သေးတယ်
စံပယ်ချို said...
သများအတင်းတွေပြောနေကြတာလား ခေါ်တော့ဝူးအေ
3rdthameetaw said...
ဝုတ်ပါဝူးအေ
ဇင်မျိုး said...
စာဖတ်ရင် အသံထွက်ဖတ်တတ်တဲ့အကျင့်ရှိတာ တော်တော်လေး အာညှောင်းသွားတယ်... :D
Anonymous said...
ကျေးဇူးတင်ပါတယ်....။
ငြိမ်းဇော်
Anonymous said...
ဘိုင့် ဘိုင်
3rdthameetaw said...
Anonymous has left a new comment on your post "ချစ်ကံခေ":
ကျေးဇူးတင်ပါတယ်....။
ငြိမ်းဇော်