စည်းစိမ်
ချမ်းသာပြည့်စုံရခြင်း နှင့် အခြံအရံ ပေါများရခြင်း
အကြောင်းရင်းတို့မှာအောက်ပါအတိုင်းဖြစ်ကြကုန်၏။
(က) ၁-ယောက်သောသူသည် မိမိ ကိုယ်တိုင် ပေးလှူ၏။သူတစ်ပါးကို
မတိုက်တွန်း။ထိုသူသည်
ဖြစ်တိုင်းဖြစ်တိုင်သောဘ၀`၌ စည်းစိမ်ချမ်းသာ
နှင့်သာ ပြည့်စုံရ၍
အခြံအရံနှင့်မပြည့်စုံ။
(ခ) ၁- ယောက်သောသူသည် မိမိ ကား မပေးလှူ သူတပါးကိုသာ
တိုက်တွန်း၏
ထိုသူသည်
ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀ `၌ အခြံအရံ နှင့်သာ ပြည့်စုံရ၍စည်းစိမ်
ချမ်းသာ ကြွယ်ဝ
ခြင်းနှင့် မပြည့်စုံ.။
(ဂ) ၁-ယောက်သောသူသည်မိမိ လည်းမပေးလှူ။သူတစ်ပါးကိုလည်း
မတိုက်တွန်း
ထိုသူသည်
ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀ `၌ ပအုန်းရည်မျှ
ကိုလည်း ၀မ်းပြည့်အောင်
မရ။ အားထားလောက်စရာ
အထောက်အပံ့ကိုလည်းမရ။
(ဃ) ၁-ယောက်သောသူသည် မိမိ လည်းပေးလှူ ၏။သူတစ်ပါးကိုလည်းတိုက်တွန်း၏။
ထိုသူသည်
ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀ `၌ အရာ အထောင် အသိန်းသော ကိုယ်၏
အဖြစ်`၌ စည်းစိမ်ချမ်းသာ
ကြွယ်ဝ ချမ်းသာခြင်း အခြံအရံများခြင်းတို့နှင့်
ပြည့်စုံရ၏။
ဤကား စည်းစိမ်ချမ်းသာ
အခြံအရံများခြင်းတို့ကို အထောက်အပံ့ဖြစ်စေသော
လှူ ဒါန်းမှူ
အတိုင်းအရှည် ဖြစ်၏။လေ့လာမှတ်သား ကြိုးစားအားထုတ်၍ ပြည့်စုံ ကြပါစေ…..ကုန်။
(ကျမ်းကိုး။ ။ဓမ္မပဒ
ဒေ၀ဒတ္ထ ၀တ္ထု)
*****တတိယမြောက်သမီးတော်*****
5 comment:
ဟုတ်ကဲ့.. သမီးတော်ရေ.. ညလေးကတော့ ကိုယ်တိုင်လည်း ပေးလှူ၏.. တစ်ပါးသူအားလည်း တိုက်တွန်းပါ၏.. အပတ်တိုင်းလည်း အပြောနှင့်အညီ ကုသိုလ်တရားများလုပ်ဖြစ်ပါ၏.. ဤပိုစ့်လေးကတော့ သတိတရား မြဲစေပါ၏.. ရှင်.. :)
သမီးတော်ရေ..အလွမ်းလည်း မှတ်သားသွားပါတယ်။
ပေးလှူသလို တိုက်တွန်းပါတယ်။
တိုက်တွန်းပေမဲ့ မတွန်းတိုက်ပါဘူး...အဟီး
ဒါကြောင့်...မိလွမ်းကိုမြင်ရင် ထွက်ပြေးကြတာ.
တိုက်တွန်းမှာ ကြောက်လို့တဲ့...
ခင်တဲ့
အလွမ်း
မမရေ အိမ်မက်လာရောက်မှတ်သားသွားပါတယ်
အခုလိုဘာသာရေးအကြောင်းတွေကိုတင်ပေးတဲ့အတွက်ကျေးဇူးပါ
ပိုစ့်လေးကို ကူးယူဖော်ပြခွင့်ပေးပါ
သူငယ်ချင်းတွေကိုဖတ်စေချင်လို့ share လုပ်ချင်ပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
အားပေးသွားကြလို့ ကျေးဇူးတင်ပါတယ်ရှင်
Post a Comment