ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, July 20, 2012

စည်းစိမ် ချမ်းသာပြည့်စုံရခြင်း နှင့် အခြံအရံ ပေါများရခြင်း


စည်းစိမ် ချမ်းသာပြည့်စုံရခြင်း နှင့်  အခြံအရံ ပေါများရခြင်း
အကြောင်းရင်းတို့မှာအောက်ပါအတိုင်းဖြစ်ကြကုန်၏။


(က)  ၁-ယောက်သောသူသည် မိမိ ကိုယ်တိုင် ပေးလှူ၏။သူတစ်ပါးကို
မတိုက်တွန်း။ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်သောဘ၀`၌ စည်းစိမ်ချမ်းသာ
နှင့်သာ ပြည့်စုံရ၍ အခြံအရံနှင့်မပြည့်စုံ။


(ခ)  ၁- ယောက်သောသူသည် မိမိ ကား မပေးလှူ သူတပါးကိုသာ တိုက်တွန်း၏
ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀ `၌ အခြံအရံ နှင့်သာ ပြည့်စုံရ၍စည်းစိမ်
ချမ်းသာ ကြွယ်ဝ ခြင်းနှင့် မပြည့်စုံ.။

(ဂ)  ၁-ယောက်သောသူသည်မိမိ လည်းမပေးလှူ။သူတစ်ပါးကိုလည်း မတိုက်တွန်း
ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသောဘ၀ `၌  ပအုန်းရည်မျှ ကိုလည်း ၀မ်းပြည့်အောင်
မရ။ အားထားလောက်စရာ အထောက်အပံ့ကိုလည်းမရ။

(ဃ)  ၁-ယောက်သောသူသည် မိမိ လည်းပေးလှူ ၏။သူတစ်ပါးကိုလည်းတိုက်တွန်း၏။
ထိုသူသည် ဖြစ်တိုင်းဖြစ်တိုင်းသော ဘ၀ `၌ အရာ အထောင် အသိန်းသော ကိုယ်၏
အဖြစ်`၌ စည်းစိမ်ချမ်းသာ ကြွယ်ဝ ချမ်းသာခြင်း  အခြံအရံများခြင်းတို့နှင့် ပြည့်စုံရ၏။

ဤကား စည်းစိမ်ချမ်းသာ အခြံအရံများခြင်းတို့ကို အထောက်အပံ့ဖြစ်စေသော
လှူ ဒါန်းမှူ အတိုင်းအရှည် ဖြစ်၏။လေ့လာမှတ်သား ကြိုးစားအားထုတ်၍ ပြည့်စုံ ကြပါစေ…..ကုန်။

(ကျမ်းကိုး။     ။ဓမ္မပဒ  ဒေ၀ဒတ္ထ ၀တ္ထု)

*****တတိယမြောက်သမီးတော်*****

5 comment:

ကြည်ဖြူခင်ခင် said...

ဟုတ်ကဲ့.. သမီးတော်ရေ.. ညလေးကတော့ ကိုယ်တိုင်လည်း ပေးလှူ၏.. တစ်ပါးသူအားလည်း တိုက်တွန်းပါ၏.. အပတ်တိုင်းလည်း အပြောနှင့်အညီ ကုသိုလ်တရားများလုပ်ဖြစ်ပါ၏.. ဤပိုစ့်လေးကတော့ သတိတရား မြဲစေပါ၏.. ရှင်.. :)

အလွမ်းမြို့ said...

သမီးတော်ရေ..အလွမ်းလည်း မှတ်သားသွားပါတယ်။
ပေးလှူသလို တိုက်တွန်းပါတယ်။
တိုက်တွန်းပေမဲ့ မတွန်းတိုက်ပါဘူး...အဟီး
ဒါကြောင့်...မိလွမ်းကိုမြင်ရင် ထွက်ပြေးကြတာ.
တိုက်တွန်းမှာ ကြောက်လို့တဲ့...



ခင်တဲ့
အလွမ်း

အိပ်မက်ကောင်းကင် said...

မမရေ အိမ်မက်လာရောက်မှတ်သားသွားပါတယ်
အခုလိုဘာသာရေးအကြောင်းတွေကိုတင်ပေးတဲ့အတွက်ကျေးဇူးပါ

မိုးသူ(တောင်ကြီး) said...

ပိုစ့်လေးကို ကူးယူဖော်ပြခွင့်ပေးပါ

သူငယ်ချင်းတွေကိုဖတ်စေချင်လို့ share လုပ်ချင်ပါတယ်

ခင်တဲ့
မိုးသူ(တောင်ကြီး)

3rdthameetaw said...

အားပေးသွားကြလို့ ကျေးဇူးတင်ပါတယ်ရှင်