အချိန် က နောက်ကျနေပြီ
အလင်းရောင်တွေ မှိန်ဖျော့နေပြီ
မသဲမကွဲ အလင်းရောင်နဲ့
လျှောက်နေရတဲ့လမ်းက
ဖုထစ် ချိုင့်ခွက်လို့ 
စမ်းတ၀ါးဝါး
ကြိုးစားပြီးလျှောက်လာ
လမ်းက လည်း တောင်တက်လမ်း
တက်ရင်းနဲ့မောနေပြီ
ဟောဟိုမှာရောက်ပြီ
အိမ်တစ်လုံး
ကိုယ့်အိမ် လည်းမဟုတ်
ဒါပေမယ့် မတတ်နိုင်
ပင်ပန်းလွန်းလို့ 
ခဏတော့ဖြစ်ဖြစ် အမောဖြေမယ်
အိမ်ကလေးထဲကိုဝင်သွား
ကလေးတွေပါလား
ဟေ့  ကလေးတွေ
ဒီကသာခေါ်တာ သူတို့ က မကြား
နောက်တစ်ခေါက်ထပ်ခေါ်
ဟေ့ ဟေ့  ကလေးတွေ
အသံမြှင့်ပြီးခေါ်လည်းမကြား
ကြိုးစားပြီးထပ်ခေါ်
ဟေ့ ကလေးတွေ
လှည့်တောင်မကြည့်ပါလား
အော် …
ဟိုမှာ
ကောင်မလေးတစ်ယောက်
ဘာတွေ အလုပ်ရှုပ်နေမှန်းမသိ
သူ့ တစ်ယောက်ထဲ
တကုတ်ကုတ်
ဟေ့ ..ကောင်မလေး
သူလည်းမကြားဘူး
ထပ်ခေါ်မယ်
ဟေ့ ကောင်မလေး
ဒါလည်းမကြားဘူးတဲ့..
ဘေး ကနံရံ ကို လက်နဲ့ပုတ်ပြီးခေါ်တယ်
တုတ်တုတ်တောင်မလှုပ်ဘူး
ဘယ်လိုဖြစ်တာလဲ
ခေါ်လို့ သာခေါ်နေတယ်
ငါ့အသံ တောင် ငါ မကြားဘူး
ဘယ်လိုဖြစ်ပါလိမ့်
နံရံကို ပုတ်ပေမယ့်
ငါ့ လက် က ထိတွေ့ မှူမဖြစ်ဘူး
အဲ့ဒါဘာကြောင့်လဲ
ဘယ်လိုလုပ်ရ ပါ့..
စဉ်းစားစမ်း
ခေါ်မကြား အော် မကြား
နံရံပုတ် တော့လည်း ဘာမှမထူးခြား
သေချာစဉ်းစားစမ်း
ဒါဘာကြောင့်ဖြစ်တာလဲ
ဟမ်…………..
ဒါဟာ
သေခြင်းတရားလား
ငါသေသွားပြီလား
ဒါကြောင့်ငါခေါ်သမျှသူတို့မကြားတာလား
ဟုတ်တယ်
ဒါဆို
ငါသေပြီ ပဲ…
+++++++
ရုတ်တရက် လန့်နိုးလား
ဘေးက နာရီကိုကြည်တော့့ မနက် ၄ နာရီ
အော်..
ငါ အိမ်မက်မက်နေတာပါလား…………
(မှတ်ချက်။၂၀-၇-၂၀၁၂- ။ ည ကမက်တဲ့ အိပ်မက်လေးကိုချရေးကြည့်ခြင်းဖြစ်သည်)
*****တတိယမြောက်သမီးတော်*****
11 comment:
သမီးတော်ရေ
စဖတ်တော့ တကယ်လားလို့ နောက်မှ အိပ်မက်မှန်းသိရတယ်
ဂျက်တို့လဲ အဲဒီနေ့ကိုစောင့်နေရတာပါပဲ
ဘယ်သူသိမလဲကွယ်
ရေးတတ်ပါပေတယ် သမီးတော်ရေ...
အဟီးးးးးးးး စာဖတ်၇တာ
ghost ကား ကြည့်နေ၇တဲ့ အတိုင်းပဲ
အသက်ဝင်အောင်ရေးနိုင်ပါတယ်
ခင်တဲ့
မိုးသူ(တောင်ကြီး)
တစ်ချိန်ချိန်မှာ ကိုယ့်ဆီကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမယ့် နေ့လေးတစ်နေ့ပါပဲ မမရေ ... :)
အဲဒီအိပ်မက်မျိုးမက်တယ်ဆိုတော့ ကောင်းတယ်လို့ပဲ သတ်မှတ်ရမှာပဲ။ နိမိတ်ဆိုတာ တရားရင့်ကျက်သူတွေဆီပဲလာတတ်တယ်လို့ ကျွန်တော်ထင်တယ်။ တရားပိုမှတ်ပေါ့ဗျာ။
အဲ့ဒီနေ့ဆီကို
ခြေတစ်လှမ်းပြီး တစ်လှမ်း
တစ်နာရီပြီးတစ်နာရီ
တစ်ရက်ပြီးတစ်ရက်
တဖြည်းဖြည်းနဲ့ပဲ...
အိုကွယ်...ရောက်တုန်းရောက်ခိုက် ပျော်ပျော်ပေါ့.... သေသွားဘာသိတာလိုက်လို့...
အိမ်မက်ကနိုးလာတော့ တော်ပါသေးရဲ့လို့ မတွေးမိဘူးလား......:P
အဲ့လိုအိမ်မက်တွေမက်ပြီးရင် လူတွေကို ပိုတန်ဖိုးထားတတ်လာတယ်နော်....ကျွန်တော့်အမြင်လေး ခံစားတာလေးကို ပြောကြည့်တာပါ....
ကဗျာလေးကအသက်ဝင်လွန်းတယ်
ဖတ်ရင်းနဲ့တောင် အပြင်မှာကြုံတွေ့နေသလို
စိတ်လှုပ်ရှားဖို့ကောင်းတယ်
မွေးတစ်နေ့ သေတစ်နေ့ပေါ့
တကယ်သေသွားတယ်မှတ်တာ... :D
ကိုဇင်မျိုးရဲ့ကော်မန့်လေး မေးလ်ထဲကိုပဲရောက်လာလို့ ပြန်တင်ပေးလိုက်တယ်ရှင်
ဇင်မျိုး....said
တကယ်သေသွားတယ်မှတ်တာ... :D
Post a Comment