ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, September 21, 2012

ပဋိစ္စသမုပ္ပဒ်(၃)







ပဋိစ္စသမုပ္ပဒ်(၃)     ကတော့     အလွှာတွေပါ
အတိတ် အကြောင်း တစ်လွှာ၊ပစ္စုပ္ပန် အကျိုးတစ်လွှာ၊ ပစ္စုပ္ပန် အကြောင်းတစ်လွှာ
အနာဂတ် အကျိုးတစ်လွှာ    ဆိုပြီး လေးလွှာရှိပါတယ်။    
                                                           


အတိတ် က အကြောင်းကြောင့် ပစ္စုပ္ပန်မှာ အကျိုးဖြစ်ရတယ်
ပစ္စုပ္ပန်မှာ ပြု ခဲ့တဲ့အကြောင်းကြောင့် အနာဂတ်မှာ အကျိုးဖြစ်ရအုံးမယ်  ဒါလေးတွေက  အလွှာ အဖြစ်နဲ့
ဖုံးအုပ်နေတာဖြစ်တယ်  အဲ့ဒီလိုအကျိုးသက်ရောက်မှူရှိတယ်ဆိုတာကိုသိခြင်းဖြင့် ဘ၀ကိုနားလည်လာမယ်
 ဘ၀တွေရနေတယ် ဖြစ်ပျက်ရတာခြင်း ကွဲပြားနေတယ် လက်ရှိပိုင်ဆိုင်ရတဲ့      ကုသိုလ်ခြင်းကွာခြားနေ
တယ် ဆိုတာတွေဟာ အတိတ် က အကြောင်းတွေကြောင့်ပါပဲ အတိတ် က ပြုခဲ့တဲ့ ကုသိုလ် အကုသိုလ်
တွေ ရဲ့အကျိုး ကို ခု ပစ္စုပ္ပန်မှာ အကျိုးခံစားနေရတာ ဖြစ်ပါတယ်  နောက်ထပ်ပြီးတော့
ပစ္စုပ္ပန်မှာပြုတဲ့ ကုသိုလ် အကုသိုလ်ရဲ့ အကြောင်းကြောင့် အနာဂတ်မှာ အကျိုး ပြန်ဖြစ်ရအုံးမှာ ဖြစ်ပါတယ်
အဲ့ လိုတွေဖြစ်တယ် ဆိုတာ မသိအောင် လို့  ဖုံးလွှမ်းထားတဲ့အတွက်  အလွှာလို့ ပြောတာပါ
ဒီအလွှာလေးတွေကိုများ ဖယ်ရှားနိုင်ခဲ့မယ်ဆိုရင်တော့ နိဗ္ဗာန် ရွှေပြည်ကို မျက်မှောက်ပြုနိုင်မှာ ဖြစ်ပါတယ်

အတိတ်အကြောင်းလွှာကြောင့် ပစ္စုပ္ပန်မှာ အကျိုးဖြစ်နေတာလေးကိုသိပြီး အနာဂတ် အကျိုးတစ်လွှာ
အတွက် ပစ္စုပ္ပန် အကြောင်းတစ်လွှာကို ခွါချ နိုင်ရင်  အကောင်းဆုံးဖြစ်ပါလိမ့်မယ်
အလွှာလေးများ ခွါချနိုင်ကြပါစေရှင်

*****တတိယမြောက်သမီးတော်*****                         

7 comment:

မိုးသူ(တောင်ကြီး) said...

ပစ္စုပ္ပန်မှာ အကျိုးဖြစ်နေတာလေးကိုသိပြီး အနာဂတ် အကျိုးတစ်လွှာ
အတွက် ပစ္စုပ္ပန် အကြောင်းတစ်လွှာကို ခွါချ နိုင်ရင် အကောင်းဆုံးဖြစ်ပါလိမ့်မယ်

တခုခုရသွားရင် စာဖတ်၇တာ အကျိုးရှိတယ်

အလုံးစုံကိုနားမလည်ပေမယ့် ရင်ထဲမှာ အသိတခုနဲ့ အကုသိုလ်လေးနဲသွားတယ်ဆိုတာဝန်ခံပါတယ်

ကျေးဇူးတင်ပါတယ် သမီးတော်ရေ

အိပ်မက်ကောင်းကင် said...

အော်ဘာလိုလိုနဲ့ "ပဋိစ္စသမုပ္ပဒ်" ဆိုတဲ့ အကြောင်းလေးတွေကို သုံးမျိုး
တောင်ရှိလာပါပြီပဲ ။ ပစ္စုပ္ပန် အကြောင်းတစ်လွှာကို ခွါချ နိုင်အောင်ကြိုးစား
ရတော့မှာပေါ့ ။ ကျေးဇူးပါနော် သမီးတော်လေးရေ အခုလို မျှဝေပေးတဲ့အတွက်
ပျော်ရွှင်နိုင်ပါစေဗျာ
ခင်တဲ့(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

အကျိုးဖြစ်စေတဲ့စာတွေမျှဝေပေးလို့သမီးတော်ကိုအမြဲကျေးဇူးပါ

မိုးနတ်ကြယ်စင် said...

သမီးတော်လေးရေ...ဓမ္မအသိလေးတွေမျှဝေပေးလို့ ကျေးဇူးပါနော်...အကုန်လုံးကို သေချာခဏခဏ ပြန်ဖတ်ပြီးနားလည်အောင်ကြိုးစားသွားမိတယ်..
ဘာသာရေးကိုလေးစားမိတယ်..ယုံကြည်ကိုးကွယ်မိပေမဲ့ သေချာနားလည်တဲ့သူတွေဆိုတာကတော့ ခပ်ရှားရှားလေ....ခု..သမီးတော်ရဲ့ ပို့စ်လေးတွေ
ဖတ်ပြီး တကယ်သိဖြစ်အောင်လုပ်ဖို့ မိုးနတ် အများကြီးကြိုးစားရအုံးမယ်...
ခင်မင်လေးစားလျက်...မိုးနတ်..

လွင်ပြင်လှိုင်းငယ် said...

အကျိုးရှိတဲ့ စာတွေအမြဲ တင်လို့ ကျေးဇူးပါနော်

ချစ်စံအိမ် said...

ကျေးဇူးပါရှင်..

ဆူးသစ် said...

အတိတ်ကကျွန်တော်လည်းဘာတွေလုပ်ခဲ့လဲမသိပါဘူး။ပစ္စုပ္ပန်မှာတော့စာရေးဆရာတော့တော်တော်ဖြစ်ချင်တယ်။ကုသိုလ်လည်းနိုင်သလောက်တော့လုပ်ပါတယ်။အကုသိုလ်လည်းနည်းနည်းတော့များနေတယ်လို့ထင်တယ်။စိတ်ကြီးတာကိုး။သမီးတော်ရော။အရင်ဘ၀ကသီလရှင်လား။အခုတရားတွေတော်တော်လိုက်စားနေတာ။ဒါမှမဟုတ်ဗြဟ္မပြည်ကလား။ပြောလို့မရဘူးဗျနော်။ကျွန်တော်တစ်ပိုင်းချင်းလာဖတ်နေတယ်နော်။ဖြည်းဖြည်းပေါ့။အပိုင်း၃ကနည်းတယ်ဗျ။