ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, September 3, 2012

သိကြားသာသနာ



                             

သိကြားသာသနာ

ကောင်းသူကို ကယ်တင်မည်၊ မကောင်းသူကို ဖယ်ရှားပါတော့မည်။
မကြာမီ "သိကြားသာသနာ" ရောက်လုနီးပါပြီ။
ခေတ်ဟောင်းသီချင်းတစ်ပုဒ်ထဲက သီချင်းအပိုဒ်တစ်ပိုဒ် ဖြစ်ပါသည်။
ဤသည်ကို ခေတ်ပောာင်းအဆိုတော်က ဆိုခဲ့သည်။
ယခုခေတ်တွင်လည်း ခေတ်သစ်အဆိုတော်တို့ ပြန်ဆိုထားသည်။

စင်စစ်မူ သုတ် ၀ိနည်း အဘိဓမ္မာဟူသော ပိဋကတ်သုံးပုံစလုံးတွင် ဘုရားရှင်က
သိကြားမင်းအား သာသနာတော်ကို စောင့်ရှောက်ရန်
မှာခဲ့သည် ဟူသော အချက်မှာ လုံးဝမပါပါ။ မြတ်စွာဘုရား သက်တော်ထင်ရှားရှိစဉ်က
ဒေ၀ဒတ်က ဘုရားရှင်အား "အရှင်ဘုရား သက်တော်ကြီရင့်ပါပြီ၊
အေးအေးဆေးဆေး နေတော်မူပါ။
သံဃာကို တပည့်တော် အုပ်ချုပ်၍ ဆုံးမပါမည်" ဟု လျှောက်တင်ထားပါသည်။

ထိုအခါ မြတ်စွာဘုရားက-
"သာသနာကို သင့်အားမအပ်နှံ၊ သင့်ကိုသာလျှင် မဟုတ်၊
လက်ျာတော်ရံ၊ လက်ဝဲတော်ရံတွေ ဖြစ်ကြသော
ရှင်သာရိပုတ္တရာ နှင့် ရှင်မောဂ္ဂလန်တို့ကိုပင် မအပ်" ဟုမိန့်တော်မူပါသည်။

မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူခါနီးတွင်လည်း
သာသနာတော်ကို မည်သူ့အား လွှဲအပ်ခဲ့သည်ဟု မိန့်တော်မမူခဲ့ပါ။
'ငါဘုရားရှင်၏ ကိုယ်စား ဓမ္မနဲ့ ၀ိနယကို ထားချန်ရစ်သည်' ဟုသာမိန့်တော်မူခဲ့ပါ၏။

ယခုအခါ သာသနာတော်မှာ နှစ်ပေါင်း (၂၅၀၀)ကျော်ခဲ့ပြီ ဖြစ်သောကြောင့်
ဘုရားသာသနာကုန်ခဲ့ပြီ။ သိကြားသာသနာရောက်ပြီဟု
အချို့သူတို့ လွဲမှားစွာ ပြောဆိုနေကြပါသည်။
ဤအယူအဆမှ မြစ်ဖျားခံလာခြင်း ဖြစ်ပါ၏။
အမှန်အားဖြင့်မူ ဘုရားရှင်သည် သာသနာတော်အား
နှစ်ပေါင်းငါးထောင်သာ တည်မည်ဟု ဗျာဒိတ်တော် ချမှတ်ခဲ့ခြင်းမရှိပါ။
"သာသနာငါးထောင်"ကို ရဟန္တာခေတ်များဖြင့် ပိုင်းခြားသတ်မှတ်ရာမှ
"သာသနာငါးထောင် အယူဝါဒ" ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်ပါသည်
ယင်းဝါဒပေါ် အခြေပြုပြီး သာသနာသက်တမ်း တစ်ဝက်ကျော်လျှင်
"သိကြားသာသနာရောက်ပြီ" ဟူသော ၀ါဒ ထပ်ဆင့်ပေါ်ပေါက်လာခဲ့ခြင်းဖြစ်ပါ၏။

သာသနာဟူသည် မြတ်ဘုရား၏ အဆုံးအမ သြ၀ါဒသာဖြစ်ရာ
သီလ၊ သမာဓိ၊ ပညာဟူသော သာသနာသည်
မည်သည့်နည်းဖြင့် သိကြားမင်းလက်ထဲ ရောက်ရှိပြီး သိကြားသာသနာ ဖြစ်ပါမည်နည်း။
ထေရ၀ါဒကျမ်းဂန်တို့တွင် "သိကြား" သာသနာဟူသော အသုံးအနှုန်း လုံးဝမရှိပါ။
သာသနာတော်မြတ်ကြီးကို စတင်တည်ထောင်ခဲ့သူမှာ ဘုရားရှင်သာဖြစ်၍
သာသနာတော်သည် "ဘုရားသာသနာ" သာလျှင် ဖြစ်ပါ၏။
နှစ်ပေါင်းမည်မျှ ညောင်းညောင်း ကမ္ဘာပင် ပြောင်းသော်လည်း
သာသနာကား "ဘုရားသာသနာ"သာဖြစ်ပါ၏။
ဘုရားရှင်သည် သူ၏ သာသနာတော်မြတ်အား
မည်သူတစ်ဦးတစ်ယောက်ကိုမျှ ကိုယ်တော်စားလွဲအပ်ထားခဲ့ခြင်းမရှိပါ။

သိကြားမင်းသည် သာသနာကို ကူညီစောင့်ရှောက်ခဲ့သည့် အစဉ်အလာရှိခဲ့စေကာမူ
သာသနာနှစ်ထောင်ငါးရာနှစ်ကျော်လျှင် "ငါဘုရားသာသနာ မဟုတ်တော့၊
သင်သိကြားမင်း၏ သာသနာဖြစ်သည်။
သိကြားမင်းသာ သာသနာကိုစောင့်ရှောက်ပေတော့" ဟု
ဘုရားရှင်ကမိန့်ဆိုခဲ့ခြင်း အလျဉ်းမရှိခဲ့ပေ။
နတ်သိကြားအပေါ် အားထားမှုလွန်ကဲပြီး သိကြားသာသနာရောက်ပြီဟု
ဆန္ဒစွဲဖြင့် ထင်ရာမြင်ရာယူဆပြောဆိုနေခြင်းမှာ
"ဘုရားရှင်၏ ရွှေမျက်နှာတော်"ကို မထောက်ထားရာ ရောက်ပါသည်။

သာသနာနှစ် နှစ်ထောင့်ငါးရာကျော်လျှင် "သိကြားသာသနာ" ရောက်ပြီ၊
သာသနာကို သိကြားမင်းစောင့်ရှောက်လိမ့်မည် ဟူသော ၀ါဒမှာ
ထေရ၀ါဒ သာသနာရေမြေမှာ မပွင့်လန်းအပ်သော "၀ါဒမှား"သာ ဖြစ်ပါ၏။
https://www.facebook.com/BuddhismBeams
မင်းနန် (မော်ကျွန်း) အယူအမြင်မှန်ကန်ရေးမှ
(ဖေ့ဘုတ်မှ တွေ့ လာတာလေးကိုပြန်လည်မျှဝေခြင်းဖြစ်ပါသည်)
             *****တတိယမြောက်သမီးတော်*****

9 comment:

မိုးသူ(တောင်ကြီး) said...

ကောင်းလိုက်တာ အဲဒီသိကြားသာသနာဆိုတာဘာကြီးမှန်းမသိပဲ

လူတွေစွတ်ပြောနေတာ အံ့သြတယ်

မြတ်ဗုဒ္ဓက မည်သူတဦးတယောက်ကိုမျှ

သာသနာတော် အပ်နှံခဲ့ခြင်းမရှိဆိုတာ

အကြွင်းမရှိလက်ခံယုံကြည်ပါတယ်

တန်ဖိုးရှိတဲ့ဗဟုသုတဆောင်းပါးလေးအတွက်

သမီးတော်ကိုကျေးဇူးအထူးတင်ရှိပါကြောင်း......

3rdthameetaw said...

ဟုတ်တယ် မိုးသူရေ
အဖေ က ပြောပြပေမယ့် သဲသဲကွဲကွဲ မရေးတတ်လို့ 
ဖေ့ဘုတ်မှာတွေ့တုံးလေး တင်ထားလိုက်တာ
ရောယောင်ပြီး သူများပြောတာမယုံကြဖို့ ပေါ့

အိပ်မက်ကောင်းကင် said...

သိကြားသာသနာ ဆိုတာ အရင်ကတော့ကြားဖူးပါတယ်
ဘာမှန်းတာ့ သေသေချာချာမသိပါဘူး
အခုမှပဲသိသွားတော့တယ်
အခုလိုဗဟုသုတတွေအတွက်ကျေးဇူးပါ
ခင်တဲ့(အိမ်မက်ကောင်းကင်)

စံပယ်ချို said...

မျှဝေပေးတဲ့ ဆန္ဒလေးကိုပဲ ချစ်မိပါတယ်

အလွမ်းမြို့ said...

သမီးတော် သမော်တီးရေ...

အလွမ်းလာရောက် အားပေးသွားတယ်။
ဗဟုသုတရ စာပေလေးတွေ စေတနာရှေထား ပြန်လည်မျှဝေတာလည်း
ကုသိုလ်တစ်မျိုးပေါ့....
အားပေးလျှက်နော်.


ခင်တဲ့
အလွမ်း

3rdthameetaw said...

ဗဟုသုတ ရသွားတာလေးတွေကိုပဲ ကျေနပ်နေတာပါရှင် အားလုံးကိုသမီးတော်သိသမျှသိစေချင်ပါတယ်
ဘာသာရေးကိုပြောတာနော်
အချစ်တော့မသိချင်နဲ့ ပင်ပန်းတယ်

ဆူးသစ် said...

ရှယ်တာလေးကိုကျေးဇူးတင်မိပါတယ်။ အဲဒါကိုကျွန်တော်လည်းအမှန်ထင်နေတာ။ မူလစာရေးသူကိုလည်းကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သိကြားသာသနာရှိတာမရှိတာထား။ သီလရှင်ဝတ်သင့်ရင်လည်းဝတ်ပေါ့။ ကျွန်တော်ကတော့ဘုန်းကြီးဝတ်ဖို့စဉ်းစားနေတုန်းပါဗျာ။ အိမ်သူသက်ထားချစ်ဇနီးကိုလည်းပစ်မသွားရက်၊ ကျွန်တော့်ဘလော့ကိုလည်းမထားခဲ့နိုင်။ ဒီတော့မခက်ပေဘူးလားဗျို့။

3rdthameetaw said...

ဆူးသစ် noreply-comment@blogger.com

3:11 PM (10 minutes ago)

to me
ဆူးသစ် has left a new comment on your post "သိကြားသာသနာ":

ရှယ်တာလေးကိုကျေးဇူးတင်မိပါတယ်။ အဲဒါကိုကျွန်တော်လည်းအမှန်ထင်နေတာ။ မူလစာရေးသူကိုလည်းကျေးဇူးတင်ပါတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေ။ သိကြားသာသနာရှိတာမရှိတာထား။ သီလရှင်ဝတ်သင့်ရင်လည်းဝတ်ပေါ့။ ကျွန်တော်ကတော့ဘုန်းကြီးဝတ်ဖို့စဉ်းစားနေတုန်းပါဗျာ။ အိမ်သူသက်ထားချစ်ဇနီးကိုလည်းပစ်မသွားရက်၊ ကျွန်တော့်ဘလော့ကိုလည်းမထားခဲ့နိုင်။ ဒီတော့မခက်ပေဘူးလားဗျို့။



Posted by ဆူးသစ် to တတိယမြောက်သမီးတော် at September 9, 2012 3:11 PM

Anonymous said...

အသည်းလေးများကွဲနေသေးလား အသိတစ်ခု တိုးပြီ အိမ်က ကလေးတွေကို ပြောပြလိုက်မယ်နော