ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Sunday, September 30, 2012
ပဋိစ္စ သမုပ္ပဒ် (၄)
                                               ပဋိစ္စသမုပ္ပဒ်(၄)      ကတော့  အင်္ဂါ တစ်ဆယ့်နှစ်ပါး ပါ
အင်္ဂါ တစ်ဆယ့် နှစ်ပါး မှာ အ၀ိဇ္ဇာ နဲ့ သင်္ခါရ က (၁) ကွက်မှာ ရှိပါတယ် အနီရောင် နဲ့ဝိုင်းပြထားပါတယ်
တဏှာ၊ဥပါဒါန်၊ကမ္မဘ၀ ဆိုတဲ့ အင်္ဂါတွေကတော့(၃)ကွက်မှာအနီရောင်နဲ့ ၀ိုင်းပြထားပါတယ်
ဇာတိ ဇရာ မရဏ ကတော့ (၄)ကွက်မှာရှိပါတယ်။
        တရားစခန်းမှာတော့  ဒီအင်္ဂါတစ်ဆယ့်နှစ်ပါးကို တရားကိုယ်များနှင့်ဆိုပြီး ရွတ်ဆိုကြရပါတယ်
{အ၀ိဇ္ဇာ ဆိုတာ မသိတာကိုခေါ်ပါတယ် ၊သင်္ခါရ ဆိုတာ ပြုလုပ်တာကိုခေါ်ပါတယ်၊
ဝိညာဏ် ဆိုတာ -အသိစိတ်ကိုခေါ်ပါတယ်၊နာမ်ရုပ် ဆိုတာ သွားချင်တာနာမ်  သွားတာက ရုပ်၊
စားချင်တာ နာမ်  စားတာက ရုပ်၊ အိပ်ချင်တာနာမ်  အိပ်တာက ရုပ်၊ လို့ ခေါ်ပါတယ်၊
သဠာယတန ဆိုတာ အာယာတန(၆)ပါးကိုခေါ်ပါတယ်၊(အာယတန(၆)ပါးဆိုတာ-မျက်စိ၊နား၊
နှာခေါင်း၊လျှာ၊ ကိုယ်၊စိတ်) ဖဿ ဆိုတာ ထိတွေ့ တာကိုခေါ်ပါတယ်။
ဥပါဒါန် ဆိုတာ စွဲလမ်းတာကိုခေါ်ပါတယ်၊ကမ္မဘ၀ ဆိုတာ ပြုလုပ်အားထုတ်တာကိုခေါ်ပါတယ်၊
ဇာတိ ဆိုတာ ပဋိသန္ဓေနေတာကိုခေါ်ပါတယ်၊ ဇရာဆိုတာ အိုတာကိုခေါ်ပါတယ်၊
မရဏ ဆိုတာ သေတာကိုခေါ်ပါတယ်၊ သောက ဆိုတာ စိုးရိမ်တာကိုခေါ်ပါတယ်၊
ပရိဒေ၀ ဆိုတာ ငိုကျွေးတာကိုခေါ်ပါတယ်၊ ဒုက္ခ ဆိုတာ ကိုယ်ဆင်းရဲတာကိုခေါ်ပါတယ်၊
ဒေါမနဿ ဆိုတာ  စိတ်ဆင်းရဲတာကိုခေါ်ပါတယ်၊ဥပါယာသ ဆိုတာ ပြင်းစွာပူလောင်တာကိုခေါ်ပါတယ်။)
 အဲံဒီလို ရွတ်ဆိုကြရပါတယ်  ဒါ က ဘာကို ဆိုလိုတယ်ဆိုတဲ့ အဓိပ္ပါယ်ကို သိထားဖို့ အတွက်ပါပဲ
   အ၀ိဇ္ဇာ နဲ့ပတ်သက်ပြီး ပဋိစ္စသမုပ္ပဒ်(၁)မှာ ရှင်းပေးခဲ့ပြီးဖြစ်ပါတယ်။
                          အ၀ိဇ္ဖာ ဆို တဲ့ အတိုင်း မသိလို့ သင်္ခါရ  ပြုလုပ်ကြတယ်  အဲ့လိုလုပ်တော့ ဘာတွေ
ဖြစ်လာတာလဲဆိုရင် ၀ိညာဏ်၊ နာမ်ရုပ် ၊သဠာယတန၊ဖဿ၊ဝေဒနာ   ဆိုတဲ့ (၂) ကွက် က လူတစ်ယောက်ဖြစ်လာတယ် အဲ့ဒီ လူမှာ တဏှာ ဆိုတဲ့ လိုချင်ရချင်တဲ့ စိတ်နဲ့
ဥပါဒါန်  စွဲလမ်း ပြီး  ကမ္မ ဘ၀  ပြုလုပ်အားထုတ်တယ်   ပြုလုပ်အားထုတ် တဲ့အတွက်ကြောင့်
 နောက်ထပ်ဘ၀  တစ်ခု မှာ ဇာတိ လို့ ခေါ်တဲ့ ပဋိသန္ဓေ နေရတယ်  ဘ၀ ကိုရလာပြီဆိုရင်
မအိုချင်လည်း အိုရတယ် မနာချင်လည်းနာရတယ် ဇရာ ကို ရတယ်  ဇရာ ကနေ  မရဏ ဖြစ်ပါတယ်
ဇရာ နဲ့ မရဏ ကိုတွဲပြီး ဖေါ်ပြထားတာဖြစ်လို့  တချို့ ဇရာကိုမရခင် ပဋိသန္ဓေ မှာတင် သေရတာတွေ
လည်းရှိသေးတယ် ပဋိသန္ဓေ ဘ၀ လေးမှာ သက်တမ်းလေးနည်းနည်းပဲ ရင့်ခွင့်ရလိုက်တယ်
လောက ကို အသက်ရှင်လျှက် ရောက်ခွင့်တောင်မရလိုက်ကြဘူး  အဲ့လိုမျိုးလေးတွေပါ
ဇရာလို့ မဆိုသာသေးခင်မှာကို မရဏ လက်တွင်းကိုသက်ဆင်းကြရပါတယ်
   အဓိက တရားခံ က အ၀ိဇ္ဇာ နဲ့ တဏှာ ပါပဲ သူက မူလက စ လာတာ အလယ်မှာလည်းသူပဲ
အဆုံးမှာလည်း သူပဲဖြစ်ပါတယ်။
  အဲ့ဒီမှာ  ဖေါ်ပြထားတဲ့  သောက ပရိဒေ၀ ဒုက္ခ ဒေါမနဿ ဥပါယာသ  ဆိုတာတွေက
ဒီအဆင့်မှာအားလုံးဖြစ်တာပါပဲ သူ့ အဓိပ္ပါယ်တွေကိုတော့ မီး(၁၁) မီးမှာဖေါ်ပြထားခဲ့ပြီးဖြစ်ပါတယ်
    ဒီအင်္ဂါ တစ်ဆယ့်နှစ်ပါးကို သိပြီး သတိလေးနဲ့ ဆင်ခြင်မယ် ဆိုရင်တော့ သံသရာက လွတ်မြောက်
အောင် ကြိုးစားအားထုတ်သင့်တာကို သိနိုင်ကြပါလိမ့်မယ်
                        သံသရာကနေ လွတ်မြောက်နိုင်ကြပါစေရှင်
*****  တတိယမြောက်သမီးတော်*****
12 comment:
3rdthameetaw said...
တစ်ပတ်လုံးလုံး internet connection speed က 24 kb ပဲ
ရနေတာမို့  ပို့စ်တင်တာ နောက်ကျသွားပါတယ်
ပဋိစ္စသမုပ္ပဒ် ကိုစောင့်ဖတ်သူများ တောင်းပန်ပါတယ်
ဒီခုတောင် တော်တော်ကိုကြိုးစားပြီးတင်ထားတာပါ
ရေးပြီးပြီးချင်း ဒီကော်မန့်လေးရေးထားမလို့ ဟာ
ဘယ်လိုမှဖွင့်မရတာနဲ့ ခုမှပြန်လာရေးရပါတယ်
ကျေးဇူးတင်ပါတယ်
အန်တီလေးမေခင် said...
ဒီအင်္ဂါ တစ်ဆယ့်နှစ်ပါးကို သိပြီး သတိလေးနဲ့ ဆင်ခြင်မယ် ဆိုရင်တော့ သံသရာက လွတ်မြောက်
အောင် ကြိုးစားအားထုတ်သင့်တာကို သိနိုင်ကြပါလိမ့်မယ်
သံသရာကနေလွတ်မြောက်အောင်ကြိုစားနေပါတယ်ကွယ်။
ခင်တဲ.အန်တီလေးမေခင်
မြတ်နိုးသူ(MUFL) said...
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ပဋိစ္စသမုပ္ပဒ်(4)ကို
မှတ်သားနာယူသွားပါတယ်
ချစ်စံအိမ် said...
မမလည်းတရားစာတွေတော်တော်ဖတ်တယ်ထင်တယ်..
မျှဝေမှုအတွက်ကျေးဇူးတင်ပါတယ်ရှင်..
အလွမ်းမြို့ said...
သမီးတော်လေးရေ
မိလွမ်းလည်း အလည်ရောက် ဖတ်သွားမှတ်သွား
အားပေးသွားပါတယ်။
ပျော်ရွှင်ပါစေ
ခင်တဲ့
အလွမ်း
စံပယ်ချို said...
ဖတ်ခဲ့မှတ်ခဲ့ပါတယ် သမီးတော်ရေ
ချစ်တဲ့ sis jasmine
အိပ်မက်ကောင်းကင် said...
အလည်လာရင်း ပဋိစ္စသမုပ္ပဒ်(4)ကို မှတ်သားသွားပါတယ်
အိပ်မက်ကောင်းကင် said...
လာရောက်မှတ်သားသွားပါတယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိမ်မက်ကောင်းကင်)
မိုးနတ်ကြယ်စင် said...
ဟုတ်တယ်မရေ..စောင့်ဖတ်နေတာပါ..ခုတော့မျှော်ရကျိုးနပ်ပြီပေါ့..
မှတ်သားသွားပါတယ်မရေ...ခုလို တရားတော်အကြောင်းလေးတွေမျှဝေပေးတာ ကျေးဇူးပါရှင်
ခင်မင်နေတဲ့...မိုးနတ်
မိုးသူ(တောင်ကြီး) said...
သြော် ပဋိစ္စသမုပ္ပဒ်(၄) တောင်ရောက်နေပြီ
တရားအလှူအတွက်အကျိုးကျေးဇူးကို
တတိယမြောက်သမီးတော် မုချအကျိုးခံစားရပါစေ
ခင်တဲ့
မိုးသူ(တောင်ကြီး)
minhein said...
မမ မမရဲ့မောင်လေးလာသွားတယ်နော်
3rdthameetaw said...
Ice Coffee
Jan 14 (1 day ago)
to me
Ice Coffee has left a new comment on your post "ပဋိစ္စ သမုပ္ပဒ် (၄)":
အရမ်းကောင်းပါတယ်
Posted by Ice Coffee to တတိယမြောက်သမီးတော် at January 14, 2013 12:43 PM