ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, September 9, 2012

ပဋိစ္စသမုပ္ပုဒ်(၁)

                    
                                   

                                     


   
မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့  ပဋိစ္စသမုပ္ပဒ် စက်ဝိုင်းလည်ပုံလေးကို ပုံမှာဖေါ်ပြထားသလို တစ်သွယ်ခြင်း
ဆီ ရှင်းပါတယ်  တစ်သွယ်ခြင်းဆီ လို့  ဆိုထားတော့  သူက ရှစ်သွယ်ရှိတာပါ
                   ပထမဆုံးအနေနဲ့    လင်္ကာလေးကို တင်ပေးပါ့မယ်


မူလနှစ်ဖြာ။သစ္စာနှစ်ခု။ လေးခုအလွှာ။အင်္ဂါတစ်ဆယ်နှစ်ပါး။တရားကိုယ်များနှင့်။သုံးပါးအစပ်။
နှစ်ရပ်မူလ။ဝဋ်သုံးဝနှင့်။ကာလသုံးဖြာ။ခြင်းရာနှစ်ဆယ်။ဤရှစ်သွယ်ကို ။အလွယ်ကျက်မှတ်။
သိစေအပ်သည်။သံသရာမှလွတ်ကြောင်းတည်း။



   ဒါလေး က လင်္ကာ နံပါတ်(၂) ပါ  လင်္ကာနံပါတ်(၁)ကိုတော့မဖေါ်ပြတော့ပါဘူး  (၂) က ရွတ်ရတာ
ပိုပြီးအဆင်ချောလို့ ဖြစ်ပါတယ်။ဤရှစ်သွယ်လို့ ဆိုထားလို့   အဲ့ဒီရှစ်သွယ်ကို  နံပါတ်စဉ်နဲ့ရှင်းပေးချင်
ပါတယ်။ဘာတစ်ခုမှ အခြေခံတောင်မသိသေးတဲ့သူတွေအတွက် အသုံးဝင်စေချင်လို့ ပါ။
(၁)မူလနှစ်ဖြာ=အ၀ိဇ္ဇာ။တဏှာ
(၂)သစ္စာနှစ်ခု=သမုဒယသစ္စာ။ဒုက္ခသစ္စာ
(၃)လေးခုအလွှာ=အတိတ်အကြောင်းတစ်လွှာ။ပစ္စုပ္ပန်အကျိုးတစ်လွှာ။ပစ္စုပ္ပန် အကြောင်းတစ်လွှာ။
                        အနာဂတ် အကျိုးတစ်လွှာ။
(၄)အင်္ဂါတစ်ဆယ့်နှစ်ပါ.=အ၀ိဇ္ဇာ။သင်္ခါရ။ဝိညာဏ်။နာမ်ရုပ်။သဠာယတန။ဖဿ။ဝေဒနာ။
                                  တဏှာ။ဥပါဒါန်။ကမ္မဘ၀။ဇာတိ။ဇရာမရဏ။
(၅)သုံးပါးအစပ်=သင်္ခါရ နှင့်ဝိညာဏ် တစ်စပ်။ဝေဒနာ နှင့်တဏှာ တစ်စပ်။ ကမ္မဘ၀ နှင့်ဇာတိ တစ်စပ်။
(၆)၀ဋ်သုံးဝ=ကိလေသ ၀ဋ်။ကမ္မ၀ဋ်။ဝိပါက ၀ဋ်
(၇)ကာလ သုံးဖြာ=လွန်လေပြီးသောအတိတ်ကာလ။ယခုဖြစ်ဆဲ ပစ္စုပ္ပန်ကာလ။
                         နောင်ဖြစ်လတ္တံ အနာဂတ်ကာလ
(၈)ခြင်းရာ နှစ်ဆယ်=အတိတ်အကြောင်းခြင်းရာငါးပါး(၁-ကွက်)။ပစ္စုပ္ပန် အကျိုးခြင်းရာငါးပါ(၂-ကွက်)
                           ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်)။အနာဂတ် အကျိုးခြင်းရာငါးပါ(၄-ကွက်)




                       အဲ့ဒီရှစ်သွယ်ကို သိမှတ်ပွားများပြီးပယ်သတ်နိုင်ရင် နိဗ္ဗာန်ကိုရောက်မယ်လို့ ဒီလိုဆို
ထားတာဖြစ်ပါတယ်။


      ပထမဆုံးတစ်သွယ်ဖြစ်တဲ့  မူလနှစ်ဖြာ  မှာ အ၀ိဇ္ဇာနဲ့တဏှာကိုဖေါ်ပြထားတယ် 
 အဲ့ဒီ မူလနှစ်ဖြာ ကြောင့် ဘ၀ ဘ၀တွေ မရပ်မနားကျင်လည် ခဲ့ပါတယ်။ အ၀ိဇ္ဇာ ဆိုတာ မသိတာကို
ခေါ်ပါတယ် ဘာကိုမသိတာလည်းဆိုရင်သစ္စာကိုမသိတာပါ  ဘယ်လိုသစ္စာလည်းဆိုရင်
ဆင်းရဲတယ် ဆိုတဲ့ အမှန်တရားကိုမသိတာကိုပြောတာပါ။ဆင်းရဲတာကို ဆင်းရဲတယ်လို့ မသိပဲ
ချမ်းသာတယ်လို့ ထင်မြင်ပြီး ပင်ပင်ပန်းပန်းကြိုးစားနေကြတယ်။အဲ့လိုမသိလို့ အ၀ိဇ္ဇာလို့ ခေါ်တာဖြစ်တယ်
ဆင်းရဲမှန်းမသိတော့ လိုချင်ရချင်တယ်  လိုချင်ရချင်တာ တဏှာဖြစ်တယ် တဏှာကို တဏှာမှန်းလဲမသိ
တော့ အဲ့ဒီမသိတာက အ၀ိဇ္ဇာဖြစ်တယ်  အ၀ိဇ္ဇာ မသိခြင်းကြောင့် တဏှာဖြစ်တယ်  တဏှာကြောင့်
အ၀ိဇ္ဖာဖြစ်တယ်  ဒီနှစ်ခု ကြောင့် သံသရာမှာလည်တယ်။


    အ၀ိဇ္ဇာကြောင့်တဏှာဖြစ်တယ်  တဏှာကြောင့်အ၀ိဇ္ဇာဖြစ်တယ်   ဒါက မူလ နှစ်ဖြာပါ
သံသရာက ဘယ်ကစတယ် ဆိုတာကို မြတ်စွာဘုရားတောင်မဟောနိုင်ပါဘူး  ဒီမူလ နှစ်ဖြာ
ကြောင့် သံသရာလည်ရတယ်လို့ ပဲပြောနိုင်ခဲ့ပါတယ် ။



       *****တတိယမြောက်သမီးတော်*****

8 comment:

ချစ်စံအိမ် said...

ပဋိစ္စသမုပ္ပဒ် အကြောင်းလေး မှတ်သားခဲ့ပါတယ်...

အိမ်မက်ကောင်းကင် said...

အခုလိုသိသင့်တာလေးတွေကို ပြန်လည်ဝေမျှပေးတဲ့ အတွက်ကျေးဇူးပါ
ခင်တဲ့(အိမ်မက်ကောင်းကင်)

မိုးသူ(တောင်ကြီး) said...

သမီးတော်ရေ တရားဗဟုသုတတွေကိုမျှဝေတာဟာ

တရားအလှူပေးတာပါ အလှူထဲမှာ အမြတ်ဆုံးကုသိုလ်၇နေပါတယ်

စိတ်အစဉ်ကြည်လင်လန်းဆန်းပါစေဗျာ

အခုတရား ပိုစ့်လေးအတွက်လဲသာဓုခေါ်ဆိုပါတယ်

ခင်တဲ့

မိုးသူ(တောင်ကြီး)

May Khin said...

အခုလိုတရားဓမ္မလေးတွေမျှဝေပေးလို့ကျေးဇူးပါနော်
မျှဝေပေးတဲ.တရားအလှုပိုစ်.လေးအတွက်သာဓုခေါ်ဆို
ပါတယ်ကွယ်။ခင်တဲ.အန်တီလေးမေခင်

machaw said...

thank you for your dhamablog

ဆူးသစ် said...

တစ်ပိုင်းချင်းလာဖတ်ပါမယ်။ အမှန်ကပဋိစ္စသမုပ္ပါဒ်ဘာလဲဆိုတာကစရှင်းရင်ပိုပြီးကောင်းမယ်ထင်ပါတယ်။သမီးတော်။သီလရှင်ဝတ်မယ့်လူတွေဆိုတော့ကြိုပြီးကျင့်ထားတာ၊နားလည်ထားတာပိုကောင်းတာပေါ့နော်။ :)။ အကြောင်းကိုစွဲ၍ကောင်းစွာဖြစ်ပေါ်ခြင်းကို ပဋိစ္စသမုပ္ပါဒ်လို့ခေါ်တယ်လို့တော့မှတ်ထားဖူးပါတယ်ခင်ဗျား။

Ko Chan said...

မြတ်​စွာဘုရား​တောင်​မ​ဟောနိုင်​ဘူး ဆိုတဲ့ စာသား​လေက နည်းနည်းများ လို့​နေသလားလို့ပါ...

ကျန်​တာအားလုံး အတွက်​ သာဓု သာဓု သာဓု ပါ

တတိယမြောက် သမီးတော် said...

ကျေးဇူးပါ Ko Chan
မြတ်စွာဘုရားက သတ္တ၀ါတွေသံသရာဘယ်က စတယ် ဆိုတာ
ငါဘုရားမြင်တော်မမူလို့  ဟောကြားထားကြောင်း
နာယူမှတ်သားခဲ့ရပါတယ် သမီးတော် စကားလုံးရွေးချယ်မှူမှားယွင်းခဲ့တာပါ
ထောက်ပြခဲ့တဲ့အတွက် ကို Ko Chan ကို ကျေးဇူးတင်ပါတယ်ရှင်