ပဋိစ္စသမုပ္ပဒ်(၆)ကတော့ ၀ဋ်သုံးဝ ဖြစ်ပါတယ်
ဝဋ်သုံးဝ ဆိုတာ ကိလေသ ၀ဋ်။ ကမ္မ၀ဋ်။ ၀ိပါက ၀ဋ်။ စတဲ့ သုံးပါးသော ၀ဋ် ကို ဆိုတာဖြစ်ပါတယ်
(ကိလေသ ၀ဋ် ဆိုတာ အ၀ိဇ္ဇာ၊တဏှာ၊ဥပါဒါန်။ ကမ္မ ၀ဋ် ဆိုတာ သင်္ခါရနှင့် ကမ္မ ဘဝ
ဝိပါက ၀ဋ် ဆိုတာ ၀ိညာဏ် ၊ နာမ်ရုပ်၊ သဠာယတန၊ဖဿ၊ဝေဒနာ၊ဇာတိ၊ဥပ ပတ္တိဘ၀၊ ဇရာ မရဏ)ကိလေသ ၀ဋ် ဆိုတာ စိတ် မှာဖြစ်ပေါ်တဲ့အညစ်အကြေး ဆန္ဒကို ဆိုလိုတာပါ
ကမ္မ ၀ဋ် ကတော့ ပြုလုပ်အားထုတ်တာဖြစ်ပြီး
ဝိပါက ၀ဋ် ကတော့ ကိုယ်ဖြစ်ချင်တာဖြစ်နေရတာပါ ခံစားနေရတာကိုခေါ်ဆိုခြင်းဖြစ်ပါတယ်