ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, October 16, 2012

ပဋိစ္စသမုပ္ပဒ်(၅)








       ပဋိစ္စသမုပ္ပဒ်(၅) ကတော့  သုံးပါးအစပ်  ဖြစ်ပါတယ်
 စက်ဝိုင်းမှာဖေါ်ပြထားတဲ့  ၁  နဲ့ ၂  နဲ့ကို စပ်ထားတဲ့ မြှားအနီးလေး ပြထားတာရှိပါတယ်
အဲ့ဒီ မြှားအနီလေး က  ၁ နဲ့  ၂  နဲ့  စပ်တာ  ၂  နဲ့ ၃  နဲ့ စပ်တာ   ၃  နဲ့  ၄  နဲ့စပ်တာကိုပြထားတာ
ဖြစ်ပါတယ်

           သင်္ခါရ နှင့်ဝိညာဏ် တစ်စပ်။ဝေဒနာ နှင့်တဏှာ တစ်စပ်။ ကမ္မဘ၀ နှင့်ဇာတိ တစ်စပ်။


                  ဒီအစပ်တွေကို မဆက်အောင် မစပ်အောင်  လုပ်နိုင်ဖို့ လိုတာဖြစ်ပါတယ်
အတိတ် က အကြောင်းကြောင့် ပစ္စုပ္ပန်မှာ  အကျိုးဖြစ်ပါတယ်   ပစ္စုပ္ပန်  အကြောင်းကြောင့်
အနာဂတ်မှာ အကျိုး ဖြစ်ပါတယ် 
        
                                     ဒါကြောင့် ယခုပစ္စုပ္ပန်မှာ   အကြောင်းတွေကို ချုပ်နိုင်ခဲ့မယ် ဆိုရင်
အနာဂတ်မှာ အကျိုးတွေဖြစ်လာတော့မှာမဟုတ်ပါဘူး  ၁  ကနေ  ၂  ကို စပ်တယ်  အဲ့ဒီ အစပ်ကို
မဖြတ်တောက်နိုင်ခဲ့လို့   ၂  နေရာမှာ  ဒုက္ခတွေနဲ့နေနေရတာဖြစ်ပါတယ်  ၂  ကနေ  ၃  ကို မဆက် စပ်
ရအောင် ကြိုးစားလို့ ရနိုင်ပါတယ်  ၃  ကနေ  ၄  ကိုမဆက်စပ်အောင် လုပ်လို့ ရနိုင်ပါတယ်
ကြိုးစားဖို့  တော့လိုတာပေါ့လေ  ဖြစ်သမျှ ပျက်နေတာကိုသာ သိရင် နောက်ထပ် စပ်စရာ မလို တော့ဘူး
လို့  ဆိုတာပါ

   ဝေဒနာ ဆိုတာ  ခံစားမှူသဘောလေးကိုဆိုလိုတာဖြစ်ပါတယ်   အဲ့ဒီ ဝေဒနာဖြစ်လာတဲ့အခါ
ကောင်းတဲ့ဝေဒနာ ဆိုရင်  လူတွေက ထပ်ပြီးခံစားချင်တဲ့လောဘ ဖြစ်တယ်
မကောင်းတဲ့ ဝေဒနာ ဆိုရင် မကျေမနပ်  နဲ့  ဒေါသ ဖြစ်တယ်   ဝေဒနာ ကနေ  တဏှာ ဖြစ်လာတာပါ
ကောင်းရင်ထပ်ရချင်တယ်  မကောင်းရင်လည်း ကောင်းလာမလားဆိုတဲ့အတွေးနဲ့ ကောင်းတာလေး
ဖြစ်လာဖို့  မျှော်လင့်ချက် နဲ့(အဲ့ဒီမျှော်လင့်ချက်ဆိုတာ လိုချင်ရချင်တာ =ဒါကြောင့် တဏှာဖြစ်တယ်)
ဝေဒနာ ကနေ တဏှာ ဖြစ်တာပါပဲ  ကောင်းတဲ့ ဝေဒနာဖြစ်ဖြစ်  မကောင်းတဲ့ ဝေဒနာ ဖြစ်ဖြစ်  ဝေဒနာပေါ်
မှာ  တဏှာ ဖြစ်ကြတယ်လို့ ပြောတာပါ  ဝေဒနာ ကိုဝေဒနာ မှန်းသိပြီး  ဝေဒနာလေးပါလားလို့ 
ရပ်တန့် ဖို့  အင်မတန်မှ ခက်ကြပါတယ်

    အဲ့လိုခက်လို့ လဲနောက် တစ် စပ်ကို ရောက်သွားကြတာပါပဲ  ရပ်တန့်နိုင်ဖို့  အတော်ကို ကြိုးစားရအုံးမှာပါ  

                 တခုတော့ရှိပါတယ်   ဆရာသမားတွေပြောတဲ့စကား ပါ   မလုပ်တတ်ရင်သာခက်တာ
လုပ်တတ်ရင်လွယ်တယ်တဲ့  လုပ်တတ်ဖို့ဆိုတာက လည်း နည်းလမ်းအမှန်ကိုသိမှ  အချိန်ပေးနိုင်မှ
ဖြစ်မယ် ဆိုတာပါပဲ

                                 အစပ်တွေကိုဖြတ်တောက်နိုင်ကြပါစေ

*****တတိယမြောက်သမီးတော်*****

5 comment:

3rdthameetaw said...

နက်လိုင်း အခက်အခဲကြောင့် တော်တော်ကို ကြာသွားပါတယ်
မြန်မာနိုင်ငံမှာနေသူမို့  ဂုဏ်ယူစွာပဲပြောချင်ပါတယ်
နက်လိုင်းမကောင်းပါ....:P

ဇင်မျိုး said...

အခုထိ ပဋိစ္စသမုပ္ပဒ် ကိုနားမလည်သေးတာ ကိုယ့်ဖာသာရှက်မိပါရဲ့... အခုလို ဖတ်လိုက်ရတော့လဲ ရှင်းသလိုလိုရှိနေပြန်ရော...

စံပယ်ချို said...

သမီးတော်ရေ ဒီမှာလဲမကောင်းဘူး
ဖဘ မှာချက်စားဖြစ်တာလေးတွေတင်မလို့ ၂ရက်ရှိပြီတင်မရဘူးကွယ်

ချစ်စံအိမ် said...

ပဋိစ္စသမုပ္ပဒ်လာရောက်ဖတ်သွားပါတယ် မမရေ ပျောက်နေတာနက်မရလို့ ကိုးးးးးးးးးးး နေကောင်းပါစ

မိုးသူ(တောင်ကြီး) said...

နက်လိုင်းမကောင်းပေမယ့်

ပိုစ့်လေးကို ကျိုးစားတင်ပေးလို့ ကျေးဇူးပါနော်

ခင်တဲ့
မိုးသူ(တောင်ကြိး)