ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, October 28, 2012

သာသနာ့ ဂုဏ်ရည် ရှေ့သို့ချီ

မြန်မာကိုချစ်သူတိုင်းဟာ  မြန်မာနိုင်ငံကိုစောင့်ရှောက်သင့်ပါတယ်
ဘယ်လိုစောင့်ရှောက်ကြမလဲ
ဘာသာကိုစောင့်ရှောက်ကြရပါမယ်...
မြန်မာလူမျိုးဆိုတာ ရှိနေဖို့ အတွက် ကိုယ့်ဘာသာကို ကိုယ်အရင်ဆုံးစောင့်ရှောက်ဖို့ လိုပါတယ်။
သိတ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍ ဖြစ်ပါတယ်။

မြန်မာ လူမျိုးတော်တော်များများဟာ ခု ဆိုရင် အင်္ဂလိပ်စကားပြောတတ်တာကိုဂုဏ်ယူပြီး
မြန်မာလို သိတ်မပြောချင်ကြတော့ဘူး။တိုင်းတပါး ရဲ့ အပြု အမူ အပြောအဆိုကို လိုက်တုရတာ
လုပ်နိုင်တာကိုဂုဏ်ယူပြီး အထင်ကြီး ပြီး မြန်မာလိုပြောရတာကို နိမ့်ကျတယ်လို့ ယူဆ လာကြတယ်
သီချင်းနားထောင်ရင်  အင်္ဂလိပ်သီချင်းကို နားထောင်တာမှ အဆင့်အတန်းမြင့်တယ်လို့  ယူဆနေကြပြီ။
မြန်မာသီချင်းနားထောင်တာကို နိမ့်ကျတယ်လို့ ယူဆနေကြပြီ။နိုင်ငံခြားသံစဉ် နဲ့ မြန်မာစာသားထိုးပြီး
သီချင်း ဆိုရင် ကူးချတယ်ဆိုပြီး ကိုယ့်မြန်မာကို ပြန်ပြီးအထင်သေးတယ်။
အဲ့ဒီ သီချင်းကိုအားမပေးချင်ကြတော့ဘူး။

  ပညာတတ်ခြင်းနဲ့ တိုင်းတပါးအထင်ကြီးခြင်းကို ခွဲခြားပြီး မခံယူတတ်ကြလို့   ခုလိုမျိုးတွေဖြစ်နေကြတာပါ။
ဒါကို မိဘတွေက ထိန်းသိမ်းသင့်ပါတယ်။ပညာတတ်အောင်သင်တာကို ချီးကျူးပါ။ ကိုယ့်မြန်မာစကား
မြန်မာစာ နဲ့ မြန်မာလူမျိုးကိုထိန်းသိမ်းဖို့ အတွက် သင်ကြားပေးဖို့ က ပိုပြီး အရေးကြီးပါတယ်။


...ဘာသာရေးကိစ္စတွေ လုပ်တာ အသက်ကြီးတဲ့သူတွေအလုပ်လို့ 
ယူဆ တယ်။ နိုက်ကလပ်တက်တာ  ပါတီတက်တာ  အရက်သေစာသောက်စားတာကို
ခေတ်မှီတယ်လို့  ယူဆတယ်။ဘာသာရေးအသိစိတ်တွေဝေးကွာတော့ ယဉ်ကျေးမှူပျောက်ကွယ်တယ်
ယဉ်ကျေးမှူ မရှိတဲ့သူ  အဆုံးအမ နဲ့ကင်းကွာတဲ့သူတွေဟာ ဘာသာကိုစောင့်ရှောက် နိုင်စွမ်းမရှိနိုင်ပါဘူး။
ဘာသာကိုမစောင့်ရှောက်တဲ့သူဟာ  လူမျိုးကိုလည်း စောင့်ရှောက်မှာမဟုတ်ဘူး။
လူမျိုးကိုမစောင့်ရှောက်တဲ့သူဟာ  တိုင်းပြည်ကိုလည်းစောင့်ရှောက်မှာမဟုတ်ဘူး။
 ဘာသာရေးစိတ်မရှိလို့  ဘာသာခြားတွေနဲ့လက်ထပ်လိုက်တယ် ဆိုရင်ပဲ
မွေးလာတဲ့သားသမီးဟာ ကိုယ့်ဘာသာကိုကိုးကွယ်မယ်လို့ မပြောနိုင်တော့ဘူး။
အဲ့ဒီအခါ မှာ ဘာသာကိုစောင့်ရှောက်သူမဖြစ်နိုင်တော့ဘူး.ဒါကြောင့် ဘာသာခြားနဲ့ အိမ်ထောင်ပြုခြင်းက
ကာကွယ်ဖို့  မိဘတွေမှာ တာဝန်ရှိပါတယ်။မိဘတွေက သားသမီးတွေရဲ့ ရင်ထဲ နှလုံးသားထဲမှာ
ကိုယ့်ဘာသာကိုကိုးကွယ်ဖို့ လေ့လာသင်ယူဖို့ အလေ့အကျင့်တွေလုပ်ပေးရပါမယ်။

                သူများဘာသာတွေကိုကြည့်ပါ ခရစ်ယာန်ဆိုရင် တနင်္ဂနွေတိုင်းဘုရားကျောင်း တက်ကြတယ်။
မွတ်စလင်ဆိုရင်  သောကြာနေ့တိုင်း ဗလီ တက်ကြတယ်။

                                               တို့မြန်မာလူမျိုး ဗုဒ္ဓဘာသာတွေ လပြည့်လကွယ်
ဥပုပ်နေ့တိုင်း သားသမီးတွေကို ဘုန်းကြီးကျောင်းတက်ခိုင်းကြပါ။  ဘာသာယဉ်ကျေးမှူကို လေ့လာသင်
ယူခိုင်းပါ။ကိုယ့်ဘာသာကိုစောင့်ရှောက်ဖို့တိုက်တွန်းပါ ။လူငယ်တွေရဲ့နှလုံးသားထဲမှာ  ကိုယ့်ဘာသာ
ကိုယ့်ယဉ်ကျေးမှူကို ရိုက်သွင်းကြပါ။

    ကိုယ့်ဘာသာကို မစောင့်ရှောက်ကြလို့  ဘာသာပျောက်ရင်  လူမျိုးပါပျောက်ပါမယ်။
လူမျိုးဆိုတာပျောက်ရင်  တိုင်းပြည်ပါပျောက်ပါမယ်။

                ဒါကြောင့် ဘာသာကိုစောင့်ရှောက်ဖို့  ဘာသာတူ သူကို လက်ထပ်ကြပါ ။ အိမ်ထောင်ဖက်အဖြစ်ရွေးကြပါ။ ဘာသာကိုစောင့်ရှောက်ဖို့  သင်ကြားပေးကြပါ။
ဘာသာရှိမှ လူမျိုးရှိမှာ  ဖြစ်ပြီး လူမျိုးရှိမှ တိုင်းပြည်ရှိမှာ  ဖြစ်ပါတယ်။

  ကိုယ့်ဘာသာ  ကိုယ့်လူမျိုးကိုမစောင့်ရှောက်ကြရင် တော့ နောက်ထပ်နှစ်ငါးဆယ်ဆိုရင်  မြန်မာ လူမျိုး
ဆိုတာ ရှိတော့မှာ မဟုတ်သလို မြန်မာပြည်ဆိုတာလည်း ရှိနိုင်တော့မှာမဟုတ်ပါဘူး။လူမျိုးပေါင်းစုံနဲ့
သွေးနှောပြီး ဘာလူမျိုးမှန်းမသိအောင်ကို  မြန်မာလူမျိုးဆိုတာ ပျောက်ကွယ်သွားပါလိမ့်မယ်။

   ဒီနေ့မြန်မာနိုင်ငံမှာရှိနေတဲ့ သာသနာ့ဗိမာန်ကြီးတွေ ဘုန်းတော်ကြီးကျောင်းတွေဟာ ဘာသာ  သာသနာကို စောင့်ရှောက်သူတွေ မရှိတော့ဘူးဆိုရင်တော့  နောင် အခါ ဗလီကျောင်းတွေ
ဖြစ်ကုန်ပါလိမ့်မယ်။အချိန်မှီ ယဉ်ကျေးလိမ်မာ သင်တန်းတွေတက်ခိုင်းကြပါ။ဘာသာကိုးကွယ်မှူကို
အလေးထားပြီးဆောင်ရွက်ကြပါ။

                        မြန်မာ ဆိုတာ ကမ္ဘာ့အလယ်မှာ ဆက်ပြီးရှိနေဖို့ ဘာသာ ကိုစောင့်ရှောက်ကြပါ။
လူမျိုးကိုစောင့်ရှောက်ကြပါ။ ဒါမှ လည်း တိုင်းပြည်ကိုစောင့်ရှောက်နိုင်မှာဖြစ်ပါတယ်။

(မှတ်ချက်။   ။ သမီးတော်  မနေ့ က ဆရာဘုန်းကြီးကိုသွားကန်တော့ တော့ ဆရာဘုန်းကြီးဟောကြားခဲ့တဲ့
သာသနာ ဂုဏ်ရည် ရှေ့သို့ချီ ဆိုတဲ့တရားတော်ကို မှတ်သားမိသလောက် ပြန်လည် တင်ပြခြင်းဖြစ်ပါတယ်)

                                     *****တတိယမြောက်သမီးတော်*****

5 comment:

Anonymous said...

ဆရာလေး တပည့်တော့ လာဖတ်တယ်နော်

စံပယ်ချို said...

သမီးတော်ရေ
တကယ်ကိုသိသင့် လိုက်နာသင့်တဲ့ပိုစ့်လေးပါပဲ
ဘယ်လူမျိုး ဘယ်ဘာသာမှ မထိခိုက်ပဲ ရှင်းရှင်းလေးနဲ့ အဓိပ္ပါယ်သက်ရောက်မှု ရှိတယ်လေ
သမီးတော်သွားရောက်ကန်တော့ခဲ့တဲ့ဘုန်းဘုန်းလဲ ချမ်းမြေ့ပါစေ
သမီးတော်ကိုလဲသတိတရ ရှိနေတဲ့
jasmine

ချစ်စံအိမ် said...

မြန်မာလူမျိုးတိုင်းဖတ်သင့်တဲ့ပိုစ့်လေးပါမမရေ..

မြတ်ပန်းနွယ် (Myat Pan Nwe) said...

လူငယ်တွေရဲ့နှလုံးသားထဲမှာ ကိုယ့်ဘာသာ
ကိုယ့်ယဉ်ကျေးမှူကို ရိုက်သွင်းကြပါ။

ဒါလေး သိပ်ကို မှန်တယ်။

နိုင်ငံခြားမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက် မြန်မာ့ ယဉ်ကျေးမှုကို သိနားလည်ပြီး မြန်မစကားနှင့် စာပေကို ချစ်မြတ်နိုးတတ်ဖို့ ဆိုတာ အဲဒီမိဘတွေကိုယ်တိုင် မြန်မာ့ယဉ်ကျေးမှုကို ဘယ်လောက်မြတ်နိုးသလဲ ဆိုတာအပြင် ကလေးငယ်တွေကို ကောင်းမွန်စွာ ထိန်းကျောင်းပဲ့ပြင်နိုင်မှုပေါ်မှာ မူတည်မယ်။

Anonymous said...

လေးစားပါတယ်
အေးငြိမ်းချမ်းမြေ့ ပါစေ
မေးချင်တယ် သိသူဖြေပေးပါ
မုခ် ဦး လှုဒါန်းမှု့ ရရှိ ကုသိုလ် အကြောင်း သိချင်ပါတယ်
kokoaung827