ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, November 8, 2012

အသိမှား အမှတ်မှား အကျင့် မမှားကြစေချင်ပါ


    သူများပါးစပ်မှာ လမ်းဆုံးနေတတ်ကြသူများ သတိထားဆင်ခြင်ကြဖို့ ဖြစ်ပါသည်။

ဗုဒ္ဓဂါယာကို သုံးခေါက်ရောက်လျှင် ငရဲက လွတ်တယ် ဟူသော စကားဘယ်သူက ပြောလိုက်မှန်းမသိ ။
တကယ်ပဲ ငရဲက လွတ်ပါသလား  သေချာစဉ်းစားသင့်ပါသည်။


  ဗုဒ္ဓဂါယာ ဆိုသည်မှာ မြတ်စွာဘုရားမွေးဖွားရာ နေရာ  ဘုရားအဖြစ်ပွင့်ထွန်းရာမှ ပရိနိဗ္ဗာန် စံသည်
အထိ နေသွားသည့်နေရာဖြစ်သည်။

  ဘုရားကိုကြည်ညို သည့်အတွက်တော့ ကုသိုလ်ဖြစ်သည်။နတ်ပြည် ရောက်စေသော ကုသိုလ်ကို
ဖြစ်စေပါသည်။  ....
                                     သို့ သော်................

အကုသိုလ်လုပ်ထားသူများဗုဒ္ဓဂါယာကို သုံးခေါက် ရောက်ရုံဖြင့် ငရဲက လွတ်သည်မှာ မဟုတ်ပါ။
အကုသိုလ် မည်မျှလုပ်လုပ် ဗုဒ္ဓဂါယာကို သုံးခေါက်ရောက်ထားလျှင် ငရဲက လွတ်မည်ဟု
ထင်ယောင်ထင်မှား ဖြစ်အောင် ပြောသူက ပြော၍ နားထောင်သူများကလည်း သူများစကားမှာ
လမ်းဆုံးနေတတ်ကြပြန်သည်။

                               ဤသို့ ဆိုပါလျှင်.......

                           ဒေ၀ဒတ် ဘာကြောင့် အ၀ီစိ မှာ ငရဲခံနေရပါလဲ။ဒေ၀ဒတ်သည်    ...
             ဗုဒ္ဓဂါယာမှာမွေး  ဗုဒ္ဓဂါယာမှာ ကြီးပြင်း ၍ ဘုရားရှင် နှင့် ယောက်ဖ ပင်တော်စပ်သူ
ဘုရားရှင်ဟောတော်မူသော တရားတော်များကို နာကြားခဲ့ရသူ သည် အ၀ီစိတွင် ငရဲ ခံနေရသည်။
ဤ သည်ကို မမေ့သင့်ပါ။ကံသာလျှင်အမိ ကံသာလျှင်အဖ ကံသာလျှင်မိမိဥစ္စာရှိသည်ကို သတိချပ်ကြ
စေချင်ပါသည်။ကံ။ကံ၏ အကျိုးကိုယုံကြည်ခြင်းသည် ချမ်းသာကိုဖြစ်စေ၏။

    ချမ်းသာခြင်း အစစ်ကိုပိုင်ဆိုင်ရန်အတွက် အသိအမြင်ကြွယ်ဝ ရန်လိုအပ်ပေသည်။
စဉ်းစားညာဏ်ရှိရမည်။သူများပြောစကားကို အကြွင်းမဲ့ ယုံကြည်ပြီးလမ်း မဆုံးသင့်ပေ။
ဖြစ်နိုင်ချေ ရှိ မရှိကို စဉ်းစားချင့်ချိန်တတ်ရန်လိုသည်။

              ငရဲက လွတ်ချင်သောကြောင့် ပိုက်ဆံ အကုန်ခံ၍ ဗုဒ္ဓဂါယာ သို့ သွားမည့်အစား
 အကုသိုလ်များမကျူးလွန်မိအောင်။ သီလ ကိုစောင့်ထိန်း၍ နေထိုင်ခြင်း။ ကုသိုလ်ပွားများအောင်
ဒါန ပြု ၍ နေထိုင်ခြင်း။ထို့ ထက်...

ဘာဝနာ အားထုတ်၍ အပယ်တံခါးပိတ်အောင်ကြိုးစားကျင့်ကြံခြင်းတို့ ကို ပြုလုပ်သင့်လှပါသည်။

အသိမှား  အမှတ်မှား  အကျင့်မှားခြင်းမှ ကင်းဝေးကြပါစေ။

*****တတိယမြောက်သမီးတော်*****

7 comment:

မိုးနတ်ကြယ်စင် said...

မှန်လိုက်လေ..သမီးတော်ရေ..
လူတွေ အမှတ်မှား အသိမှားနေကြတာတော့ မပြောပါနဲ့တော့...
တစ်ချို့ဆို ကိုယ်ပိုင်စဉ်းစားဆင်ခြင် ဆုံးဖြတ်နိုင်စွမ်းဘာမှကို မရှိဘူး...
သူများပြောတိုင်းယုံတာပဲ..ကြာတော့ အဲဒိလူတွေဟာ
သူတပါးနှာခေါင်းပေါက်နဲ့ အသက်ရှုနေကြရုံတင်မကဘူး...
အသိမှား.အမှတ်မှား..အဆုံးမှာတော့ အကျင့်ပါမှားနေကြတာမဆန်းပါဘူးလေ

စံပယ်ချို said...

အသိလေး မမှားရအောင်တော့ ဖတ်ခဲ့တယ်နော်

ဇင်မျိုး said...

စေတနာသည်လူတိုင်းနဲ့မတန်... သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ... အဲလိုစကားတွေလည်း ဘုရားဟောသလိုဘာလိုလို ပြောဆိုကြတဲ့သူတွေလည်း တွေ့ဖူးတယ်...

ဘာရယ်မဟုတ်ဘူး အယူအလွဲကြီးလွဲနိုင်တယ်... သမီးတော်ရေ... ဒီပိုစ့်လေးကို သေချာဖတ်မှတ်သွားပါတယ်...

မြတ်ပန်းနွယ် (Myat Pan Nwe) said...

ဒီပို့စ်ကလေးကို သဘောကျတယ်။
ငယ်ငယ်က ကြားဖူးသေးတယ်..
ကျိုက်ထီးရိုးတောင်ကို သုံးနှစ်ဆက်တိုက်တက်ရင် အပယ်တံခါးပိတ်တယ်ဆိုလားပဲ။ :)

Unknown said...

အကုသိုလ်များမကျူးလွန်မိအောင်။ သီလ ကိုစောင့်ထိန်း၍ နေထိုင်ခြင်း။ ကုသိုလ်ပွားများအောင်
ဒါန ပြု ၍ နေထိုင်ခြင်း။ထို့ ထက်...

ဘာဝနာ အားထုတ်၍ အပယ်တံခါးပိတ်အောင်ကြိုးစားကျင့်ကြံခြင်းတို့ ကို ပြုလုပ်သင့်လှပါသည်။
မှန်လိုက်လေသမီးတော်ရေ၊အသိမှားအမှတ်မှားစာပိုစ်.လေးဖတ်ရှု.အားပေး
သွားပါတယ်။ခင်တဲ.အန်တီလေးမေခင်

မိုးသူ(တောင်ကြီး) said...

သူများပါးစပ်မှာ လမ်းဆုံးနေတတ်ကြသူများ

အသိမှား အမှတ်မှား အကျင့်မှားတွေမဖြစ်ဖို့  သတိပေးတဲ့အတွက်

ကျေးဇူးတင်ပါတယ်

ရာဇာထွေး said...

ဒီလိုသဘောမျိုးလေးအခြား ဘာသာတစ်ခုမှာယုံယုံကြည်ကြည်လက်ခံကျင့်သုံး
နေပါတယ်..ဘာအပြစ်တွေလုပ်ထားလုပ်ထား အဲဒီနေရာကိုရောက်သွားရင်အ
ပြစ်အားလုံးပြေပျောက်တယ်လို့လက်ခံကြပါတယ်... အင်းကျွန်တော်တို့ဘုရား
အဟောနဲ့တော့ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမယ်... အဲဒီအယူအဆကို ကပြား
ဗုဒ္ဓဘာသာဝင် တွေက ပုံတူကူးပြီး ဗုဒ္ဓဂါယာကို သုံးခေါက်ရောက်လျှင် ငရဲက လွတ်တယ် လို့စတန့်ထွင်တယ် ထင်ပါတယ် ခင်ဗျာ...
“အသိ မမှား... အမှတ် မမှား... အကျင့် မမှား”
ရလေအောင်အခုလိုအသိပေးတင်ပြပေးလို့
ကျေးဇူးတင်ပါတယ် ခင်ဗျာ...


ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

စကားချပ်။ (ကပြားဗုဒ္ဓဘာသာ) ရတနာသုံးပါးအပြင် နတ်၊ ၀ိဇ္ဇာ၊ ဘိုးတော် တို့ကိုယုံကြည်စွာကိုးကွယ်ကြသူများ။