ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, November 23, 2012

ကျေးဇူးတင် ♦ ဆုတောင်း

မြန်မာကိုချစ်သော
ဘာသာကိုချစ်သော
အမျိုးကိုချစ်သော
ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များကို
လေးစားစွာ ဂါရ၀ပြုပါတယ်

လေးစားစွာဂါရ၀ပြုတယ် ဆိုတာ  သာမာန်အားဖြင့်တော့  လုပ်ရိုးလုပ်စဉ်တစ်ခုလို့ြ့မင်စရာရှိပါတယ်
ခုကိစ္စမှာတော့  အွန်လိုင်းပေါ်မှာ  ဘာသာ ပြန့် ပွားရေးကို ရှေ့ ရှူ လို့   Domain  လှူကြသူများကို
မြတ်နိုးစွာ လေးစားတာပါ။ ရင်ထဲ အသဲ ထဲ က လာတဲ့ စကားလို့  သမီးတော် ပြောချင်ပါတယ်။


သမီးတော်  ခပ်ငယ်ငယ်ကတဲက ဘာသာရေးကို စိတ်ဝင်စားခဲ့သူပါ။လွတ်လပ်ပေါ့ပါးစွာနေတဲ့ အကျင့်
ရှိလို့  ပျော်ပျော်ပါးပါး လေး နေခဲ့ပေမယ့် ဘာသာရေးနဲ့ပတ်သက်လာရင် အမြဲတမ်း လေးလေးနက်နက်
လေ့လာလေ့ ရှိခဲ့သူပါ။    ဒါကြောင့်လဲ  ဘာသာရေးကို သိချင်သူများရှိခဲ့ရင် မျက်စိလည်လမ်းမှားပြီးတော့ 
ရောက်လာတာပဲဖြစ်ဖြစ် တမင်တကာ ရှာဖွေလို့ ရောက်လာတာပဲဖြစ်ဖြစ်  ဘာသာရေး အသိလေး
တစ်ခုလောက် အစစ်အမှန်ကို ရသွားတယ် ဆိုရင် ရတဲ့သူအတွက် အကျိုးရှိတာမို့  ဒီ ဆိုဒ်ကလေးကို
မောင်လေး နေမင်းဇွဲမာန်  ရဲ့ အကူ အညီ နဲ့ ကြိုးစားပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။

 ခုတော့   ဘာသာ သာသနာ ပြန့်ပွားရေးအတွက် ရည်ရွယ်ပြီး Domain  လှူကြသူ  မောင်(စွယ်စုံကျမ်း)
နှင့်တကွ  အလှူရှင်များကျေးဇူးကြောင့် ခိုင်မာ တဲ့  ဆိုဒ် ကလေး တစ်ခု အဖြစ် ရပ်တည်နေရပါပြီ။
သမီးတော် အနေနဲ့ ဘာသာရေး ကို လေ့လာသူတစ်ယောက်မို့ ခုလို လှူဒါန်းအားပေးကြသူများကြောင့်
ဘာသာရေး စာပေတွေ ရေးသားဖေါ်ပြရတာ ပိုပြီးကျေနပ် အားရ ဖြစ်လာမိပါတယ်။

ကိုယ်တစ်ယောက်ထဲ ဘာသာရေးကို လေ့လာပြီး ပြန့်ပွားစေချင်တာ မဟုတ်ပါလားလို့  ခံစားမိလာပါတယ်
မောင်(စွယ်စုံကျမ်း)နှင့်တကွ  အလှူရှင်များအားလုံး ကို  ကျေးဇူးတင်ပါတယ် လို့  လှိုက်လှိုက်လှဲလှဲ
ပြောပါရစေပါ။

            ♦ဆုတောင်း♦

  ယခု ကဲ့သို့  ဗုဒ္ဓမြတ်စွာသာသနာကို ပြန့်ပွားစေလိုသော ရည်ရွယ်ချက်ဖြင့် လှူဒါန်း ကြသော
ကောင်းမှူကုသိုလ်ကံ စေတနာတို့ ကြောင့် မော င်(စွယ်စုံကျမ်း)နှင့်တကွ အလှူရှင်များအားလုံး
တို့ သည်  ခန္ဓာ ၏ ဒုက္ခ သစ္စာ တရားတို့ ကို ဥာဏ်ဖြင့် ပိုင်းခြားထင်ထင် သိမြင်ကြသည်ဖြစ်၍
အရိယာ သူတော်ကောင်းတို့ ထံတွင် မဂ္ဂသစ္စာ တရားတို့ ကို လေ့လာကျင့်ကြံ ရသည်ဖြစ်ကာ
နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်သော ကိုယ်  ဖြစ်ကြပါစေသတည်း။

                         *****တတိယမြောက်သမီးတော်*****

8 comment:

မောင်(စွယ်စုံကျမ်း) said...

ပေးတဲ့ဆုနဲ့ ပြည့်ပါစေ ၂၅ ရက်နေ့ မှာ အလှုရက်သတ်မှတ်ပီး ပိုစ်တင်လိုက်မယ်နော်

စံပယ်ချို said...

သမီးတော်ရေ...သတင်းကောင်းလေးတွေကြားရလို့ပိတိဖြစ်ခဲ့တယ်

လွင်ပြင်လှိုင်းငယ် said...

ပို့လေးဖတ်ရတာ ကြည်နူးစရာလေး

မိုးနတ်ကြယ်စင် said...

ညလေးလဲ သူများအလှူလေးကို ဖတ်ပြီး ကြည်နူးခဲ့ရပါတယ်
ma ma thrd ရေ......

ချစ်စံအိမ် said...

သာဓုသာစုသာဓုပါကြည်နိုးပီတိဖြစ်မိပါတယ်

ညီလင်းနိုင် said...

အလှူထဲမှာ တရားအလှူဟာ အမြတ်ဆုံးမဟုတ်လား .....

သမီးတော်အနေနဲ့ အခုလို ဓမ္မဒါနအလှူပြုနေတဲ့အတွက်

တတ်နိုင်သလောက် ဝိုင်းဝန်းပံ့ပိုးပေးခဲ့ရတာကို

ပီတိဖြစ်မိပါတယ် ။

မောင်လမင်းအောင်(သုတစွယ်စုံ) said...

သာဓုဗျာ...သာဓု..သာဓု

ရင်လှိုင်းခတ်သံ said...

တတိယမြောက်သမီးတော် ကို ဒီနေ့ မှ ရောက်ဖြစ်တာပါ။ မျှော်လင့်ထားတာက ဘယ်လို အရာတွေ တင်ထားမလဲ ဆိုတာကို သိချင်လို့ လာခဲ့တာပါ..။ ဆိုဒ်ထဲရောက်တော့ အရမ်းကို အံ့သြမိပါတယ်..။ လေးလဲ လေးစားမိတယ်..။ မျှော်လင့်ထားတာထက် အများကြီးကို ပိုရလိုက်ပါတယ်..။ တန်ဖိုးဖြတ်လို့ မရတဲ့ အသိတရားတွေကို ပေးတဲ့ အတွက် တစ်ကယ်ကို စိတ်ငြိမ်းချမ်းမိပါတယ်..။ အားလုံးသော အလှူရှင်တွေ ဆုတောင်းလေး ပြည့်ပါစေ...။