ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Monday, November 26, 2012
ထောင်နိုင်တဲ့ နား ရှိရင် တိဟိတ် ပါပဲ
                       တချို့  ကျတော့ ပါရမီတောင် မက တော့ဘူး။ ငါဟာ ပဒပရမ  ပုဂ္ဂိုလ် ထင်ရဲ့ ဆိုပြီး
 နောက်ဆုတ်သွားတတ်ကြတယ်။ စိတ် ကိုလျှော့ချပစ်တတ်ကြတယ်။  မဟုတ်ပါဘူးတဲ့  ။
သစ္စာတရား ကို ထောင်နိုင်တဲ့ နားရှိလို့ ရှိရင်  တိဟိတ် ပါပဲ တဲ့။ သစ္စာ တရားကိုဟော တဲ့အတိုင်း
 သေသေချာချာ သဘောကျပြီး  သိနိုင်ရင် တိဟိတ် ပါပဲ တဲ့ ။  တိဟိတ်  ဆိုရင်  ဒီ ဘ၀ တရား ရရမှာပဲ ဗျ။
 @@@@@@
                                      ဘယ်ပါရမီ မှ လွှဲ မချနဲ့။   မင်းတို့ ကြည့်ထားကြ။  ခန္ဓာ ရှိသူတိုင်း
နှိပ်စက် ခံရမည့် ဝေဒနာ သဘော။  ဝေဒနာ ကိုကျော်ပြီး ဖြစ်ပျက် မြင်အောင်ကြည့်ကြ။
 ငါသေရင် ဘယ်တော့မှ သပိတ် မသွတ် နဲ့ ။ မင်းတို့ ခန္ဓာသေသွားရင် ကျီး  ဠင်းတ စာ
(  မြတ်စွာဘုရားရှင် ၏ ရင်နှစ်သည်းချာ  သား ရတနာ  အစစ် ဖြစ်တော်မူသော
အဂ္ဂ မဟာ ပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ မိုးကုတ် ဆရာတော် ဘုရားကြီး ဦးဝိမလ
ခန္ဓာ ၀န်ချ နှစ်ငါးဆယ်ပြည့် အထိမ်းအမှတ် ပြက္ခဒိန်မှ  ထုတ်နုတ် ဖေါ်ပြပါသည်)။
                       *****တတိယမြောက်သမီးတော်*****
3 comment:
ချစ်စံအိမ် said...
သာဓု သာဓု သာဓုပါ မမရေ ကျေးဇူးတင်ပါတယ်
မိုးနတ်ကြယ်စင် said...
နာယူမှတ်သားခဲ့ပါတယ် သမီးတော်ရေ...ကျေးဇူးတင်ပါတယ်နော်
ညီလင်းနိုင် said...
မိုးကုတ်ဆရာတော်နည်းကို အကြိုက်ဆုံးပါပဲ ။
လွယ်ကူရှင်းလင်းလွန်းတယ်လို့ ခံစားမိလို့ပါ ။
ဓမ္မဒါန ဆက်လက်ပြုနိုင်ပါစေ ညီမလေး ။