ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, December 1, 2012

ကုသိုလ် အကုသိုလ် အကျိုးပေးကိုမသိရင် ကိုယ့်ကို ကိုယ် အဟုတ်ကြီးထင်နေမယ်






လက်ရှိ ဘ၀ မှာ အကုသိုလ် မလုပ် တာနဲ့  နောက်ဘ၀ သုဂတိ ဘုံကိုရောက်မယ်လို့ 
 တထစ်ချ တွက်လို့ မရနိုင်ပါဘူး။  အကြောင်းရင်းကတော့.........

ကုသိုလ် ပြုရင် ပဲဖြစ်ဖြစ် အကုသိုလ် ပြုရင်ပဲဖြစ်ဖြစ်  ဇော(၇)ကြိမ်  ဖြစ်တယ် ဆိုတာလေးကြောင့်ပါ။



ဇော (၇)ကြိမ်  မှာ  ပထမ ဇော က လက်ရှိဘ၀ မှာ အကျိုးပေးပါတယ်။
သတ္တမ ဇော က ဒုတိယ ဘ၀ မှာ အကျိုးပေးပါတယ်။
အလယ်ဇော (၅)ချက်က  သံသရာမှာ ကျင်လည် နေသမျှ ကာလ  ပတ်လုံး သူ အကျိုးပေးချင်တဲ့
ဘ၀ မှာ လာပြီး အကျိုးပေးမှာဖြစ်ပါတယ်။
ကုသိုလ် ပဲဖြစ်ဖြစ် အကုသိုလ် ပဲဖြစ်ဖြစ် အကျိုးပေးမှာ ဖြစ်ပါတယ် ။

ဒါကြောင့်မို့  လက်ရှိဘ၀ မှာ အကုသိုလ် မလုပ်ဘူး ဆိုတာ နဲ့ နောက် ဘ၀သုဂတိဘုံကိုရောက်မယ်လို့
မထင်လိုက်ပါနဲ့.... အရင့် အရင် ဘ၀ က ပြု ခဲ့တဲ့ ကုသိုလ် အကုသိုလ်  တွေ  ရဲ့ အကျိုးပေး က
ဘယ်လိုလာမယ်ဆိုတာ မသိနိုင်တဲ့ အတွက် ကြောင့်  ကိုယ့် ကို ကိုယ်   အဟုတ် ကြီးမထင်လိုက်
ကြပါနဲ့ လို့ သတိပေးချင်မိပါတယ်။

 အောက်ဆုံး တစ်မဂ် လောက်ရပြီးမှ  ပျော်ပျော်ကြီး နေသွားကြဖို့ ကို ပဲ လေးလေးနက်နက်
တိုက်တွန်းလိုက်ချင်ပါတယ်။

 အရိယာ သူတော်ကောင်းတို့ နဲ့ ပေါင်းဖေါ်ယှဉ်တွဲ မှီဝဲရပြီး သစ္စာတရားကို သိမြင်နိုင်ကြသူများ
ဖြစ်ကြပါစေ......

******တတိယမြောက်သမီးတော်*****

7 comment:

စံပယ်ချို said...

သူတော်ကောင်းတို့ နဲ့ ပေါင်းဖေါ်ယှဉ်တွဲ မှီဝဲရပြီး သစ္စာတရားကို သိမြင်နိုင်ကြသူများ
ဖြစ်ကြပါစေ...............
ထပ်လောင်းလို့ ဆုတောင်းလျှက်

မိုးနတ်ကြယ်စင် said...

သမီးတော်ရေ...စာလာဖတ်ခဲ့တာပါ...

ညီလင်းနိုင် said...

ဇော ၇ ကြိမ်.... သိပ်အရေးကြီးတဲ့ ပို့စ်လေးပါ ။

ဓမ္မအလှူတွေ ဆက်လက်လှူနိုင်ပါစေ ညီမလေး ။

Aunty Tint said...

ဓမ္မပို့စ်ကောင်းလေး ဖတ်သားပြီး လိုက်နာအောင် ကြိုးစားလျှက်ပါ သမီးတော်ရေ။ ဒီဘလော့လေးဝင်လိုက်တိုင်း ဓမ္မသီချင်းလေးက နာပျော်ဘွယ်ရှိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အလွမ်းမြို့ said...

သမီးတော်ရေ ဖတ်သွား မှတ်သွားပါတယ်။

အိပ်မက်ကောင်းကင် said...

အစ်မသမီးတော်လေးရေ အလည်လာရင်း မှတ်သားစရာလေးတွေကို မှတ်သားသွားပါတယ်
နောက်လည်း သည်ထက်မက မှတ်သားစရာလေးတွေကို မျှဝေပေးနိုင်ပါစေနော်
ပျော်ရွှင်နိုင်ပါစေဗျာ
ခင်တဲ့(အိမ်မက်ကောင်းကင်)

3rdthameetaw said...

Add star
Ma Tint
Sun, Dec 2, 2012 at 11:03 AM
To: thameetaw3rd@gmail.com
Reply | Reply to all | Forward | Print | Delete | Show original
Ma Tint has left a new comment on your post "ကုသိုလ် အကုသိုလ် အကျိုးပေးကိုမသိရင် ကိုယ့်ကို ကို...":

ဓမ္မပို့စ်ကောင်းလေး ဖတ်သားပြီး လိုက်နာအောင် ကြိုးစားလျှက်ပါ သမီးတော်ရေ။ ဒီဘလော့လေးဝင်လိုက်တိုင်း ဓမ္မသီချင်းလေးက နာပျော်ဘွယ်ရှိတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်