ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, December 17, 2012

(၁)ရူပက္ခန္ဓာ



   ခန္ဓာ ငါး ပါးမှာ (၁) ရူပက္ခန္ဓာ
                      (၂)ဝေဒနာက္ခန္ဓာ
                      (၃)သညာက္ခန္ဓာ
                      (၄)သင်္ခါရက္ခန္ဓာ
                      (၅)၀ိညာဏက္ခန္ဓာ   ဆိုပြီး   ရှိပါတယ်။

နံပါတ်(၁) ရူပက္ခန္ဓာ
••••••••••••••••••

          လူတော်တော်များများ က သိနေတဲ့ ရူပက္ခန္ဓာ ဆိုတာ အသွေး အသားတွေ နဲ့ ထိလို့ ကိုင်လို့ ရတဲ့
ဒီခန္ဓာ ကိုယ် အထည်ကြီး ကို ရူပက္ခန္ဓာ လို့ မှတ်ထင်နေကြတာပါ။

   တကယ်တော့ ရူပက္ခန္ဓာ ဆိုတာ ခွေးမြင်တဲ့ ခန္ဓာကိုယ် ကို ခေါ်တာ မဟုတ်ပါဘူး။
ခွေး ဟောင်ခံရတဲ့ အထည် ကိုယ်ကောင်ကို ရူပက္ခန္ဓာ လို့ ခေါ်တာမဟုတ်ပါဘူး။

   ရူပက္ခန္ဓာ ဆိုတာ ပူမှူသဘော  အေးမှူသဘော လို့ ခေါ်တဲ့ တေဇော ဓါတ်ရဲ့ ဖေါက်ပြန်မှူ။
မာမှူ သဘော ပျော့မှူ သဘောလို့ ပြောင်းလဲတဲ့ ပထ၀ီ ဓါတ်ရဲ့ ဖေါက်ပြန်မှူ။
ယိုစီး တဲ့ သဘော ဆောင်တဲ့ အာပေါ ဓါတ်ရဲ့ ဖေါက်ပြန်မှူ။
လှူပ်ရှား ရုန်းကန်ခြင်း ဖြစ်စေတဲ့ ၀ါယော ဓါတ် ရဲ့ ဖေါက်ပြန်မှူ။
 အဲ့သလို ဓါတ်ကြီး လေးပါး တို့  ဖေါက်ပြန်မှူသဘောအစု လေး ကို ရူပက္ခန္ဓာ လို့ ခေါ်ဆိုတာ
ဖြစ်ပါတယ်။ဒီ သဘောလေးတွေရဲ့ ဖေါက်ပြန်မှူ ကို ဥာဏ်နဲ့ပိုင်းခြားထင်ထင် သိမြင်ပြီး
ဖြစ်လိုက်   ပျက်လိုက် နဲ့ မတည်မြဲခြင်းကို စောင့်ကြည့်နိုင်မယ် ဆိုရင်ဖြင့် ဖြစ်ခြင်း  ပျက်ခြင်းတို့ 
ဆုံးပြီး မဂ် ဖိုလ် ကို မျက်မှောက်ပြုနိုင်ပါလိမ့်မယ်။

သမီးတော်မဂ္ဂ သစ္စာ  မှာ ဖေါ်ပြထားပါတယ် နှာသီး ဖျားက လေ လေး ၀င်တာ ထွက်တာကိုသိပြီး
ဝင်လေမှာ ကော  ထွက်လေ မှာပါ ဖြစ်ပြီးပျက်တာကို သိမှတ်ပေးနိုင်ရင် ၀ိပဿ နာ ဖြစ်ပါတယ်။
ဖြစ်ပျက်ကို ညီးငွေ့ အောင်  ကျင့်ကြံပြီး ဖြစ်ပျက်ဆုံးအောင် စောင့်ကြည့်နိုင်ရင်  နိဗ္ဗာန် ကို မြင်ရမှာ
ဖြစ်ပါတယ်။

 ကြိုးစားပြီး အားထုတ် နိုင်ကြပါစေရှင်

*****တတိယမြောက်သမီးတော်*****

7 comment:

ချစ်စံအိမ် said...

မမရေရောက်ခဲ့ဖတ်ခဲ့ပါတယ် လမင်းလည်းအခုတလောတရားမထိုင်ဖြစ်ဘူးမမရေပြန်လုပ်ရမယ် ကျေးဇူးပါမမ

3rdthameetaw said...

mstint has left a new comment on your post "(၁)ရူပက္ခန္ဓာ":

ဒီဆိုဒ်လေးကို ဝင်လိုက်တိုင်း ဘုရားသီချင်းလေးက စိတ်ကိုကြည်နူးစေတယ် သမီးတော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မိုးသူ(တောင်ကြီး) said...

တရားတော့မထိုင်ဖြစ်ပါဘူး

အရင်ကတော့ တရားထိုင်ဖြစ်တယ်ဗျ

နေ့ စဉ်ရက်စက်လို့ အရက်သောက်မိနေတော့

ဘာသာရေးကိုမလုပ်နိုင်ဘူးဖြစ်နေတယ်

3rdthameetaw said...

ဆူးသစ် has left a new comment on your post "(၁)ရူပက္ခန္ဓာ":

ရူပက္ခန္ဓာကိုရှင်းသွားတာကောင်းတယ်ဗျာ။ကျွန်တော်မသိသေးတာတချို့သိလိုက်ရတယ်။ဒီလိုပဲဆက်လက်မျှဝေနိုင်ပါစေ။

မိုးနတ်ကြယ်စင် said...

နောက်ဆက်ရှင်းပြမဲ့ ပို့စ်တွေကို မျှော်လင့်နေပါတယ်..အမရေ...
ပထမဆုံးခန္ဓာမှာတင် တော်တော်လေး စဉ်းစားစရာတွေရနေပြီ....
သိပ်မကြာခင် ကျန်တဲ့ တရားလေးတွေ ဆက်တင်ပေးပါနော်အမ
မျှဝေပေးတာကျေုးဇူးပါမ...
ခင်တဲ့...မိုးနတ်

Unknown said...

ကျေးဇူးအထူးတင်​ပါသည်

Unknown said...

ကျေးဇူးအထူးတင်​ပါသည်