ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, December 23, 2012

(၂)ဝေဒနာက္ခန္ဓာ


နံပါတ်(၂) ဝေဒနာက္ခန္ဓာ

     ဝေဒနာ ဆိုတာ နာမှူ ကျင်မှူကို ဝေဒနာ လို့  ခပ်လွယ်လွယ် သိမှတ်ကြတယ်
အမှန် ကတော့ နာမှူ ကျင်မှူ က ဝေဒနာ မဟုတ်ပါဘူး။

နာတယ် ကျင်တယ် ဆိုတာ ခံစားသိတာက မှ ဝေဒနာ ဖြစ်ပါတယ်။စိတ်ထဲမှာ နာတယ် လို့ 
ခံစားမိတာ ကျင်တယ် လို့ ခံစားမိတာ အဲ့ဒါ ဝေဒနာပါ။လက်နာရင် လက်မှာ ဝေဒနာ ပေါ်တယ်
ခေါင်းနာရင်ခေါင်းမှာ ဝေဒနာ ပေါ်တယ်။နာတယ်လို့ ခံစားမိတဲ့စိတ်ကလေး က ဝေဒနာဖြစ်ပါတယ်။
ပျော်ရွင်ခြင်း ၀မ်းနည်းခြင်းကိုခံစားမိတာလည်း ဝေဒနာ ပဲဖြစ်ပါတယ်။ဘာကိုမှ မခံစားပဲနေတာက
ဥပေက္ခာ ဝေဒနာ ဖြစ်ပါတယ်။ဝေဒနာ ရဲ့သဘောက မနှောမှာခံစားမှူပေါ်လာတာမျိုးပါ။
နာတယ် ကျင်တယ် ခံစားရတာ မှ ဝေဒနာ မဟုတ်ဘူး  ခံစားမှူ အားလုံး ဟာ ဝေဒနာ ပါ။
ပျော်ရွင်တဲ့ သူက ပီတိ ဆိုတဲ့ သုခ ဝေဒနာ ခံစားနေတာပါ။ဝမ်းနည်းတဲ့သူက မကျေနပ်ခြင်းတွေ နဲ့
ဒုက္ခ ဝေဒနာ ကိုခံစားရပါတယ်။

ခပ်လွယ်လွယ် ကတော့ နာတာကျင်တာကို  သိမှတ်ကြတာများပါတယ်။

 နာတာကိုနာတယ်  နာတယ် လို့ သိနေတာက  သမထ ဖြစ်ပြီး နာမှူသဘောမှာ စစ် ခနဲ့ နာတယ်
ပြီးရင်ပျောက်သွားတယ် စစ် ခနဲ့နာတယ် ပြီးရင်ပျောက်သွားတယ် ဒါ ကိုမြင်အောင်ကြည့်နိုင်ရင်
ဝိပဿနာ ဖြစ်ပါတယ်။ နာတာ ကျင်တာ က ဆက်တိုက်နာနေတာမျိုး မဟုတ်ပါဘူး။ စစ် ခနဲ့ နာပြီးရင်
ပျောက်သွားပါတယ်။တစစ်စစ် နဲ့ဖြစ်နေတာမျိုးပါ။ဒါကို သေချာ စိုက်ကြည့်ရင် နာတယ် ဆိုတဲ့ဝေဒနာ မှာ
တောက်လျှောက်နာနေတာမျိုးမဟုတ်ပဲ နာလိုက်ပျောက်သွားလိုက်ဖြစ်နေတယ်ဆိုတာ သိလာပါမယ်။
နာတာလေးဖြစ်လိုက် နာတာပျောက်သွားလိုက်နဲ့  အဲ့ဒါ ကို ၀ိပဿနာ ညာဏ် နဲ့ စောင့်ကြည့်ရင်
ငြီးငွေ့ ပြီး နာတာလေးပျောက်သွားပါလိမ့်မယ်။ အဲ့လို ပျောက်သွားအောင် အာရုံမများပဲ
စောင့်ကြည့်ပေးလိုက်ပါ။

 နာတာလေးတွေ ဆုံးသွားရင် တစ်မဂ် တစ်ဖိုလ် ဆိုဒ်ရောက်ပါလိမ့်မယ်။

ဝေဒနာက္ခန္ဓာရဲ့ သဘောမှာ စစ်ခနဲ  ဖြစ်လိုက် ပျောက်သွားလိုက် နောက်ထပ်  စစ် ခနဲ့ ဖြစ်လိုက်
 ပျောက်သွားလိုက်  နဲ့ ဆိုတာ ပဲ ပေါ်နေတာပါ။သူ့ သဘောတရားကို သိစေချင်ပါတယ်။

*****တတိယမြောက်သမီးတော်*****

9 comment:

စံပယ်ချို said...

သမီးတော်ရေ...
မာမားရောက်တယ်နော်
ဖတ်ခဲ့မှတ်ခဲ့တယ်

အိပ်မက်ကောင်းကင် said...

လာရောက်မှတ်သားသွားပါတယ်
လာမည့်နှစ်သစ်မှာ စိတ်သစ်ကိုယ်သစ်နဲ့ပျော်ရွှင်နိုင်ပါစေ
ခင်တဲ့(အိပ်မက်ကောင်းကင်)

3rdthameetaw said...

ဟိုက်
ဂျက် ဘယ်အချိန်က မာမား ဖြစ်သွားတာလဲ
မုန့် တော့ကျွေးလေကွာ မာမားဖြစ်တဲ့သူက

3rdthameetaw said...

ဆူးသစ် has left a new comment on your post "(၂)ဝေဒနာက္ခန္ဓာ":

ဝေဒနာကိုဝေဒနာလို့သိမှဝိပဿနာဖြစ်တာကိုး။နာတာကျင်တာကိုမဟုတ်ဘူးပဲ။ကျွန်တော်လည်းတရားထိုင်ချင်တယ်ဗျာ။သမီးတော်လိုတရားသိနေတဲ့လူကတရားကိုသေသေချာချာရှင်းပြနိုင်တယ်ဆိုတော့သီလရှင်ဝတ်ပြီးကျွန်တော်တို့ကိုသေသေချာချာရှင်းပြရင်ကောင်းမယ်။တရားကျင့်ပြီးတော့လေ။ပိုပြီးတရားရနိုင်တာပေါ့။

မိုးနတ်ကြယ်စင် said...

၂ ပြီးရင် ၃ ...စောင့်ဖတ်နေတယ်နော် အမ..
တရားတွေ မျှဝေပေးတာကျေးကျေးပါ...:)
နှစ်သစ်မှာပျော်ရွှင်နိုင်ပါစေ...
ချစ်တဲ့...မိုးနတ်

မိုးသူ(တောင်ကြီး) said...

တ၇ားဓမ္မာတွေကို ဖြန့် ဝေပေးနေတဲ့ 

သမီးတော်ရဲ့ ဆိုဒ်လေးအတွက်ဂုဏ်ယူပါတယ်

ဒါဟာလဲကုသိုလ်တမျိုးပဲမဟုတ်ပါလားခင်ဗျာ

ခင်တဲ့
မိုးသူ(တောင်ကြီး)

ကြည်ဖြူခင်ခင် said...

တကယ်ပဲ. အသိတွေ တိုးခဲ့ပါတယ်ရှင်.. ကျေးဇူးလည်း တင်ပါတယ်..

ချစ်စံအိမ် said...

မားမား ညီမလည်းရောက်ခဲ့ဖတ်ခဲ့ပါတယ် မမရေ

Unknown said...

မျှ​ဝေ​ပေး​နေတာကိုအထူး​ကျေးဇူးတင်​ပါသည်