ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, December 6, 2012

ပဋိစ္စသမုပ္ပဒ်(၈)







ပဋိစ္စသမုပ္ပဒ်(၈) ကတော့ နောက်ဆုံး အသွယ် ပါ။

ခြင်းရာနှစ်ဆယ် ဖြစ်ပါတယ်။

အတိတ် အကြောင်းခြင်းရာ ငါးပါး(၁-အကွက်) ပစ္စုပ္ပန် အကျိုး ခြင်းရာငါးပါး(၂-အကွက်)
ပစ္စုပ္ပန် အကြောင်းခြင်းရာငါးပါး(၃-ကွက်) အနာဂတ် အကျိုးခြင်းရာငါးပါး(၄-အကွက်)

အတိတ်ကြောင်းခြင်းရာ ငါးပါး ဆိုတာ  အ၀ိဇ္ဇာ၊သင်္ခါရ၊ တဏှာ၊ဥပါဒါန်၊ဘဝ

ပစ္စုပ္ပန် အကျိုးခြင်းရာ ငါးပါး ဆိုတာ   ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ

ပစ္စုပ္ပန် အကြောင်းခြင်းရာ ငါးပါး ဆိုတာ  တဏှာ၊ ဥပါဒါန်၊ဘ၀၊ အ၀ိဇ္ဇာ၊ သင်္ခါရ

အနာဂတ် အကျိုးခြင်းရာ ငါးပါး ဆိုတာ  ၀ိညာဏ်၊နာမ်ရုပ်၊သဠာယတန၊ဖဿ၊ဝေဒနာ

 အတိတ် ကြောင်းခြင်းရာကနေ စပြီးကြည့်လိုက်ရင်  သစ္စာ မသိ ကြလို့  ပြုလုပ်ကြတယ်
ဘာနဲ့ လုပ်သလဲ လိုချင်တပ်မက်မှူတဏှာ နဲ့လုပ်တယ် စွဲစွဲလမ်းလမ်း လုပ်တယ်
အဲ့လို လုပ်လို့  အကျိုးခံစားရတယ်  လက်ရှိ ပစ္စုပ္ပန် အကျိုးပါ။

လက်ရှိ ပစ္စုပ္ပန် မှာ အကျိုးခံစား ရတာ က  ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်
နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုရလာတယ်။

လက်ရှိဘ၀မှာ  လိုချင်တပ်မက်တဲ့ တဏှာ စိတ် နဲ့   စွဲစွဲလမ်းလမ်း လုပ်မယ် ဆိုရင်
သစ္စာ မသိ တဲ့ စိတ် နဲ့  ပြုလုပ်ကြမယ် ဆိုရင် အနာဂတ် မှာ အကျိုးဖြစ်လာ မယ်

ဘယ်လို အကျိုးတွေ ဖြစ်လာမလဲ---- ၀ိညာဏ် လို့ ခေါ်တဲ့ အသိစိတ်

နောက် (နာမ် နဲ့ ရုပ်) ပြီးတော့ (သဠာယတန လို့ ခေါ်တဲ့  မျက်စိ  နား  နှာခေါင်း လျှာ ကိုယ်  စိတ်)
(ဖဿ အတွေ့ အထိ) ( ဝေဒနာ ဆိုတာ ခံစားမှူ)  အဲ့တာတွေကိုပြန်ရပါမယ်။


 ဒါတွေ ပဲပြန်ရမယ် ဆိုတာ ကိုမသိလို့  ပြုလုပ်ကြ အားထုတ် ကြတာကို ဘုရားရှင် ကိုယ်တော်မြတ်
နဲ့ ရဟန္တာ များက သိအောင်မြင်အောင် ဟောပြ  ညွှန်ပြထားတာ  ကိုလေ့ လာသိထားပြီး
နားလည်ဖို့ အရေးကြီးလှပါတယ်။

ဒုက္ခတွေ ပဲ အဖန်တလဲလဲ ရနေပါလားဆိုတာ သိမှ သံသရာက နေ ထွက်ဖို့ စိတ်ကူးမိမယ်
ထွက်တဲ့လမ်းကိုရှာကြမယ်  ဒါ ဆိုရင်တော့ ပဋိစ္စသမုပ္ပဒ်ကို ဘာလို့ သင်ယူ ရသလဲ ဆိုတာလေးကို
နားလည် ကြပါလိမ့်မယ်။

ပဋိစ္စသမုပ္ပဒ် ကို သိထား နားလည်ထားရင်  တရားအခြေခံ ရှိထားပြီးဖြစ်လို့  အဘိဓမ္မာ တရား
တွေ ကို နာကြားပြီး ၀ိပဿနာ အားထုတ် ဖို့  အဆင်သင့်ဖြစ်ကြပါပြီ။

သံဝေဂ မရှိရင် သုတ္တာန် တရားတွေ နာကြားပြီးမှ ၀ိပဿနာ အားထုတ် ဖို့  အဆင်ပြေမှာ
ဖြစ်ပါတယ်။ သံဝေဂ ဆိုတာ  ခန္ဓာ ရဲ့ လည်ပတ် မှူ ဒုက္ခ ကို သိဖို့ ဖြစ်ပါတယ်။

*****တတိယမြောက်သမီးတော်*****

5 comment:

စံပယ်ချို said...

သမီးတော်ရေ...........
ဒုက္ခတွေ ပဲ အဖန်တလဲလဲ ရနေပါလားဆိုတာ သိမှ သံသရာက နေ ထွက်ဖို့ စိတ်ကူးမိမယ်
ထွက်တဲ့လမ်းကိုရှာကြတဲ့ sis jasmine

mstint said...

ရွှေမြင့်မိုရ်မှာ ပဋိစ္စသမုပ္ပါဒ် သင်တန်းတက်ခဲ့စဉ်က ဆရာတော်ဘုရားကြီးရဲ့ မိန့်မှာတာလေးတွေ ပြန်သတိရသွားတယ် သမီးတော်ရေ။
ပြန်လည်မျှဝေပေးတာ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

3rdthameetaw said...

Add star
mstint
Fri, Dec 7, 2012 at 11:35 AM
To: thameetaw3rd@gmail.com
Reply | Reply to all | Forward | Print | Delete | Show original
mstint has left a new comment on your post "ပဋိစ္စသမုပ္ပဒ်(၈)":

ရွှေမြင့်မိုရ်မှာ ပဋိစ္စသမုပ္ပါဒ် သင်တန်းတက်ခဲ့စဉ်က ဆရာတော်ဘုရားကြီးရဲ့ မိန့်မှာတာလေးတွေ ပြန်သတိရသွားတယ် သမီးတော်ရေ။
ပြန်လည်မျှဝေပေးတာ ကျေးဇူးပါနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိပ်မက်ကောင်းကင် said...

ဘာလိုလိုနဲ့ ပဋိစ္စသမုပ္ပဒ်(၈) တောင်ရောက်လာပြီနော်
မှတ်သားသွားပါတယ်

ချစ်စံအိမ် said...

မမရောကျေးဇူးပါနော်..