ပွင့်သစ်စ ပန်းလေးတစ်ပွင့်လောက
ကြီးအကြောင်းကိုကောင်းကောင်းမသိသေး။
သို့ သော် မိဘများက သာကေတ မြို
့မှသူဌေးသားတစ်ဦးနှင့်ပေးစားဖို့ပြောလာတော့
အံသြတုန်လှူပ် လက်မခံနိုင်စွာ
ခေါင်းခါမိသည်။တစ်ဦးတည်းသောသမီးလေး ..ဒါသီ
အိမ်မှူကိစ္စ ဗာဟီရ `၌ ကျွမ်းကျင်လိမ်မာသူလေး။မိဘများက
ဖူးဖူးမှူတ် သဲသဲလှူပ်
ချစ်မဆုံး။ အနန္တော အနန္တ ငါးပါးကိုလည်း
ဦးထိပ်ထားကာ သဒ္ဒါရိုကျိုးမြတ်နိုးကြည်
ညိုသူ။အလှူရေစက် လက်နှင့်မကွာသူ။သီလ
အရာမှာ နိစ္စဓူဝ ပဉ္စင်္ဂ သီလကိုခါးဝတ်
ပုဆိုးလိုမြဲမြံအောင်ဆောက်တည်သူ။
အဆင်းလည်းလှ။အချင်းနှင့်လည်းပြည့်စုံ။လိမ္မာရေးခြားလည်းရှိ
အနေအထိုင်သိပ်
သည်း မိန်းမတော်-မိန်းမကောင်းလေး ဣသိဒါသီ …တဲ့။ဒီနာမည်လေးကို မသိသူမရှိ။
ကာလ သားတို့ တမ်းတမ်းစွဲ စုံမက်နှစ်သက်ကြ၏။မြတ်နိုးတန်ဖိုးထား၏။အိမ်နားတ၀ိုက်
ဣသိဒါသီ ကိုမြင်ရနိုးနိုး လျှောက်ပြန်သံပေး
အဝေးမှချောင်းမြောင်းကြည့်ကြ၏။
သို့ ရာတွင် ဗိုင်းကောင်းကျောက်ဖိဣသိဒါသီလေး၏
အရိပ်အရောင်သော်မှ မမြင်ရ။
လောက၏ သဘာဝ မရနိုင်လေ လိုချင်လေ
ဖြစ်၏။
``အဖေ ကလဲတွေ့ ရာလူနဲ့ပေးစားပါ့မလား..အဖေတို့ထက်နှစ်ဆ
ချမ်းသာတယ်။
ယောင်္ကျားလေးကလဲ အဖက်ဖက် ကတော်ရှာတယ်။သောက်စားမူးယစ်မရှိဘူး။
သမီးနဲ့လိုက်ဖက်တဲ့  သတို့သားလောင်းလေးပါကွယ်``
``မိဘနဲ့အတူနေတာလောက်စိတ်ချမ်းသာစရာကောင်းတဲ့နေရာ..သမီးတော့
ရှာမတွေ့သေးဘူး အဖေရယ်``