ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...
Posted on: Monday, December 30, 2013
ပုထုဇဉ် နှင့် အရိယာ
သူခိုးနှစ်ယောက်သည် ဇေတ၀န် ကျောင်းတော် တရားပွဲ``၌ တရားနာသူများ အကြားတွင်ရောကာရောက်
နေလေ၏။ တစ်ဦးသော သူခိုးသည် တရားတော်ကိုနာကြား၍ နေ၏။ ကျန်တစ်ဦးသည် ပစ္စည်း ခိုးယူရန်
ကြံစည်၍ကြည့်ရှူနေ၏။
Posted on: Thursday, December 26, 2013
ဖြစ် ပျက် ဆိုတဲ့ အသိ တရား
ဖြစ်ပျက် ဆိုတဲ့ အသိတရား ဟာ တန်ဖိုးအင်မတန်ကြီးမားပါတယ်။
ဒီ စကားလေးကို ခပ်ပေါ့ပေါ့ ရယ်သွမ်းသွေးပြီး ပြောတာလေးကို ကြားမိပြီး အင်မတန်မှ စိတ်မချမ်းမသာ
ဖြစ်မိလို့ ပါ။
Posted on: Friday, December 20, 2013
ကိုယ့်ကိုကိုယ် ချစ်ပါ
လူတိုင်းလိုလိုက ကိုယ့်ကိုကိုယ်ချစ်ရကောင်းမှန်းမသိကြပါဘူး။ဒါကြောင့်လည်း သားအတွက် သမီးအတွက်
ခင်ပွန်းသည်မ အတွက် ခင်ပွန်းသည်အတွက် ဆွေအတွက် မျိုးအတွက်ရယ်လို့ လောဘ ဒေါသတွေဖြစ်နေခဲ့
ကြတယ်။
Posted on: Friday, December 6, 2013
အအိပ်ဆိုးသော မယားကြောင့် သောတာပန် တည်သော ယောက်ျား
သာဝတ္ထိပြည်`၌ နေသော အမျိုးသားတစ်ဦးသည် ရဟန်းတော်များ၏ ဆွမ်းထမင်းဟင်းအကျန်ကို သုံးဆောင်
ရ၍ ဤ သို့  လျှင် အကြံဖြစ်၏။
ငါသည်နေ့ ည ပတ်လုံးပင်ပန်းဆင်းရဲစွာ အလုပ်ကိုကြိုးစားသော်လည်း ဤ အရှင်ကောင်းတို့၏ ဆွမ်းကဲ့သို့
ကောင်းသော ထမင်းဟင်းကိုမစားရ။ ငါ၏လူအဖြစ်သည် အကျိုးမရှိ။ရဟန်းပြုအံ့ ဟု ကြံလေ၏
Posted on: Tuesday, December 3, 2013
သေဖို့ ကော အား အုံးမှာလား
မဟာသီဝ အမည်ရသောမထေရ်ကြီးတစ်ပါးသည် ဂိုဏ်းကြီးတစ်ဆယ့်ရှစ်ဂိုဏ်း ရဟန်းတော်ပေါင်း
တစ်ဆယ့်ရှစ်သင်းတို့ကိုစာဝါပို့ချနေထိုင်တော်မူ၏။ထိုမထေရ်ကြီး၏ အဆုံးအမ သြ၀ါဒကို ခံယူသူများမှ
ရဟန်းတော်ပေါင်း သုံးသောင်းတို့ အရဟတ္တဖိုလ်သို့ရောက်တော်မူကြပြီးဖြစ်သည်။ ထိုတပည့် ရဟန္တာ
သုံးသောင်းအနက် ရဟန္တာ တစ်ပါးသည်"   မဟာသီဝ မထေရ်မြတ်ကြီး၏ သီလ စသော ကျေးဇူး
ဂုဏ်အထူးကို ဆင်ခြင်ကြည့်လေသော် ပုထုဇဉ် သာ ဖြစ်ရှိနေသေးသည်ကို မြင်၍ မဟာသီဝ မထေရ်
မြတ်ကို အဆုံးအမ သြ၀ါဒ ပေးပေအံ့ "ဟု ကြံစည်ပြီးကောင်းကင်ခရီး ဈာန်ယာဉ်စီး၍ကြွတော်မူကာ
ကျောင်းတိုက်အနီး သက်ဆင်း၍ ဆရာ ဖြစ်သူထံ ဆည်းကပ်လျှက် အရိုအသေ ပြု ပြီးသော် အပြစ်လွတ်ရာ
နေရာ`၌ ထိုင်နေတော်မူ၏။
Posted on: Thursday, November 28, 2013
ပူဇော်ဝန္တ ဂါရဝ
၂၀၀၃ ခုနှစ် ဇူလိုင်လ (၂၉)ရက်နေ့ မှ သြဂုတ်လ(၆)ရက်နေ့ထိ  (၉)ရက်တာ အချိန်ကာလ
  မိုးကုတ်မြို့  ဓမ္မရံသီရိပ်သာ ကျောင်းတိုက်ကြီးတွင်သစ္စားလေးပါးတရားတော်များကို
 နာယူမှတ်သားကျင့်ကြံ အားထုတ်ခွင့်ရခဲ့ပါသည်။
Posted on: Monday, November 25, 2013
ငရဲ နဲ့ နိဗ္ဗာန် ဘယ်ကိုသွားမလဲ
ငရဲ နဲ့ နိဗ္ဗာန် ဘယ်ကိုသွားမလဲမေးရင် နိဗ္ဗာန် သွားမယ်လို့ဖြေတတ်ကြပေမယ့်
တစ်ရက်တစ်ရက်မှာ နိဗ္ဗာန် သွားတဲ့အလုပ် ကိုဘယ်လောက်လုပ်ကြသလဲ လို့ မေးရင်
ဘယ်သူမှ သဲသဲကွဲကွဲ မဖြေနိုင်ကြပါဘူး။
Posted on: Saturday, November 23, 2013
အထူးအစီအစဉ်(၁၀) ၀ိပဿနာ ဆက်လက် အားထုတ်ပါ
ဝိပဿနာ ညစ်ညူးကြောင်းတရား(၁၀)ပါး ရှိသည်။
၁။ သြဘာသ=ကိုယ်ရောင် ကိုယ်ဝါ အရောင်အလင်းများ။
၂။ ။ပီတိ= နှစ်သက်မှူများ။
၃။ ။ပဿဒ္ဓိ =ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှူများ။
Posted on: Thursday, November 21, 2013
အထူး အစီအစဉ်(၉) ၀ိပဿနာ အားထုတ်ခြင်း
ဝိပဿနာ အားထုတ်ခြင်းသည် ပုထုဇဉ်နယ်မှ အရိယာ နယ်သို့ တက်လှမ်းခြင်းဖြစ်သည်။
တက်လှမ်းရခြင်းအကြောင်းရင်းမှာ ပုထုဇဉ်တို့၏ သေခြင်းသည် ဂတိ မမြဲခြင်း။
အရိယာတို့၏ သေခြင်းသည် ဂတိမြဲခြင်း။ ပုထုဇဉ်တို့၏ သံသရာသည် အဆုံးမရှိခြင်း။
အရိယာ တို့ ၏ သံသရာသည် နိဗ္ဗာန်`၌ အဆုံးရှိခြင်း ။ စသည့် နှိုင်းယှဉ်၍ မရလောက်အောင်
ကျေးဇူးကြီးမားခြင်းကြောင့် အရိယာနယ်သို့ တက်လှမ်းနိုင်ရန် ကြိုးစားအားထုတ်ကြခြင်းဖြစ်သည်။
Posted on: Wednesday, November 20, 2013
အထူးအစီအစဉ်(၈) နိဝရဏ ငါးဖြာ ဖယ်ရှူပါ
ကုသိုလ် ရရုံလောက် လူအထင်ကြီးခံရရုံလောက် တရားအားထုတ်သူများအတွက်  ဤကဲ့သို့သော
တရားတော်များသည် မလိုအပ်ပေ။
Posted on: Tuesday, November 19, 2013
အထူးအစီအစဉ်(၇) အဓိပတိ(၃)ပါး လက်ကိုင်ထား
ဟုတ်မှန်သောစကားသည် အကျိုးရှိ လျှင် ပြောသည့်သူက ပြောရမည်။ နာယူသည့်သူကလည်းနာယူရမည်။
ကြမ်းတမ်းသောစကားဖြစ်ပါစေ နုးညံသောစကားဖြစ်ပါစေ မည်သည့်စကားကိုမဆို ပြောရမည်ဖြစ်ပြီး နာယူ
သူကလည်းကြမ်းတမ်းသည် နုးညံ့သည် မခွဲခြားပဲ နာယူမှတ်သားရမည်။
လောက တွင်လူမြင်သူမြင်ကောင်းအောင် ကြားကောင်းအောင် အထင်ကြီးအောင် မိတ် မပျက်အောင်
ဆွေ မပျက်အောင် စသည်ဖြင့် ဟန်ဆောင် ပန်ဆောင်  အပေါ်ယံရွှေမှူန်ကြဲကာ ပြောဆိုဆက်ဆံတတ်ကြ
သည်။
ထိုနည်းတူစွာ မိမိခန္ဓာတွင် ကိလေသာရှိသည်ကိုလူသိမည်စိုးရိမ်ပြီးဟန်ဆောင်ပန်ဆောင်ဖုံးကွယ် နေတတ်
ကြသည်။လူအထင်ကြီးအောင် လုပ်ပြတတ်ကြသည်။စောင့်စည်းထိမ်းသိမ်းဟန် သီလရှိဟန် သမာဓိရှိဟန်
ဆောင်တတ်ကြသည်။
ဝိပဿနာ   အားထုတ်သူများသည်လည်း ကိလေသာထကြွခြင်းဖြစ်ကြမည်ပင်။ ထိုရောအခါ အဓိပတိ(၃)ပါးဖြင့်
သီလ သမာဓိ ပညာကိုမြှင့်တင်ကြရမည်။
 ၁။ ။အတ္တာ ဓိပတိ           =မိမိ ကိုယ်ကို အကြီးအမှူးထားခြင်း။
၂။ ။လောကာ ဓိပတိ       =ပတ်ဝန်းကျင်ကိုအကြီးအမှူးထားခြင်း။
၃။ ။ဓမ္မာ ဓိပတိ               =တရားတော်ကို အကြီးအမှူးထားခြင်း။
ဝိပဿနာ အားထုတ်ရင်းပျင်းရိသည့်စိတ်ဝင်လာလျှင်  သားရေး သမီးရေး သံသရာရှည်ဖို့အရေး မှာဖြင့် အားကြိုး
မာန်တက် ကြိုးစားပြီး သံသရာမှ လွတ်မြောက်ရေး ခန္ဓာ့ ဒုက္ခ မှ ငြိမ်းအေးရေးကိုတော့ဖြင့် ပျင်းနေလိုက်တာ
နင် ဒီလိုပျင်းရိနေခြင်းက သံသရာထဲ ကျင်လည်နေချင်သေးလို့ လား  ခန္ဓာ့ ဒုက္ခ ခံချင်သေးလို့လား စသည်ဖြင့်
မိမိကိုမိမိ အကြီးအမှူးထား၍ ဆုံးမပါ။မိမိ စိတ်ကိုမြှင့်တင်ပါ။ ပြုပြင်ပါ။ထိုနည်းသည် အတ္တာဓိပတိ ဖြစ်သည်။
မိမိ လိုချင်သည့်တရားထူးတရားမြတ်ရအောင် ရည်မှန်းချက်ထားပြီး မပျင်းမရိကြိုးစားအားထုတ်ပါ။
ဝီရိယ လျော့လာတိုင်း အတ္တာ ဓိပတိ ဖြင့် မိမိကိုယ်ကို အကောင်းဆုံးဖြစ်အောင် ပြု ပြင် စီရင်ပါ။
ဝိပဿနာ  အားထုတ်နေသည်ကို တွေ့ လျှင် လူတို့ သည်၎င်း။နတ်တို့သည်၎င်း။အရိယာသူတော်ကောင်းတို့
သည်၎င်း။တရားနည်းလမ်းသင်ကြားပို့ချသောဆရာသမားတို့ သည်၎င်း။  သာဓု ခေါ်ကြသည်။
ထို့ သို့ ပတ်ဝန်းကျင်မှ သာဓုခေါ်ဆိုကြပါလျှက် လူနတ်တို့  လက်အုပ်ချီမိုး ပူဇော်မှူပြုကြပါလျှက်
မိမိက ဖြစ်ပျက် သော်မှ မမြင်ပဲတွေးချင်ရာတွေးနေမည် ဆိုလျှင်ရှက်ဖွယ် ကောင်းလှပါသည်။
လူကတော့ ငုတ်တုတ်ထိုင်နေသဖြင့် ကာယဣနြေ္ဒ  ၀စီဣနြေ္ဒ ငြိမ်သက်ကာ တရားမှတ်နေသည် ဟု ပတ်ဝန်းကျင်က မြင်သော်လည်း မနှော `၌မူ ဗွက်ပေါက် မတတ် တွေးနေခြင်းသည်ပတ်ဝန်းကျင်ကို
ဟန်ဆောင်နေခြင်း လိမ်ညာနေခြင်းသာဖြစ်သည်။အဘိညာည်ရသောအရိယာသူတော်ကောင်းတို့ က
မိမိ စိတ်ကိုသိနေသည်ကိုမမေ့ထားလိုက်ပါနှင့်။ လူအထင်ကြီးအောင် ဟန်ဆောင်နေမိပါလား။
နတ်တွေအထင်ကြီးအောင် ဟန်ဆောင်နေမိပါလားဟု လောကာဓိပတိ ဖြင့်  မိမိကိုယ်ကို မြှင့်တင်လိုက်ပါ။
ပြု ပြင် စီရင်လိုက်ပါ။ ဆုံးမလိုက်ပါ။
ဖြစ်ပျက် ကိုမြင်အောင် ရှူမည်။ ဖြစ်ပျက် အမြင်စိပ်လျှင် ရင်ထဲအေးပြီး နိဗ္ဗာန် ရမည်ကို တွေးသိပြီး တရားရှူ
မှတ်ခြင်းဖြင့် ဓမ္မာ ဓိပတိ လက်ကိုင်ထားကာ ကြိုးစားအားထုတ်ကြရမည်။
ဤသို့နည်းဖြင့် အကြီးအမှူးအရာထားတတ်ခြင်းသည် နိဗ္ဗာန်ရောက်ရန် အထောက်အပံ့ကောင်းဖြစ်သည်ကို
တရားချစ်ခင် သူတော်စင်တို့ မမေ့ မလျော့ မှတ်သား လိုက်နာရန် လိုအပ်လှပါသည်။
*****တတိယမြောက်သမီးတော်*****
Posted on: Monday, November 18, 2013
အထူးအစီအစဉ်(၆) လေးပါးသောတရား မှ ခုနှစ်ပါးသောတရား
တစ်ပါးသော အာနာပါန ကမ္မဌါန်းကိုပွားများခြင်းကြောင့် လေးပါးသော သတိပဌါန်တရားတို့နှင့်ပြည့်စုံ၏။
လေးပါးသောတရားကိုပွားများခြင်းသည် ခုနှစ်ပါးသော တရားနှင့်ပြည့်စုံ၏။
ခုနှစ်ပါးသောတရားဟူသည် ဗောဇ္ဈင်(၇)ပါး ဖြစ်သည်။ ဗောဇ္ဈင် ဆိုသည်မှာ သစ္စာသိသောအကြောင်းတရား
ကို ဗောဇ္ဈင်ဟုခေါ်သည်။
 အာနာပါန ကမ္မဌါန်းကိုရူမှတ်ပွားများရာတွင် သတိနှင့်စောင့်ကြည့်ရ၏။ရုပ်သော်၎င်း။ နာမ်သော်၎င်းး
ပေါ်လာသည့် ဓမ္မ ကိုသတိ ဖြင့်  သိနေခြင်းသည် သတိသမ္ဗောဇ္ဈင်ဖြစ်၏။
သတိဖြင့် ဆင်ခြင်သိမှတ်နေခြင်းသည် သတိ သမ္ဗောဇ္ဈင် နှင့် ပြည့်စုံနေခြင်း ဖြစ်၏။
သတိဖြင့် သိမှတ်နေခြင်းတွင်ရုပ်ပဲ  နာမ်ပဲ  အကြောင်းကြောင့် အကျိုးဖြစ်နေခြင်းပဲ ဟု ခွဲခြားဆင်ခြင်နိုင်ခြင်း
သည် ပညာ၏ သဘောဖြစ်သည်။ထိုသို့  ပညာ ဖြင့် ဆင်ခြင်နိုင်ခြင်းသည် ဓမ္မ၀ိစယသမ္ဗောဇ္ဈင် နှင့်ပြည့်စုံ
နေခြင်းဖြစ်သည်။
ပေါ်လာသမျှ ရုပ်နာမ်ဓမ္မ တို့ကိုသတိဖြင့် တရစပ် ရှူမှတ်စောင့်ကြည့်အားထုတ် ခြင်းသည်
 ၀ီရိယ သမ္ဗောဇ္ဈင်နှင့် ပြည့်စုံနေခြင်းဖြစ်သည်။
ကြိုးစားအားထုတ်လို့  အဖြစ်ကိုအဖြစ်မှန်းသိနေခြင်း အပျက်ကို အပျက်မှန်းသိနေခြင်း အကြောင်းအကျိုးကို
ဥာဏ်ဖြင့် ရှင်းလင်းစွာသိခြင်း တို့ ဖြင့် ဥာဏ်ရည်တိုးတက်လာခြင်းတွင် သူတော်ကောင်းတို့ သဏ္ဍာန် `၌
ပီတိ ဖြစ်ရပါသည်။ ခန္ဓာရဲ့ သဘောဟာ ဒီလိုပါလားဟု အသိဥာဏ်တိုးတက် သိရှိရခြင်းကြောင့်။ ဓမ္မကို
ယုံကြည်မြတ်နိုးခြင်းကြောင့်  ပီတိ စိတ်သည် ဖြစ်ပေါ်၏။ထို့ ကြောင့် ပီတိသမ္ဗောဇ္ဈင် နှင့် ပြည့်စုံနေခြင်း
ဖြစ်သည်။
အဖြစ် အပျက် အကြောင်းအကျိုးတို့ ကို သိမှတ် ဆင်ခြင်နေသူသည် ကိလေသာဝင်လာခြင်းမရှိသည့်အတွက်
ကိုယ်ရောစိတ်ပါ အေးချမ်းနေသည်။ယင်းကဲ့သို့  အေးချမ်းငြိမ်သက်ခြင်းသည် ပဿဒ္ဓိ သမ္ဗောဇ္ဈင် နှင့် ပြည့်စုံခြင်း
ဖြစ်သည်။
ခန္ဓာ၏ သဘောကိုရှူမှတ်ဆင်ခြင်နေခြင်းကြောင့် ကိလေသာငြိမ်းအေးပြီးစိတ်အေးချမ်းသာရှိနေသူသည်
တည်ကြည်ခြင်းရှိ၏။ ထို့ သို့ တည်ကြည်ခြင်းသည် သမာဓိ သမ္ဗောဇ္ဈင် နှင့် ပြည့်စုံနေခြင်းဖြစ်သည်။
သတိ။ပညာ။ဝိရီယ တို့ ဖြင့် ရှူမှတ်နေသူသည် ပီတိ ပဿဒ္ဒိ     စသည်ဖြင့် စိတ်တွင်ဖြစ်ပေါ်နေသော်လည်း
ချမ်းသာခြင်းသုခကို ခံစားလိုသည့် စိတ်မျိုး မရှိပဲ ရုပ်၏သဘော နာမ်၏ သဘောဖြစ်မှူပျက်မှူတွင်သာ
အာရုံစူးစိုက် ရှူမှတ်နေခြင်းကြောင့်  လျစ်လှူရှူလျက် နေသည် ဖြစ်၏။ ထိုသို့ လျစ်လျူ  ရှူနေခြင်းသည်
ဥပေက္ခာသမ္ဗောဇ္ဈင် နှင့်ပြည့်စုံနေခြင်းပင် ဖြစ်သည်။
တစ်ပါးသော အာနာပါန ကမ္မဌာန်း စီးဖြန်းခြင်းသည် လေးပါးသော သတိပဌာန် တရားကိုပွားများခြင်းဖြစ်ပြီး
ထိုလေးပါးသော သတိပဌာန် တရားကို ပွားများခြင်းသည် ခုနှစ်ပါးသော ဗောဇ္ဈင် တရားတို့ ကို စီးဖြန်းရာ
ရောက်သောကြောင့် သစ္စာ(အမှန်တရား=ဟုတ်တိုင်းမှန်ရာ)ကို သိစေအပ်ပါသည်။ဥာဏ်အလင်းကို ပွင့်လင်း စေခဲ့ပါသည်။ထိုဥာဏ် အလင်းသည်
ဟုတ်တိုင်းမှန်ရာကိုသိခြင်းတည်း ဟူသောခန္ဓာတို့၏ ဖြစ်မှူပျက်မှူ မမြဲခြင်း ဒုက္ခသစ္စာကိုသိခြင်းသည်၎င်း။
ဒုက္ခသစ္စာ ကိုဖြစ်စေသော သမုဒယသစ္စာ ကိုသိခြင်းသည်၎င်း။သမုဒယသစ္စာကို ပယ်သတ်ဖယ်ရှားသည့်
မဂ္ဂသစ္စာကိုသိခြင်းသည်၎င်း။သမုဒယ တို့၏ ငြိမ်းရာချုပ်ရာ နိရောဓ သစ္စာ ကိုသိခြင်းသည်၎င်း
သိသင့်သည့်တရားကို သိခြင်းဖြစ်သည့်အတွက် ၀ိဇ္ဇာမည်၏။ဝိဇ္ဇာဥာဏ်အလင်းပေါက်သဖြင့်  ၀ိမုတ္တိခေါ်
လွတ်မြောက်မှူ နိဗ္ဗာန် စခန်းသို့ ပေါက်ရောက်ကြရမည်ဖြစ်သည်။ဤသို့ဖြင့် နှစ်ပါးသော တရားတို့နှင့်
ပြည့်စုံလေသည်။
သိသင့်သောတရားတို့ကို သိ၍ သတိပဌာန်လေးပါးဖြင့်အားထုတ်ကျင့်ကြံနိုင်ကြပြီး ဗောဇ္ဈင် ခုနှစ်ပါးနှင့်
ပြည့်စုံကြကာ နှစ်ပါးသော တရားတို့ ဖြင့် နိဗ္ဗာန် စခန်း တက်လှမ်းနိုင်ကြပါသည်။
သိသင့်သောတရားကိုသိခြင်းသည် ၀ိဇ္ဇာ
သိပြီးမှ ကျင့်ခြင်းသည် စရဏ
 ပြည့်စုံခြင်းသည်  သမ္ပန္န
ဝိဇ္ဇာ စရဏ သမ္ပန္နော ဟူသော မြတ်စွာဘုရားရှင်၏ ဂုဏ်တော်ကို
ဥာဏ်တော်ဖြင့် အမြင့်မြတ်ဆုံးပူဇော်ခြင်းဖြင့် ပူဇော်နိုင်ကြပါစေ
*****တတိယမြောက်သမီးတော်*****
Posted on: Sunday, November 17, 2013
အထူးအစီအစဉ်(၅) တစ်ပါးသော တရား မှ လေးပါးသောတရား
အာနာပါန ကမ္မဌါန်းကိုပွားများခြင်းသည် ကာယာနုပဿနာသတိပဌါန်ဖြင့် ၀ိပဿနာရှူပွားခြင်းဖြစ်သည်။
နှာသီးဖျားမှ ၀င်လေ ထွက်လေ ဖြစ်ခြင်း ပျက်ခြင်းကို သတိဖြင့် ရှူမှတ်ရသည့် နည်းဖြစ်သည်။
နှာသီးဖျားသည် ရုပ်  ။ လေသည်ရုပ်ဖြစ်သည်။ရုပ်နှစ်ခု၏ ထိတွေ့မှူတွင်တိုးဝင် တိုးထွက်သည့်သဘောသည်
ဖြစ်၏။ထိုတိုးဝင် တိုးထွက် သည့် သဘောလေးသည် ဖြစ်ပြီးခဏ`၌ ပျက်စီး၏။ထို့သို့ ဖြစ်သည့်သဘောနှင့်
ပျက်သည့်သဘောကို ဥာဏ်ဖြင့်စောင့်ကြည့်သိရှိနေခြင်းသည် နာမ်၏ သဘောဖြစ်၏။
ရုပ်ကို  ကာယ ဟုခေါ်၏။နာမ်ကို စိတ် ဟု ခေါ်၏။
ရုပ်နှစ်ခုထိတွေ့ မှူကြောင့် တိုးဝင်တိုးထွက်သည့်သဘောလေး ဖြစ်ခြင်း ပျက်ခြင်း ကိုစောင့်ကြည့်
အကဲခတ်ခြင်းသည် ကာယာနုပဿနာ သတိပဌါန်ဖြစ်သည်။
ရုပ်ဓမ္မ တို့ ဖြစ်ခြင်း ပျက်ခြင်းကိုစောင့်ကြည့်သိရှိနေခြင်းသည် စိတ်ဖြင့် သိခြင်းဖြစ်၏။
ရုပ်ဓမ္မ တစ်ကြိမ်ဖြစ်လျှင် အဖြစ်ကိုသိသည့်စိတ်သည်တစ်စိတ်။ ရုပ်ဓမ္မ ပျက်သည်ကိုသိလျှင် အပျက်ကို
သိသည့်စိတ်သည်တစ်စိတ်။အဖြစ်သိသည့်စိတ် သည် ရုပ်ဓမ္မ ပျက်ချိန်`၌ ပျက်၏။ ရုပ်ဓမ္မ ပျက်ချိန်`၌
အဖြစ်ကိုသိသည့်စိတ်ပျက်၍ အပျက် ကိုသိသည့် စိတ်ဖြစ်၏။ရုပ်ဓမ္မထပ်ဖြစ်ချိန်`၌ အပျက် ကိုသိသည့်စိတ်
သည် ပျက်၏။ဤ ကဲ့သို့ စိတ်သည်တစ်စိတ်ဖြစ်လိုက် တစ်စိတ်ပျက်လိုက်ဖြစ်နေသည်ကို သူတော်ကောင်း
တို့ ဥာဏ်ဖြင့် သိမှတ်နိုင်ပါလျှင် စိတ်ကိုရှူမှတ်ခြင်းဖြစ်သဖြင့် စိတ္တာနုပဿနာ သတိပဌါန်ဖြစ်သည်။
တနည်း။ ။နှာသီးဖျားမှ ၀င်လေ ထွက်လေကိုရူရှိုက် ရှူမှတ်နေချိန်တွင် မွှေးသောအနံကိုရ၏။ မွှေးသောရနံ
ကိုဝင်လေ ရူမိလျှင်နှစ်သက်မိသောကြောင့် ထပ်မံ ရူချင်စိတ်ဖြစ်လာသဖြင့်  စိတ်သည် လောဘ စိတ်ဖြစ်၏။
ရူသည့် ခဏ ရူစိတ်ကုန်၍ ထွက်လေစထွက်သောအခါ လောဘစိတ်ပျက်စီး၏။ဤနည်းဖြင့် လောဘ
စိတ်သည်ဖြစ်ပြီးပျက်၏။ထပ်ရူလျှင်မွှေးသောရနံကိုထပ်ရပါက ထပ်ပြီးလောဘ စိတ်ဖြစ်ပြန်၏။
ထွက်လေ စ ထုတ်သည့်အခါ  လောဘစိတ်သည်ပျက်၏။ နံသောရနံ နှစ်လိုဖွယ် မကောင်းသောရနံကို
ဝင်လေ ရူမိသောအခါ ဒေါသစိတ်သည် ဖြစ်၏။ ထိုဒေါသစိတ်သည် ထွက်လေစထွက်ချိန်`၌ ပျက်၏။
ဤနည်းဖြင့် စိတ်သည် ဖြစ်လိုက် ပျက်လိုက် ဖြစ်နေသည်ကို ဥာဏ်ဖြင့်ရှူမှတ်သဖြင့် စိတ္တာနုပဿနာ သတိ
ပဌါန်ဖြစ်သည်။
မွှေးသောရနံကိုရူရှိုက်မိသဖြင့် စိတ်တွင် ကျေနပ်နှစ်သက်သောကြောင့် သုခ ဝေဒနာဖြစ်၏။
သုခဝေဒနာသည် ရူသည့်အခိုက်ဖြစ်၏။ထွက်လေစ ထွက်သည်နှင့် သုခဝေဒနာသည် ပျက်၏။
နောက်တစ်ကြိမ် ရူသည့်အခါ သုခ ဝေဒနာသည်ဖြစ်၏။နံသောရနံကိုရူရှိုက်မိသည့်အခါ စိတ်တွင် မရူချင်ပဲ
ရူရသောကြောင့် ဒုက္ခဝေဒနာဖြစ်၏။ထွက်လေ စထွက်သောအခါ ဒုက္ခ ဝေဒနာပျက်၏။
ဤနည်းဖြင့် သုခ ဝေဒနာသည်၎င်း။ဒုက္ခ ဝေဒနာသည်၎င်း။ တစ်ကြိမ်ပြီးတစ်ကြိမ် ဖြစ်လိုက် ပျက်လိုက်
 ဖြစ်နေသည်ကို ဥာဏ်ဖြင့်ရှူမှတ်ခြင်းသည် ဝေဒနာ နုပဿနာ သတိပဌါန်ဖြစ်သည်။
ရုပ်ဓမ္မသည်၎င်း။ နာမ်ဓမ္မသည် ၎င်း ဖြစ်လာသမျှ ပျက် သွားခြင်းကို ဥာဏ်ဖြင့်သိနေခြင်းသည်
ဓမ္မာနုပဿနာ သတိပဌါန်ဖြစ်သည်။
တစ်ပါးသောတရားကိုရှုမှတ်ခြင်းဖြင့်လေးပါးသောတရားနှင့်ပြည့်စုံခြင်းဖြစ်၏။
ဝိပဿနာ ရှုမှတ်သူသည် မိမိ ရှူမှတ်သည့် မူလကမ္မဌါန်းမှ ကြားထိုးဖြစ်ပေါ်သော ဓမ္မ ကို ရှူမှတ်တတ်ရမည်။
ဖြစ်သမျှ ဓမ္မသည် ပျက်သည်ကိုဥာဏ်ဖြင့်သိမှတ်ရမည်။ အာယတန (၆)ပါးမှ လာသော မြင်စိတ် ကြားစိတ်
နံစိတ် စားစိတ် တွေ့ထိစိတ် ကြံတွေးစိတ် တို့  ဖြစ်ပေါ်သမျှ ဥာဏ်ဖြင့် ဖြစ်ဓမ္မမှန်းသိပြီး ဖြစ်ဓမ္မ ပျက်သည်
ကိုစောင့်ကြည့်အကဲခတ်၍ ပျက်ဓမ္မ ကိုမြင်အောင်ကြည့်ကာ ကြားထိုးဖြစ်ပေါ်သည့် ဓမ္မလေး ဆက်လက်
မဖြစ်တော့သောအခါ မူလ ကမ္မဌါန်းကိုအာရုံပြန်ထားပြီး စူးစိုက်ရှူမှတ်ခြင်းဖြင့်မိမိ၏ ၀ိပဿနာ ဥာဏ်အားကို
ပွားများရပါမည်။
ဝိပဿနာ ဥာဏ်အားကောင်းလာသည်နှင့်အမျှ စိတ်အစဉ်သည် ကြည်လင်လာသောကြောင့် ခန္ဓာ ၏
သဘောကို သိသာထင်ရှားစွာမြင်သိလာမည်ဖြစ်သည်။
ခန္ဓာကိုယ်ကို ငါကောင်သူကောင်ဟု ထင်မြင်နေခြင်းမှ ရုပ်တို့၏ သဘော နာမ်တို့၏ သဘောသာရှိသည်ကို
သိမြင်လာ၏။ထို သို့ သိမြင်လာခြင်းသည် ဟုတ်တိုင်းမှန်ရာကိုသိသောဥာဏ်=ယထာဘူတ ဥာဏ်ကိုရခြင်း
ဖြစ်သည်။
ယထာဘူတ ဥာဏ်သည် ရုပ် ရုပ်ချင်းတိုးထိခြင်း အကြောင်း တရားကြောင့်  တိုးထိသည့် သဘော အကျိုး
တရားရခြင်းကိုသိ၏။အကြောင်းကြောင့်အကျိုးဖြစ်သည်ကိုသိ၏။အကြောင်းသည် ပဋိစ။အကျိုးသည်သမုပ္ပဒ်။
ဖြစ်သည်။ရုပ်နှင့် နာမ်တို့သာ ရှိပြီး ရုပ်တို့ ၏သဘော နာမ်တို့၏သဘောသာဖြစ်သည်ကိုသိ၏။
ရုပ်နာမ်တို့၏ သဘောသည် ဖြစ်ပြီးလျှင် ပျက်တတ်သော သဘောသာလျှင်ရှိသည်ကိုသိ၏။
အကြောင်း အကျိုးကိုသိသောဥာဏ်။ ရုပ်နာမ်ကို သိသောဥာဏ် ။ ဖြစ် ပျက် ကို မြင်သောဥာဏ်
ဥာဏ်(၃)ဥာဏ်ကိုရ၏။ဝိပဿနာ  ရူမှတ်ခြင်း၏ အကျိုးကျေးဇူး ပင် ဖြစ်သည်။
မမြဲခြင်းသဘောသည် အနိစ္စမည်၏။ ထိုမမြဲခြင်းအနိစ္စကြောင့်ဆင်းရဲခြင်းဖြစ်ကြသဖြင့်ဒုက္ခမည်၏။
ထိုဒုက္ခသည်ကိုယ်ပိုင် ကိုယ်ဆိုင်ဖြင့်ပြု၍ မရ သူသဘောနှင့်သူသာရှိသောကြောင့် အနတ္တ မည်၏။
ဤသို့လျှင် ယထာဘူတ ဥာဏ်ဖြင့် ဟုတ်တိုင်းမှန်ရာကို  လက္ခဏာရေးသုံးပါးဖြင့် ရှူဆင်ခြင်နိုင်၏။
ထို့ကြောင့် ခန္ဓာငါးပါး ရုပ်နာမ်တရားတို့၏ ဖြစ်ခြင်း  ပျက်ခြင်းတို့သည်
အနိစ္စ  မမြဲ ပါတကား
ဒုက္ခ ဆင်းရဲပါတကား
အနတ္တ ကိုယ်ပိုင်ကိုယ်ဆိုင်ဖြင့် အစိုးမရနိုင်ပါတကား...........ဟု
လက္ခဏာရေးသုံးပါးဖြင့် ရှူမှတ်ဆင်ခြင် သိမြင်ကြကာ
ဖြစ်ပျက်မြင်မုန်း ဆုံး၍
အဆုံးနိဗ္ဗာန် ရောက်နိုင်ကြပါစေ
*****တတိယမြောက်သမီးတော်*****
Posted on: Saturday, November 16, 2013
အထူးအစီအစဉ်(၄) သိရမည့် တရား ပယ်ရမည့်တရား ပွားရမည့်တရား
သဗ္ဗေ သင်္ခါရာ အနိစ္စာ တိ =အကြင် ရုပ်နာမ်သင်္ခါရ အားလုံးတို့သည် အမြဲမရှိကုန် ဟု ၀ိပဿနာ ဥာဏ်ဖြင့်
ရှူမြင်နိုင်၏။ သတ္တ၀ါ လူ ငါ ဟူသော ခန္ဓာ ငါးပါးသည် မတည်မြဲ အစဉ်ဖောက်ပြန်ပြောင်းလဲလျက် ရှိ၏။
မတည်မြဲသမျှသည် ဒုက္ခဆင်းရဲပင် ဖြစ်သည်။ဤဒုက္ခ ဆင်းရဲကို ကောင်းစွာသဘောပေါက်ရန် နားလည်ရန်
အလွန်အရေးကြီးပါသည်။  ဒုက္ခ သစ္စာ သည်  သိရမည့် တရား  ဖြစ်သည်။
အစီအစဉ်(၁) တွင် ပဋိစ္စသမုပ္ပဒ်ကို၎င်း။  ခန္ဓာ ငါးပါး ကို၎င်း။   သိမှတ်ထားရန်လိုအပ်ကြောင်း
 ဖေါ်ပြခဲ့ပြီးဖြစ်သည်။
ဒုက္ခ သစ္စာ ၏ မြစ်ဖျားခံရာသည် သမုဒယ သစ္စာ ဖြစ်သည်။လိုချင်ရချင်၍ အားထုတ်ခဲ့သော တဏှာအရင်းခံ
သင်္ခါရ တရားတို့သည် လက်ရှိတွင် ခံစားစံစားနေရသည့် ဒုက္ခကိုသာအကျိုးပေး၏။ ဒုက္ခ အကျိုးသာရသဖြင့်
ဆင်းရဲဖြစ်ကြောင်း အမှန် သမုဒယ သစ္စာမည်ခြင်းဖြစ်၏။  ထို့ ကြောင့် ဆင်းရဲခြင်းကိုအလိုမရှိကုန်သော
သူတော်ကောင်းတို့သည် ဆင်းရဲခြင်းဖြစ်ကြောင်းကို ပယ်စွန့်ရမည်။ သမုဒယ သစ္စာ သည် ပယ်ရမည့် တရား  ဖြစ်သည်။
ထို သမုဒယ သစ္စာကို   ၀ိပဿနာ ဥာဏ်ဖြင့် ပယ်သတ်ရမည်။ဝိပဿနာ သည် သတိ ပညာ ၀ီရိယ တို့၏ ပေါင်းစု
စွမ်းအားဖြစ်သဖြင့် ဝိပဿနာ ဥာဏ်  အားကြီးလာသောအခါ သမုဒယ သစ္စာ ကိုပယ်သတ်နိုင်၏။
ထိုသို့ ပယ်သတ်နိုင်အောင် နည်းလမ်းအမှန်ဖြင့် ပွားများအားထုတ်ခြင်းသည် မဂ္ဂသစ္စာမည်၏။
မဂ္ဂသစ္စာသည် ပွားရမည့်တရားဖြစ်သည်။
ဝိပဿနာ ဥာဏ်အားကြီးလာပြီး သမုဒယ သစ္စာကို ဥာဏ်ဖြင့်ပိုင်းခြားထင်ထင် ပယ်သတ် နိုင်ပါက
နိဗ္ဗာန် စံ အရိယာ ဖြစ်ပြီ ဖြစ်သည်။သမုဒယ သစ္စာ ငြိမ်းခြင်းသည် နိရောဓ သစ္စာမည်၏။
နိရောဓ သစ္စာသည် ဆိုက် ရောက်ရမည့် တရားဖြစ်သည်။
ဝိပဿနာ ရှူမှတ်သည့် သူတော်ကောင်းသည် အာရုံပျံလွှင့်မှူမရှိအောင် ၀ီရိယ ထား၍ ရှူမှတ်ရပါမည်။
ထို့ သို့ရှူမှတ်နေခြင်းသည် မဂ္ဂ သစ္စာမည်၏။မဂ္ဂ သစ္စာသည် ဖြစ်ခြင်းပျက်ခြင်းဆိုသော ဒုက္ခသစ္စာ၏သဘောကို ရှူမှတ်နေခြင်းဖြစ်၏။ ထို့ သို့ရှုမှတ်နေသောသူ၏စိတ်`၌လိုချင်ရချင် ဖြစ်ချင်သည်
 ဆိုသော ကိလေသာ သမုဒယ သစ္စာ ကင်းနေလိမ့်မည်။ထိုကဲ့သို့ သမုဒယ သစ္စာ ကင်းနေသည့် ခဏသည်နိရောဓ သစ္စာမည်၏။အပြီးတိုင်ပယ်သတ်နိုင်ခြင်းမရှိသေးသော်လည်းခဏတာ ငြိမ်းအေးခြင်း
နိဗ္ဗာန် အရသာကို ခံစားရသည်သာဖြစ်သည်။
ဒုက္ခ သစ္စာကို မဂ္ဂသစ္စာဖြင့်သိနေခြင်းကြောင့် သမုဒယသစ္စာသေပြီး နိရောဓ သစ္စာကို ဆိုက်ရောက်နေခြင်း
ပင် ဖြစ်သည်။
ထို့ ကြောင့် ၀ိပဿနာ ရှူ မှတ်ခြင်းသည် သစ္စာ လေးပါးကိုသိခြင်းမည်၏။ဤသို့သစ္စာသိခြင်းသည် အပယ်မှ
လွတ်မြောက်ကြောင်းတည်း။
ဘုရားရှိခိုးသူများသည် သစ္စာလေးပါးမြတ်တရားကို ပိုင်းခြင်းထင်ထင် သိမြင်တော်မူသော မြတ်စွာဘုရား
ဟု ဂုဏ်တော်ကိုဖေါ်ဆောင်၍ ရွတ်ဆိုကြသည်ကို ကြားဖူးကြပါလိမ့်မည်။ ထိုသစ္စာလေးပါးသည်
သိ ရမည့်တရား။ ပယ် ရမည့် တရား။ ပွားရမည့် တရား။ ဆိုက်ရမည့်တရား။ဟူသောလေးပါးသော သစ္စာကို
ဆိုခြင်းပင်ဖြစ်သည်။ဤသို့မြတ်စွာဘုရားတို့သိအပ်သော သစ္စာလေးပါးကိုသိခြင်းသည် သူတော်ကောင်းတို့ 
၏ ဘုန်းကံအားကောင်းသောကြောင့်သာဖြစ်သည်။
ခဏ နိဗ္ဗာန် မှ ထာဝရ နိဗ္ဗာန်သို့ ဆိုက်ရောက်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
Posted on: Friday, November 15, 2013
အထူးအစီအစဉ်(၃) ကမ္မဌါန်း အစ အာနာ ပါန
ဂင်္ဂါဝါဠု သဲစုမက ပွင့်တော်မူကြကုန်ပြီးသော ဘုရားရှင် အဆူဆူနှင့် ပစ္စေက ဗုဒ္ဓါ ဘုရားငယ် အဆူဆူ
တို့သည် အာနာပါန ကမ္မဌါန်း ကိုသာ အားထုတ်တော်မူကြပြီး ဘုရားအဖြစ် ဘုရားငယ် အဖြစ် ရောက်ရှိ
တော်မူခဲ့ကြပါသည်။ရဟန္တာ အရှင်မြတ်များနှင့် အရိယာသူတော်စင်များလည်း ဤ အာနာပါန ကမ္မဌါန်းကို
ပင် အားထုတ်တော်မူခဲ့ကြသည်။ဘုရားဖြစ်တော်မူပြီးနောက်`၌လည်းဤ အာနာပါန ကမ္မဌါန်းကိုပင်
နှလုံးသွင်းတော်မူကြပြီး အသက်ထက်ဆုံး ဈာန်သမာပတ် ၀င်စားတော်မူချိန်`၌ ရှူပွားတော်မူခဲ့ကြပါသည်။
တစ်ပါးသောတရားကိုပွားများလျှင် လေးပါးသော တရားနှင့်ပြည့်စုံမည်။
လေးပါးသောတရားကိုပွားများလျှင် ခုနှစ်ပါးသောတရားနှင့်ပြည့်စုံမည်။
ခုနှစ်ပါးသောတရားကိုပွားများလျှင် နှစ်ပါးသောတရားနှင့်ပြည့်စုံမည်။ ဟု မြတ်စွာဘုရား
ဟောတော်မူခဲ့ပါသည်။
-တစ်ပါးသောတရားဟူသည် အာနာပါန တည်း။
-လေးပါးသောတရားဟူသည် သတိပဌာန်တရား တည်း။
-ခုနှစ်ပါးသောတရားဟူသည် ဗောဇ္ဈင် တရားတည်း။
-နှစ်ပါးသောတရားဟူသည် ၀ိဇ္ဇာနှင့် ၀ိမုတ္တိတည်း။
ထို့ကြောင့် အာနာပါန ကမ္မဌာန်း တရား အားထုတ်သူများသည် အကျိုးဆက်အဖြစ်ဖြင့် သတိပဌါန်တရား
(၄)ပါးနှင့် ပြည့်စုံလာပြီး ယင်း သတိပဌါန်တရား(၄)ပါးကို အဆက်မပြတ် ကျင့်ကြံပွားများလျှင် ဗောဇ္ဈင်(၇)
ပါးနှင့်ပြည့်စုံပြီး ၀ိဇ္ဇာ ဥာဏ်အလင်း ပေါက်၍ ၀ိမုတ္တိခေါ် လွတ်မြောက်မှူနယ်ပယ် နိဗ္ဗာန် စခန်းသို့
ပေါက်ရောက်နိုင်မည် ဖြစ်ပါသည်။
အာနာပါန ကမ္မဌါန်း ပွားများရာ`၌ နှာသီးဖျား။နှာသီးဝ မှ ၀င်လေ ထွက်လေ ထိခိုက်မှူကိုသိနေရမည်။
ဝင်လေ စ ၀င်ချိန်မှ ၀င်လေဆုံးသွားချိန်ထိ နှာသီးဖျာတွင်တိုးနေသည့် သဘောလေးကို ရှူမှတ်ရမည်။
ဝင်လေ ဆုံး ၍ ထွက်လေ စထွက်ချိန်မှ ထွက်လေဆုံးသည်အထိ နှာသီးဖျားတွင် တိုးထိ တွန်းတိုက်နေသည့်
သဘောကို သိနေရမည်။ ဤနည်းဖြင့် သတိမလွတ်စေပဲ ၀ီရိယ စိုက်ထုတ်ကာ စောင့်ကြည့်နေရမည်။
ဝင်လေ ၀င်မှန်းသိ ထွက်လေ ထွက်မှန်းသိနေရမည်။
ထိုင်နည်းစနစ်မှန်ကန်သောသူသည် တာရှည်ထိုင်နိုင်သည့်အပြင် သတိအားကောင်းပြီး ကမ္မဌာန်းကို
တစိုက်မတ်မတ် ရှူမှတ်နိုင်သည်။ထိုင်နည်းစနစ် မှန်ကန်မှူမရှိပါက သတိလွတ်ပြီး ကမ္မဌာန်း ပါ
လွတ်သွားတတ်ပါသည်။အတွေးများသောသူသည် မိမိတွေးမိရာအတိုင်း ခန္ဓာကိုယ် ယိမ်းယိုင်
ပြောင်းလဲတတ်သည်။ထို့ ကြောင့် ၀ီရိယ စိုက်ထုတ်ကာ သတိထား စောင့်ကြည့်ရန် မှာကြားခြင်းဖြစ်သည်။
ပုံမှန် ရှူနေကြအတိုင်း သာ ရှူ ရှိုက်ရမည်။ တမင်တကာ လုပ်၍ မရှူရ မရှိုက်ရ။
စောင့်ကြည့်နိုင်ပါက သမာဓိအားကောင်းလာမည်ဖြစ်သည်။ အာရုံစူးစိုက်မှူ မရှိပါက သမာဓိ ရမည်
မဟုတ်ပါ။
သမာဓိအားကောင်းလာပါက ၀ိပဿနာ  ပညာ ဘက်သို့ ပြောင်းလဲ ရှူမှတ်ပါ။
ဝိပဿနာ  ဟူသည် ရုပ်နာမ် အမူအရာတို့်၏ အဖြစ် အပျက်ကို သိအောင် အားထုတ်ရသည်ဟု ဆိုသော်လည်း
ကြံစည်၍ဖြစ်သည်ကို  သိခြင်း။ကြံစည်၍ ပျက်သည် ကိုသိခြင်း ဤ သို့ သိခြင်းမျိုးကို ၀ိပဿနာ  ဟု မဆိုရ။
အကြောင်းအားလျှော်စွာ မကြံစည်ပဲ ဖြစ်ပေါ်လာသည်ကို သိခြင်း ပျက်သွားသည်ကို သိခြင်း ဤသို့ သိခြင်း
မျိုးကိုသာ ၀ိပဿနာ ဟု ဆိုပါသည်။
ဝင်လေ စတိုးဝင်သည့် အချိန်သည် ၀င်လေ ဖြစ်ခြင်း ၀င်လေ ဆုံးသွားသည့်အချိန်သည် ၀င်လေ ပျက်ခြင်း။
ဝင်လေ ဆုံးပြီးလျှင် ထွက်လေ စတိုးသည်ကို ဥာဏ်ဖြင့် သိရမည်။ထွက်လေစတိုးသည့်အချိန်သည်
ထွက်လေ ဖြစ်ခြင်း ထွက်လေ ဆုံးသွားသည့်အချိန်သည် ထွက်လေ ပျက်ခြင်း။ ဖြစ်သည့်ခဏ
တည်သော်လည်း ထိုခဏ `၌ပင် ပျက်စီးခြင်း သဘောကို ဥာဏ်ဖြင့်မြင်သိနိုင်ရမည်။ ထိုသို့ မြင်သိအောင်
သမာဓိ ထူထောင် စေခြင်းဖြစ်သည်။ သမာဓိ အားနည်းပါက ဖြစ်ခြင်း ပျက်ခြင်းကို ရှူမြင်နိုင်စွမ်း မရှိပါချေ။
လှို့ ဝှက်သော နက်နဲသော ဂမ္ဘီရ ဆန်သော ပညာရပ်ကို ပေါ့ပေါ့တန်တန် သဘောဖြင့် လုပ်ဆောင်ပါက
အကျိုးထူးရမည်မဟုတ်ကြောင်း  ဆင်ခြင်ကြရပါမည်။
အဖြစ်၏ သဘောကိုသိခြင်းသည် သမထ ဖြစ်ပြီး ကုသိုလ်ကိုအကျိုးပေး၏ နိဗ္ဗာန် ကိုမျက်မှောက် မပြုနိုင်ပေ။
အပျက်ကို သိခြင်းသည် ၀ိပဿနာ  ဖြစ်ပြီး နိဗ္ဗာန်  ရောက်ကြောင်းကို ရွက်ဆောင်နိုင်သည်။
ပုံမှန် ၀င်လေ ထွက်လေကို စတင်ဖြစ်ပေါ်ချိန်သိပြီး ဆုံးသွားချိန်ကိုသိပေးခြင်းသည် ၀ိပဿနာ ဥာဏ် ဖြစ်သည်။
ဝိပဿနာ ဥာဏ်ဖြစ်စေရန် ပုံမှန်ရှူခြင်းရှိုက် ခြင်းကိုသာ ရှူမှတ်နေရမည်။ ရှာ၍ မရှူရ။တမင်လုပ်၍ မရူရ။
ရူရှိုက်ရာ`၌ ဗျာမများရ။ပုံမှန် အနေအထားအတိုင်းသာ ရူရှိုက်နေရမည်။
ဝင်လေသိ ထွက်လေသိနေခြင်းသည် သတိဖြင့်စောင့်ကြည့်ခြင်းကြောင့် သိခြင်းဖြစ်သည်။
ထိုကဲ့သို့ အချိန်ကြာမြင့်စွာရူတိုင်း ရှိုက်တိုင်း သိနေခြင်းသည် ၀ီရိယ စိုက်ထုတ်ခြင်းကြောင့်ဖြစ်သည်။
ဝင်လေ၏ အဖြစ်ကို၎င်း၊အပျက်ကို၎င်း။ ထွက်လေ၏ အဖြစ်ကို၎င်း၊ အပျက်ကို၎င်း သိနေခြင်းသည်
ပညာ ၏ သဘောဖြစ်သည်။
သတိ ပညာ ၀ီရိယ တို့၏ စွမ်းအားဖြင် ၀ိပဿာနာ   ဥာဏ်သည်ဖြစ်၏။
သတိ မရှိပါက ၀င်လေ ထွက်လေကို မသိ။ဝီရိယ စိုက်ထုတ်မှူမရှိပါက အာရုံစူးစိုက်မှူ ပျက်စီးမည်။
ပညာ မစွက်ပါက ဖြစ်ခြင်း ပျက်ခြင်း ကိုမသိနိုင် မမြင်နိင်ပေ။
ထို့ကြောင့် ၀ိပဿနာ   အားထုတ်မည့် ပုဂ္ဂိုလ်သည်
သတိ စွမ်းအား ပညာ စွမ်းအား ၀ီရိယ စွမ်းအားကို စိုက်ထုတ် သုံးစွဲတတ်မှသာ ၀ိပဿနာ မည်ပါလိမ့်မည်။
သတိမပါ ပညာ မတတ် ၀ီရိယ စိုက်ထုတ်ခြင်းမရှိလျှင်  မိမိ ခန္ဓာကို ညှင်းဆဲခြင်း အညောင်းခံ
 ဒုက္ခ သာဖြစ်မည်။
ငုတ်တုတ်ထိုင်တိုင်း ၀ိပဿနာ  အားထုတ်သည်မမည်ပေ။ သတိ ပညာ ၀ီရိယ ပါမှသာ ၀ိပဿနာ  မည်ပါသည်။
ထို့ကြောင့် မိမိကိုယ်ကို ၀ိပဿနာ အားထုတ်သူလား။ လူမြင်အောင်ငုတ်တုတ်ထိုင်နေသူလားဆိုသည်ကို
ကိုယ်ပိုင်ဥာဏ်ဖြင့် ဆန်းစစ်ဝေဖန် ဆင်ခြင် ကြစေလိုပါသည်။
ဖြစ်အောင်လည်း မပြုနှင့်
ပျက်အောင်လည်း မပြုနှင့်
ဖြစ်အောင်ပြုက လောဘ
ပျက်အောင်ပြုက ဒေါသ
ဖြစ်တိုင်း ပျက်တိုင်း မသိက မောဟ
သတိ ပညာ ၀ီရိယ တို့်၏ စွမ်းအားဖြင့် ၀ိပဿနာ  ဥာဏ်အမြင် စင်ကြယ်နိုင်ကြပါစေ။
*****တတိယမြောက်သမီးတော်*****
(မှတ်ချက်။  ။internet connection ကောင်းပါက နေ့စဉ်  အစဉ်အတိုင်း အားထုတ်လိုသူများအတွက်
ကျေးဇူးပြုပါမည်။ MPT ၏ အစိုးမရ ခြင်းကို နားလည် ခွင်လွှတ်တော်မူကြပါကုန်)။
Posted on: Tuesday, November 12, 2013
တရားအားထုတ်လိုသူများအတွက် အထူး အစီအစဉ်
တရားအားထုတ်ရန် ဆန္ဒရှိသူများအတွက် သမီးတော် တတ်နိုင်သည့် အင်အားနှင့်
ကြိုးစားပြီးတင်ပြသွားရန် စီစဉ်မိခြင်းဖြစ်ပါသည်။
အမှန်တကယ် တရားအားထုတ်လိုသူများအတွက် တရားတော် ကိုအစဉ်အတိုင်းဖြစ်စေရန်
ကြိုးစားတင်ပြသွားပါမည်။
သစ္စာ တရား သိပြီး နိဗ္ဗာန် ၀င်စံလိုသူများသည်  ပထမ ဦးစွာ
၁။ သိရမည့် တရား
၂။ပယ်ရမည့် တရား
၃။ပွားရမည့် တရားများကို  မှတ်သားထားရန် လိုအပ်ပါသည်။
သမီးတော် အနေ ဖြင့် ပေါပေါ့ပါးပါး လေး မှတ်သားနာယူမိသမျှထဲမှာ
စိတ်ထဲ လိုလိုလားလားဖြစ်မိသည်များကို ရေးသားရန် ဖြစ်သော်လည်း
အပုဒ်(၁၀၀)ပြည့်သည့်အချိန်တွင် အမှန်တကယ် တရားလိုလားသူများအတွက်
အထူး အစီအစဉ်တရပ်အနေ ဖြင့် ရေးသားရန် စီစဉ်မိခြင်းဖြစ်ပါသည်။
ဤ အစီအစဉ်ကို ဆောင်ရွက်သည့်အတွက်သမီးတော်မှာတာဝန်ကြီးပါသည်။
သို့ သော် တတ်စွမ်းသလောက်တော့ မျှဝေချင်မိပါသေးသည်။
ထို့ကြောင့် ဤဘ၀ ဤခန္ဓာဖြင့် နိဗ္ဗာန်ကိုအရောက်လှမ်းလိုသူများကို
ကြိုးစားပြီး ကျေးဇူးပြုပါမည်။
٭٭٭٭٭တတိယမြောက်သမီးတော်٭٭٭٭٭
Posted on: Wednesday, November 6, 2013
ဗောဇ္ဈင်္ဂ သုတ်တော်အား ကြည်ညိုခြင်း
ခန္ဓာ အာယတန ဓါတ်တို့ မပြတ်ဖြစ်ရာ သံသရာ`၌ အစ မထင် ဆုံးမမြင်အောင်ကျင်လည် ပြေးသွား
သတ္တ၀ါ အများတို့ အား အိုနာသေရေး ခပ်သိမ်းသော ဒုက္ခ ဘေးတို့ကို မနှေးခုတ်ဖြတ် ပျောက်ကင်းစေ
တတ်ကုန်သော ကိလေသာမာန် ကိုယ်တွင်းရန်ကိုတွန်းလှန်နှိမ်နှင်း ဖျက်ခွင်းစေတတ်ကုန်သော။
သရုပ်ပိုင်းခြား ခုနှစ်ပါးသော အကြင်ဗောဇ္ဈင် တရားတို့ ကို မမှားဥာဏ်ထွင် သိမြင်ကြကုန်သည်ရှိသော်
သတ္တ၀ါ အပေါင်း တို့ သည် ကောင်းမြတ်ကြကုန်၏
ကာမ ရူပ အရူပ ဟု ဘ၀ သုံးသွယ် ၀ဋ်ထုံးနွယ်မှ အကယ်မချွတ် ကင်းလွတ်ကြကုန်၏။ ပဋိသန္ဓေ
စွဲတည်နေခြင်းမရှိ ဆံဖြူသွားကျိုး နွမ်းညှိုးမချိ အိုရခြင်းမရှိ မအီမသာ ဘယ်ညာ ပြောင်းလှည့် နာရခြင်းမရှိ။
စုတိ ပြတ်ကြွေ သေရခြင်းများ မရှိသော ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန် သို့ 
အမှန် မျက်မှောက် ဆိုက်ရောက် ကြကုန်၏။
ဤ သို့ စသည့် ဂုဏ်ထူးများရှိ၍ များဘိထောင်သောင်း ဂုဏ်တော် ကောင်းတို့ ဖြင့် ပေါင်းစု ပြည့်နှက်
သဂြိုလ် ရေတွက်အပ်သော မြတ်စွာဘုရား ဟောညွှန်ထား၍ သကြားနတ်ပေး ပျောက်စေ ဆေးနှင့်လည်း
တူသော ဘုရားနုတ်ထွက် ဓမ္မစက်ခေါ် ဤဗောဇ္ဈင်သုတ် မန္တန်တော်ကို ဓမ္မ မာမက ကလျာဏ နွယ်ဝင်
သူတော်စင် ဖြစ်ကြကုန်သော သပ္ပုရိသ အပေါင်း အို ....သူတော်ကောင်းတို့ ....
အကျွန်ုပ်တို့ သည် မေတ္တာ လွှမ်းခြုံစေတနာ ဟုန် ဖြင့် ကြည်ယုံသဒ္ဒါ ရွတ်ဆိုကြပါကုန်စို့ ။
ကောင်းမြတ်သော တရားတို့ ကို ပွားများအားထုတ်ခြင်းဟု ဆိုအပ်သော သတိ သမ္ဗောဇ္ဈင် သည်၎င်း။
ရုပ်နာမ် နှစ်ပါး သင်္ခါရ တရား တို့ ကိုပွားများဆင်ခြင် သိမြင်ခြင်းဟု ဆိုအပ်သော ဓမ္မ ၀ိစယ သမ္ဗောဇ္ဈင်
သည်၎င်း။ ထိုမှ တစ်ပါး ကုသိုလ် တရားတို့`၌ ပွား များအားထုတ်ခြင်းဟု ဆိုအပ်သော ၀ီရိယ သမ္ဗောဇ္ဈင်
သည် ၎င်း။ ကောင်းသောအာရုံတို့`၌ ပွားများထုံလျှက် နှစ်သက်ခြင်းဟု ဆိုအပ်သော ပီတိ သမ္ဗောဇ္ဈင်သည်
၎င်း။ကိုယ်စိတ် နှစ်တန် ပူပင် ငြိမ်းအေးခြင်းဟု ဆိုအပ်သော ပဿဒ္ဓိ သမ္ဗောဇ္ဈင်သည်၎င်း။ ထိုမှတစ်ခြား တစ်ပါး
ကိုယ်စိတ် နှစ်ချက် ငြိမ်သက် တည်ကြည်ခြင်းဟု ဆိုအပ်သော သမာဓိ သမ္ဗောဇ္ဈင် နှင့် သုခ ဒုက္ခ ဟူသမျှ
တို့ `၌ ဆုတ်နစ် တက်ကြွ မရှိရပဲ  အညီ အမျှ ထားခြင်းဟု ဆိုအပ်သော ဥပေက္ခာ သမ္ဗောဇ္ဈင် သည်၎င်း။
ဤသို့  အလုံးစုံသော တရားတို့ကို အကုန် အစင် သိမြင်တော်မူသော မြတ်စွာဘုရားသည်  များပြား
ပြည့်စုံ ဟောကြားတော်မူအပ်ကုန်၏။
ထိုဗောဇ္ဈင် ခုနှစ်ပါး မြတ်တရားတို့ကို ကြိမ်ဖန်မခြား ပွားများအပ်ကုန်သည်ရှိသော် ။ ကြိမ်ဖန် အထပ်ထပ်
လေ့လာ အပ်ကုန်သည်ရှိသော်။ ထူးသောဥာဏ်ဖြင့် တရားမှန် ဟူသရွေ့ တို့ ကို  ထိုးထွင်း၍ သိခြင်းငှါ။
ဒုက္ခ ခပ်သိမ်း ကင်းငြိမ်းရာမှန် မြတ်နိဗ္ဗာန် ကို မျက်မှောက်ပြုခြင်းငှာ မဂ်ဖိုလ် တရား ပိုင်းခြား ထင်ထင်
ထိုးထွင်း၍ သိခြင်းငှာ ဖြစ်ကြပါကုန်၏။
ဤသို့ မှန်ကန်သော သစ္စာ စကားကြောင့် သင့်အား နေ့ရော ညပါ  အခါ ခပ်သိမ်း ဘေးရန်ငြိမ်း၍
ရှောင်တိမ်း ရောဂါ ကောင်းမြတ်သောမင်္ဂလာ သည် ဖြစ်ပါစေသတည်း။
အခါတစ်ပါး မြတ်စွာဘုရားသည် နာဖျား ဆင်းရဲ ဝေဒနာ စွဲ၍ နေကြကုန်သော ဂိဇ္ဈကုဋ်တောင်နေ
အရှင် မဟာ မောဂ္ဂလာန် မထေရ် နှင့် ပပ္ပလိ လိုဏ်နေ အရှင်မဟာကဿပ မထေရ်တို့ကို မျက်မှောက်
ရှေ့တွင်တွေ့ မြင်တော်မူ၍ သတိ သမ္ဗောဇ္ဈင် စသား ခုနှစ်ပါးသော တရားတော်တို့ကို မေတ္တာရှေ့ သွား
ဂရုဏာ ထား၍ျ   ဟောကြားတော်မူလေ၏။ သာသနာ့ ဦးစီး ထိုမထေရ်ကြီးနှစ်ပါးတို့သည်လည်း
ထိုသို့  ဟောကြား ခုနှစ်ပါးသော ဗေဇ္ဈင် တရားတော်ကို အလွန် နှစ်လို ကြည်ညိုကြကုန်သည်ဖြစ်၍
ကောင်းစွာ နာရ ထိုခဏ `၌ပင်လျှင် နာကျင်ပြင်းစွာ စွဲကပ်လာသော ဝေဒနာ မှ မကြာကင်းပျောက်
ချမ်းသာလွတ်မြောက်တော်မူ ကြကုန်၏။
ဤသို့ မှန်ကန်သော သစ္စာ စကားကြောင့် သင့်အား နေ့ရော ညပါ  အခါ ခပ်သိမ်း ဘေးရန်ငြိမ်း၍
ရှောင်တိမ်း ရောဂါ ကောင်းမြတ်သောမင်္ဂလာ သည် ဖြစ်ပါစေသတည်း။
တရံရောအခါ မြတ်စွာဘုရားကိုယ်တော်တိုင်ပင် နာကျင် ခံခက် ရောဂါဝေဒနာ နှိပ်စက်အပ်သည်ဖြစ်၍
အရှင်စုန္ဒ အမည် ရသော မထေရ်အား ထိုဗောဇ္ဈင် ခုနှစ်ပါး မြတ်တရားကိုပင်လျှင်လေးစားရိုသေ ရွတ်ဖတ်
တော်မူစေ၍  ကြည်သာရွှင်ပြ ၀မ်းမြောက် အားရ ကြားနာတော်မူ၏။ ထိုခဏ `၌ မှာပင် နာကျင်ခံခက်
မြတ်စွာဘုရား စွဲကပ်သော ရောဂါ ဝေဒနာသည်  ရှင်းရှင်းပျောက်၍ ထမြောက် ကျန်းမာတော်မူလေ၏။
ဤသို့ မှန်ကန်သော သစ္စာ စကားကြောင့် သင့်အား နေ့ရော ညပါ  အခါ ခပ်သိမ်း ဘေးရန်ငြိမ်း၍
ရှောင်တိမ်း ရောဂါ ကောင်းမြတ်သောမင်္ဂလာ သည် ဖြစ်ပါစေသတည်း။
သီလက္ခန္ဓ စသည့် ကျေးဇူး ဂုဏ် အထူးကို ဆည်းပူး ရှာမှီးလေ့ ရှိတော်မူကြကုန်ပြီးသော သဗ္ဗညု မြတ်စွာ
ဘုရားနှင့် လက်ဝဲတော်ရံ အရှင်မဟာ မောဂ္ဂလာန် အရှင် မဟာ ကဿဿပ     သာသနာ့ ဦးစီး သုံးပါး ကုန်သော
ကိုယ်တော်မြတ်ကြီးတို့ သည် ပယ်ဖျောက်အပ်ကုန်သော နာကျင်ခံခက် ထိုရောဂါ ဝေဒနာ နှိပ်စက်ခြင်းတို့ မှ
တရားဥာဏ်မဂ် ဓါးသန်လျှက်ဖြင့် ပယ်ဖျက်ခုတ်သတ် အပ်ကုန်ပြီးသော ကိလေသာတို့ကဲ့သို့ ရောဂါ ဝေဒနာ
တို့မှ ပျောက်ကင်းချမ်းသာခြင်းသို့ ရောက်ခြင်းကြီး ရောက်ကြပါကုန်၏။
ဤသို့ မှန်ကန်သော သစ္စာ စကားကြောင့် သင့်အား နေ့ရော ညပါ  အခါ ခပ်သိမ်း ဘေးရန်ငြိမ်း၍
ရှောင်တိမ်း ရောဂါ ကောင်းမြတ်သောမင်္ဂလာ သည် ဖြစ်ပါစေသတည်း။
(ဘုရားဂုဏ်တော်များနှင့် ကိုယ်တွေ့ ဖြစ်ရပ်များ စာအုပ်မှ အနက် ကိုနှစ်သက်စွာ ရွတ်ဆို ကူးယူ
ဖေါ်ပြခြင်းဖြစ်ပါသည်)
            *****တတိယမြောက်သမီးတော်*****
Posted on: Friday, November 1, 2013
ကျေးဇူးတင်ပါတယ်
သမီးတော် ရေးထားတာလေးတွေကိုလာရောက်ဖတ်ရှူကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ရခြင်းက သမီးတော် ရေးတာကို ဖတ်ပေးလို့ မဟုတ်ပါဘူး။ တရားတော်တွေကို
ဖတ်ရှူလေ့လာခြင်းကြောင့် ကျေးဇူးတင်တာဖြစ်ပါတယ်။ထပ်ဆင့်ပြီးကျေးဇူးတင်ချင်တာက ....
မဟာဂရုဏာတော်ရှင် မြတ်စွာဘုရားက ဘုရားဖြစ်လို့ သတ္တ၀ါတွေကို ဥာဏ်တော်နဲ့ကြည့်တဲ့အခါ
ဘာ ဆို ဘာမှ မသိကြတာကိုမြင်တော်မူပြီး အင်မတန်မှ သနားတော်မူသတဲ့။ဒီတော့ သမီးတော်တို့ က
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ စစ်မှန်တဲ့တရားတော်တွေကို ကိုယ်သိသလောက် နားလည်
သလောက် ကြိုးစားပြီး ဝေမျှ ရင်း မြတ်စွာဘုရားရဲ့ မဟာ ဂရုဏာနဲ့ စေတနာကို ဖြည့်ဆည်းခွင့်ရလို့ 
လာရောက်ဖတ်ရှူသူများအားလုံး ကို ကျေးဇူးတင်ခြင်းပဲဖြစ်ပါတယ်။
တရားတော်တွေကို ဝေမျှတဲ့နေရာမှာ သမီးတော်မှာ အားနည်းချက်တွေရှိပါတယ်။
အစဉ်တစိုက် တရားတော်တွေ မဝေမျှနိုင်ခြင်းပါပဲ။ တရားတပုဒ်ကို ရေးသားဖို့  စိတ်ကူးလိုက်တိုင်း
တရားတော်တွေ နားကြားရပါတယ်။ နာကြားတဲ့အခါ တစ်ကြိမ်တည်း နာလို့ မရပါဘူး။အနည်းဆုံးသုံးကြိမ်
လောက်နာကြားရပါတယ်။ ခပ်တိုတိုပဲ ဖတ်ချင်တတ်တဲ့ လူ့ သဘာဝ ကြောင့် ခပ်တိုတိုနဲ့ နားလည်အောင်
ကြိုးစားပြီး ထုတ်နုတ်ရတာပါ။လိုရင်းအချက်နဲ့ နားလည်အောင် တရားတော်ကိုနှလုံးသွင်းနိုင်အောင်
ရေးသားနိုင်ဖို့ ကြိုးစားရပါတယ်။
သမီးတော်က ဓမ္မ ကထိက လည်းမဟုတ်သလို  ဆရာသမားရဲ့ သြ၀ါဒ ကိုခံယူရတာမျိုးလည်း မရှိတော့.
ရေးလိုက်တဲ့ တရားတော်မှာ လွန်သွားတာမျိုး ။ လွတ်သွားတာမျိုး။ လိုသွားတာမျိုး ။ ဖြစ်မှာစိုးလည်းစိုးရိမ်
မိပါတယ်။
ရေးလိုက်တဲ့ အကြောင်းအရာမှာ တကယ် တရားတော်ထဲက ဟောထားတာကို နားလည်မှူ  အားနည်းပြီး
အရေးလွန်မှာ စိုးပါတယ်။ လိုရင်းကို လွတ်ပြီး ရေးမိမှာ စိုးပါတယ်။ ပြည့်စုံအောင်မရေးနိုင်ပဲ လိုသွားမှာကို
စိုးမိပါတယ်။
ဒါကြောင့် အရမ်းကိုလေးနက်တဲ့တရားတော်တွေကိုနာကြားခဲ့ရပေမယ့် ရေးဖို့ ခက်ခဲနေတာပါ။
သမီးတော်ရေးသားခဲ့တဲ့..ဆရာကောင်းသမားကောင်းကိုမှီဝဲပါ..ဆိုတဲ့  စာတစ်ပုဒ်မှာ  နောက်ဆုံး
အဆင့်ကိုပဲ သမီးတော်ရေးသားနိုင်ခဲ့ပြီး ရှေ့ မှာ စတင်ပြီးအားထုတ်ရမယ့် အချက်အလက်တွေ
အဆင့်ဆင့်တွေကိုပြည့်စုံအောင် မတင်ပြနိုင် မရေးသားနိုင်ခဲ့ပါဘူး။အဓိပတိ (၃)ပါးကိုလက်ကိုင်
ထားဖို့ ။နီဝဏ (၅)ပါးကိုဖယ်ရှားရှင်းလင်းဖို့  စသည်ဖြင့် တရားအားထုတ်သူ အတွက် ဖြောင့်ဖြောင့် 
မှန်မှန်အားထုတ်ရာမှာ ကြားဝင်တတ်တဲ့ကိလေသာတွေကို ဖယ်တဲ့နည်းတွေ မရေးသားနိုင်ခဲ့ပါဘူး။
တကယ် ပြည့်ပြည့်စုံစုံရေးသားဖို့ ကြတော့ သမီးတော်ကိုယ်တိုင်က ကျမ်းတွေ ပါဠိတော်တွေ စသည်ဖြင့်
ပြည့်စုံအောင်လေ့လာထားတာမဟုတ်တဲ့အတွက် အင်မတန်မှ အားနည်းနေပါတယ်။
ဒါကြောင့်လည်း တရားကိုတကယ်ရချင်တဲ့သူများကို စနစ်တကျ သင်ကြားပို့ ချပေးမယ့်နေရာမှာ
သင်ယူလေ့လာပြီး အားထုတ်ဖို့ ပဲတိုက်တွန်းနေရတာပါ။
သင်ထောက်ကူပစ္စည်းတွေနဲ့ သုံးပြီး သေသေချာချာနားလည်အောင် စနစ်ကျအောင် သင်ကြားပေးတဲ့
ဆရာတော်များ ရဲ့ လမ်းညွှန်မှူနဲ့ ၀ီရိယ စိုက်ပြီး အားထုတ်ကြမယ်ဆိုရင် ဒီဘ၀ မှာ နိဗ္ဗာန် မရဘူးဆိုတာ
မရှိတော့ပါဘူး။  ရ ကို ရမှာ သေချာပါတယ်လို့  ရဲရဲဝံ့ဝံ့ ပြောပါရစေပါ။
စာဖတ်ရန်ရောက်ရှိလာကြသူများအားလုံးကို တရားတော်များဖတ်ရှူသွားကြတဲ့အတွက် အထူးပဲကျေးဇူးတင်
ပါကြောင်း။ မြတ်စွာဘုရားရဲ့ တရားတော်ကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဒါစိတ် လေးနဲ့ ကြိုးစား လေ့လာကြတဲ့
အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း လေးစားစွာပြောပါရစေပါရှင်။
*****တတိယမြောက်သမီးတော်*****
Posted on: Monday, October 28, 2013
မြောက်ဦး ဆရာတော်ဘုရား၏ သြ၀ါဒ ကထာ
                                             မျက်စိ သန်စွမ်းမြင်နိုင်စွမ်းလည်း
                                      မျက်ကန်းသောသူ ပမာယူ နည်းတူ ကျင့်ရမည်။
                                            နားမှာသန်စွမ်း ကြားနိုင်စွမ်းလည်း
                                      နားကန်း(ထိုင်း)သောသူ ပမာယူ နည်းတူကျင့်ရမည်။
                                             ပါးစပ် နုတ်ခမ်း ပြောနိုင်စွမ်းလည်း
                                         အ/နှမ်းသောသူ ပမာယူ နည်းတူကျင့်ရမည်။
                                              အားအင်သန်စွမ်းပြုနိုင်စွမ်းလည်း
                                        မကျန်းမာသောသူ ပမာယူ နည်းတူကျင့်ရမည်။
                                      လူကြီး လူငယ် မရွေးချယ် အလွယ်သိတဲ့ တရား။
                                         မသေခင်က အခြေချ အသေလှတဲ့ တရား။
                                   အနတ္တ ပေါက် အတ္တ ပျောက် ၀မ်းမြောက်ရတဲ့ တရား။
                                        ကိုယ်အမူအရာ ပေါ်တိုင်းမှာ မှန်စွာရှူရမည်။
                                        နုတ်အမူအရာပေါ်တိုင်းမှာ မှန်စွာရှူရမည်။
                                        စိတ်အမူအရာ ပေါ်တိုင်းမှာ မှန်စွာရှူရမည်။
                                      ကိုယ်နုတ်စိတ်မှာဖြစ်ပေါ်တာ မှန်စွာ ရှူရမည်။
                                         *****တတိယမြောက်သမီးတော်*****
Posted on: Friday, October 25, 2013
ဗုဒ္ဓဘာသာ အစစ်
                                         ဘုရား တရား သံဃာမှန်၊သုံးပါးသရဏံ
                                         ယုံကြည်စိတ်သန် အားထားဘိ
                                         ဆည်းကပ်ပါ၏ ဂစ္ဆာမိ။
                                         သရဏဂမန ပါဠိမန်
                                         သရဏဂုံ ဖြစ်လာပြန်။
                                         သရဏဂုံ သုံးတန် တည်သူမှ
                                         "  လူ့ ထက်ဝက် " လို့ ခေါ်ပါရ။
                                         ငါးပါးသီလ လုံသူမှာ
                                         လူ အစစ် လို့ ခေါ်ပေတာ။
                                         ရတနာသုံးဖြာ ဂုဏ်စုံသိ
                                         ဗုဒ္ဓဘာသာ မည်ပါဘိ။
                                          နိဗ္ဗာန် မြင်သိ ဥာဏ်ပေါ်ပေ
                                          အပါယ် တံခါး ပိတ်တော့ချေ။
                                          သောတာပန်လေ တကယ်ဖြစ်
                                          ဗုဒ္ဓဘာသာ  အစစ် အစစ်။
(မြန်မာနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာ ပြန့်ပွားရေးအဖွဲ့ တနင်္ဂနွေဓမ္မသင်တန်း နှင့်
နွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးမှူသင်တန်း ယဉ်ကျေးလိမ္မာ အခြေပြု ဆင့်) စာအုပ်မှ ဖေါ်ပြပါသည်။
*****တတိယမြောက်သမီးတော်*****
Posted on: Wednesday, October 23, 2013
ဗုဒ္ဓဘာသာအစစ် ဆိုရင် လက်အုပ်ချီပြီး ရှိခိုးပြီးသားပါပဲ
 ဗုဒ္ဓဘာသာမှာ အတုတွေများပါတယ်။ဘာဖြစ်လို့ လဲ ဆိုတော့ ဗုဒ္ဓဘာသာဆိုတဲ့ အဓိပ္ပါယ်ကိုတောင်မသိကြ
တဲ့သူတွေမို့ ပါပဲ။ ကိုယ်ခံယူထားတဲ့ဘာသာ ကို အဓိပ္ပါယ်လေးသိအောင်တောင်မလေ့လာပဲ ပါးစပ်က
ပြောရုံနဲ့ စိတ်က ခံယူရုံနဲ့ အစစ်မဖြစ်ပါဘူး။
 ဗုဒ္ဓဆိုတာ မြတ်စွာဘုရား ဘာသာဆိုတာ ဟောတဲ့တရား
ဟောတဲ့အတိုင်းသာ ကျင့်ပါလျှင် အဲ့ဒါ ဗုဒ္ဓဘာသာဝင်   တဲ့  ကလေးတွေဆိုတဲ့ ဆိုရိုးလေးပါ။
ကလေးတွေဆိုတဲ့ဆိုရိုးကလေး ကိုတောင်မကြားဖူးတဲ့သူရှိနေပါလိမ့်အုံးမယ်။
အဲ့ဒီဆိုရိုးလေးမှာ မြတ်စွာဘုရားဟောတဲ့အတိုင်းကျင့်မှ ဗုဒ္ဓဘာသာဝင်ဖြစ်မယ်လို့ ကိုဆိုထားတာပါ။
မြတ်စွာဘုရားဘာဟောခဲ့သလဲ။
မြတ်စွာဘုရားက အရေးကြီးဆုံးသော စကားကိုအကြိမ်ကြိမ်အခါခါ မှာကြားခဲ့တာပါ။
ဈာယတ္ထ ဘိက္ခဝေ
ဘိက္ခဝေ=ချစ်သား ချစ်သမီးတို့
ဈာယတ္ထ=၀ိပဿနာရှူကြလော့
၄၅ -၀ါ ပတ်လုံး မြတ်စွာဘုရား မှာကြားခဲ့တဲ့အကြိမ်ပေါင်းဟာ (၁၇၉၂)ကြိမ်လို့ မှတ်တမ်းအရ
သိထားပါတယ်။ဒီတော့အရေးကြီးလို့ အကြိမ်ကြိမ်မှာခဲ့တဲ့ စကား ဗုဒ္ဓဘာသာပါလို့ခံယူထားသူများ
ဘယ်နှကြိမ် ၀ိပဿနာ အားထုတ်ဖူးပါလဲ။ တကြိမ်မှ အားမထုတ်ဖူးသေးဘူးဆိုရင်တော့
ဗုဒ္ဓဘာသာအစစ် မဟုတ်သေးပါဘူး။ဗုဒ္ဓဘာသာအစစ်ဖြစ်ဖို့ ၀ိပဿနာ ဆိုတာဘာလဲ။
ဝိပဿနာအားထုတ်တယ်ဆိုတာ ဘာလဲ။ ၀ိပဿနာ ဘယ်လိုအားထုတ်ရမလဲဆိုတာလေး သေချာလေ့လာပြီး
တကယ်အားထုတ်မှသာ  မြတ်စွာဘုရားနုတ်ဖျားက ချစ်သား။ချစ်သမီးလို့ အခေါ်ခံထိုက်သူများ
ဗုဒ္ဓဘာသာစစ်စစ် များဖြစ်ကြပါလိမ့်မယ်။ဗုဒ္ဓဘာသာ စစ်စစ် တင် မကပဲ သားအစစ် သမီးအစစ်ဖြစ်ချင်ရင်
တော့ အရိယာဖြစ်အောင်အားထုတ်ကြပါလို့ တိုက်တွန်းချင်ပါတယ်။
အဲ့ဒီလိုဗုဒ္ဓဘာသာစစ်စစ် ဖြစ်တယ်ဆိုရင်တော့ သမီးတော်က လက်အုပ်ချီပြီး ရှိခိုးပြီးသားပါပဲ။
ဗုဒ္ဓဘာသာစစ်စစ်ပါလို့ အပြောနဲ့ မဟုတ်ပဲ လက်တွေ့ ကျင့်ကြံပြီး ရဲရဲဝံ့ဝံ့ မှန်မှန်ကန်ကန်
ပြောနိုင်ကြပါစေ
*****တတိယမြောက်သမီးတော်*****
Posted on: Friday, October 18, 2013
ဆရာကောင်း သမားကောင်း ကိုမှီဝဲပါ
ဆရာကောင်းသမားကောင်း ကို မှီဝဲ ဆည်းကပ်ဖို့  သမီးတော် အကြိမ်ကြိမ် တိုက်တွန်းခဲ့ပါတယ်။
ဒီလိုတိုက်တွန်းရတာကလည်း သမီးတော်ကိုယ်တိုင် ကြုံ ခဲ့ရတဲ့အဖြစ်တွေက သင်ခန်းစာတစ်ခု ဖြစ်နေလို့ 
ပါပဲ။
သမီးတော် က ငယ်ငယ်လေးတည်း က တရားဆိုတာကိုသိတ်စိတ်ဝင်စားခဲ့တာပါ။ စိတ်ပိုင်းဆိုင်ရာ
လေ့ ကျင့်ခန်းတွေ လုပ်ခဲ့ဖူးတယ်။ ပထ၀ီ ကသိုဏ်း ကို ရှူခဲ့ဖူးတယ်။ရေ ကသိုဏ်း ကိုရှူခဲ့ဖူးတယ်။
မီးကသိုဏ်း ကို ရှူခဲ့ဖူးတယ်။ထွန်းထွန်းပေါက်ပေါက်ကြီးမဟုတ်ပေမယ့် ထူးခြားမှူလေးတွေတော့
ရှိခဲ့ တယ်။ဒါပေမယ့် သမီးတော်ရဲ့ အသိထဲ မှာ ဒါတွေဟာ နိဗ္ဗာန်ရောက်ကြောင်းတော့မဖြစ်နိုင်ဘူးလို့ 
တွေးမိလို့  ဆက်ပြီးအားမထုတ်ခဲ့တော့တာပါ။ဝိပဿနာ ဆိုတာ ကို သဲသဲ ကွဲကွဲ နားမလည်ပဲဝိပဿနာလို့ 
ပြောတဲ စာအုပ်တစ်ချို့ ကိုဖတ်ပြီး အမှားမှားယွင်းယွင်းလည်း အားထုတ်ခဲ့ဖူးပါတယ်။
အဲ့လို အမှား ကိုအားထုတ်တော့ဘာဖြစ်သလဲဆိုရင်။ အရမ်းကိုငိုချင်တာမျိုး ဖြစ်ခဲ့တာပါ။
ဒါဟာ မှားနေပြီဆိုတာကို သိလို့ ဆက်အားမထုတ်ပဲ ရပ်ပစ်ခဲ့ရပါတယ်။ဝိပဿနာဆိုတာ အရူးပျောက်တဲ့ဆေးပါ
ရူးနေတဲ့သူတောင် ကောင်းသွားရမှာဖြစ်ပေမယ့် ငိုချင်တာ ရယ်ချင်တာ ဖြစ်နေတယ် ဆိုရင် ဒါဟာ မှားယွင်း
တချို့ စာအုပ်တွေမှာ ညွှန်းထားတာရှိတယ်။ဆရာကောင်းသမားကောင်းကို ဆည်းကပ်ပြီး လေ့လာပြီးမှ
အားထုတ်ပါလို့ ညွှန်းထားတယ်။ အဲ့တော့ဆရာကောင်းသမားကောင်းကိုဘယ်လိုရှာမလဲဆိုတာ
စဉ်းစားလို့ မရဘူး။ ကိုယ်ပိုင်ဥာဏ်နဲ့ ဆရာကောင်းသမားကောင်းလို့ တွက်ချက်လို့ မရဘူး။
စိတ်ထဲမှာရှိပေမယ့်ဘာမှလုပ်လို့ မရဘူး။ပတ်ဝန်းကျင် ဗဟုသုတ လည်း နည်းတော့ ဘာမှကိုမသိတာပါ။
အဲ့ဒီမှာ ကံကောင်းထောက်မ စွာနဲ့ ဓါတ်တော်ကျသွားတဲ့ မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့ တရားတွေ နာကြား ရတယ်။ ဒါပေမယ့်နားမလည်ဘူး။ နားမလည်တော့ ဘာသာရေးလုပ်တယ်လို့သိထားတဲ့
အမ တစ်ယောက် ကို မေးကြည့်တယ်။ မိုးကုတ်ဆရာတော်ဘုရားကြီးတရားကိုနာမယ်ဆိုရင် ပဋိစ္စသမုပ္ပဒ်
ကိုနားလည်မှ ရမယ်။  အဲ့ဒါ နားလည်ဖို့ သင်တန်းတက်ရမယ်။တဲ့။တက်ဆိုလည်းတက်ဖို့ အဆင်သင့်ပါပဲ။
သမီးတော်က ကလေးပေါက်စ လောက်ထဲက တရားကိုစိတ်ဝင်စားလာတာ။ဘယ်နေရာမှာတက်လို့ ရလဲ။
တခါတည်းမေးတယ်။မိုးကုတ်မှာ တက်လို့ ရတယ်တဲ့.။ အိုး ..နီးလျှက်နဲ့ဝေးနေတာပါလား။
အထက်လူကြီးခွင့်ပြုသည်ဖြစ်စေ မပြုသည်ဖြစ်စေ နောက်ပြဿနာ နောက်ရှင်းမယ်။ခုလောလောဆယ်တော့
ကိုယ်လိုချင်တာယူမယ်ဆိုတဲ့ တသက်လုံးက အရိုးစွဲနေတဲ့ စိတ်ဓါတ်။   ဒီနေရာမှာ ကောင်းကောင်း အသုံး
ချပစ်လိုက်တယ်။ မိုးကုတ်ကိုသွားတယ်။စခန်းဝင်ဖို့  ကြိုတင်စာရင်းပေးထားခြင်းလဲ မရှိပဲ ခပ်တည်တည်နဲ့
တရားစခန်းရောက်သွားတာ။ ဆရာဘုန်းကြီးနဲ့တွေ့ တယ် စာရင်းကပေးမထားပေမယ့် တစ်ယောက်တည်း
သမားဆိုတော့ နေစရာအခက်အခဲ မဖြစ်ဘူး။ အိပ်ယာလိပ်က ပါနေတာနဲ့ တခါတည်း လက်ခံထားပေးတယ်။ဒါပဲလေ ပြင်းထန်တဲ့စိတ်ဓါတ်အခံကရှိနေတော့လဲ အောင်မြင်သွားတာပဲ။
စခန်းဝင်ယောဂီ ဖြစ်ပြီ။သင်ရပါပြီ မနက်(၇)နာရီမှာ ပဋိစ္စသမုပ္ပဒ် သင်တန်းတရား။ နေ့လည်(၁)နာရီမှာ
အရှူခံ  နဲ့ အရှူဥာဏ်။ ညနေ(၄)နာရီမှာ အလုပ်သင် တရားတော် နာကြားမှတ်သားရတယ်။
ပဋိစ္စသမုပ္ပဒ် ဆိုတာ ခန္ဓာ ဖြစ်စဉ်ကို သင်ပေးတာပါ။ ခန္ဓာ ဖြစ်စဉ် ကိုမသိရင် ခန္ဓာ ဖြစ် ပျက် ကို ရှူမှတ်ဖို့ 
ဘယ်လွယ်ပါ့မလဲ။ သိအောင်သင်ပေးတယ်။ သိတ်တော်တဲ့ဆရာသမားတွေပါ။ ရှင်းရှင်းလင်းလင်း
ကွက်ကွက် ကွင်းကွင်း ဥာဏ်နဲ့မြင်အောင်ကို သင်ကြားပေးတာ။ သင်တာ ညံ့ရင်လဲ တရားဘယ်လောက်
ကောင်းကောင်း  နားမလည်ဘူး မရှင်းဘူး။ခန္ဓာ ကိုရှင်းရှင်း လင်းလင်းမသိနိုင်မမြင်နိုင်ဘူး။
အရှုခံ နဲ့ အရှူဥာဏ်ဆိုတာခန္ဓာရဲ့  ဖြစ်ပျက် ကိုရှူတဲ့အခါ ဘယ်ဓမ္မ က အရှူခံ ဓမ္မ လဲ။ ရှူတဲ့ဥာဏ်က
ဘယ်လိုရှူသလဲဆိုတာကို ရှင်းလင်းသင်ကြားပေးတာပါ။ ရှူရမယ့် ဓမ္မ ကိုမသိပဲ ဘယ်လိုဥာဏ်နဲ့ သိမြင်
ရှူမှတ်ရမလဲဆိုတာ မသိရင် ၀ိပဿနာ မဖြစ်နိုင်ပါဘူး။
ရမ်း  ရှူနေရင် အကန်း လမ်းလျှောက်သလို လိုရင်းကိုရောက်မှာမဟုတ်လို့ ပါ။ထိုင်တိုင်းသာ တရားရမယ်
ဆိုရင် သမီးတော်တို့  အရိယာဖြစ်ရုံမကဘူး။ ရဟန္တာပါဖြစ်ပြီး ပရိနိဗ္ဗာန်တောင် စံပြီးရောပေါ့။
ရှူနည်း ရှူချက် ရှူကွက် ကိုပိုင်ပိုင် နိုင်နိုင်သိမှ ရှူမှတ်မှူ စနစ် မှန်ကန်ပြီး တရားတက်တော့မှာပေါ့။
အလုပ်သင်တရားဆိုတာက အရှူခံ ကို အရှူဥာဏ်နဲ့ ရှူမှတ်တဲ့အခါ ကိလေသာတို့ ဝင်နှောက်ယှက်တာကို
ဖယ်ပြီး ရှူတတ်အောင်။ သင်ကြားပို့ချတာ။ အထူးတလည် ပို့ ချချက်ကတော့ မြင်တွေ့သမျှ ဓမ္မလေးတွေကို
ဒါဟာ ဒုက္ခ သစ္စာ ပဲလို့  ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ချက်ချတတ်ဖို့ သင်ကြားသွားတာပါပဲ။အဲ့ဒီဆုံးဖြတ်ချက်ဟာ
အရေးအကြီးဆုံးနေရာမှာ တကယ်သုံးတတ်မှ ရမှာ ဖြစ်ပါတယ်။
မှတ်သား မိသလောက်လေးတင်ပြချင်ပါတယ်။ ဖြစ်ပျက် ရှူမှတ်လို့  ငြီးငွေ့ တဲ့ဥာဏ်ရပြီးရင်
ဘ၀င်ထဲမှာ အေးခနဲ့ဖြစ်ပါတယ်။ အဲ့လိုဘ၀င်ကျ ပြီး အေးခနဲ့ဖြစ်သွားတဲ့အခါ မှာ
ဒါဟာ ဒုက္ခ သစ္စာပဲလို့ ဆုံးဖြတ်ချက်ချနိုင်ရင် ဖြစ်ပျက်တွေ ဆုံးသွားမယ်။ခန္ဓာ ကိုယ်က ပေါ့သွားမယ်။
ဒါက ဆရာဘုန်းဘုရားဖြစ်တဲ့ ဓမ္မရံသီ ဆရာတော် ရဲ့ တရားကို ပထမဦးဆုံး နာကြားခဲ့ရတာလေးပါ။
**အဖုံးနှစ်ချပ် ဖွင့်မှ နိဗ္ဗာန်ရ** ဆိုတဲ့ တရားတော်ကို ပထမဦးဆုံးနာကြားခဲ့ရတာဖြစ်သလို ခုချိန်ထိ
အဲ့ဒီ တရားသံကိုနှလုံးသားမှာ စွဲစွဲမြဲမြဲ မှတ်သားမိဆဲပါပဲ။ ဘာလို့ လဲ ဆိုတော့ ဘ၀င်ထဲမှာအေးခနဲ့
ဖြစ်တာနဲ့ ဒါဟာ ဒုက္ခ သစ္စာ ပဲလို့ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်နိုင်ဖို့ အတွက် မှတ်သားထားတာပါ။
အဲ့ဒီမှာ ဘ၀င်ကျသွားတဲ့အချိန်။ ရင်ထဲမှာ အေးခနဲဖြစ်တဲ့အချိန်မှာ အေးခနဲ့ နေလို့ ကောင်းလိုက်တာလို့ 
အတွေးဝင်သွားရင် လောဘစိတ်ဝင်သွားတာပါ။ကိုယ့် ဥာဏ်က ဆုံးဖြတ်ချက်မှားတာဖြစ်တဲ့အတွက်ကြောင့်
တရားလမ်းကြောင်းက ဖြစ်ပျက် အဆုံးမဖြစ်တော့ပါဘူး။ကိလေသာ ကြားခိုသွားတာ ဖြစ်တယ်။
နောက် ထပ်ဖြစ်တတ်တာက ဘ၀င်ထဲမှာအေးခနဲ့ဖြစ်သွားချိန်မှာ အံ့သြသွားတဲ့စိတ်ပါ။
တကြိမ်မှ မဖြစ်ဖူးတာကိုဖြစ်လိုက်ရတော့ အံ့သြတဲ့စိတ်ဝင်တတ်ပါတယ်။ ဒါမျိုးဖြစ်ဖို့ ဆိုတာကလဲ
ဝိပဿနာ ဥာဏ်အားကောင်းတဲ့သူမှ ဖြစ်တာပါ။ဥာဏ်အားကောင်းပြီး ဘ၀င်ကျတဲ့အချိန် ထူးဆန်းတဲ့ခံစားမှူ
ကြောင့် အံ့သြသွားတတ်ပါတယ်။ အဲ့ဒါ မောဟ ၀င်တာပါ။ မောဟ ဆိုတာ ကိလေသာပါပဲ။
ကိလေသာကြားခိုသွားတော့ နိဗ္ဗာန် နဲ့ လွဲနေပါသေးတယ်။
တကယ်တမ်းကျတော့ ဖြစ်ပျက်ကိုငြီးငွေ့ တဲ့ဥာဏ် လို့ ခေါ်တဲ့ စာသုံး စကားလုံးနဲ့ပြောရရင်
နိဗ္ဗိန္ဒ ဥာဏ်  အဲ့ဒီဥာဏ် နဲ့ မဂ်ဥာဏ်(လောကုတ္တရာ မဂ်ဥာဏ်ကိုပြောတာပါ) ဆိုတာ
ကပ်နေတာပါ။ဘယ်လောက်ပဲ ကပ်နေနေ ကူးတတ်မှ ရောက်ပါတယ်။ မကူးတတ်ရင် မရောက်ပါဘူး။
ကူးပုံကူးနည်းလေး တတ်မှ ကူးတတ်မှာဖြစ်ပါတယ်။ကူးတတ်ရင်တော့ မဂ်ဥာဏ်ရ ရမှာပေါ့။
အရိယာ ဖြစ်ချင်တဲ့သူဆိုတာ ဖြစ်ပျက်ဆုံးအောင်ရှူရမှာပါ။ ဖြစ်ပျက်ဆုံးမှ နိဗ္ဗာန် ရမှာ ဖြစ်ပါတယ်။
ဘ၀င်ထဲမှာ အေးခနဲ ဖြစ်သွားတဲ့အချိန် ဥာဏ်က ထက်ထက်မြက်မြက် နဲ့ ဒါဟာ ဒုက္ခ သစ္စာပဲလို့
ယတိပြတ်များဆုံးဖြတ်နိုင်ခဲ့မယ်ဆိုရင် ခန္ဓာ ကိုယ်က ပေါ့သွားမှာဖြစ်ပြီူး။ ငါ ဟာ သောတာပန်တည်ပြီလို့ 
စိတ်ချလက်ချ မှတ်ယူလို့ ရပါပြီ။
အဲ့တော့ တတိယမြောက် သမီးတော်က ဘာလဲလို့ မေးချင်တဲ့သူများက ရှိပါလိမ့်မယ်။
တတိယမြောက်သမီးတော်က ဘာမှ မဟုတ်ပါဘူး။
တရားတော်တွေ ကိုစိတ်ဝင်စားလွန်းလို့  ဆရာသမားတွေ သွန်သင်ဆုံးမ သမျှ ကို လေးလေးစားစား
လေ့လာမှတ်သားခဲ့လို့  ခုလိုပြန်လည် မျှဝေနိုင်တာပါ။တတိယမြောက်သမီးတော်မှာ  လည်း
ကိလေသာတွေမှ အတုံးလိုက်အတစ်လိုက် အပြည့်ကြီး ရှိနေပါသေးတယ်။
တကယ်လေ့ လာချင်သူများက သွားရောက်သင်ကြားခြင်းပြုပါလို့တိုက်တွန်းချင်တာပါ။
ဆရာကောင်းသမားကောင်းဆိုတာ ပရိယတ် နဲ့ ပဋိပတ် ကို ပိုင်ပိုင်နိင်နိုင် ကျွမ်းကျင်စွာ ဟောနိုင်ပြောနိုင်မှ
ဆရာကောင်းသမားကောင်းလို့ ဆိုအပ်ပါတယ်။ ပဋိပတ် ကို မပိုင်နိုင်သေးရင် သစ္စာ ဥာဏ်ရောက်တရား
တွေကို တိတိကျကျ ရဲရဲ ၀ံ့ဝံ့ ဟောပြောနိုင်စွမ်း မရှိပါဘူး။ သူလေ့လာထားတာလေးကိုတော့ ဖြစ်နိုင်ခြေနဲ့
ဟောရတာပေါ့။
သမီးတော်ရဲ့ ဆရားသမားတို့ ယုံယုံကြည်ကြည်နဲ့ ညွှန်းဆို ဟောပြောတာက မိုးကုတ်ဆရာတော်ဘုရား
ကြီးရဲ့ ဥပနိဿယ နဲ့  ရဲရဲဝံ့ဝံ့ ဟောပြောတာမို့ လို့ သမီးတော်ကလည်း ဆရာကောင်းတပည့်ပီပီ ရဲရဲဝံ့ဝံ့
ထပ်ဆင့်မျှဝေနိုင်ခြင်းပဲဖြစ်ပါတယ်။
ဆရာကောင်းသမားကောင်း ကိုမှီဝဲ ဆည်းကပ်ပြီး  ဤဘ၀ ဤခန္ဓာဖြင့် နိဗ္ဗာန် ကိုမျက်မှောက်
ပြုနိုင်ကြပါစေ
*****တတိယမြောက်သမီးတော်*****
Posted on: Tuesday, October 15, 2013
စူဠသောတာပန် ရှူနည်း မှ မဟာသောတာပန် ဖြစ်စေရန်
Add caption
 ခန္ဓာ ဥာဏ်ရောက်ဝိပဿ......နာအလုပ် ကြိုးစားမယုတ် ပွားများအားထုတ်ကြတဲ့နေရာမှာ ကိုယ်ထင်ရာကိုယ်
စိုင်း ပြီး တော့ ကောင်းမယ်ထင်ပြီးထွင်လိုက်တဲ့ ထွင်လုံးတွေမပါစေပဲနဲ့  ရှင်တော်မြတ် ဗုဒ္ဓ၏ အလိုတော်ကျ
ထေရ၀ါဒ ပိဋကတ်တော်က လာတဲ့လမ်းကြောင်းမှန် အတိုင်း ကျင့်သုံးသွားမယ်ဆိုရင် ရှေးရှေးသော
ဘုရား အရိယာ သူတော်စွာတို့ ရောက်အပ်တဲ့နိဗ္ဗာန် တို့လဲ ရောက်ရလိမ့်မယ်လို့ ယုံယုံကြည်ကြည်နဲ့
ဆုံးဖြတ်ပြီး အလုပ်လုပ်ရလိမ့်မယ်လို့ မှတ်ရမယ်နော်။(မှန်လှပါဘုရား)
အဲ့တော့  ဘုရားရှင် ကိုယ်တော်မြတ်ကြီးရဲ့အလိုတော်ကျ အဌကထာ ဆရာများက ဘာပြောထားသလဲဆိုရင်
နာမ ရူပ ပဋိစ္ဆေဒ ကျမ်း မှာ  ၀ိပဿ......နာအားမထုတ်ခင်   ဥာဏ်(၃)ဥာဏ် အရင်ရအောင်လုပ် တဲ့။
အဲ့ဒီဥာဏ်သုံးဥာဏ် ဆိုတာ ၀ိပဿ......နာရဲ့  အစဉ်မှာ
(၁) ကြောင်းကျိုးသိတဲ့ဥာဏ်
(၂)ရုပ်နာမ် သိတဲ့ဥာဏ်
(၃)ဖြစ်ပျက်မြင်တဲ့ဥာဏ်
ဒီဥာဏ်(၃)ဥာဏ် အရင်ရအောင်လုပ်ရမယ်။
ဒီဥာဏ်(၃)ဥာဏ် ရအောင်လည်းပဲ ဆရာသမား အသီးသီး က သင်ပေးရမယ်။
ဝိပဿ......နာ အလုပ်စဉ် တရားမှာ တကယ် နိဗ္ဗာန်ရောက်ကြောင်းကျင့်သုံးကြမယ့် ယောဂီ သူတော်စင်များ
အစဉ် မှန်မှန် ကလေးနဲ့အလုပ်လုပ်တတ်ဖို့ လိုပါတယ်။သီလစင်ကြယ်ရမယ်။သမာဓိ ကောင်းရမယ်။
ဒိဌိ ကိုအသိဥာဏ်နဲ့စင်ကြယ်ရမယ်။သံသယ ကင်းရမယ်။
ဒီအစဉ်လေးတွေလာနေတဲ့အခါကြတော့ ဘုန်းကြီးတို့ရဲ့ အနန္တ သခင်ကျေးဇူးရှင် မိုးကုတ် ဆရာတော်ဘုရား
ကြီးက ပိဋကတ် သုံးပုံ ကိုမွှေနှောက်ပြီးတော့ အသွေးတော် အသားတော် အရိုးတော်ကနေ ဓါတ်တော်ကျ
အောင် ကျင့်တော်မူသွားတဲ့အတွက် ရှင်တော်မြတ်ဗုဒ္ဓ၏ ၀ိပဿ......နာ ကျင့်စဉ် နည်းစနစ်ပေးတဲ့အပေါ်မှာ
ဘာမှ သံသယ ၀င်စရာမလိုပါဘူး။ဆရာတော်ဘုရားကြီးက မြတ်စွာဘုရားရှင်ရဲ့ အလိုတော်ကျ အတိုင်း
ကျင့်တော်မူသွားလို့ ဓါတ်တော်ကျသွားပြီ။
မုံလည်ဆရာတော် ကလည်း မိုးကုတ်ဆရာတော် ဘုရားကြီးရဲ့ ဥပနိသယ အတိုင်း ကျင့်ကြံသွားလို့ 
ဓါတ်တော်ကျတာပဲ။ဆရာတော်ဘုရား ဦးဓမ္မသာရ လည်း ဒီ အတိုင်းပဲ ။ဆရာတော်ရဲ့အနားမှာ
၆ နှစ်ဆက်တိုက် နေခဲ့ရတယ်။ဆရာတော်ဦးဓမ္မသာရလည်း အသက်ကြီးမှ ၀တ်တာပဲ။
ပဋိယတ္တိ စာပေ တတ်တော်မမူရှာပါဘူး။ဒါပေမယ့် သူတော်ကောင်းတို့ရယ်  ဆရာတော်ဘုရားကြီးရဲ့
ဥပနိသယ အတိုင်း တသွေမတိမ်း  အရှင်မြတ်တို့ က စာမတတ်ပေမယ့် အရှင်မြတ်တို့်ရဲ့ ဆရာတော်
ဘုရားဖြစ်တဲ့ ကျေးဇူးရှင် မိုးကုတ်ဆရာတော်ဘုရားကြီး ဥပနိသယ အတိုင်း သံသယ ကင်းကင်းနဲ့ ကျင့်ကြံ
ခဲ့လို့ ဆရာတော်ဘုရား ပျံလွန်တော်မူတော့ အသွေးတော် အသားတော် အရိုးတော်တွေက ဓါတ်တော်ကျလို့
မီးသဂြိုလ်တဲ့အခါ ဟာဒယ ၀တ္ထုက သွေးတွေများ စီးကျလာတာ ရေတံခွန်က ရေစီးတဲ့အတိုင်းပဲ။
အဲ့ဒီသွေးထဲမှာ အလုံးအလုံးအသီးအသီးတွေ ပါလာတာ နောက်ဆုံး အကုန် ဓါတ်တော်တွေဖြစ်ကုန်တာပဲ။
မျက်ခုံးမွှေးက နောက်ဆုံးမှ မီးလောင် တယ် ဗျား။ကိုင်း..ဓမ္မ ရဲ့ စွမ်းအားဘယ်လောက်ကြီးမားလဲ။
ဒါကြောင့် သူတော်ကောင်းတို့ အချိန် က ခပ်တိုတိုမှာ မိုးကုတ် ဆရာတော်ဘုရားကြီးအသုံးနဲ့ သုံးရင်
ဒကာကြွယ် ဦးလှဘူး  တို့ ရေ  ခင်ဗျားတို့ သက်တမ်းက ခပ်တိုတို ကျန်တော့တာနော်။ တဲ့ ခပ်ခိုခို လုပ်မနေနဲ့ 
ခပ်ယောင်ယောင် လုပ်မနေ နဲ့ တဲ့။ဟိုလူ့ ပါးစပ် လမ်းဆုံး ဒီလူ့ ပါးစပ် လမ်းဆုံး  နဲ့  သူများပါးစပ် လမ်းမဆုံးနဲ့။
ဒကာကြွယ်ရေ  ခင်ဗျားတို့ ခန္ဓာပြောတာကို ယုံလိုက်စမ်းပါ။ဘုန်းကြီးတို့ ကလဲ ပဲ ခန္ဓာ ကို လက်ညှိုးထိုးပြနေ
တာ။ဘုရားက ခန္ဓာကို လက်ညှိုးထိုးပြီးဟောသွားသလို ဘုန်းကြီးများကလဲ ဘုရားရဲ့ တပည့်သားသာဝက
ပီပီ ခန္ဓာ ကို ပဲလက်ညှိုးထိုးရမှာဟေ့   တဲ့။ကိုယ်သိ ကိုယ်တတ်နဲ့ ဘာမှ ထွင်ပြောလို့မရဘူးကွဲ့ ။
မိုးကုတ် ဆရာတော်ဘုရားကြီးက ပြောခဲ့တာ။
ဒါကြောင့်ယောဂီတို့ ဟာရှေးဘုန်း ရှေးကံ ရှေး ပါရမီတွေရှိကြပါတယ်။ ကုသိုလ်ရှိန်စော်ကြောင့် ခုလို
သာသနာတွင်းတရားတွေနဲ့ လာတွေ့ရတယ် သစ္စာ တရား ၀ိပဿ......နာတရားတွေနဲ့လာပြီးတွေ့ ရတာ။
လူတိုင်းတွေ့ ခွင့်ရရဲ့လား။ဗုဒ္ဓဘာသာတိုင်းတွေ့ ခွင့်ရရဲ့ လား။ တချို့ ဗုဒ္ဓဘာသာ ဖြစ်ပေမယ့် သေသာ သွား
ရော ခန္ဓာ (၅)ပါး။ အာယတန(၆)ပါး။ ဓါတ်(၁၈)ပါး။  ဖြစ်ပျက်တရား။ ဒုက္ခသစ္စာတရား။ ။ဘာတစ်ခုမှ မသိပဲနဲ့
သေသွားကြရတာတွေ လောက မှာ အများကြီး ဒုနဲ့ ဒေး။
ယောဂီတို့က ရှေးဘုန်းရှေးကံ ကြီးမားလို့  ဒီတရားနဲ့လာတွေ့ ရတာ။ဘုန်းကြီး မှာတော့ အသက် (၂၆)နှစ်ကျမှ
ဒီတရားတော်တွေကိုတွေ့ ရတာ။ခုယောဂီတို့ထဲမှာ အသက်(၁၆)(၁၇)(၁၉)  ဒီအရွယ်လေးနဲ့ ဒီတရား
လာတွေ့ ရတာ နည်းတဲ့ ဘုန်းကံ မဟုတ်ဘူးနော်။ ဒါကြောင့်တစ်သိန်းတန် ရွှေဖလား ကို ပဲကြီးလှော်နဲ့
လဲမစားလိုက်ပါနဲ့လို့  ယောဂီ တို့ ကိုလေးစားစွာ တိုက်တွန်းတယ်လို့ မှတ်ပါ။
ကိုင်း ဒါကြောင့် မို့  တရားအစဉ် မှာ  ကြောင်းကျိုး သိတဲ့ဥာဏ် ကမ္မဌာန်း ပေးတဲ့နေရာမှာ အခြေခံ
နိုင်နိုင်နင်းနင်း ပေဖို့လိုပါတယ်။
ကမ္မဌာန်းပေးတဲ့နေရာမှာ(၁) မူလ ကမ္မဌာန်း(၂)ကြားထိုး ကမ္မဌာန်းလို့ရှိတယ်။
မူလကမ္မဌာန်း ဆိုတာ မူလ= အခြေခံ အကျဆုံး။  ကမ္မ= ၀ိပဿ......နာအလုပ်။ ဌါန= နေရာ။ဝိပဿ......နာ
စ  အားထုတ်မယ့် ပုဂ္ဂိုလ် ရဲ့ အာရုံပြုရမယ့်နေရာ။အာရုံပြုရမယ့် သဘော.၀ိပဿ......နာ စအားထုတ်မယ့်
ယောဂီရဲ့  အာရုံစပြုရမယ့် ကမ္မဌာန်း ကို မူလ ကမ္မဌာန်း တဲ့။ ဒါဖြင့် ၀ိပဿ......နာ အစ အာနာ ပါန ။
ဒါကြောင့် ၀င်လေ ထွက်လေ ကိုမှန်မှန် ရှူ မှန်မှန် ရှိုက်။ လေဆိုတာ ရုပ်တရား။နှာသီးဖျားဆိုတာလဲ
ရုပ်တရား။ရုပ်နှစ်ခုပေါင်းစပ်လိုက်တဲ့အခါ လေလေးက နှာသီးဖျားကိုတိုးဝင်ပါတယ်။ အဲ့ဒီ တိုးနေတာလေးက
အလိုလိုလား အကြောင်းတရားကြောင့်လား။(အကြောင်းတရားကြောင့်ပါဘုရား)။လေ နဲ့ နှာသီးဖျား က
အကြောင်း။တိုးနေတဲ့ သဘောလေး က အကျိုးတရား။ လေဆိုတာက ရုပ်တရား နှာသီးဖျား က လဲ ရုပ်တရား
ရုပ်နှစ်ခုပေါင်းစပ်လိုက်တော့ တိုးနေတဲ့သဘောလေးရတယ်။လေနဲ့နှာသီးဖျားက ရုပ်ဆိုရင် တိုးနေတဲ့
သဘောတရားက လဲ ရုပ်ပဲ။ ဒါပေမယ့် ကြည့်လိုက်တော့ ရုပ်တုံး ရုပ်ခဲ့ မဟုတ်ပဲ သဘောလေးပဲ ရှိတယ်။
လေနဲ့နှာသီးဖျား က အကြောင်း ရုပ်။ တိုးနေတဲ့သဘောလေး က အကျိုးရုပ်။နော် အကြောင်း အကျိုး။
ဒီပြင်တ၀ ခန္ဓာ ကိုယ်ထဲမှာ တရားလေးထိုင်နေရင်းနဲ့ ခန္ဓာကိုယ်မှာ ပူကနဲ အေးကနဲ့ ။လှုပ်ကနဲ့။ ပေါ်သွား
တယ် ဆိုပါစို့ ။
ခန္ဓာ ကိုယ်ထဲမှာ ဓါတ်ကြီး(၄)ပါး နဲ့ရပ်တည်နေတယ်။သွားလာရတယ်။လှုပ်ရှားရတယ်။အခြေခံ အကျဆုံး
ရုပ်တရား (၄)ပါး။ပထ၀ီ။တေဇော။အာပေါ။ဝါယော။  ခန္ဓာ ကိုယ်ထဲမှာ မာမှူ ပျော့ မှူလေးတွေရှိတယ်။
အရိုးဆိုရင်မာတဲ့သဘော  အသားဆိုရင် ပျော့ တဲ့သဘော။  အဲ့ဒီ မာတဲ့ ပျော့တဲ့ သဘောလေးတွေက ပထ၀ီ။
ပူတဲ့အေးတဲ့ သဘောလေးတွေက တေဇော။ခန္ဓာကိုယ်ကိုစမ်းကြည့်ရှိန်ရှိန်နွေးနွေးသဘောလေးတွေ
ရှိတယ်။အဲ့ဒါ တေဇော။တခါ ခန္ဓာ ကိုယ်ထဲမှာ ချွေးတွေ နှပ်တွေ တံတွေးတွေ ယိုစီးတတ် ဖွဲ့စည်းတတ်တဲ့
သဘောတွေ ရှိတယ် ။အဲ့ဒါ အာပေါ။ရေဓါတ်လို့ခေါ်တယ်။ရေဓါတ် မရှိရင်လဲ လူက သေမှာပဲ နော်။
နောက်တခါ ဒီခန္ဓာ ကိုယ်ထဲမှာပဲ သွေးတွေ လည်ပတ်နိုင်အောင်လို့ လေ ဆိုတာ ရှိတယ်။အဲ့ဒါ ၀ါယော။
အဲ့ဒီ ဓါတ်ကြီး(၄)ပါးဟာ ငါလား  ရုပ်တရားလား။(ရုပ်တရား ပါဘုရား)။
ဓါတ်(၄)ပါး က ရုပ်တရား။အဲ့ဒီ ဓါတ်(၄)ပါး ခန္ဓာကိုယ်ထဲမှာ တခုနဲတခု တိုးဝှေ့ ထိခတ် တာက အကြောင်း
အဲ့ဒီ ဓါတ်(၄)ပါး တိုးဝှေ့ ထိခတ် တဲ့အတွက် ပူတဲ့သဘော အေးတဲ့ သဘော လှုပ်တဲ့သဘော ငြိမ်တဲ့သဘော
တောင့်တဲ့ သဘော တင်းတဲ့သဘော နာတဲ့သဘော ကျင်တဲ့သဘော ယားတဲ့သဘော  အဲ့ဒီ သဘောလေး
တွေ ပေါ်လာတာက အကျိုး။ဓါတ်ကြီး(၄)ပါးက အကြောင်း  ဖေါက်ပြန်လာတာက အကျိုး။နာတာပေါ်လည်း
အကြောင်းအကျိုး ကျင်တာပေါ်လည်း အကြောင်းအကျိုး။ပူတာပေါ်လည်း အကြောင်းအကျိုး။
ဘယ်ဓမ္မလေးပေါ်ပေါ်  အကြောင်းအကျိုး ပါပဲ။ ဘယ်ဓမ္မ ပေါ်ပေါ် အလိုလို ပေါ်တယ် ဆိုတာ မရှိဘူး။
အကြောင်းကြောင့်အကျိုးဖြစ်တာ။နှာသီးဖျားမှာ တိုးနေတဲ့ သဘောလေးကလဲ အလိုလိုပေါ်တာမဟုတ်ဘူး။
အကြောင်းကြောင့် အကျိုးဖြစ်နေတာ။ နာတာလေး ကျင်တာလေးကလဲ အလိုလိုပေါ်တာ မဟုတ်ဘူး။
အကြောင်းကြောင့် အကျိုး ဖြစ်နေတာ။အခုလို ဘယ်ဓမ္မလေးပေါ်ပေါ် အကြောင်းကြောင့် အကျိုးဖြစ်တယ်
ဆိုတာ သိတော့ နာနာ ကျင်ကျင် ဖြစ်ပေါ်တိုင်း  အကြောင်းတရားကြောင့်ဖြစ်တဲ့ အကျိုးတရားပါလားလို့  ပိုင်ပိုင်နိုင်နိုင် သိထားတော့ ဘာကြောင့်နာတာလဲ  ဘာကြောင့်ကျင်တာလဲ ဆိုတဲ့သံသယ လာစရာ
မလိုတော့ဘူး။အဲ့ဒါ အကြောင်းနဲ့အကျိုး ကို ပိုင်းခြားသိလို့ ပါပဲ။
ဟောဒီ ကြောင်းကျိုးဆိုတဲ့ သဘောဟာ ခန္ဓာ ဥာဏ်ရောက်တင်မက ပဲ ဟိုးအပြင်လောက မှာ ပြောဆိုဆက်
ဆံ တဲ့ နေရာမှာလည်းပဲ ထိုနည်းပမာ ပေါ့။အရာရာတိုင်းဟာ အကြောင်းအကျိုးပဲ။  ဆင်းရဲရတာလည်း
အကြောင်းအကျိုးပဲ ချမ်းသာရတာလည်း အကြောင်းအကျိုး ပဲ။ ဒါကြောင့်မို့ လို့  သောရေယျ ရဲ့သားသုဘ က
ဘုရားကိုလျှောက်တယ်။ လူချင်းတူပါရဲ့နဲ့ တချို့ က ချမ်းသာတယ် တချို့  ကဆင်းရဲတယ်။ အဲ့ဒါ ဘာကြောင့်လဲ
ဘုရား။ မလှူမတန်းမပေးကမ်း ခြောက်ခမ်းဥစ္စာ ဆို။ စွန့် ကြဲလေကုန်ဥစ္စာ စုံ ကုန်လုံကြွယ်ဝ လို။
ဆင်းရဲရတာ ဘာကြောင့်လဲ မလှူမတန်းခဲ့လို့ ။ ချမ်းသာရတာ ဘာကြောင့်လဲ လှူတန်းပေးကမ်းခဲ့လို့ ။
တချို့ အနာရောဂါ ကင်းရတယ် တချို့ အနာရောဂါ ထူရတယ်။တချို့ မွေးကတည်း က အနာရောဂါနဲ့နှပန်း လုံး
နေရတာ။ မနာလိုပြန် ဣဿာ....ာရံ  ခြံရံ ကင်းမည်ဆို။ဣဿ......ာ မထား ၀မ်းမြောက်ငြား  ပေါများ ချွေရံကို။
နှိပ်စက်ကလူ ညှင်းစဲမူ  ပြောသူရောဂါစုံ။ သနားစိတ်တွင်း မနှိမ်နင်း ကင်းရှင်းရောဂါ ကို။
သူများကို အမြဲတမ်း နှိပ်စက် ညှင်းပန်း တဲ့ ပုဂ္ဂိုလ်ဟာ ဖြစ်လေရာဘ၀မှာ အနာရောဂါ ဖြစ်တတ်တယ်။
ရောဂါထူတယ်။ သူများအပေါ် မေတ္တာ တရားနဲ့ အေးချမ်းစွာ နေထိုင်တဲ့ပုဂ္ဂိုလ်ဟာ ဖြစ်လေရာ ဘ၀ တိုင်းမှာ
ရောဂါ ကင်းရတယ် ။ရောဂါကင်းတာလည်း အလိုလိုလား အကြောင်းအကျိုးလား။(အကြောင်းအကျိုးပါဘုရား)
ရောဂါထူရတာလည်း အကြောင်းအကျိုးပါပဲ။ ဘယ်သူ့ ကိုမှ အပြစ် မမြင်ရဘူးနော်။ဥပမာ ဆိုကြပါစို့ 
ကိုယ်က သူများပစ္စည်းကိုခိုးမိတယ် ဆိုရင် ဒီဘ၀ ကြရင်လည်း ကိုယ့်ပစ္စည်း အခိုးခံရမယ်။ ဒါကြောင့်
ဘုန်းကြီးတို့  ဖိနပ် ပျောက်ရင် ဘယ်တော့မှ မပြောဘူး။ ကိုယ့်ဘာသာ ခြေဗလာနဲ့ပြန်လာတယ်။
သူများက ဘုန်းဘုန်း ဖိနပ် ဘယ်ပျောက်သွားလဲ မေးရင် ပိုင်ရှင်ယူသွားလို့ လို့ ပြောလိုက်တယ်။
ဒါတွေ က အတိတ် ကအကြောင်းကြောင့်ဖြစ်တာ သူများကိုအပြစ် မပြောရဘူး။ အသက်ရှည်ချင်ရင်
သူများကို သံသယ မ၀င်နဲ့။သံသယ မျက်လုံးနဲ မကြည့်နဲ့။သူများအပေါ် သံသယ ၀င်တာ ကိုယ် အရင်ဆုံး
ပူလောင်တယ်။အဲ့ဒီ ကိလေသာ အပူ က နှလုံးသားကိုလောင်မြိုက်တာ။ဟာဒယ ၀တ္ထု ကိုလောင်မြိုက်ပစ်တာ
ဒါကြောင့်မျက်နှာတွေ မဲတက်လာတာ။ ဘယ်တော့မှ သူများကိုမတော်မတရားစိတ်တွေ မထားနဲ့ သံသယ
စိတ်တွေ မထားနဲ့။နောက်ပြီးတော့သူများကိုအပြစ်မြင်မစောနဲ့။ နောက်ပြီးတော့ တစ်ဦးနဲ့ တစ်ဦး
ဘယ်တော့မှ အထင်မသေးနဲ့။တရားဟောတဲ့ပုဂ္ဂိုလ်နဲ့ တရားနာတဲ့ ပုဂ္ဂိုလ်။ တရားနာတဲ့ ပုဂ္ဂိုလ် က တရား
ဟောတဲ့ ဆရာကို ဘယ်တော့မှ အထင်မသေးရဘူး။ တရားဟောတဲ့ပုဂ္ဂိုလ် က တရားနာတဲ့ပုဂ္ဂိုလ်ကို
လေးလေးစားစားနဲ့ တရားကိုလေးစားသောအားဖြင့် တရားနာတဲ့ပုဂ္ဂိုလ်ကို လေးစားသောအားဖြင့် ရိုရိုသေသေ လေးလေးစားစား ဟောရသလို  နာယူတဲ့ ပုဂ္ဂိုလ်ကလည်း တရားဟောတဲ့ပုဂ္ဂိုလ် နဲ့ တရားတော်
ကိုလေးစားသောအားဖြင့် ရိုရိုသေသေ လေးလေးစားစား နာယူရမှာဖြစ်တယ်။တစ်ဦးနဲ့တစ်ဦးမနှိမ်နင်းရဘူး
မချိုးနှိမ်ရဘူး။တစ်ဦးနဲ့ တစ်ဦးအပြစ်မြင် မစောနဲ့။ သူ့ နေရာ ကိုယ်နေကြည့်။ ကိုယ့်နေရာ သူနေကြည့် ။
ပုထုဇဉ် သဘာဝ မှားတတ်တဲ့သဘာဝ နိယာမ ရှိတယ်။ အရာရာတိုင်းမှာ လောက စီးပွားရေး ပညာရေး
ကျန်းမာရေး။ ဘယ်အရေးကိစ္စမှာပဲဖြစ်ဖြစ် ကိုယ်နဲ့သဘောထားခြင်းမတိုက်ဆိုင်သည် ရှိသော် တိုက်ဆိုင်
သည် ရှိသော် အကြောင်းအကျိုး ဆိုတာ သိမှတ်ရမယ်။ ကိုယ်ကတော့ ဒီပုံစံလေးဖြစ်ချင်တယ်။ ဒါပေမယ့်
ကိုယ့်ဖြစ်ချင်တဲ့ပုံစံ အတိုင်း အရာရာတိုင်းဖြစ်လို့ ရမလား။ကိုယ့်လက်တောင်မှ ညီတာမှ မဟုတ်ပဲ။
ကိုယ့်ခန္ဓာ ကိုယ်တောင်မှ ညီတာမှ မဟုတ်ပဲ။အရာရာတိုင်းမှာ အကြောင်းအကျိုး ဆိုတော့ ကိုယ်ဖြစ်ချင်တိုင်း
ဖြစ်လို့ ရမလား။အရပ်ပုရတာလဲ အကြောင်းအကျိုး။အရပ်ရှည်ရတာလဲ အကြောင်းအကျိုး.။ ရုပ်ချောရတာ
လဲ အကြောင်းအကျိုး။ရုပ်ဆိုးရတာလဲ အကြောင်းအကျိုး။ အရာရာတိုင်းကိုဆင်ခြင်လိုက်စမ်းပါယောဂီတို့ ။
အဲ့လိုဆင်ခြင်လိုက်တဲ့အခါ မှာ ဆင်ခြင်လိုက်တာက ဥာဏ်ပါပဲ။လောက ကြီးပေါ်မှာ ဥာဏ်ကလေးက
ရောက်သွားတော့ ဘယ်သူ့ ကိုဖြင့် မကျေနပ်ပါဘူး။ဘယ်သူ့ ကိုဖြင့်မနာလိုပါဘူး။ဘယ်သူ့ ကိုတော့ပြန်
တုန့် ပြန်အုံးမယ် ဆိုတဲ့ ကြမ်းတမ်းတဲ့အာဃာတ တွေ လာအုံးမှာလား။(မလာတော့ပါဘူး ဘုရား)။
သိတ်ကောင်းတာပဲ ဗျာ ။ချက်ချင်းကိုငြိမ်းအေးသွားတာ။ အကာလိကော  တဲ့ ခုရှူ ခုငြိမ်း။ တဲ့။
အခုဆင်ခြင်လိုက်တာနဲ့ခု ငြိမ်းသွားတာ ဒါတောင် ၀ိပဿ......နာ မပါသေးဘူး။ဒီကြောင်းကျိုး သိတဲ့ဥာဏ်က
ဘယ်လောက်ကျေးဇူးများသလဲဆိုရင် သံသယ ကိုပယ်သတ်တယ်။ ဒါကြောင့် အကြောင်းအကျိုးပေါ် ဥာဏ်
ရှင်းတော့ ၀ီစိကိစ္ဆာ သေတယ်။ဝီစိကိစ္ဆာသေရင် သူတော်ကောင်းတို့ အပယ်လေးပါး က လွတ်မြောက်မှာ။
ရှင်း ပြီလား။သူတော်ကောင်းတို့စီးပွားရှာတာကလေ ဆင်းရဲချင်လို့ လား ချမ်းသာချင်လို့ လား။(ချမ်းသာချင်လို့ 
ပါဘုရား)။ချမ်းသာချင်လို့ စီးပွားရှာကြတယ်ဆိုရင် တကယ်ချမ်းသာချင်တယ် ဆိုရင် ဘယ်တော့မှ သူများ
အပေါ်မှာ ဣဿ......ာ မစ္ဆရိယ စိတ်တွေ မ၀င်နဲ့။မငြူစူ နဲ့ မစောင်းမြောင်းနဲ့။မတွန့်တိုနဲ့။ တချို့  က အလကား
နေရင်း ကိုယ်ပေးရတာလည်း မဟုတ်ပဲနဲ့ ကြားကနေ တွန့် တိုနေတာလဲ ရှိသေး။ဒါမျိုးလဲရှိတယ်။နော်။
ချမ်းသာချင်ရင် ဣဿ......ာမစ္ဆရိယ စိတ်ကင်းအောင်နေ။ဟုတ်လား။ဘယ်တော့မှ မငြူ စူနဲ့ သူများစားတာ
သောက်တာ မငြူ စူနဲ့။များသောအားဖြင့် သူများအကြောင်း မကောင်းပြောတယ် ဆိုတာ အဲ့ဒီ ဣဿ......ာ
မစ္ဆရိယ က လာတာ။အသက်ရှည်ချင်တယ် ကျန်းမာချင်တယ် စီးပွားလာဘ်လာဘ တိုးတက်ပြီတော့မှ
ဒီဘ၀ တကယ့် ကိုချမ်းသာအစစ် ရင်ထဲမှာကိန်းချင်တယ်ဆိုရင် ဣဿ......ာမစ္ဆရိယ ကင်းအောင် ကြိုးစား ပါ။
သူများအကြောင်းမစဉ်းစားနဲ့။ သူများအကြောင်းစဉ်းစားရင်  ကောင်းကွက်ကိုတွေ့ ပြန်တော့လဲ တို့ က
မနာလိုမရှူစိမ့်ဖြစ်တတ်တယ်။ ဘာကြောင့်လဲ။ ပုထုဇဉ် ကိုးကွဲ့ ။ကောင်းကွက်မြင်တော့လဲ မုဒိတာ မပွား
နိုင်ကြဘူး။ဒါကြောင့်မို့ လို့  သူများအကြောင်းကိုစဉ်းစားတဲ့အခါ ပုထုဇဉ် က ကောင်းတာနဲ့ မကောင်းတာ
များသောအားဖြင့် မကောင်းတဲ့ ဘက်ကို စဉ်းစားတာများတယ်။မကောင်းတဲ့ဘက် တွေးတာက များတယ်။
အဲ့ တော့ ကိုယ့်အကြောင်းကိုယ်တွေးပါ။ဖြစ်သမျှဟာ အကြောင်းအကျိုး ပဲလို့ တွေးတော့ ရင်ထဲမှာ ငြိမ်းအေး
သွားတယ်။ အလေ့ အကျင့် များအောင် လုပ်ပါ။ အလေ့ အကျင့်များတော့ ပါရမီ က ရင့်ကျက်လာမယ်။
အကြောင်းတရား က ဓါတ်ကြီး(၄)ပါး။အကျိုးတရားက ဖေါက်ပြန်တာ။ နာတာပေါ်လဲ ဖေါက်ပြန်တာ။
ကျင်တာပေါ်လဲ ဖေါက်ပြန်တာ။ အေး ဒါကြောင့်မို့  စကားလုံးတွေ အများကြီး မပြောပဲနဲ့  နာမှူ ကျင်မှူ
ထုံမှူ ယားမှူ အောင့်မှူ ပူမှူ အေးမှူ တောင့်မှူ တင်းမှူလှူပ်မှူ ငြိမ်မှူ အဲ့ဒီလို ခန္ဓာကိုယ်က  အမျိုးမျိုးသော
သဘောတရားတွေ ကို ပရမတ္တ သဘောအရ စကားလေး တစ်လုံးတည်းနဲ့သုံးလိုက်တယ်။ ဖေါက်ပြန်တာ။
ယားတာပေါ်လည်း ဖေါက်ပြန်တာ။ကျင်တာပေါ်လည်း ဖေါက်ပြန်တာ။ ပူတာပေါ်လည်း ဖေါက်ပြန်တာ။
ဖေါက်ပြန်တာ ဘယ်သူ့ ရဲ့ သဘောလဲ။ ရုပ်  ရဲ့ သဘော နော်။သိလိုက်တာက နာမ်ရဲ့ သဘောနော်။
ဒါဖြင့် ယောဂီတို့ ရယ် တရားလေးနာနေရင်းက လှုပ်ခနဲ  ပေါ်သွားရင် ဖေါက်ပြန်တာ။ကျင်ခနဲ့ပေါ်သွားရင်
ဖေါက်ပြန်တာ။ပူခနဲ့ပေါ်သွားရင်ဖေါက်ပြန်တာ။ အဲ့လိုဖေါက်ပြန်တာပဲ ဖေါက်ပြန်တာပဲလို့ သိရင်။
နာမ ရူပ ပရိစ္ဆေဒ ဥာဏ်တဲ့။မြန်မာလိုပြန်တော့ ရုပ်နာမ် သိတဲ့ဥာဏ်။ ခန္ဓာ ဥာဏ်ရောက်နဲ့ပြောတော့
ဖေါက်ပြန်တယ်လို့ သိတဲ့ ဥာဏ်။ဒါဖြင့် ပူတာပေါ်လည်း ဖေါက်ပြန်တယ်။အေးတာပေါ်လည်းဖေါက်ပြန်တယ်။
ပူတာအေးတာ လှူပ်တာငြိမ်တာကို ဘယ်သူက ပြတာလဲ။(ခန္ဓာ က ပြတာပါဘုရား)။ဟုတ်တယ်။
ယားတဲ့သဘောလေး က ခန္ဓာမှာပေါ်တာပူတဲ့သဘောလေးကလဲ ခန္ဓာ မှာပေါ်တာ။ တောမှာ တိုင်မှာ
အိမ်မှာ ဓမ္မာရုံမှာ ပေါ်တာလား ခန္ဓာမှာ ပေါ်တာလား။(ခန္ဓာ မှာပေါ်တာပါ ဘုရား)။ကျင်တာလေးပေါ်လဲ
ခန္ဓာမှာပေါ်တယ် ပူတာလေးလဲ ခန္ဓာမှာပေါ်တာ။ ခန္ဓာ မှာ ပူတာအေးတာ လှူပ်တာငြိမ်တာ ပေါ်တာ
အဲ့ဒါ ဖေါက်ပြန်တာ။ဖေါက်ပြန်မှူသဘောက ခန္ဓာ မှာ ပေါ်တာ။အဲ့ဒါကိုဖေါက်ပြန်တာပဲလို့ သိတာ
ဘယ်သူ က သိတာလဲ။(ဥာဏ်က သိတာပါဘုရား)။ဖေါက်ပြန်မှူကဘယ်မှာပေါ်။(ခန္ဓာမှာ ပေါ်ပါတယ်ဘုရား)။
ဘယ်သူ က သိတာလဲ(ဥာဏ်က သိတာပါဘုရား)။ဒါဖြင့်  ခန္ဓာ ပေါ်ကို ဘာရောက်သွားတာလဲ။
(ဥာဏ်ရောက်သွားတာပါဘုရား)။အဲ့ဒါ ခန္ဓာ ဥာဏ်ရောက်ဆိုတာ အဲ့ဒါပဲ။ရှင်းပြီလား။
ယောဂီတို့  ငယ်ငယ်ရွယ်ရွယ် နဲ့ အသေမဦးခင် ဥာဏ်ဦးတာနော်။
အဲ့တော့ ဒီလိုဖေါက်ပြန်တယ် ဆိုတာ သိလိုက်တော့ ငါနာ တယ်ဆိုတာ လာဦးမလား။(မလာတော့ပါဘူး
ဘုရား)။အဲ့ဒီ ယားတာ ကျင်တာ ထုံတာ ကိုက်တာ ယောဂီတို့ သဏ္ဍန်မှာပေါ်လာရင် ဒီ ယားတာလေး က
ထင်ထင်ရှားရှား ဖြစ်တယ်။ အသွင်သဏ္ဍန် အနေ နဲ့ ထင်ရှားတာလား။ သဘောလေးနဲ့ ထင်ရှားတာလား။
(သဘောလေး နဲ့ ထင်ရှားတာပါဘုရား)။ကိုယ်တိုင်တရားထိုင်နေတော့ ပူတာလေး နာတာလေး ကျင်တာလေး ပေါ်လာတယ်။ ပေါ်လာတာလေးက ပုံသဏ္ဍန် အနေ နဲ့ ထင်ရှားတာ မဟုတ်ဘူး။
သဘောလေး နဲ့ ထင်ရှားတာ။နာတာ အောင့်တာကိုပြပါဆို  ပြလို့ မရပါဘူး။ဘာမရှိလို့ လဲ။(အထည် မရှိလို့ 
ပါဘုရား)။နာကျင်နေတဲ့သဘောလေးတော့ ရှိပါတယ် ။အထည်ပြပါဆို ပြလို့ မရပါဘူး။ အထည်ကတော့မရှိ
ဘူး။သဘောကတော့ရှိတယ်။ အထည်သည် ပညတ်  သဘောသည် ပရမတ်။  ၀ိပဿ......နာ ရှူတယ် ဆိုတာ
ပရမတ် ကိုရှူရမှာနော်။ အဲ့တော့ လှုပ်ခနဲ့ဖေါက်ပြန်တာဟာ အထည်လားသဘောလေးလား။
(သဘောလေးပါဘုရား)။ပညတ် လား ပရမတ် လား။(ပရမတ်ပါဘုရား)။အေး ပရမတ် ကို အရင်သိအောင်
လုပ်ရတယ်။
ပရမတ် မသိ ၀ မရှိ။ဝိ လည်း မဖြစ်နိုင်။
ဝိ မဖြစ်က အနတ္တ  မုချ ဥာဏ်မပိုင်။
ဥာဏ် မြင် အနတ္တ မတွေ့က ဒုက္ခ ဆုံးမတိုင်။
ဒိဌိ ကိုလည်း မခွာတတ်
နှလုံးသားက ဂျွတ် ဆတ်ဆတ်
အ၀ီစိ မှာ အောက်ဂျိုးကပ်။ ။။။တဲ့   မှတ် ထား
ဘာဖြစ်လို့ လဲ ဆိုတော့ ပရမတ် မှ မသိတော့ အနတ္တလက္ခဏာ ဥာဏ် မရရင် ဒိဌိ မပြုတ်နိုင်ဘူး။
ဒိဌိ တန်းလန်း နဲ့သေရင် အပယ်လေးဘုံ ရောက်မယ်။ ဂျွတ်ဆတ်ဆတ် နိုင်တာ  ဒိဌိ ကြောင့်။
အမေ ကိုဂျွတ်ဆတ်ဆတ် လုပ်လိုက်။အဖေ ကိုဂျွတ်ဆတ်ဆတ် လုပ်လိုက်။ပြောမရ ဆိုမရ။
ဆုံးမ မရ။သွန်သင်မရ။ မိ မေတ္တာ နားမလည်  ဖ မေတ္တာ နားမလည်။ဒိဌိ ရဲ့ သတ္တိ ပဲ။
ဒါကြောင့် ဒိဌိ အားကြီးလေလေ ဂျွတ်ဆတ်ဆတ် မာကြောကြောနိုင်လေလေ ပဲ။ရှင်းပြီလား။
 ဒါကြောင့် မို့ လို့  ဒီတရားစခန်းပြီးသွားတဲ့အခါ  တရားစခန်းမတိုင်မှီက ယောဂီတို့ ရဲ့ အသိဥာဏ်လေးနဲ့
တရားစခန်းပွဲပြီးသွားတဲ့ အသိဥာဏ်လေး အသိတရားလေးတွေ ပြောင်းလဲကြပါစေနော်။ဘုန်းကြီးက
ကျေးဇူးဆပ်တာပါ။ ဘ၀ ကိုတစ်ဆစ်ချိုး အသိဥာဏ်ပိုင်းဆိုင်ရာ ပြောင်းလဲလိုက်မယ်ဆိုရင် ယောဂီ တို့ ရဲ့
ဘ၀ဟာ တဆင့်ထက် တဆင့် မြင့်သွားမှာပါ။
ဝိပဿ......နာ ဆိုတာက လောကုတ္တရာ တစ်ခုတည်းအတွက်မဟုတ်ဘူး။ လောကီအတွက်လဲ အလွန် အင်မတန်
ကျေးဇူးမျာတဲ့ကျင့်စဉ် တစ်ရပ်လို့ ။မှတ်စမ်းပါ။ အလွန်မတန်ချမ်းသာတဲ့ ကျင့်စဉ်။အလွန်မတန် ငြိမ်းအေးတဲ့
ကျင့်စဉ်။ ဒီကျင့်စဉ်ကြီးကျင့်ဖို့  ဘုရား ပွင့်လာတာနော် ။ ရှင်းပြီလား။အဲ့တော့ ဒီကျင့်စဉ်နဲ့ ဒီအသိတရားတွေမှ
မရသေးလို့ ရှိရင်တော့ ယောဂီ တို့ ရေ ငါဟာ ဗုဒ္ဓဘာသာတစ်ယောက်လို့  ၀န် မခံနဲ့ အုံး။
အကယ်၍များ ဒီကျင့်စဉ် ဒီအသိတရားတွေ နဲ့ ယောဂီတို့   မရသေးဘူးဆိုရင် ငါဟာ အောက်တန်းစား
ဗုဒ္ဓဘာသာပါလားလို့   မှတ်ပါအုံး။ရှင်းပြီလား။ ဘ၀ ကိုတိုးတက်ချင်တယ် ဆိုရင်  အောင်မြင်တာလဲ
ကိုယ့်အပေါ်မူတည်တယ် ကျရှူံ.း တာလည်း ပဲ ကိုယ့်အပေါ်မူတည်တယ်။ လမ်းပေါ်ရောက်တာလည်း 
ကိုယ့်အပေါ် မူတည်တယ်။ ကိုယ့်ရဲ့အတွေးအခေါ်နဲ့ ကိုယ့်ရဲ့ဆုံးဖြတ်ချက်သည် ကိုယ့်ရဲ့ ဘ၀ ရဲ့  
အောင်မြင်ခြင်း ကျဆုံးခြင်း  ရဲ့ သော့ချက်ပဲလို့ မှတ်ပါ။ 
အေး ဒါကြောင့်မို့ ယောဂီတို့ရော  ဒါဟာ ဖေါက်ပြန်တာပဲလို့ တချက်သိလိုက်တာနဲ့   အဲ့ဒီဖေါက်ပြန်တာ
ပူတာ အေးတာ ထုံတာ ကျင်တာ ကိုက်တာ ပေါ်လာတာ ကွယ်ကွယ်ဝှက်ဝှက်လား ထင်ထင်ရှားရှားလား။
(ထင်ထင်ရှားရှားပါဘုရား)။ ထင်ရှားလို့  ထင်ထင်ရှားရှားပေါ်လာလို့  သက္ကာယ လို့  ခေါ်တယ်။
 အထည်အနေ နဲ့လား သဘောလေးအနေ နဲ့လား။(သဘောလေးပါဘုရား) သဘောလေးအနေ နဲ့
ထင်ရှားလို့  သက္ကာယ တရားလို့ ခေါ်တယ်။ဒါဖြင့် ယောဂီတို့ ရေ ယားနေတာက သက္ကာယ။
အဲ့ဒါကို ဖေါက်ပြန်တယ်လို့ မသိတဲ့အခါကြတော့။ ငါ ယားတယ်လို့  ထုံးစံ အတိုင်းယူပစ်တာ။
ယားတာ က သက္ကာယ။ငါယားတယ်လို့   ယူလိုက်တာက ဒိဌိ။သက္ကာယ နဲ့ ဒိဌိ နဲ့ပေါင်းတော့
သက္ကာယ ဒိဌိ။ ကိုင်းသက္ကာယ ဒိဌိ  ဖြစ်ပြီ။ ကျင် ခနဲ့ပေါ်တာက သက္ကာယ။ ငါကျင်တယ်လို့ ယူလိုက်တာက
ဒိဌိ။ပေါင်းလိုက်တော့ သက္ကာယ ဒိဌိ။ ဖြတ်ခနဲ့မြင်လိုက်တာ သက္ကာယ။ငါကိုယ်တိုင်မြင်ခဲ့တယ်လို့ ယူလိုက်
တာက ဒိဌိ။ ပေါင်းလိုက်တော့ သက္ကာယ ဒိဌိ။  ကဲ.တနေ ကုန် ဘယ်သူနဲ့နေတာလဲ။ (သက္ကာယ ဒိဌိ နဲ့
နေတာပါဘုရား) ။ တနေ ကုန် ဒိဌိ နဲ့နေတာပေါ့။ ဒိဌိ နဲ့နေတာ အခုမှလား ငယ်တည်း ကလား။
(ငယ်တည်း ကပါဘုရား)။ဒါဆို ငယ်ပေါင်းကြီးပေါ့။ ကဲ ခု ငယ်ပေါင်းကိုတွေ့ ပြီလား။လောက မှာ
ပြောကြတယ်။ငယ်ကပေါင်း အနှစ်တစ်သောင်းမမေ့ ကောင်းတဲ့။ မှတ်ထား ဒိဌိ နဲ့သေရင် ဒယ်အိုး ကလွဲလို 
ကျန်တာ အကျိုးပေးစရာမရှိဘူး။ယောဂီတို့ရေ ငါ့ လာမထိ နဲ့ ငါလိုကောင်မ ဘာမှတ်လို့ လဲ ငါလိုကောင် 
ဘာမှတ်လို့ လဲ။ အဲ့လိုဖြစ်တာ ဒိဌိ ကြောင့်ဖြစ်တာ။ ဒိဌိ ရှိနေရင်  သူမလုပ်ရဲတဲ့ အကုသိုလ် ဘာမှ မရှိဘူး။
အမိ စော်ကား အဖ စော်ကား ဘုရားစော်ကားတယ် ဆိုတာလည်း ဒိဌိ ရဲ့ သတ္တိ ပဲ။ အဇာတသတ်က
အဖေ ကိုလုပ်ကြံတယ်ဆိုတာ လည်း ငါရှင်ဘုရင် ဖြစ်ချင်တယ် ။ငါဆိုတာ က ဒိဌိ ။ ဒီဒိဌိ က ခေါင်းဆောင်ပြီး
တော့ လုပ်တာ။ရှင်ဘုရင် ဖြစ်ချင်တယ် အာရုံငါးပါး ကာမဂုဏ် ခံစားချင်တဲ့လောဘ က ဒိဌိ နဲ့ယှဉ်ဖေါ် 
ယှဉ်ဖက်။အလုံးစုံသော အကုသိုလ် ရဲ့ခေါင်သူကြီးဟာ ဒိဌိ ပဲ။ မဂ်ဥာဏ် ဖိုလ်ဥာဏ်တားမှာလည်း ဒိဌိ ပဲ။
အပ္ပါယ်လေးဘုံဆွဲချမှာလည်း ဒိဌိ ပဲ။ ဒါကြောင့်မို့ ထမင်းတစ်ပွဲလုံး ဘယ်လောက်ကြီးကျယ် ခမ်းနားတယ်
ဆိုပေမယ့် မစင်တစ်စက် ကျသွားရင် ထမင်းပွဲ ပျက်တယ်ဗျ။  ။ဒီတိုင်း ပဲ ယောဂီတို့  ဘာကုသိုလ်ကောင်းမှူ
တွေ လုပ်ခဲ့တယ် ပြောပြော ဒိဌိ တည်းဟူသော မစင် တစ်စက် ကျသွားရင် ယောဂီတို့  ကုသိုလ်က အကျိုး
ပေးခွင့်မပါပဲနဲ့  အပ္ပါယ်(၄)ဘုံ ကိုဒိဌိ  က ဆွဲချသွားမှာ။ အလွန် မတန် ကြောက်စရာကောင်းတယ်။
ဒါကြောင့်ဘုရားရှင်ကိုယ်တော်မြတ်ကြီးက  ၀ိပဿ......နာ ရှူမှူကိုနောက်ထားစမ်းပါအုံး ဒိဌိ အရင်ဖြုတ်ပါကွ။
ရှင်တော်မြတ် ဗုဒ္ဓ၏ အလိုတော်ကျ ကျေးဇူးရှင် မိုးကုတ် ဆရာတော်ဘုရားကြီး က  ၀ိပဿ......နာ ရှူမှူကို
နောက်ထား ဒိဌိ ဖြုတ်မှူကို ရှေ့ ထား(၁၆-၂-၆၀) မှာ သေသေချာချာ  ရှင်ဆန္ဒ ဥပမာ ပြ ဒိဌိ ဖြုတ် တရားတွေ
ဟောသွားတာ။ ကောင်းမှ ကောင်း။ ဒါကြောင့်မို့ သူတော်ကောင်းတို့ ရေ ၀ိပဿ......နာ ရှူတယ် ၀ိပဿ......နာ ရှူတယ် ဆိုတာ ဘာလုပ်တာလဲ မေးရင်  ဒိဌိ ကို အပွားဥာဏ်နဲ့ ပယ်နေတာ။ တချို့  ရိပ်သာတွေ ၀င်ပြီး
အိမ်ပြန်ရောက်တဲ့အခါ အမိ ထိုင်ဆဲ အဖ ထိုင်ဆဲ နဲ့ ။ လူရိုင်းကြီးတွေ ကိုဖြစ်လို့ ။သူတို့  ရိပ်သာဝင်တယ် ဆိုတာ ထိုင်တာပဲ ရှိတာ။နာနာ ကျင်ကျင် ကိုက်ကိုက်ခဲခဲ ပူပူအေးအေး လှူပ်လှူပ် ငြိမ်ငြိမ်  တောင့်တောင့်
တင်းတင်း သူဒါပဲ သိသွားတယ်။  သူတရားထိုင်တာ ညောင်းတာပဲသိတယ် ။နာတာပဲသိတယ်။ အောင့်တာ
ပဲ သိတယ်။  သက္ကာယ ဒိဌိ ဘယ်ဆီနေမှန်းလည်းမသိ။သက္ကာယ ဒိဌိ ဘာပြောမှန်းမသိ။သက္ကာယ ဒိဌိ ရှိရင်
လူတွေ  ဘယ်လောက်စရိုက်ကြမ်းတယ် ဆိုတာ သူမသိဘူး။ သက္ကာယ ဒိဌိ ရဲ့အကျိုးပေး ကိုလည်း 
သူနားမလည်ဘူး။ သက္ကာယ ဒိဌိ ဖြစ်ပုံလည်း နားမလည်ဘူး။သက္ကာယ ဒိဌိ ဖြုတ်ပုံလည်း သူနားမလည်ဘူး။
ဟော ခု ယောဂီတို့ ဘယ်လောက်ကံကောင်းလဲ။ သက္ကာယ ဒိဌိ ဖြစ်ပုံကိုသိခွင့်မရဘူးလား။(ရပါတယ်ဘုရား)
ဒါဖြင့်လှူပ်ခနဲ့ပေါ်လာရင် ဘာတရားလဲ။(သက္ကာယတရားပါဘုရား)။ကျင်ခနဲ့ပေါ်လာရင်။(သက္ကာယပါဘုရား)
ဖြတ်ခနဲ့ ကြားလိုက်ရင်(သက္ကာယ ပါဘုရား) ငါကြားတယ်လို့ ယူလိုက်တာ က ဒိဌိ။သက္ကာယ ကိုမှီပြီး
ဖြစ်တဲ့ ဒိဌိ မို့   သက္ကာယ ဒိဌိလို့ ခေါ်တယ်။ ဒါက သက္ကာယ ဒိဌိ ဖြစ်ပုံကိုပြောတာ။လက်မှာ ကျင်တာလေး
ပေါ်ရင် သက္ကာယ ။ငါကျင်တယ်လို့ ယူလိုက်ရင် ဒိဌိ။ ပေါင်းတော့ သက္ကာယ ဒိဌိ။ဖြုတ်မယ်ဆိုရင်
သက္ကာယ ကိုဖြုတ်ရမှာလား။ ဒိဌိ ကိုဖြုတ်ရမှာလား။ ဒိဌိ ကိုဖြုတ်ရမယ် နော်။ သက္ကာယ တော့သွားမဖြုတ် နဲ့။
သေသွားမှာပေါ့။ သက္ကာယ ကိုဖြုတ်ရမှာလား ဒိဌိ ကိုဖြုတ်ရမှာလား။(ဒိဌိ ကို ဖြုတ်ရမှာပါဘုရား)
သို့ သော် ဒီ ဒိဌိ က သက္ကာယ ကိုမှီဖြစ်တာလား မိုး ပေါ်ကကျလာတာလား။ (သက္ကာယကိုမှီဖြစ်တာပါ ဘုရား)
သက္ကာယ ကိုမှီဖြစ်တဲ ဒိဌိ မို့  သက္ကာယ ဒိဌိ။ ဖြစ်ပုံနားလည်ပြီနော်။ ဖြစ်ပုံနားလည်မှ ဖြုတ်ပုံ နားလည်မှာ ဗျ။
သွားတယ် ဆိုပါစို့ ။သွားချင်တာ က နာမ် သွားတဲ့ ဟန် က ရုပ် သူမဟုတ် ငါမဟုတ်  သွားနေတာ နာမ်နဲ့ရုပ်။
အဲ့ဒါ ကို ငါသွားတယ် လို့ ယူလိုက်ရင်အယူမှား ဖြစ်တယ်။အယူမှားတာ ဒိဌိ။ ဘာဒိဌိလဲ ဆိုရင် သက္ကာယဒိဌိ။
ဒါဖြင့် ငါရယ်သူရယ် ယောင်္ကျား မိန်းမ ပုဂ္ဂိုလ် သတ္တ၀ါ ဆိုတာက ပြောလို့ ဒိဌိ ဖြစ်တာမဟုတ်ဘူးယူမှ ဖြစ်တာ။
အပြော က ဒိဌိ ဖြစ်တာမဟုတ်ဘူးနော်။ အယူ က ဒိဌိ ဖြစ်တာ ။ ပြောတာတော့ ဘုရားရှင်ကိုယ်တော်မြတ်
လည်ပြောတာပဲ။ငါဘုရား လို့ သုံးနှုန်း တာပဲ။ သုံးရုံသုံးသွားတာ။လောက မှာ တင့်တယ်အောင်
စကားပြောရာ ပေါင်းသင်းဆက်ဆံရာ ပြေလည်ပါစေခြင်း အကျိုးငှာ ယောက်ျားရယ် မိန်းမ ရယ် ပုဂ္ဂိုလ်ရယ်
သတ္တ၀ါရယ် ကလေး လူကြီး ဆရာသမား ဘုရား တရားသံဃာ မိဘ သူ့ နေရာနဲ့သူ အတိုင်းအတာ ရှိတယ်။
ဣရိယာ ကိုအကြောင်းပြုပြီးတော့ ဒါက လူပဲ ဒါက နတ်ပဲ ဒါက ခွေးပဲ ဒါက ကြောင်ပဲ စသည် အားဖြင့် အမည်
နာမ သတ်မှတ်ထားတာရှိတယ်။ သမုတိ သစ္စာတဲ့ ။သူ့ လောက စကားနဲ့သူ မှန်တယ်။  ပြောပါ ဆိုပါ။
သမီးကို သမီးလို့ ခေါ်တာ ဘာဒိဌိ မှ မဖြစ်ဘူး။ သားကိုသားလို့ ခေါ်တာ ဘာဒိဌိ မှ မဖြစ်ဘူး။ ငါ့ သား အစစ်
လို့ ယူရင်တော့ ဒိဌိပဲ။ အပြောနဲ့အယူ ခွဲထားရမယ်နော်။
ကျင်နေတာက သက္ကာယ။ ငါကျင်တယ်လို့ ယူလိုက်တာ ဒိဌိ။ ပေါင်းလိုက်တော့ သက္ကာယ ဒိဌိ။ အဲ့ဒါ သက္ကာယ
ဒိဌိ ဖြစ်ပုံပြောလိုက်တာ။ ဒိဌိ ဖြုတ်ပုံလေးကတော့။ အဲ့ဒီ ကျင်ခနဲ့ပေါ်လာလို့ ရှိရင် သူတော်ကောင်းတို့ က
ဘယ်လိုဆုံးဖြတ်ရမယ်။(ဖေါက်ပြန်တယ်လို့ ဆုံးဖြတ်ရမှာပါဘုရား)။အေး ဖေါက်ပြန်တယ်လို့ သိလိုက်တဲ့
အတွက် ငါကျင်တယ်ဆိုတဲ့အယူ မလာတော့ဘူး။အဲ့ဒါ သက္ကာယဒိဌိစင်သွားတာ။ခန္ဓာ ပေါ်ဥာဏ်ရောက်သွား
လို့ ။ ခန္ဓာပေါ် ဥာဏ်ရောက်တော့ ဒိဌိ ပျောက်သွာတယ်။ ဒါကြောင့် ခန္ဓာ ဥာဏ်ရောက်ဒိဌိ ပျောက်။လို့ ပြော
တာ။
ဒီလိုနိုင်နိုင်နင်းနင်း ပြောရမယ် ဒိဌိ ပျောက် တယ်ဆိုတာ နားလည်အောင်ပြောရမယ် ။
သဘောပေါက်အောင်ပြောရမယ်။ဒါကြောင့်ဒိဌိ ပြုတ်ဖို့ က အရေးကြီးတယ်။ 
မူလ ကမ္မဌာန်း ဆိုတာကနှာသီးဖျား ၀င်လေလေး တိုးနေတာ။အဲ့ဒီတိုးနေတာလေး က သက္ကာယ။
ငါရှူတယ်လို့  ယူလိုက်တော့ သက္ကာယ ဒိဌိ။  အဲ့တော့ တိုးနေတာကို တိုးတဲ့သဘောလေး ကိုသိရမယ်။
တိုးနေတဲ့သဘောလေး က ရုပ်ရဲ့သဘော။သိနေတာလေး က နာမ်ရဲ့ သဘော။ တိုးတာ တိုးမှန်းသိနေရင်
ငါ ရှူတယ်  ငါရှိုက်တယ် ဆိုတဲ့ အယူ မလာတော့ဘူး။အဲ့တော့ သက္ကာယ ဒိဌိ စင်တယ်။အကြောင်း အကျိုး
ပေါ် ဥာဏ်ရှင်းတော့ ဝီစိကိစ္ဆာ သေတယ်။ ဖေါက်ပြန်တယ် ဖေါက်ပြန်တယ်လို့ သိတော့ သက္ကာယ ဒိဌိ
ပြုတ်တယ်။တိုးနေတာလေးက ဖြစ်တာ ။ဝင်လေ လေး ကုန်သွားတော့ မရှိတော့ဘူး။မရှိတော့တာ က 
ပျက်တာ။ပျက်ရင်ပြီးရောလား ထွက်လေ အစားထိုးလား။(ထွက်လေ အစားထိုး ပါတယ် ဘုရား)။
ထွက်တော့လည်း တိုးပြီးထွက်တယ်။ တိုးတာသိတာ  အဖြစ်ကို သိတာ။ ထွက်လေလေး ပြီးသွားတော့
တိုးတာလေး မရှိတော့ဘူး။မရှိဘူးလို့ သိတာက အပျက် ကိုသိတာ။
အဖြစ်ကိုသိတာသည် သမထ။ အပျက် ကိုသိတာ သည် ၀ိပဿ......နာ။တိုးဝင်တာလေး သိလိုက် မရှိတာလေး 
သိလိုက် ။ တိုးထွက်တာလေး သိလိုက် မရှိတာလေး သိလိုက်။အဲ့လိုသိနေတာလေး က မူလကမ္မဌာန်း။
အဲ့လိုရှူနေရင်း က တနေရာက လှူပ်ခနဲ့ပေါ်တယ်။လှုပ်ခနဲ့ ပေါ်တာက အမြဲတမ်းရှိတာမဟုတ်ဘူး။
အကြောင်းတိုက်ဆိုင်မှာပေါ်တာ။လှူပ်ခနဲ့ပေါ်တာ ဖေါက်ပြန်တာ။ ကျင်ခနဲ့ပေါ်တာ ဖေါက်ပြန်တာ။
ပူခနဲ့ ပေါ်တာ ဖေါက်ပြန်တာ။ အဲ့မှာ မူလကမ္မဌာန်း တိုးတာလေး သိလိုက် မရှိတော့တာလေးသိလိုက်။
တိုးထွက်တာလေးသိလိုက် မရှိတာလေး သိလိုက်။တိုးတာလေးသိရင် အဖြစ်ကိုသိနေပြီ။ မရှိတာလေး သိရင်
အပျက် ကိုသိနေပြီ။ပါးစပ်ကနေ ဖြစ်ပျက် ဖြစ်ပျက်လို့  လိုက် ရွတ်နေရမှာ မဟုတ်ဘူးနော်။ နဂိုတည်း က
မရှိတာလား ရှိရာမှ မရှိတာလား။(ရှိရာမှ မရှိတာပါဘုရား)။တိုးနေတုံး က တိုးတဲ့သဘောလေး ရှိတယ်။
ဝင်လေ ကုန်သွားတော့ မရှိတော့ဘူး။ ရှိရာမှ မရှိတာ။
မိုးကုတ် ဆရာတော်ဘုရားကြီး က ပြောတယ်။ ဒကာကြွယ် ဦးလှဘူး တို့ ရေ ရှိရာမှ မရှိတာကိုသိတာ
ဝိပဿ......နာ ဥာဏ်။တဲ့ 
လှူပ်ခနဲ့ပေါ်တာက ဖြစ်တာ။ အဲ့သဘောလေး မရှိတာက ပျက်တာ။ဖြစ်လည်း ဖြစ်တယ်။ ပျက်လည်း ပျက်တယ်။ လှူပ်ခနဲ့ လို့ ဖေါက်ပြန်တာ ခန္ဓာက ပြတာ။ ရှိမရှိကို  သိတာ  ဥာဏ်က  ဆုံးဖြတ်တာ။
ခန္ဓာ က ခန္ဓာ အလုပ် ခန္ဓာ လုပ်။ ဥာဏ် က ဥာဏ် အလုပ် ဥာဏ်လုပ်။
ဝိပဿ......နာလုပ်တယ် ဆိုတာ ခန္ဓာ ဘာပြောတယ် ဆိုတာ စောင့်ကြည့်တာ။ အဲ့ဒါ ၀ိပဿ......နာ။   
ဘာမှမမြင်ပဲနဲ့ မရှိပါလားလို့  ဆုံးဖြတ်ရမှာ မဟုတ်ဘူးနော်။ ရှိရာမှ မရှိတာကိုသိပြီး ဆုံးဖြတ်ရမှာ။
မရှိတော့ပါလားလို့ ဆုံးဖြတ်ပြီးရင်နောက်ထပ် ဖေါက်ပြန်မှူလေးတွေ ပေါ်သေးလားစောင့်ကြည့်။
ဘယ်ကမှ မပေါ်တော့ရင် မူလ ကမ္မဌာန်းနေရာကို ပြန်ထိုင်ပါ။ မူလကမ္မဌာန်း ရှူရာကနေ ခန္ဓာမှာ
လှူပ်ခနဲ့ ပူခနဲ့  စသည်ဖြင့် ပေါ်လာပြီး ရှိမရှိဆုံးဖြတ်ပေးတာ ကြားထိုး ကမ္မဌာန်း။ နှာသီးဖျား ထိ သိ
ရုပ်နာမ် ဓမ္မ ဖြစ်ပျက် မှူ  က မူလ ကမ္မဌာန်း။ ကြားထဲမှာ အကြာင်းတိုက်ဆိုင်လို့ ဖေါက်ပြန်ပျက်စီးသွားတာ
ကြားထိုး ကမ္မဌာန်း။မူလ ကမ္မဌာန်း နဲ့ ကြားထိုး ကမ္မဌာန်း။
အဲ့လိုလှည့်ရှူလိုက်တော့ လှူပ်ခနဲ့ပေါ်တာ ဖေါက်ပြန်တာပဲလို့ သိလိုက်တာက အကြောင်းအကျိုး။
ဖေါက်ပြန်တာပဲလို့ သိလိုက်တော့ သက္ကာယ ဒိဌိ စင်တယ်။ ဖေါက်ပြန်တာလေး က မမြဲဘူး။
ဖြစ်ပြီးပျက်သွားတာပဲ။ ပျက်သွားတာပဲလို့ သိလိုက်တော့ ခိုင်တယ် မြဲတယ် ဆိုတဲ့ အယူ မလာတော့ဘူး။
အဲ့ဒါ သဿ......တ ဒိဌိ စင်တယ်။ ဖေါက်ပြန်တာ အကြိမ်ကြိမ်ဖြစ်နေတာကိုသိတဲ့အတွက် ဥစ္ဆေဒ ဒိဌိ စင်တယ်။
အဖြစ်ကိုမြင်တော့ ဥစ္ဆေဒ ဒိဌိ စင်တယ်။ အပျက် ကိုမြင်တော့ သဿ......တ ဒိဌိ စင်တယ်။ သဘောလေးပေါ်ပြီး
သဘောလေး ပျက်တာကိုမြင်တော့ သက္ကာယ ဒိဌိ စင်တယ်။သံသယ လာစရာမလိုတော့ ၀ီစိကိစ္ဆာ
 သေတယ် ။
အရှူခံ ဖြစ်တဲ့ မူလ ကမ္မဌာန်း နဲ့ ကြားထိုး ကမ္မဌာန်းက ဖြစ်ပျက်။ မရှိတော့တာကိုသိတာက မဂ်။
ဖြစ်ပျက် က ဒုက္ခ သစ္စာ။ မရှိတော့ပါလားလို့ သိတာက မဂ္ဂ သစ္စာ။ အဲ့ဒီမှာ ကြောင်းကျိုး သိတဲ့ ဥာဏ်
ပါတယ်။ရုပ်နာမ် သိတဲ့ ဥာဏ် ပါတယ်။ ဖြစ်ပျက်မြင်တဲ့ ဥာဏ်ပါတယ်။ ဥာဏ်(၃)ဥာဏ်။ ပါတယ်။
ဒါကြောင့်မို့  ခန္ဓာ ဖြစ်ပျက်  ရှူတဲ့ ဥာဏ် က မဂ်။ဒီလိုကိုက်နေတာ။ ကိုက်နေတော့ ငါနာတယ်။
ငါကျင်တယ်။ ငါ ကိုက်တယ်။ ငါ ခဲတယ်။ မလာတော့ဘူး။သေသွားတာ ဒိဌိ (၃)မျိုး။
ဒိဌိ (၃)မျိုးနဲ့ သံသယ ၀ီစိကိစ္ဆာ ကင်းနေတော့ သမုဒယေ နိရောဓေါ နိဗ္ဗာ နံ  တဲ့ 
သမုဒယ တို့ ကင်းနေတာ  နိရောဓ သစ္စာ။
ဒါကြောင့် ဖြစ်ပျက် မြင်။ ဒိဌိ ပြုတ်။ သစ္စာ တန်း  ။တဲ့ 
ဒါက စူဠ သောတပန် ရှူနည်း။ သောတာပန် ဖြစ်မယ့် ပုဂ္ဂိုလ် ရဲ့ ရှူနည်း။
ဒီနည်းအတိုင်းသာ သွားရင် သောတာပန် တည်ရမယ် လို့ ဆုံးဖြတ်ချက်ချ။
သာဓု ခေါ်။
။   ။ (၁၀-၄-၂၀၁၁)ရက်နေ့ တွင်"ဓမ္မ ရံသီ  ဆရာတော် ဘုရားဟောကြားတော်မူသော 
          ကာယနုပဿ......နာ ရှူပွားနည်း  အလုပ်သင်  အမှတ်(၃) တရားတော် "  ။   ။
                                      *****တတိယမြောက်သမီးတော်*****