လောက မှာ အဖေါ် ဆိုတာ လိုအပ်တယ်။
ပစ္စုပ္ပန် အဖေါ်ရယ် သံသရာ အဖေါ် ရယ်လို့  (၂)မျိုး ရှိပါတယ်။
ပစ္စုပ္ပန်မှာ အဖေ အမေ အကိုအမ ဇနီးမယား သမီး သားရယ်လို့  မိသားစု အဖေါ်တွေ လိုအပ်ပါတယ်။
အဲ့ဒီ အဖေါ်တွေကတော့ တဘ၀စာ တနပ်စာ အတွက်ရပ်တည်ကြမယ့်သူတွေပါ။
ဒီ အဖေါ်တွေမှာလည်း ကောင်းတဲ့ အဖေါ်ရှိသလို မကောင်းတဲ့ အဖေါ်လည်း ရှိပါတယ်။
ကောင်းကျိုးလိုလားသူဆိုရင်တော့ ကောင်းတာတွေ ဖြစ်မယ်။ သံသရာအတွက်ပါ ကောင်းမယ်။
မကောင်းတဲ့ အဖေါ်ကတော့ ခုလည်း မကောင်းဘူး သံသရာအတွက်လည်း မကောင်းနိုင်ဘူး။
ဒါန ။သီလ ။ သမထ။ ၀ိပဿနာ ဆိုတဲ့ လေးမျိုးသော ကုသိုလ် တရားတွေဟာ
သံသရာ အတွက် အဖေါ်ကောင်းတွေ ဖြစ်ပါတယ်။
မိုးကုတ် ဆရာတော်ဘုရားကြီး က ..ဇာတိ တရားလက်ခံထားသူ များဗိုလ်လူတို့ 
နောက်မူ စင်စစ် သေမင်းလက်သို့  အသက် အပ်နှင်း မယွင်းသေချာ ဖြစ်မြဲသာတည့်။
လို့  ဆိုထားပါတယ်။
အကယ် ၍များ အဖေါ်ကောင်းမရှိခဲ့ရင် ဇာတိ ကို ရထားတဲ့ ခန္ဓာတိုင်းဟာ
အိုမှူသဘော ကို`၎င်း နာမှူ သဘောကို၎င်း ခံစားရတဲ့အခါ မှာ မခံစားနိုင်ဖြစ်ကြတယ်။
အဖေါ်ကောင်းရှိထားတဲ့သူတွေ ကတော့ အိုခြင်းသဘော နာခြင်းသဘောကို သိရှိပြီးဖြစ်သလို
အဖေါ် ကောင်းရဲ့ အထောက် အပံ့ နဲ့ ပြုံးပြုံး ရွင်ရွှင် ရင်ဆိုင်နိုင်ကြပါတယ်။
ဇာတိ ရဲ့ နောက်မှာ ဇရာ မရဏ ကပ် ပါလာတာပါ။ခန္ဓာကို ရတဲ့သူတိုင်းဟာ ရုပ်ကိုစွဲလမ်းတတ်တယ်။
ဝေဒနာ ကိုစွဲလမ်း တတ်တယ်။ အဲ့ဒီလိုစွဲလမ်းတော့ အိုမှူသဘော နာမှူသဘော ရုပ် ရဲ့ ဖေါက်ပြန်မှူ
သဘောတွေကို မခံစားနိုင်အောင် ဝေဒနာ ဖြစ်တတ်ကြပါတယ်။
သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။
နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုဖို့  ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။
နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။
သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့။ လို့  မြတ်စွာ ဘုရားရှင် ကိုယ်တော်မြတ်က
ဆုံးမတော်မူခဲ့ပါတယ်။
ဘုရားရှင် ဘယ်လောက်ပဲဆုံးမထား ဆုံးမထား ၀ိပဿနာ အသိလေးနဲ့ လေ့ကျင့်အားထုတ်ထားခြင်း
မရှိရင်တော့ သတိကပ်ပြီး မှတ်နိုင်မှာ မဟုတ်ပါဘူး။အဖေါ် ကောင်းကို ရှာဖွေ ပေါင်းဖေါ်ထားခြင်းမရှိ
တဲ့အတွက် နာရင်နာတယ် လို့ ခံစားပြီး ငါနာတယ် ငါကျင်တယ်လို့  ဖြစ်နေကြမှာပါ။
ဝိပဿနာ အသိလေးနဲ့ သတိလေးကပ်ပြီး နာတာကိုမှတ်မယ် နာခြင်းသဘောကို ဖြစ်ပျက်ရှုမယ် ဆိုရင်
အဖေါ်ကောင်း နဲ့ နေသူဖြစ်တဲ့အတွက် နိဗ္ဗာန် ကို အဲ့ဒီ အဖေါ်ကောင်းက ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။
ဒါကြောင့် အဖေါ်ကောင်း နဲ့ပေါင်းတတ် သင်းတတ်မှသာ အဲ့ဒီ အဖေါ်ကောင်းက နိဗ္ဗာန် ပို့ မယ်
အပယ် တံခါး ကို ပိတ်ပေးပါလိမ့်မယ်။
အဖေါ်ကောင်းရှိမှာသာ ချမ်းသာ ကို ရပါလိမ့်မယ်။
(မြောက်ဦး ဆရာတော် ၀န၀ါသီ အရှင်ဝါယာမိန္ဒ ၏ *အဖေါ်ကောင်းရှိပါစေ* တရားတော်မှ
ကောက်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်)
*****တတိယမြောက်သမီးတော်*****
8 comment:
သေမည့် ခန္ဓာ သေခန္ဓာ မှန်စွာဖြစ်ရမည်။
နာမည့် ခန္ဓာ နာခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုမည့်ခန္ဓာ အိုခန္ဓာ မှန်စွာ ဖြစ်ရမည်။
အိုဖို့  ရလာ အိုခန္ဓာ အိုမှာ မကြောက်နဲ့။
နာဖို့ရလာ နာခန္ဓာ နာမှာ မကြောက်နဲ့။
သေဖို့ ရလာ သေခန္ဓာ သေမှာ မကြောက်နဲ့။
မှတ်သားသွားပါတယ်အမရေ
ဒါန ။သီလ ။ သမထ။ ၀ိပဿနာ ဆိုတဲ့ လေးမျိုးသော ကုသိုလ် တရားတွေဟာ
သံသရာ အတွက် အဖေါ်ကောင်းတွေ ဖြစ်ပါတယ်။
သတိနှင်.အသိလေးတွေတိုးပွါးစွာရရှိသွားပါတယ်ရှင်။
ခင်တဲ.အန်တီလေးမေခင်
အဖေါ်ကောင်းမရှိခဲ့ရင် ဇာတိ ကို ရထားတဲ့ ခန္ဓာတိုင်းဟာ
အိုမှူသဘော ကို`၎င်း နာမှူ သဘောကို၎င်း ခံစားရတဲ့အခါ မှာ မခံစားနိုင်ဖြစ်ကြတယ်။
အဖေါ်ကောင်းရှိထားတဲ့သူတွေ ကတော့ အိုခြင်းသဘော နာခြင်းသဘောကို သိရှိပြီးဖြစ်သလို
အဖေါ် ကောင်းရဲ့ အထောက် အပံ့ နဲ့ ပြုံးပြုံး ရွင်ရွှင် ရင်ဆိုင်နိုင်ကြပါတယ်။
မှန်လိုက်တာဗျာ .....တရားတော်တွေဖတ်ရှုနာကြားပြီးရင် အသိတခုခုကတော့ရစမြဲနော် ....
သမီးတော်ရေ....ကျေးဇူးအထူးတင်ရှိပါတယ်
မှတ်သားထိုက်ပါပေတယ် ။ကျေးဇူးပါ သမီးတော်ရေ ။
စစ်မှန်တဲ့အဖော်ကောင်းရဘို့ ကြိုးစားလျှက်ပါ သမီးတော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။
မေတ္တာဖြင့်
အန်တီတင့်
အဖော်ကောင်းတဲ့လား...တကယ်ကိုလေးနက်တဲ့ အသိတွေကို
မမဆီက မျှဝေခံစားမှတ်သားရတဲ့အတွက် မိုးနတ်အရမ်းပဲ
ကျေးဇူးတင်နေမိပါတယ်...ဆက်လက်မျှဝေနိုင်ပါစေမမရေ...
မိုးနတ် ဒီပို့စ်ကိုတော့ သေသေချာချာလေးကို ပြန်ဖတ်ခဲ့တယ်....:)
ချစ်တဲ့....မိုးနတ်
လမင်းတို့တွေက အဖော်တုတွေပဲရှားနေတတ်တာကို ကျေးဇူးမမ
ကျေးဇူးမမ
Post a Comment