ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 29, 2013

သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ






♦သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ♦

သစ္စာ ကိုသိနေသောကြောင့် သစ္စ ဥာဏ်။ ခန္ဓာ ထဲ ပေါ်နေတာကိုသိမှသာ သစ္စ ဥာဏ်ဖြစ်မယ်နော်။
စာထဲရှိတာသိနေလို့  သစ္စာဥာဏ် မဖြစ်ဘူး။ စာထဲရှိတာက မှတ်တမ်းပဲ ရှိတယ်။
ခန္ဓာထဲမှာဖြစ်ပေါ်တာ ပျောက်ပျက်တာကို စာနဲ့ရေးပြီးမှတ်တမ်းတင်ထားတာ။


♦ဝေဒနာ ကို ကျော်အောင်ကြိုးစား♦

နားလည်တဲ့သူတွေကြတော့ ဖြစ်တာက ဝေဒနာ။ပျက်တာက အနိစ္စ လို့ ခွဲခြားတတ်တယ်။
သစ္စာ ဖြစ်အောင်လုပ်ပြီး အသေတတ်ကြတာပေါ့။ဥာဏ်နဲ့ ကြည့်တဲ့အခါ ဝေဒနာကို
မတွေ့ ရတော့ပဲ ဖြစ်ပျက် ကလေးတွေချည်း တွေ့ နေရတော့တာကို ဝေဒနာ ကျော်တယ်လို့ 
ပြောတာပါ။

ဝေဒနာ ကျော်တယ် ဆိုတာ အနိစ္စ ကိုတွေ့ တယ် အနိစ္စ နဲ့ဖြစ်ပျက်ကလည်း အတူတူ ပဲဆိုတော့
ဝေဒနာ ကျော်တယ် ဆိုတာ ဖြစ်ပျက်မြင်တာပဲလို့ လဲ ပြောလို့ ရတယ်။ ဝေဒနာ ကျော်လွန်အောင်
ရှူထားနိုင်မှစိတ်ချရတာ။

(မိုးကုတ် ဆရာတော်ဘုရားကြီး)

(မိုးကုတ်ဆရာတော်ဘုရားကြီး ခန္ဓာဝန်ချ နှစ် ငါးဆယ်ပြည့် အထိမ်းအမှတ်
ပြက္ခဒိန်မှ ကောက်နုတ်ဖေါ်ပြပါသည်)

       *****တတိယမြောက်သမီးတော်*****

5 comment:

မိုးနတ်ကြယ်စင် said...

မျှဝေပေးတာ ကျေးဇူးပါမရေ...
ညလေးသေချာမှတ်သားသွားပါတယ်ရှင်....:)))
မတစ်ယောက်နေကောင်းပါရဲ့လား ?
မတွေ့ရတာကြာပြီလားလို့ပါ .....
ချစ်တဲ့....မိုးနတ်

Anonymous said...

ကျေးဇူးမမ လမင်းလည်း အခုတလောပြန်ကြိုးစားနေတယ်.. တရားဘက်ကိုလေ..
ချစ်စံအိမ်

စံပယ်ချို said...

မှတ်သားစရာလေးတွေပါပဲ လေ့လာဖတ်ကြားပြီး
စိတ်ထဲထည့်နိုင်ရင်တော့ အကောင်းဆုံးဖြစ်မှာပါ
ဖြစ်အောင်ကျိုးစားနေတဲ့ မဂျီးဂျက်

3rdthameetaw said...

လေပြေချို

6:33 PM (1 hour ago)

to me
လေပြေချို has left a new comment on your post "သစ္စာ ဆိုတာ ခန္ဓာ ထဲမှာပဲရှိတာ":

မိုးကုတ်ဆရာတော်ဘုရားကြီး ဟောထားတဲ့တရားတွေက အရမ်းကို လေးနက်ပြီး နက်ရှိုင်းတယ်နော်... သံသရာက လွတ်ရာလွတ်ကြောင်းဆိုတဲ့ သစ္စာလေးပါးတရားကို ဟောကြားထားတာ လေပြေက ဥာဏ်နည်းတော့ မနည်းသိအောင်ကြိုးစားရတယ်... သိပြီးရင်ကျင့်ရမယ်တဲ့... အဓိကကတော့ ကိလေသာတွေပေါ့... ပုထုဇဉ်တစ်ယောက်မို့ အကုန်လုံးမပယ်နိုင်သေးပေမယ့် ဆရာတော်ဘုရားရဲ့တရားတွေကို နာပြီးတဲ့နောက် အဲ့ဒီကိလေသာတွေ ပါးသွားသလိုတော့ ခံစားရတယ်... တရားဓမ္မနဲ့ပတ်သက်တဲ့ မသိတာလေးတွေ သိခွင့်ရတဲ့အတွက် ကျေးဇူးနော်... ဆက်လက်ပြီး မျှဝေနိုင်ပါစေ:)
ခင်တဲ့
လေပြေ

မိုးညချမ်း said...

မိုးကုတ်ဆရာတော်ဘုရားရဲ့ တရားတော်တွေကို နာတော့ နာဖူးတယ် မမ ... ဆရာတော့်တရားတွေကို သဘောကျမိတယ် ... ခုလို အချက်လေးတွေနဲ့ ပြန်လည်မျှဝေပေးတဲ့ မမကိုလည်း ကျေးဇူးတင်ပါတယ် ... မှတ်သားသွားပါတယ် မမရေ ...