ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, January 8, 2013

(၃)သညာက္ခန္ဓာ

နံပါတ်(၃) ကတော့ သညာက္ခန္ဓာ ပဲဖြစ်ပါတယ်
မှတ်သားမှူသဘောတရားအစု လို့  အဓိပ္ပါယ်ရပါတယ်။

ပူမှူသဘောကို၎င်း။အေးမှူသဘောကို၎င်း။မာမှူသဘော။ပျော့မှူသဘော။
လှူပ်ရှားရုန်းကန်မှူသဘော။ယိုစီးမှူ သဘော  စသဖြင့် ကောင်း၏ မကောင်း၏
ခံစားမိသည့် သဘောလေးတွေကို မှတ်သားခြင်းက သညာက္ခန္ဓာ ရဲ့  သဘောတရားလေးတွေ
ဖြစ်ပါတယ်။သူ့ ကို သညာ လို့  အလွယ် တကူ ခေါ်ကြပါတယ်။
သညာ ရဲ့ သဘောမှာလဲ ဖြစ်ခြင်းပျက်ခြင်းတွေ ပဲ ရှိနေတာဖြစ်ပါတယ်။
ဖြစ်ခြင်းကြောင့် မှတ်သားသော်လည်း ပျက်ခြင်းကြောင့်  မေ့ သွားတာပါပဲ။
ဒါ က အလွယ် နည်း ကို ပြဆိုတာ ဖြစ်ပါတယ်။ တကယ် ထဲထဲ ၀င်ဝင် ဖြစ်ခြင်းပျက်ခြင်းကို ပြမယ်ဆိုရင်
ဒီ ထက်ပိုပြီး အနုစိတ်ပါတယ်။ သညာ ပျက်ရင်တော့ တရားအားထုတ်ရာမှာ အသုံးဝင်တော့မှာ
မဟုတ်ပါဘူး။

 ဒါကြောင့် ဆရာသမား များက ဆိုဆုံးမ လေ့ ရှိပါတယ်။ အရွယ်ရှိတုန်း ကျန်းမာတုန်း ကို
တရားရှာပါ  တဲ့ သညာ ပျက်တဲ့အရွယ်မှာတော့ တရားကိုမှတ်နိုင်ဖို့ ခဲယဉ်းသွားပါပြီ။
အသက်ငယ်သေးတဲ့အရွယ် မှာ တရားကိုမှတ်ရတာ ပိုပြီး ရလွယ် တဲ့အတွက်
ဆရာဘုန်းကြီးများ အထူးသတိပေးလေ့ရှိပါတယ်။ လူငယ်တွေ တရားစခန်းဝင်တာကို
သိတ်ပြီး လိုလားကြပါတယ်။တရားရလွယ်တယ်လို့  သိထားလို့ပါပဲ။
တရားရလို့  ကျွတ်တမ်းဝင်ရင် ဂေါတမ မြတ်စွာဘုရားရှင် ရဲ့ သာသနာ မှာ
ကျွတ်တမ်းဝင်တဲ့ အရေအတွက် ပြည့်လာတာပေါ့။
မြတ်စွာဘုရားရှင် ရဲ့ သားတော် အစစ်  သမီးတော် အစစ် ဘ၀ နဲ့
ကျွတ်တမ်း ၀င်တဲ့ ထဲမှာ ကိုယ်တိုင် ပါဝင်နိုင်အောင် ကြိုးစားကြပါစို့ ။

*****တတိယမြောက်သမီးတော်*****

4 comment:

မိုးသူ(တောင်ကြီး) said...

တရားစာတွေအတွက်ကျေးဇူးပါနော်

သမီးတော်ရေ ကျင့်ကြံနိုင်အောင်ကြိုးစားရအုံးမယ်ဗျာ

အခုတော့ ဗဟုသုတအနေနဲ့ ပဲဖတ်မိပါတယ်

3rdthameetaw said...

Ma Tint

Jan 10 (1 day ago)

to me
Ma Tint has left a new comment on your post "(၃)သညာက္ခန္ဓာ":

အသက်အရွယ်ကြီးငယ်မရွေး ဒါန သီလ ဘာဝနာ သမထ ၀ိပဿနာ လေ့လာကြိုးပမ်းအားထုတ်သင့်တယ် သမီးတော်ရေ။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

အိပ်မက်ကောင်းကင် said...

တရားစာတွေအတွက်ကျေးဇူးတင်ပါတယ် သမီးတော်ရေ
အခုအချိန်ထိတော့ ဘာမှမလုပ်ဖြစ်သေးတာအမှန်ပဲ
ကြိုးစားရဦးမယ်
ပျော်ရွှင်နိုင်ပါစေနော်
ခင်တဲ့(အိပ်မက်ကောင်းကင်)

Unknown said...

မှတ်​သားပါတယ်