ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, February 5, 2013

(၅) ၀ိညာဏက္ခန္ဓာ


(၅) ၀ိညာဏက္ခန္ဓာ(သိမှူသဘော တရားအစု)လို့  အဓိပ္ပါယ်ဖွင့်ဆိုထားပါတယ်

စိတ် ပဲ ဖြစ်ပါတယ်။ စိတ်က အရာရာကိုကောင်း၏ ဆိုး၏ သိတတ်တဲ့သဘော ရှိပါတယ်
 အဲ့သည် သိခြင်းကို ၀ိညာဏက္ခန္ဓာ လို့  ခေါ်ဆိုခြင်းပါ။
 ရူပက္ခန္ဓာ ရဲ့ ဖေါက်ပြန်ပြောင်းလဲခြင်းသဘောတွေ ဝေဒနက္ခန္ဓာရဲ့ ခံစားမှူသဘောတွေ
သညာက္ခန္ဓာ ရဲ့ မှတ်သားမှူသဘောတွေ သင်္ခါရက္ခန္ဓာ ရဲ့ ပြုပြင်ပြောင်းလဲမှူ သဘောတွေ
ကို သိနေတာ က ၀ိညာဏက္ခန္ဓာ ပဲဖြစ်ပါတယ်။

သူ့  အလုပ်က သိနေတဲ့အလုပ်ပါ။ ကိုယ့်ကိုကိုယ်  ဘာဖြစ်လို့ ဖြစ်မှန်းမသိတာက
ဝိညာက္ခန္ဓာ ရဲ့ ပျက်စီးယိုယွင်းခြင်းသဘောလေးပါပဲ။ ရုပ်တရားပဲဖြစ်ဖြစ်  နာမ်တရားပဲဖြစ်ဖြစ်
ပျက်စီးခြင်းတွေ ပဲဖြစ်နေတာပါ။ တည်မြဲခြင်းတွေ ဖြစ်နေတာ မရှိပါဘူး။
အဲ့လိုပျက်စီးခြင်းတွေ ဖြစ်နေတာကို သိနိုင်တဲ့ သိမှူသဘောလေး ထင်ရှားပြီး
မှတ်သားနိုင်မှသာ နိဗ္ဗာန် ကိုမျက်မှောက်ပြုနိင်သော ကိုယ် ဖြစ်ကြပါလိမ့်မယ်။

ငါးပါးသော ခန္ဓာ အစုတို့ ရဲ့ ဖြစ်ခြင်းကို ၎င်း ပျက်ခြင်းကို၎င်း သိမြင်နိုင်ကြသော
သစ္စာ တရားတို့ကို နာကြားနိုင်စွမ်းသော ဥာဏ်နားတို့  ရှိကြပါစေ။

*****တတိယမြောက်သမီးတော်*****

5 comment:

မိုးနတ်ကြယ်စင် said...

အမတော်ရေ...လာဖတ်ရင်း မှတ်သားသွားတယ်ဗျို့ :))))
မတွေ့ရတာတောင် တော်တော်ကြာနေပြီ...
အမ နေကောင်းရဲ့လားးးးးးးးး ?
သတိတရရှိနေပါတယ်နော် :))))

Aunty Tint said...

သမီးတော်ရေ အိပ်ခါနီး တရားဓမ္မစာပေလေးတွေဖတ်သွားတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်စံအိမ် said...

ကျေးဇူးပါ မမရေ

ဆူးသစ် said...

အချိန်တိုင်းတရားတွေနဲ့မွေ့လျော်နေလို့လေးစားပါတယ်။ကျွန်တော်တို့ကတော့တရားမရသေးတော့ရှာရဖွေရ၊ပူရပန်ရနဲ့။တရားဗဟုသုတတွေကိုနည်းနည်းချင်းမျှဝေတာသဘောကျမိတယ်။အဲဒါမှပိုပြီးသိတယ်ထင်လို့ပါ။အချိန်ရရင်ရသလိုလာဖတ်ပါဦးမယ်။သီလရှင်ဝတ်တော့မယ်ဆိုလည်းပြောဦးနော်။

Unknown said...

ကျေးဇူးမမ