ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, February 15, 2013

မိုးကုတ် ဆရာတော်ဘုရားကြီး၏ တရားအရသာများ


၁။  ။ဖြစ်ပျက်သမျှ သင်္ခါရ၊ဒုက္ခသစ္စာမှတ်။ဖြစ်ပျက်မှူတွင် ငါကောင်ထင်၊ ခင်မင်သမုဒယမှတ်၊
      ရုပ်နာမ်အားလုံး၊ဖြစ်ပျက်သုံး၊ချုပ်ဆုံးနိဗ္ဗာန် မှတ်၊ ချုပ်ဆုံးမှူတွင် ဥာဏ်သက်ဝင်၊ သိမြင် မဂ်ဟု မှတ်။

၂။  ။ယုံကြည်ကျန်းမာ စိတ်ဖြောင့်စွာဖြင့် လွန်စွာအားထုတ်၊ နာမ်နဲ့ရုပ်ကို ဖြစ်ချုပ်ဥာဏ်မြင်၊
      ဤငါးအင် မှန်ပင် မဂ်ရကြောင်း။

၃။  ။မစွန့် ကာမ ဆရာမရှိ ၀ီရိယလျှော့ အားအင် ပျော့ကာ လွန်စွာယူမှား  ဤငါးပါး
      တရားမဂ်ဖိုလ် ဝေးလေသတည်း။

၎။  ။သူတော်ဆည်းကပ်၊မြတ်တရားနာ၊လျော်စွာအကျင့်၊မဂ်ဖိုလ်ခွင့် ရလင့်ဧကန်သာ။

၅။  ။ငါသည် မုချ သေရမည်၊ အချိန်ပိုင်းသာလိုတော့သည်။

           

                   *****တတိယမြောက်သမီးတော်*****

4 comment:

အလွမ်းမြို့ said...

သမီးတော်လေးရေ..

မိုးကုတ်ဆရာတော်ရဲ့ တရားတော်တွေကို တိုက်ဆိုင်စွာဖြင့် ဟိုနေ့က
ဂျီမေလ်းကနေ တရားအကြောင်းဆွေးနွေးရင်း အွန်းလိုင်းညီအစ်မ
လေပြေချိုက နာကြည့်ဖို့ပြောလို့ ခုတလော မိုးကုတ်ဆရာတော်
တရားတွေ နာဖြစ်ခံယူ ဖြစ်ပါတယ်။
သမီးတော်လည်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာပါစေကွယ်

ချစ်ခြင်းအားဖြင့်
မကြီးလွမ်း

မိုးနတ်ကြယ်စင် said...

မိုးနတ်အဒေါ်တစ်ယောက်က မိုးကုတ်ဆရာတော်ဘုရားကြီးရဲ့
ကျင့်စဉ်တွေရော တရားတွေအပေါ်မှာရောပါ သိပ်ကို အာရုံဝင်စား
ယုံကြည်မှုရှိတာမို့ ခု အမ မျှဝေပေးတဲ့တရားလေးတွေကို
ဟိုနေ့ကမှ မိုးနတ်တို့ကိုပြောပြနေသေးတယ်...
မကြီးလွမ်းလိုပဲ ညလေးနဲ့ မနဲ့လဲ တိုက်ဆိုင်လိုက်ပါဘိနော်...
မျှဝေပေးတာ ကျေးဇူးကမ္ဘာပါ မ :)

ချစ်စံအိမ် said...

မမရေ ရောက်ခဲ့ဖတ်ခဲ့ပါတယ်
ပျော်ရွှင်ကျန်းမာတရားထူးရပါစေ..

Unknown said...

တရားတွေက လူစိတ်တွေကို အေးငြိမ်းစေသလို အေးချမ်းပါစေဗျာ။