ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, February 19, 2013

ဝိပဿနာ အကျိုးပြ လင်္ကာ


လက်ရှိခန္ဓာ မတွယ်တာနှင့်။ နောင်လာ ဘ၀။ မတောင့်တ ပဲ၊ကြောင့်ကြဇွဲဖြင့်၊ အမြဲမပြတ်၊၀ိပဿနာ၊
လေ့လာကြိမ်ကြိမ်၊အာစိဏ္ဏကံ၊ ဖြစ်ကြောင်းမှန်မူ၊ထိုသည့်သူကား၊အယူမလွဲ၊ဂတိမြဲ၏၊
မီးစွဲလောင်မှ၊ရေကိုတသော်၊မရဖြစ်အင်၊ ပုံနှိုင်းယှဉ်၍၊မဂ္ဂသန္ဓေ၊တည်မြဲနေအောင်၊ မသေခင်က၊
ပြင်ဆင်တောက်လျှောက်၊မေ့ မပျောက်နှင့်၊ချွေးပေါက်ယိုစီး၊ သေခါနီးဝယ်၊ အပြီးမုချ၊ မဂ္ဂင်ရလိမ့်၊
ကိစ္စမလျော်၊ အကြောင်းပေါ်၍၊ မတော်တဆ၊ မဂ်,မရဦး၊ ဘ၀ အစွန်တမလွန်တွင်၊ ထူးချွန်အံ့လောက်၊
နတ်ပြည်ရောက်၍၊ မဖေါက်မပြန်၊ သောတာပန်အစစ်၊ဧကန်ဖြစ်သည်၊မလစ်ဝိပဿနာ အကျိုးတည်း။

ခက်ဆစ်အဖွင့်
အာစိဏ္ဏကံ=မပြတ်မလပ်

*****တတိယမြောက်သမီးတော်*****


4 comment:

မိုးနတ်ကြယ်စင် said...

မှတ်သားသွားပါတယ် အမတော် :)

လွင်ပြင်လှိုင်းငယ် said...

မှတ်သားစရာလေးတွေအတွက် ကျေးဇူးပါ သမီးတော်

Unknown said...

ကူးယူကျက်မှတ်ပွားများပါမည်

ရာဇာထွေး said...

မှတ်သားဖွယ်ရာ “၀ိပဿနာအကျိုးပြလင်္ကာ”ပါ...
ဖတ်မှတ်သွားသလို ကူးယူလည်းသွားခဲ့ပါတယ်ခင်ဗျာ...

ခင်မင်စွာဖြင့်
ရာဇာထွေး