ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, May 4, 2013

နိဗ္ဗာန် ရောက်ကြောင်းကျင့်စဉ်(၄)ပါး

ငြိမ်းချမ်းသောဘ၀ ပိုင်ရှင်ဖြစ်ဖို့ ။ လောကဓံ တရားကိုသီးခံနိုင်ဖို့ ။
ငြိမ်းအေးတဲ့ သူတော်ကောင်းရတနာ ဖြစ်ဖို့ ။ တခဏ ဖြစ်ရတဲ့ လူ့  ဘ၀ မှာ
အနှစ် ရှိတဲ့ သူတော်ကောင်းတွေ ဖြစ်ဖို့ ရာ။  သစ္စာသိဖို့ ရာ။  အိုနာသေ ဒုက္ခ က လွှတ် မြောက်ဖို့ ရာ ။
ရည်ရွယ် ချက် နဲ့ ဘုရားရှင်ကိုယ်တော်မြတ်ကြီးက နိဗ္ဗာန်ရောက်ကြောင်းတရားတွေ ကို
 ကျကျ နန  ဟောကြားတော်မူခဲ့ပါတယ်။

နိဗ္ဗာန်ရောက်ကြောင်း ကျင့်စဉ်(၄)ပါး ရှိပါတယ်။
(၁) ကာယာ နုပဿနာ သတိပဌာန်
(၂)ဝေဒနာ နုပဿနာ သတိပဌာန်
(၃)စိတ္တာ နုပဿနာ သတိပဌာန်
(၄)ဓမ္မာ နုပဿနာ သတိပဌာန်  စသည်တို့  ဖြစ်ကြပါတယ်။

(၁) ကာယာ နုပဿနာ သတိပဌာန် ကတော့  
    ရုပ် ရဲ့ ဖြစ်ပျက်ကို ရှူတာ ပွားများတာ မိမိ သန္တာန်မှာ ပေါ်လာသမျှ ဖောက်ပြန်တိုင်း
    ဖောက်ပြန်တိုင်း  ပျက်စီးတိုင်း ပျက်စီးတိုင်း အမှန် တိုင်းသိအောင် ဆုံးဖြတ်ချက်ချ တဲ့ သတိပဌာန် ကို
    ကာယာ နုပဿနာ သတိပဌာန် လို့  ခေါ်ပါတယ်။ ကိလေသာ ထူပြီး ဥာဏ်ထိုင်းတဲ့သူတွေကို
   ကာယာနုပဿနာ သတိပဌာန် ရှုမှတ်အားထုတ်ရန် သင့်လှပါတယ်။

(၂)ဝေဒနာ နုပဿနာ သတိပဌာန် ကတော့
    ပေါ်လာသမျှ ဝေဒနာ ကို ဖြစ်ပြီးပျက်သွားတာလေး မှန်မှန်ကန်ကန် ဆုံးဖြတ်ချက်ချတဲ့
    သတိပဌာန် ဖြစ်ပါတယ်။ ကိလေသာပါးပြီး ဥာဏ်ထက်တဲ့သူ တွေကတော့ ဝေဒနာ နုပဿနာ
   သတိပဌာန် ရှုမှတ် အားထုတ် ရန်သင့်လှပါတယ်။

(၃)စိတ္တာ နုပဿနာ သတိပဌာန် ကတော့
    စိတ် မှာပေါ်လာသမျှ ဖြစ်ပြီးပျက်တယ် လို့  မှန်မှန် ကန်ကန် ဆုံးဖြတ်ချက်ချတဲ့  သတိပဌာန် ပဲ
    ဖြစ်ပါတယ်။ ဒိဌိ စရိုက်များပြီး ဥာဏ်ထိုင်းတဲ့သူ တွေ စိတ္တာ နုပဿနာ သတိပဌာန် ကို
    ရှူ မှတ် ပွားများသင့်လှပါတယ်။

(၄)ဓမ္မာ နုပဿနာ သတိပဌာန် ကတော့
    ပေါ်လာသမျှ ဓမ္မ  ကို ဖြစ်ပျက် မှန်မှန်ကန်ကန် ရှူမှတ် ဆုံးဖြတ် ချက်ချ  ဖို့ ဖြစ်ပါတယ်။
    ကိလေသာပါးပြီး ဥာဏ်ထက်တဲ့သူတွေ ဓမ္မာနုပဿနာသတိပဌာန်ကို ရှူမှတ်ပွားများသင့်လှပါတယ်။

(ဓမ္မ ရံသီ မိုးကုတ် ရိပ်သာ ကျောင်းများ၏ ဦးစီး ပဓာန နာယက နိုင်ငံတော် ကမ္မဌာနာစရိယ
ပြည်တွင်းပြည်ပ သာသနာပြု ဓမ္မ ကထိက ဆရာတော် ဘဒ္ဒန္တ သုနန္ဒ ၏ အခြေခံ ၀ိပဿနာ ရှူပွားနည်း
တရားတော် ) မှ ကောက်နုတ် ဖေါ်ပြပါသည်။


              *****တတိယမြောက်သမီးတော်*****
   

2 comment:

စံပယ်ချို said...

မှတ်သားစရာလေးပါ

Unknown said...

စာကောင်းပေကောင်းတွေရှိရဲ့ သားနဲ့မိစ္ဆာတွေ
ရှိနေတာစိတ်မကောင်းဘူးကိုယ်တိုင်ကျင့်ဖို့
ထက်သူများကိုနှောက်ယှက်တာလေကုသိုလ်
ကို၈၀ရာနှုန်းလုပ်အကုသိုလ်ကို၂၀ရာနှုန်းလုပ်စုန်းပညာနဲ့ပြုစား အဲ့ဒီသူကတော့တရားဘယ်လိုကျင့်မလဲမသိဘူး သာသနာရှိတုန်းလေးသိခွင့်ရတာသာသနာကွယ်ရင်ကိုယ့်ဘဝအမှန်ကိုပြန်ရောက်မယ်ဆိုတာလည်းမသိကြလို့လား။