ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, May 21, 2013

မြင်သောသူကို ရှာပါ



 သင်္ခတ  ကို  မမြင်တဲ့ သူ  ဆိုတာ     အန္ဓပုထုဇဉ်
သင်္ခတ ကိုမြင်တဲ့ သူဆိုတာ  ကလျာဏ ပုထုဇဉ်
အသင်္ခတ ကိုမြင်တဲ့ သူဆိုတာ  အရိယာ ပုဂ္ဂိုလ် ကိုပြောတာ လို့ 
မိုးကုတ်ဆရာတော်ဘုရားကြီး ရဲ့  တရားတော်မှာ  နာကြားလိုက်ရပါတယ်။

တချို့ ကတော့ ဒါန သီလ လောက်နဲ့ ကိုယ့် ကို ကိုယ် ကလျာဏ ပုထုဇဉ်လို့  ဒီလိုထင်နေကြမယ်။
ဆရာတော်ဘုရားကြီး တရားကိုနာကြားလိုက်ရတော့မှ  ကလျာဏ ပုထုဇဉ် ဆိုတာ
ခန္ဓာ ပေါ် ဥာဏ်ရောက်ထားတဲ့ ပုဂ္ဂိုလ်ကို ခေါ်ပါလားဆိုတာ သိလိုက်ရပါတယ်။

ကလျာဏ ပုထုဇဉ် က နိဗ္ဗာန် ကိုရောက်နိုင်ပေမယ့်
အန္ဓ ပုထုဇဉ် ကတော့ နိဗ္ဗာန် နဲ့ဝေး တဲ့ သူပါ။



အသင်္ခတ ဆိုတာ မြဲမြံခြင်း နိဗ္ဗာန် ကို ခေါ်ဆိုတာပါ။အရိယာ တို့ သာ မြင်တွေ့ နိုင်ပါတယ်။


သင်္ခတ ဆိုတာ မမြဲခြင်း သဘော။ အနိစ္စ။ ခန္ဓာရဲ့  ဖြစ်ခြင်းပျက်ခြင်း ကို  ဆိုတာဖြစ်ပါတယ်။

ဖြစ်ခြင်း ပျက်ခြင်း ကိုမှ မမြင်ရင်တော့ နိဗ္ဗာန် နဲ့ ဝေးနေသေးတဲ့သူပါပဲ။သူ့ ကို အန္ဓ ပုထုဇဉ်လို့  ခေါ်ပါတယ်။

ဒါကြောင့် အရိယာ ပုဂ္ဂိုလ်ကို ဆည်းကပ် ခြင်း က နိဗ္ဗာန် ကို မျက်မှောက်ပြုဖို့ 
နည်းလမ်းမှန် ကို ရပါလိမ့်မယ်။
အရိယာ ဆိုတာ ထင်ရှားသိမြင်နိုင်ခြင်း မရှိလေတော့
ကလျာဏ မိတ္တ ကိုရှာ ပြီး ဆည်းကပ်သင့်လှပါတယ်

သင်္ခတ ကိုသော်၎င်း
အသင်္ခတ ကိုသော်၎င်း
မြင်သော ပုဂ္ဂိုလ်ကို ဆည်းကပ်နိုင်ကြပါစေ

         
                  *****တတိယမြောက် သမီးတော်*****


2 comment:

မိုးနတ်ကြယ်စင် said...

မရောက်ဖြစ်တာလဲ အတော်ကိုကြာခဲ့ပြီ..
မှတ်သားသွားပါတယ် အမတော်ရေ...:)
ချစ်တဲ့....မိုးနတ်

Thwin said...

မြင်သောသူကို ရှာရမယ်နော်..။ ကိုယ်ကိုတိုင် မြင်သောသူ ဖြစ်ဖို့ တော့ အများကြီး ကြိုးစားရမယ်နော်..။