ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, May 26, 2013

ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ် ရဟန္တာ ဖြစ်ခဲ့သော တရားတော်








ရဟန်း ၀တ်ပြီး(၁၅)ရက် ကြာပြီဖြစ်တဲ့ ရှင်သာရိပုတ္တရာ ကိုယ်တော်မြတ်ကို
မြတ်စွာဘုရားရှင် ကိုယ်တိုင် အထက်မဂ် သုံးပါး အတွက် ဟောကြားတော်မူတဲ့
တရားတော် ဖြစ်ပါတယ်။

ခန္ဓာ ရှိတဲ့ ပုဂ္ဂိုလ်တိုင်း သေကြရမှာပါ။ မသေခင်မှာ ဝေဒနာ ကိုခံစားကြရမှာမို့ လို့ 
ဝေဒနာ ကိုရှူတတ်  မှတ်တတ် ရင် ပြုံးပြုံးလေး သေနိုင်ကြပါလိိမ့်မယ်။

၁။အနိစ္စ  = ဖြစ်ပြီး  ပျက်စီးတတ်တဲ့  သဘောတရား။

၂။သင်္ခတ  =ပြုပြင်ပြောင်းလဲ တဲ့ သဘော တရား။

၃။ပဋိစ္စ သမုပ္ပဒ်  = အကြောင်းတစ်လှည့်  အကျိုး တစ်လှည့်။

၎။ ခယ ဓမ္မ  = ကုန်တတ် တဲ့ သဘော တရား။

၅။ ၀ယ ဓမ္မ =  ပျက်တတ်တဲ့ သဘော တရား။

၆။ဝိရာဂ ဓမ္မ = တပ်နှစ်သက်ခြင်း ကင်း တဲ့ သဘော တရား။

၇။နိရောဓ ဓမ္မ =  ပေါ်လာသမျှ ချုပ်သွားတဲ့ သဘော တရား။

ဝေဒနာ ကိုဝေဒနာ လို့ မမြင်ပဲ ဖြစ်ပေါ်လာသမျှ လေးတွေဟာ ပေါ်လာတာနဲ့  ပျက်စီးသွားတာကြီးပါပဲ။
ပြုပြင် ပြောင်းလဲနေတာပဲ။အကြောင်းတစ်လှည့် အကျိုးတစ်လှည့်ဖြစ်နေတာပဲ။ 
ပေါ်လာသမျှ ကုန်တာပါပဲ။ ပျက်တတ်တဲ့ သဘောတွေ ပါပဲ။တပ်နှစ်သက်လို့  မရပါလား။
ပေါ်လာသမျှ ချုပ်ချုပ်သွားပါလားလို့  တွေးတတ် မှတ်တတ်ရင် မဂ် ဖိုလ်နိဗ္ဗာန် ကို လှမ်းဝင်လို့ ရပါပြီ။
ဝေဒနာ ကိုဝေဒနာ လို့ မှတ်ရင် သမထ ဖြစ်ပြီး ဝေဒနာ ပေါ်သမျှ ဖြစ်ပြီး ပျက်တယ်  အစ ရှိသဖြင့် မှတ်ယူ
တတ်ရင်ဝိပဿနာ ဖြစ်ပါတယ်။

မှန်မှန်ကန်ကန် မှတ်တတ်ဖို့  လေ့လာမှတ်သားသင်ယူနိုင်ကြပါစေ/


ကိုးကား။   ။ အရှင် ဥာဏောဘာသာ ၏ ဝေဒနာ သိမ်းနည်း(၇)နည်း တရားခွေ ကို နာကြား
                  မှတ်သား၍ ရေးသားပါသည်။


                *****တတိယမြောက်သမီးတော်*****

2 comment:

Anonymous said...

မသိသေးတာတွေသိလိုက်ရတဲ့အတွက်ကျေးဇူးပါမမ

Thwin said...

ဖြစ်ပြီး ပျက်သွားတဲ့ အဆင့်ထိ မှတ်ရမှာပေါ့..။ မှန်မှန်ကန်ကန် မှတ်တတ်ဖို့ အများကြီး သင်ယူရအုံးမယ်..ထင်တယ်..။