ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, June 11, 2013

ဗုဒ္ဓဘာသာအမှတ်တံဆိပ်တော် နှင့် အဓိပ္ပါယ် ရှင်းလင်းချက်



၁။ မြတ်ဗုဒ္ဓ၏ ရောင်ခြည်တော် ခြောက်ပါးကို အကြောင်းပြုရည်ရွယ်ကာ ပြုလုပ်ထားသော
    သာသနာ့ အလံတော်ကို နောက်ခံထားသည်။

၂။ ၉၆၉ ၏ အဓိပ္ပါယ်မှာ- ဘုရားဂုဏ်တော်(၉)ပါး၊တရားဂုဏ်တော်(၆)ပါး၊သံဃာဂုဏ်တော်(၉)ပါး ကို
    ရည်ရွယ်သည်။

၃။ အသောက ကျောက်တိုင် အဓိပ္ပါယ်-ခြင်္သေ့ ၊ ဆင် ၊မြင်း ၊ နွား အရုပ်များပါရှိသည်။ အသောကမင်း၏
    သာသနာတော်ထွန်းကားပြန့် ပွားရေး ဆောင်ရွက်ချက်ကြောင့် မြန်မာနိုင်ငံတော်တွင် သာသနာတည်
   ရှိနေခြင်း၏ ကျေးဇူးတရားများကို မမေ့ သင့်ပါ။

(၉၆၉-ကိုပေါင်းလျှင်(၂၄)ရပါသည်။  ၂၄ ပစ္စည်းပဌာန်း၏ စက်ဝိုင်းကို သာသနာ့အလံပေါ် နောက်ခံ ထားပါသည်။)

            အသောက မင်းကြီး၏ သာသနာစိတ်ဓါတ်

           ခြင်္သေ့ မင်း လို  ၀ီရိယ မလျော့ ပါနှင့်

♦♦အများအကျိုးကိုဆောင်ရွက်လို။ခြင်္သေ့ လိုကျင့်ရမည်။
   ယုံငယ်မှာလည်း မလျော့ပဲ ။အမြဲခုန်အုပ်သည်။
   လုံလ ကဲကဲ မလျော့ပဲ၊ အမြဲလုပ်ရမည်။

          ဆင်လိုသက်လုံကောင်းပါစေ

♦♦ အများအကျိုးဆောင်ရွက်လို ဆင်လိုကျင့်ရမည်။
    လက်နက်မှန်လည်းမလျော့ပဲ ။စစ်ပွဲဆင်နွဲမည်။
ဘာပဲကြုံကြုံ ၊ ကိုမဖြုံ၊ သက်လုံကောင်းရမည်။

           မြင်းလိုလျှင်မြန်ရမည်

♦♦အများအကျိုးဆောင်ရွက်လို မြင်းလိုကျင့်ရမည်။
   သွက်လက်လျှင်မြန်၊အားသန်သန်၊ပန်းတိုင်မှန်ကို လျှောက်ရမည်။
   ပန်းတိုင်းမရောက်ခင်လက် မမြှောက် တောက်လျှောက်ကျင့်ရမည်။

       နွားလို လောကဓံကို သည်းခံနိုင်ရမည်။

♦♦အများအကျိုးဆောင်ရွက်လို နွားလိုကျင့်ရမည်။
   ရိုက်နက်သော်လည်း စိတ် မဆိုးပဲ အမြဲ သည်းခံမည်။
   ဤလောကဓံ၊သည်းညည်းခံ အမှန်ကျင့်ရမည်။


သာသနပါလက ဂဏ၀ါစက သံဃာ့အဖွဲ့ (မော်လမြိုင်)

ဦးဆောင်၍ သာသနာပြုတော်မူသော ဆရာတော်များနှင့်အတူ ကုသိုလ် ပါဝင်လှူဒါန်းနိုင်ပါသည်။

  ဖုန်း-၀၉၂၀ ၃၃၆၈၇။၀၉၄၉ ၂၄၄၂၄၁။ ၀၉၄၀ ၀၄၀၇၅၅၉။၀၉၄၀ ၀၄၀၉၃၇၃။


                                 *****တတိယမြောက်သမီးတော်*****

1 comment:

ဇင်မျိုး said...

ဒီမှာလည်း ဒါပဲရှင်းပြရတာ အာတောင်ပေါက်တယ် သမီးတော်ရေ... အားမလျော့ကြေး... ရှင်းပြထား... :)