ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, August 29, 2013

ဒုက္ခ နိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ



ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ= ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဟူသော
အရိယာတို့ သိအပ်သော အမှန်တရား

ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဟူသော အရိယာတို့ သိအပ်သောအမှန်တရားသည်
သောတာပန် တည်ပြီးသော အထက်မဂ်သုံးပါးကိုအလိုရှိကုန်သော အရိယာတို့ အတွက်ဖြစ်ပါသည်။
ဝေဒနာနုပဿနာ သတိပဌါန်  နှင့် စိတ္တာနုပဿနာသတိပဌါန် တို့ကိုအားထုတ်သောသူများသည်
အောက်ဆုံးမဂ်ဖြစ်သော သောတာပတ္တိမဂ်မှသည် အထက်မဂ်သုံးပါးတို့ ကိုဆက်လက် အားထုတ်
နိုင်သည်။သို့ သော်

ကာယာနုပဿနာ သတိပဌါန်နည်းဖြင့် နှာသီးဖျားမှ ၀င်လေသိ ထွက်လေသိ ၀င်လေဖြစ်ပျက်
ထွက်လေ ဖြစ်ပျက်  ကို ရှူမှတ်၍ ဖြစ်ပျက်မြင်မုန်းဆုံးကာ ပထမ မဂ် ဖြစ်သော သောတာပတ္တိ မဂ်
ကို ရသောသူများသည် ဤ နည်းဖြင့်အထက်မဂ်သုံးပါးကို ဆက်လက်ရှုမှတ်၍ မရနိုင်ပေ။

ဝင်လေ ဖြစ်ပျက် ထွက်လေ ဖြစ်ပျက် ဖြင့် ရှူမှတ်သော ကာယာနုပဿနာ သတိပဌါန်သည်
အကြမ်းစားကိလေသာကိုသာပယ်သတ်နိုင်ပြီး အထက်မဂ် သုံးပါးတိုင်အောင် အကျိုးမပြုတော့ပေ။
အကယ်၍ ကာယာနုပဿနာနည်းဖြင့် အထက်မဂ်သုံးပါးကိုကျင့်ကြံအားထုတ်လိုပါက ရှေ့ ပိုင်းတွင်
သမီးတော် တင်ပြခဲ့ဖူးသော ဓါတ်(၆)ပါး ကမ္မဌါန်း  ဖြင့် ကျင့်ကြံအားထုတ်နိုင်မည်ဖြစ်ပါသည်။
ထိုနည်းတွင်တင်ပြခဲ့သည့်အတိုင်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က သောတာပန် အရိယာ
သာဖြစ်သေးသော အထက်မဂ်သုံးပါး ကိုရရန် အားထုတ်နေသော ရှင်မဟာမောဂ္ဂလာန်
ကိုယ်တော်မြတ်ကိုဟောကြားခဲ့သည့် တရားဖြစ်သည်။ အနုစိတ် အားထုတ်ရမည်ဖြစ်သည်။
အနုစားကိလေသာကို အနုစိပ်၍ ရှူမှတ်ပွားများမှသာ အထက်မဂ်သုံးပါးတိုင်အောင် အားထုတ်
နိုင်ပါလိမ့်မည်။

ထို့ ကြောင့် အောက်ဆုံးမဂ်ဖြစ်သော သောတာပတ္တိမဂ်ကို ရထားသူများသည်အထက်မဂ်သုံးပါး
အတွက် နည်းလမ်းအမှန် ကို လေ့လာရအုံးမည် ဖြစ်သည်။

ရုပ်အပေါင်း `၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှူခြင်းသည်၎င်း။
ဝေဒနာ တို့ `၌ ဝေဒနာကို အကြိမ်ကြိမ် ရှူခြင်းသည်၎င်း။
စိတ် `၌  စိတ် ကို အကြိမ်ကြိမ် ရှူခြင်းသည် ၎င်း။
 သဘောတရားတို့ `၌ သဘောတရားတို့ ကို အကြိမ်ကြိမ် ရှုခြင်းသည်၎င်း။
ထိုသို့သတိ ကိုမှန်စွာအောက်မေ့ ခြင်းသည် “ သမ္မာ သတိ ”  ဟူ၍ ဆိုအပ်၏
သတိ၏ စင်ကြယ်ခြင်းရှိသော မှန်စွာတည်ကြည်ခြင်းကို “သမ္မာ သမာဓိ”  ဟူ၍
ဆိုအပ်၏။

 ဤသို့လျှင် အရိယာတို့  သိအပ်သည့် သစ္စာ တရားကို ရှူမှတ်ဆင်ခြင်နိုင်ကြပါသည်။

ကျမ်းကိုး။   ။ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်-အခန်း(၉) မဟာသတိပဌာန သုတ်တော်
မြန်မာပြန် စာမျက်နှာ ၄၈၇ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယ သစ္စာ)

*****တတိယမြောက်သမီးတော်*****

Posted on: Tuesday, August 27, 2013

ဗုဒ္ဓ အလိုကျ မြတ်ဒါန



အလှူဒါန ပြုကြရာတွင် မြတ်စွာဘုရားအလိုတော်ကျအတိုင်းပေးလှူနိုင်မှသာ
မြတ်သောဒါန ဖြစ်ပါမည်။မြတ်သောဒါန ပေးလှူနည်း(၅)နည်းကို လေ့လာမှတ်သားမိသမျှ
ပြန်လည်မျှဝေလိုက်ပါသည်။

၁။သဒ္ဓါ ဒါန                =                   ယုံယုံကြည်ကြည်ပေးလှူခြင်း။
၂။သက္ကစ္စ ဒါန            =                   ရိုရိုသေသေ ပေးလှူခြင်း။
၃။ကာလ ဒါန            =                    အချိန်ကာလ အားလျှော်စွာပေးလှူခြင်း။
၎။အနုဂ္ဂဟိတ ဒါန     =                    ပစ္စည်းဝတ္ထု အပေါ်တွယ်တာကပ်ငြိမှူကင်းစွာ ပေးလှူခြင်း။
၅။အတ္တာနဉ္စ ပရဉ္စအနုပဟဉ္စဒါန=   မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူခြင်း။

၁။ယုံယုံကြည်ကြည်ပေးလှူခြင်းကြောင့် သူတစ်ပါးထက်ရုပ်ဆင်းရူပကာ လှပ တင့်တယ်၍
လူပုံအလယ်တွင် ထင်ရှား ကျော်ကြားသည့်အကျိုးကျေးဇူး ကိုရပေမည်။

၂။ရိုရိုသေသေပေးလှူခြင်းကြောင့်သူတစ်ပါး အပေါ်`၌ သြဇာညောင်းခြင်း ထင်ပေါ်ခြင်း အကျိုးကျေးဇူး
ကို ရပေမည်။

၃။အချိန်ကာလ အားလျှော်စွာပေးလှူခြင်းကြောင့် မိမိ အလိုရှိသည့်အချိန်တိုင်း ပြည့်စုံရခြင်း အကျိုးကို
ရပေမည်။

၎။ပစ္စည်းဝတ္ထုပေါ်တွင် တွယ်တာကပ်ငြိခြင်းကင်းစွာပေးလှူခြင်းကြောင့် ပစ္စည်း ဥစ္စာ ကြွယ်ဝ ချမ်းသာ
ပြီး ၎င်းပစ္စည်းဥစ္စာတို့ အပေါ် `၌ နှမျော တွန့် တိုခြင်း မရှိ ပေးကမ်းလှူဒါန်းခြင်း သုံးစွဲခြင်းကိုပြုနိုင်ပေမည်။
ပစ္စည်း ၀တ္ထုကို တွယ်တာကပ်ငြိပြီးလှူဒါန်းမိပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း မစားရက်
မသောက်ရက် မလှူရက် မသုံးစွဲ ရက်ပဲ နှမျောတွန့် တို စေးနှဲသူ ဖြစ်တတ်သည်။

၅။မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူခြင်းကြောင့်လှူဒါန်းရမှူ အစုစု အတွက် ပီတိ ဖြစ်ရပေမည်။
ဤသို့ မဟုတ်မူပဲ မိမိသူတစ်ပါးထိခိုက်စေခဲ့ပါမူ(ဥပမာ-မိမိ တတ်နိုင်သည်ထက်ပို၍ လှူဒါန်းမှူပြုလုပ်
ပြီး ၎င်း အတွက် ကြွေးမြီများဖြင့် ပူပန်ခြင်းမကင်းရသော် အလှူဒါန အတွက် ပီတီဖြစ်ရမည်မဟုတ်သဖြင့်
ပြည့်စုံသော အလှူတစ်ခု မဖြစ်တော့ပေ။)လှူသမျှအတွက် ကုသိုလ် ပြည့်စုံစွာ အကျိုးမခံစားနိုင်
ဖြစ်တတ်ပါသည်။

                        ဖေါ်ပြပါနည်းအတိုင်းပြည့်စုံသောအလှူဒါန ကို စွမ်းဆောင်နိုင်ကြပါစေ

(ဓမ္မရံသီ မိုးကုတ် ၀ိပဿနာရိပ်သာမှ ဆရာတော် ဦးတိက္ခ ၏ "ဗုဒ္ဓ အလိုကျ မြတ်ဒါန"  တရားတော်ကို
နာကြားမှတ်သား၍ ပြန်လည်မျှဝေပါသည်)

*****တတိယမြောက်သမီးတော်*****

Posted on: Sunday, August 25, 2013

ဒိဌိ ဖြစ်ကြောင်းတရား(၈)ပါး



၁။ခန္ဓာ၏ ဖြစ်ကြောင်းကို မသိလျှင် ဒိဌိ ဖြစ်မည်။
၂။အ၀ိဇ္ဇာ၏ အကြောင်းကိုမသိလျှင် ဒိဌိ ဖြစ်မည်။
၃။ ဖဿ (ထိတွေ့ခြင်း ကြောင့်)ဒိဌိ ဖြစ်မည်။
၎။အမှတ်မှားလျှင် ဒိဌိ ဖြစ်မည်။
၅။အကြံအစည် မှားလျှင် ဒိဌိ ဖြစ်မည်။
၆။နှလုံး သွင်းမှာလျှင် ဒိဌိ ဖြစ်မည်။
၇။အပေါင်းအသင်းမှားလျှင် ဒိဌိ ဖြစ်မည်။
၈။သူတစ်ပါး တရားအနာ မှားလျှင် ဒိဌိ ဖြစ်မည်။

(၁၇-၈-၂၀၁၃ နေ့  -ဓမ္မရံသီ မိုးကုတ်ဝိပဿနာ ရိပ်သာ- မိုးကုတ်မြို့ မှ-ဆရာတော် ဦးတိက္ခ
 ဟောကြားသော ဒိဌိဖြစ်ကြောင်းတရားတော် ကိုမှတ်သားမိသမျှ ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။

*****တတိယမြောက်သမီးတော်*****

Posted on: Thursday, August 22, 2013

ဟာသ(၂)


အဖွား တစ်ဦး သစ္စာတရားများ ဟောကြားသော တရားရိပ်သာသို့ သွား၍စခန်းဝင်ကာ
တရားတော်များနာယူပြီး (၁၀)ရက်ပြည့်သောနေ့  စခန်းသိမ်းပြီး အိမ်သို့ ပြန်ရောက်လာလေ၏။
ထမင်းစားချိန်ရောက်သောအခါ မြေးဖြစ်သူက အဖွားကို ထမင်းစားရန် လာခေါ်ရာ

"အဖွား..ထမင်းစားရအောင် " 

မြေး၏ ခေါ်သံ ကိုကြားသောအခါ အဖွားဖြစ်သူမှာ အခက်တွေ့ နေတော့သည်။
ရိပ်သာတွင် နာကြားမှတ်သားခဲ့သည်က ငါစွဲကို  မစွဲရန် နှင့် ငါ ဟူသော ဒိဌိ ကို ဖြုတ်ရန်
ဆရာတော်များက အထူးပင် သတိပေး ဆုံးမတော်မူခဲ့ရာ  မြေးဖြစ်သူကို ငါ ဟူသော
ဝေါဟာရ ကိုသုံး၍ စကားပြန်ပြောရန် ခက်ခဲနေလေ၏။
အဖွား ၏ တုံပြန်ပြောသံကိုမကြားရသောကြောင့်မြေး က အသံကိုမြှင့် ၍ ထပ်ခေါ်ပြန်သည်။

" အဖွားရေ..ထမင်းစားရအောင် "

အခါတိုင်းတွင် အဖွားဖြစ်သူမှာ မြေးက ခေါ်လျှင် အေး...ငါ  စားမယ်  (သို့ တည်းမဟုတ်)
 ငါ မစားသေးဘူး ဟု  ဖြေနေကျ ဖြစ်သည်။ ယခုမူ ဒိဌိဖြုတ်တရားများကို နာကြားမှတ်သားခဲ့
သောကြောင့်  ငါ ဟူသော အသုံးအနှုန်းကို ပြောဆိုသုံးစွဲရန် နုတ်က မထွက်ရဲဖြစ်နေရှာ၏။
(ဒုက္ခပဲ  ဒီကလေးနဲ့တော့ ဘယ်လိုများပြောရမှာပါလိမ့် . မပြောတော့လဲ အခက်  ပြောရမှာလဲ ခက်)
အဖွားမှာ သူ့ အတွေးနှင့်သူ စိတ်ကျဉ်းကျပ်နေလေ၏။

 " အဖွား  ..ထမင်းစားရအောင်လို့ ...ခေါ်နေတာ မကြားလို့ လား အဖွားရဲ့ 
ဘာမှန်းလဲ မသိဘူး အဖွားကလဲ  တရားစခန်းက ပြန်လာပြီးမှာ အူကြောင်ကြောင် နဲ့   "  

မြေးဖြစ်သူ က စိတ်မရှည်စွာဖြင့် အဖွားကို လှမ်းအော်ပြန်လေ၏။
ထိုအခါ အဖွားမှာ ဇွတ်မှိတ်ပြီး မြေးကို ပြန်ဖြေလိုက်ရရှာသည်။

"ကျမ  ..မစားသေးပါဘူး ရှင်  "
+++++++++++++++++++++++++++

ဤသည်မှာ သစ္စာ တရား၏ လေးနက်မှူ ကိုမသိမမြင် နားမလည်သေးသောကြောင့် ဖြစ်တတ်သော
အကြောင်းများပင် ဖြစ်သည်။ဒိဌိဖြုတ်ရမည် ဆိုခြင်းမှာ ငါ စွဲစွဲခြင်းကင်းရန်ဆိုဆုံးမ ခြင်းသာဖြစ်သည်။
ငါ ဟူသောအသုံးအနှုန်း ကို သုံးခွင့်မပြုခင်းမဟုတ်ပေ။ မြတ်စွာဘုရားသော်မှ ငါဘုရား  ဟူသော
ဝေါဟာရ ကိုသုံးစွဲပါသည်။မှတ်၊သိ၊ယူ၊စွဲ  ခြင်းကင်းရန် သင်ကြားပေးခြင်းသာ ဖြစ်၏။

(ဖေါ်ပြပါဟာသလေးမှာ ဆရာဘုန်းဘုရား မှ ၀ိပဿနာ ရှူပွားနည်း ကို ဟောကြားစဉ် ဟာသ နှော၍
မိန့် ကြားခဲ့ခြင်း ကို ပြန်လည်တင်ပြခြင်းဖြစ်ပါသည်။)

           *****တတိယမြောက်သမီးတော်*****

Posted on: Thursday, August 8, 2013

နိဗ္ဗာန်ဆော်၏ ပါရမီ





သန္တတိ အမတ်ကြီးသည် ပေဿနဒီ ကောသလ မင်းကြီး၏ အမိန့် တော်ဖြင့်
ပုန်ကန်သောင်းကျန်းသော ပစ္စန္တရစ် ရွာကို နှိမ်နှင်း၍ အောင်မြင်သဖြင့်
ရှင် ဘုရင်စည်းစိမ်ကို(၇)ရက်ခံစားရ၏။ထို(၇)ရက် ကာလပတ်လုံး သောက်စား
ပျော်ပါုးခြင်း။ကချေသည်တို့၏ကခြင်း သီခြင်း ဖျော်ဖြေခြင်းတို့ `၌ မင်းစည်းစိမ်ကို
ခံစားလေ၏။(၇)ရက်မြောက်သောနေ့ `၌အလုံးစုံတန်ဆာဆင်ထားသော
ဆင်ကျောက်ကုန်းထက် နေလျှက် ရေချိုးဆိပ်သို့သွားသည်ရှိသော်  ဆွမ်းအလို့ ငှါ
ကြွဝင်လာသော မြတ်စွာဘုရားရှင်ကို တခါး ကြား`၌ မြင်ရလျှင် ဆင်ကျောက်ကုန်း
ထက်`၌ တည်လျှက် ဦးခေါင်းကို လှုပ်၍ ရှိခိုးလေ၏။

မြတ်စွာဘုရားရှင်သည် ပြုံးခြင်းကိုပြုရာ    အာနန္ဒာ မထေရ်က ပြုံးတော်မူခြင်းအကြောင်းကို
မေးလျှောက်၏။မြတ်စွာဘုရားသည်

ချစ်သားအာနန္ဒာ  သန္တတိ အမတ်ကြီးကိုကြည့်ရှူလော့။ယနေ့ပင်လျှင် အလုံးစုံသော တန်ဆာဖြင့်
တန်ဆာဆင်လျှက် ငါဘုရား၏ အထံတော် သို့ လာလတ်၍ လေးပုဒ်သောဂါထာ၏ အဆုံး`၌
 အရဟတ္တဖိုလ်သို့ ရောက်ပြီးလျှင် ထန်းခုနှစ်ဆင့် ပမာဏ မြင့်သော ကောင်းကင်း`၌ နေထိုင်လျှက်
ပရိနိဗ္ဗာန်ပြုရပေလတ္တံ့ ဟု မိန့် တော်မူလေ၏။

လူများအပေါင်းတို့ သည် မြတ်စွာဘုရားရှင် ၏ စကားတော်ကို ကြားလျှင် မိစ္ဆာ ဒိဌိ အယူရှိကုန်သော
သူတို့ သည် မကောင်းသောစကားတို့ဖြင့် ကဲ့ရဲ့ ကြလျှက် ဘုရားရှင်အားစွပ်စွဲ နှိပ်စက်ရန် ကြံစည်
ကြကုန်၏။ ကောင်းသောအယူဝါဒ ရှိသူတို့ သည် မြတ်စွာဘုရားရှင်၏ တင့်တယ် ခြင်းကို၎င်း။
သန္တတိ အမတ်ကြီး၏ တင့်တယ် ခြင်း ကို၎င်း  ရှူမြင်ကြရပေတော့မည်ဟု ကြံစည်ကြကုန်၏။

သန္တတိ အမတ်သည် ရေကစားပြီး၍ မင်းစည်စိမ်ဖြင့် သေသောက်ကာ ကချေသည်၏
အက ကို ရှူစားနေစဉ် ကချေသည်မသည် နှလုံးခွဲဖြတ်လျှက် လဲကျသေဆုံးလေ၏။
သန္တတိ အမတ်ကြီးသည်ကား ကချေသည်မ ၏ အဖြစ်ကိုမြင်သည်နှင့် နှလုံးမသာမယာဖြစ်ကာ
ကြီးစွာသော စိုးရိမ်သောက တို့ နှိပ်စက်လေ၏။အမတ်ကြီးသည် ငါ၏ စိုးရိမ်ခြင်းသည်
မြတ်စွာဘုရားမှ တစ်ပါး အခြားသူတို့  ငြိမ်းအေးစေနိုင်မည်မဟုတ်ဟု တွေးတောဆင်ခြင်လျှက်
ဗိုလ်ပါ အပေါင်း ခြံရံကာ မြတ်စွာဘုရားထံပါး ဆည်းကပ် ရိုသေ ရှိခိုးတောင်းပန်
လျှောက်ထားလေ၏။

မြတ်စွာဘုရား၏ ဂါထာတော်အဆုံး`၌ သန္တတိ အမတ်ကြီးသည် အရဟတ္တဖိုလ် သို့ 
ရောက်၏။မိမိ၏ အာယုသင်္ခါရ ကို ဆင်ခြင်သော် အသက်၏နည်းပါခြင်းကို သိရလျှင်
မြတ်စွာဘုရားအား ပရိနိဗ္ဗာန် ပြုခြင်း ကိုခွင့်ပြုပေးရန် လျှောက်ကြားလေ၏။

မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က ပြုခဲ့ဖူးသော ကုသိုလ် ကောင်းမှူတို့ အကြောင်းကို
ထန့် ခုနှစ်ဆင့်အမြင့်မှ နေ၍ ဟောကြားရန် မိန့် တော်မူသဖြင့်  အမတ်ကြီးသည်
ကောင်းလှပါပြီ ဘုရား  ဟု လျှောက်ထားပြီး မြတ်စွာဘုရားကိုရှိခိုး၍ ထန်းတစ်ဆင့်အမြင့်သို့
တက်ပြီး မြေပြင်သို့ ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။တဖန် ထန်းနှစ်ဆင့်အမြင့်သို့ 
တက်၍ မြေပြင်သို့  ပြန်ဆင်းကာ မြတ်စွာဘုရားကို ရှိခိုး၏။ထို မှတဖန် ထန်းသုံးဆင့်အမြင့်သို့ 
တက်၍ မြေပြင်သို့  ပြန်ဆင်း ကာ မြတ်စွာဘုရားကိုရှိခိုး၏။ထိုနည်းအတိုင်း ထန်းခုနှစ်ဆင့်
အမြင့်သို့  ရောက်သော် တပည့်တော်၏ ကောင်းမှူကံ ကိုနာတော်မူကြပါဘုရား ဟု
လျှောက်ထားလေ၏။

ဤကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာ ထက်`၌ ၀ိပဿီ မြတ်စွာဘုရားထင်ရှား ပွင့်တော်မူသောအခါ
ဘုရားတပည့်တော်သည် လူများအပေါင်း ကို ကောင်းမှူတို့ ကို ပြုစေခဲ့ပါသည်ဘုရား၊
ဥပုသ် နေ့ `၌ ဥပုသ် ဆောက်တည်ကြပါကုန်လော့။ အလှူပေးကြပါကုန်လော့။
ဘုရားရတနာ အစရှိသည်တို့ နှင့်တူသောတစ်ပါးသော ရတနာ မည်သည် မရှိ။
ရတနာ သုံးပါး တို့ အား ပူဇော်သက္ကာရ မှူကိုပြုကြပါကုန်လော့။  ဟု ကြွေးကြော် လှည့်လည်
ခဲ့ပါ၏။ထို့ သို့ လှည့်လည်သည်ကိုဗန္ဓုမတီ မင်းကြီသည် တပည့်တော်အားခေါ်စေ၍
လှည့်လည်သွားလာရာတွင် သုံးရန် မြင်း ကို၎င်း။ရထားကို၎င်း။ ဆင်ကို၎င်း။အခြားသော
စည်းစိမ်ကို၎င်း ချီးမြှင့်တော်မူပါ၏။ထို ကုသိုလ်ကံကြောင့် စန္ဒကူး နံသည် လှိုင်၏။ခံတွင်းမှ
ကြာညိုနံသည် လှိုင်၏။တပည့်တော်သည် ဤ ကောင်းမှူကိုပြုအပ်ပါသည် ဘုရား   ဟု
လျှောက်ထားလေ၏။

ဤသို့ လျှင် ရှေး က ပြုခဲ့သည့် ကုသိုလ်ကောင်းမှူကိုဟောကြားပြီးနောက် ကောင်းကင်ထက်`၌
နေလျှက် တေဇော ကသိုဏ်းဈာန်ကိုဝင်စားပြီးပရိနိဗ္ဗာန် ပြုလေ၏။ခန္ဓာ ကိုယ်မှ မီးလျှံတို့ သည်
အသွေးအာသားတို့ ကို တောက်လောင်လျှက်ရွှေဖြင့်ပြီးသော ပန်းကဲ့သို့သော ဓါတ်တော်တို့ သည်
မြေပြင်သို့ ကျလာကုန်၏။


ဤသည်မှာ နိဗ္ဗာန် ဆော် ကုသိုလ် ကိုပြုခဲ့သူ၏ ကောင်းမှူ ကံ အကြောင်း ဖြစ်ပါသည်။
ယနေ့ ခေတ် အခါတွင်နိဗ္ဗာန်ဆော် ကုသိုလ်ကောင်းမှူ ပြုလုပ်သူများစွာရှိနေ၏။
ဘာသာ သာသနာ ကိုထွန်းကားပြန့် ပွားစေရန် ဆောင်ရွက်နေကြသူများ လှူဒါန်းနေကြ
သူများ။ အင်တာနက် စာမျက်နှာများတွင် အခြားသူများပါ ဘာသာ သာသနာ ကိုလေ့လာ
ခွင့် ဖတ်ရှူခွင့်ရစေရန် ရည်ရွယ်၍ ဘာသာရေးစာပေများကို share လုပ်ခြင်းများသည်
နိဗ္ဗာန် ဆော် ပြုလုပ်ခြင်းပင်ဖြစ်သည်။ထို့ ကြောင့်အင်တာနက် စာမျက်နှာများ`၌
ဘာသာရေး စာပေများ share လုပ်ခြင်း ပြန့် ပွားအောင် ဖြန့် ဝေခြင်း လှူဒါန်းခြင်းတို့ ကိုပြုလုပ်
နေသူတို့ သည် သန္တတိ အမတ်ကြီးပြုခဲ့သော ကောင်းမှူကုသိုလ် နှင့် အချိုးညီပါသောကြောင့်
အဆုံးစွန်သောဘ၀ `၌ နိဗ္ဗာန် ကိုမျက်မှောက်ပြုရမည်မှာ ဧကန်မလွဲဖြစ်ပါတော့သည်။

          

              *****တတိယမြောက်သမီးတော်*****



ကျမ်းကိုး။   ။အရှင်ဓမ္မဿာမီဘိဝံသ စီရင်ခဲ့သော ပုံတော်စုံ ဓမ္မပဒ၀တ္ထုတော်ကြီး ဒုတိယတွဲ
                စာမျက်နှာ-၃၄ သန္တတိ အမတ်ကြီး ၀တ္ထု ။

Posted on: Thursday, August 1, 2013

အရိယာ ပုဂ္ဂိုလ် ဘယ်လိုရှာမလဲ


သောတာပန် အရိယာ သည် ကာမဂုဏ်`၌ တပ်မက်သော ကာမရာဂ ကိုမပယ်နိုင်သေး။
ထို့ ကြောင့်လောကီကာမ ချမ်းသာထက် အဆ ပေါင်းများစွာသာလွန်သော လောကုတ္တရာ
ဓမ္မ ဖလ သမာပတ်ချမ်းသာကို ၀င်စား၍ နေနိုင်ပါလျက် အမြဲ မ၀င်စားပဲ ကာမ ဂုဏ်ချမ်းသာကို
ခံစားကြသေးသည်။

ဤသည်မှာ မဟာစည်ဆရာတော်ဘုရားကြီး မိန်ဆို့ ချက်ဖြစ်ပါသည်။

မိမိ လေ့လာခဲ့ဖူးသမျှတွင်လည်း ဤကဲ့သို့  ဆရာတော်များ ဆိုမိန့် သည်ကို လေ့လာမှတ်သားခဲ့ရသည်။

မြတ်စွာဘုရားရှင် သက်တော်ထင်ရှားရှိစဉ်အခါက ကဿပ ရဟန္တာ ကိုယ်တော်မြတ် အား
အလုပ်အကျွေးပြုနေသူ ကပ္ပိယ သည် ** ခုခေတ်မှာ  ရဟန္တာ မစဲတမ်းရှိတယ်လို့ သာ
ပြောတယ် ဘယ်လိုပုဂ္ဂိုလ်က ရဟန္တာ မှန်း ကိုမသိပါဘူး ဘုရား** ဟု အရှင် မြတ်ကို လျှောက်တင်ရာ..
ရဟန္တာ ကိုယ်တော်မြတ်က**ကပ္ပိယကြီး ရဟန္တာ ကိုယ်တော်ကို အနား ကပ်ပြီးအလုပ်အကျွေးပြုနေတာ
တောင် ရဟန္တာ မှန်း သိဖို့ ခက်ခဲတယ်**ဟူ၍ မိန့် တော်မူဖူး၏။

ဤ သည် တို့ ကိုထောက်ရှူခြင်းအားဖြင့် ရဟန္တာ ကိုပင် မသိနိုင်သောပုထုဇဉ်များသည်
ကာမဂုဏ်အာရုံခံစားနေသော သောတာပန် အရိယာကို မည်သို့ မှ မသိနိုင်ကြပေ။

ယခုကဲ့သို့ သာသနာတွင်းကာလ သာသနာတော် နေလိုလလိုထွန်းတောက်နေချိန်တွင်
သောတာပန် သကဒါဂါမ် တို့  ရှိနေမည်ဖြစ်ပြီး ကာမဂုဏ် အာရုံကိုခံစားနေအုံးမည်
 ဖြစ်လေသောကြောင့် မည်သို့ မှ ခွဲခြားသိမြင်နိုင်မည် မဟုတ်ပေ။

သို့သော် အရှင်ကဿပ မထေရ် ကဲ့သို့ ပင် အရိပ်အမြွက်သော်မျှ ပြောပြပါလိမ့်မည်။
အသိပညာ ဗဟုသုတ တို့ ခေါင်းပါးသော သူတို့ သည် အရိပ် အမြွက် မဆိုထားနှင့်
အကောင်လိုက် ကိုယ်ထင်ပြသည်ပင် ဘာကောင်မှန်း သိကြမည် မဟုတ်။

အရိယာ တို့ မည်သည်မှာ အရိပ်အမြွက်သော်မျှ ပြောကြပါလိမ့်မည်။

သို့ ပါသောကြောင့် မိမိ အနီး ပတ်ဝန်းကျင် မှ အရိပ်အမြွက်သော်မျှပြောလာသူကို လေ့လာမှတ်သား၍
ဆည်းကပ်ပါမူ အကျိုးထူးတို့ ပေးပေလိမ့်မည်။

စော်ကား မော်ကားပြောဆိုမိပါမူ သာမာန်ထက် အကျိုးများစွာယုတ်ပေလိမ့်မည်။

သတိထားဆင်ခြင်နိုင်ကြစေခြင်းအကျိုးငှါ တင်ပြလိုက်ရခြင်းသာဖြစ်ပါသည်။


                        *****တတိယမြောက်သမီးတော်*****