ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, August 27, 2013

ဗုဒ္ဓ အလိုကျ မြတ်ဒါန



အလှူဒါန ပြုကြရာတွင် မြတ်စွာဘုရားအလိုတော်ကျအတိုင်းပေးလှူနိုင်မှသာ
မြတ်သောဒါန ဖြစ်ပါမည်။မြတ်သောဒါန ပေးလှူနည်း(၅)နည်းကို လေ့လာမှတ်သားမိသမျှ
ပြန်လည်မျှဝေလိုက်ပါသည်။

၁။သဒ္ဓါ ဒါန                =                   ယုံယုံကြည်ကြည်ပေးလှူခြင်း။
၂။သက္ကစ္စ ဒါန            =                   ရိုရိုသေသေ ပေးလှူခြင်း။
၃။ကာလ ဒါန            =                    အချိန်ကာလ အားလျှော်စွာပေးလှူခြင်း။
၎။အနုဂ္ဂဟိတ ဒါန     =                    ပစ္စည်းဝတ္ထု အပေါ်တွယ်တာကပ်ငြိမှူကင်းစွာ ပေးလှူခြင်း။
၅။အတ္တာနဉ္စ ပရဉ္စအနုပဟဉ္စဒါန=   မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူခြင်း။

၁။ယုံယုံကြည်ကြည်ပေးလှူခြင်းကြောင့် သူတစ်ပါးထက်ရုပ်ဆင်းရူပကာ လှပ တင့်တယ်၍
လူပုံအလယ်တွင် ထင်ရှား ကျော်ကြားသည့်အကျိုးကျေးဇူး ကိုရပေမည်။

၂။ရိုရိုသေသေပေးလှူခြင်းကြောင့်သူတစ်ပါး အပေါ်`၌ သြဇာညောင်းခြင်း ထင်ပေါ်ခြင်း အကျိုးကျေးဇူး
ကို ရပေမည်။

၃။အချိန်ကာလ အားလျှော်စွာပေးလှူခြင်းကြောင့် မိမိ အလိုရှိသည့်အချိန်တိုင်း ပြည့်စုံရခြင်း အကျိုးကို
ရပေမည်။

၎။ပစ္စည်းဝတ္ထုပေါ်တွင် တွယ်တာကပ်ငြိခြင်းကင်းစွာပေးလှူခြင်းကြောင့် ပစ္စည်း ဥစ္စာ ကြွယ်ဝ ချမ်းသာ
ပြီး ၎င်းပစ္စည်းဥစ္စာတို့ အပေါ် `၌ နှမျော တွန့် တိုခြင်း မရှိ ပေးကမ်းလှူဒါန်းခြင်း သုံးစွဲခြင်းကိုပြုနိုင်ပေမည်။
ပစ္စည်း ၀တ္ထုကို တွယ်တာကပ်ငြိပြီးလှူဒါန်းမိပါက ပစ္စည်းဥစ္စာ ကြွယ်ဝ ချမ်းသာသော်လည်း မစားရက်
မသောက်ရက် မလှူရက် မသုံးစွဲ ရက်ပဲ နှမျောတွန့် တို စေးနှဲသူ ဖြစ်တတ်သည်။

၅။မိမိ သူတစ်ပါး မထိခိုက်စေပဲ ပေးလှူခြင်းကြောင့်လှူဒါန်းရမှူ အစုစု အတွက် ပီတိ ဖြစ်ရပေမည်။
ဤသို့ မဟုတ်မူပဲ မိမိသူတစ်ပါးထိခိုက်စေခဲ့ပါမူ(ဥပမာ-မိမိ တတ်နိုင်သည်ထက်ပို၍ လှူဒါန်းမှူပြုလုပ်
ပြီး ၎င်း အတွက် ကြွေးမြီများဖြင့် ပူပန်ခြင်းမကင်းရသော် အလှူဒါန အတွက် ပီတီဖြစ်ရမည်မဟုတ်သဖြင့်
ပြည့်စုံသော အလှူတစ်ခု မဖြစ်တော့ပေ။)လှူသမျှအတွက် ကုသိုလ် ပြည့်စုံစွာ အကျိုးမခံစားနိုင်
ဖြစ်တတ်ပါသည်။

                        ဖေါ်ပြပါနည်းအတိုင်းပြည့်စုံသောအလှူဒါန ကို စွမ်းဆောင်နိုင်ကြပါစေ

(ဓမ္မရံသီ မိုးကုတ် ၀ိပဿနာရိပ်သာမှ ဆရာတော် ဦးတိက္ခ ၏ "ဗုဒ္ဓ အလိုကျ မြတ်ဒါန"  တရားတော်ကို
နာကြားမှတ်သား၍ ပြန်လည်မျှဝေပါသည်)

*****တတိယမြောက်သမီးတော်*****

0 comment: