ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, August 29, 2013

ဒုက္ခ နိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ



ဒုက္ခနိရောဓဂါမိနီပဋိပဒါ အရိယသစ္စာ= ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဟူသော
အရိယာတို့ သိအပ်သော အမှန်တရား

ဆင်းရဲချုပ်ရာသို့ ရောက်ကြောင်းအကျင့် ဟူသော အရိယာတို့ သိအပ်သောအမှန်တရားသည်
သောတာပန် တည်ပြီးသော အထက်မဂ်သုံးပါးကိုအလိုရှိကုန်သော အရိယာတို့ အတွက်ဖြစ်ပါသည်။
ဝေဒနာနုပဿနာ သတိပဌါန်  နှင့် စိတ္တာနုပဿနာသတိပဌါန် တို့ကိုအားထုတ်သောသူများသည်
အောက်ဆုံးမဂ်ဖြစ်သော သောတာပတ္တိမဂ်မှသည် အထက်မဂ်သုံးပါးတို့ ကိုဆက်လက် အားထုတ်
နိုင်သည်။သို့ သော်

ကာယာနုပဿနာ သတိပဌါန်နည်းဖြင့် နှာသီးဖျားမှ ၀င်လေသိ ထွက်လေသိ ၀င်လေဖြစ်ပျက်
ထွက်လေ ဖြစ်ပျက်  ကို ရှူမှတ်၍ ဖြစ်ပျက်မြင်မုန်းဆုံးကာ ပထမ မဂ် ဖြစ်သော သောတာပတ္တိ မဂ်
ကို ရသောသူများသည် ဤ နည်းဖြင့်အထက်မဂ်သုံးပါးကို ဆက်လက်ရှုမှတ်၍ မရနိုင်ပေ။

ဝင်လေ ဖြစ်ပျက် ထွက်လေ ဖြစ်ပျက် ဖြင့် ရှူမှတ်သော ကာယာနုပဿနာ သတိပဌါန်သည်
အကြမ်းစားကိလေသာကိုသာပယ်သတ်နိုင်ပြီး အထက်မဂ် သုံးပါးတိုင်အောင် အကျိုးမပြုတော့ပေ။
အကယ်၍ ကာယာနုပဿနာနည်းဖြင့် အထက်မဂ်သုံးပါးကိုကျင့်ကြံအားထုတ်လိုပါက ရှေ့ ပိုင်းတွင်
သမီးတော် တင်ပြခဲ့ဖူးသော ဓါတ်(၆)ပါး ကမ္မဌါန်း  ဖြင့် ကျင့်ကြံအားထုတ်နိုင်မည်ဖြစ်ပါသည်။
ထိုနည်းတွင်တင်ပြခဲ့သည့်အတိုင်း မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်က သောတာပန် အရိယာ
သာဖြစ်သေးသော အထက်မဂ်သုံးပါး ကိုရရန် အားထုတ်နေသော ရှင်မဟာမောဂ္ဂလာန်
ကိုယ်တော်မြတ်ကိုဟောကြားခဲ့သည့် တရားဖြစ်သည်။ အနုစိတ် အားထုတ်ရမည်ဖြစ်သည်။
အနုစားကိလေသာကို အနုစိပ်၍ ရှူမှတ်ပွားများမှသာ အထက်မဂ်သုံးပါးတိုင်အောင် အားထုတ်
နိုင်ပါလိမ့်မည်။

ထို့ ကြောင့် အောက်ဆုံးမဂ်ဖြစ်သော သောတာပတ္တိမဂ်ကို ရထားသူများသည်အထက်မဂ်သုံးပါး
အတွက် နည်းလမ်းအမှန် ကို လေ့လာရအုံးမည် ဖြစ်သည်။

ရုပ်အပေါင်း `၌ ရုပ်အပေါင်းကို အကြိမ်ကြိမ် ရှူခြင်းသည်၎င်း။
ဝေဒနာ တို့ `၌ ဝေဒနာကို အကြိမ်ကြိမ် ရှူခြင်းသည်၎င်း။
စိတ် `၌  စိတ် ကို အကြိမ်ကြိမ် ရှူခြင်းသည် ၎င်း။
 သဘောတရားတို့ `၌ သဘောတရားတို့ ကို အကြိမ်ကြိမ် ရှုခြင်းသည်၎င်း။
ထိုသို့သတိ ကိုမှန်စွာအောက်မေ့ ခြင်းသည် “ သမ္မာ သတိ ”  ဟူ၍ ဆိုအပ်၏
သတိ၏ စင်ကြယ်ခြင်းရှိသော မှန်စွာတည်ကြည်ခြင်းကို “သမ္မာ သမာဓိ”  ဟူ၍
ဆိုအပ်၏။

 ဤသို့လျှင် အရိယာတို့  သိအပ်သည့် သစ္စာ တရားကို ရှူမှတ်ဆင်ခြင်နိုင်ကြပါသည်။

ကျမ်းကိုး။   ။ဗုဒ္ဓဘာသာကောင်းတစ်ယောက် စာအုပ်-အခန်း(၉) မဟာသတိပဌာန သုတ်တော်
မြန်မာပြန် စာမျက်နှာ ၄၈၇ ဒုက္ခနိရောဓ ဂါမိနီပဋိပဒါ အရိယ သစ္စာ)

*****တတိယမြောက်သမီးတော်*****

1 comment:

စံပယ်ချို said...

အမြဲပဲ မှတ်သားစရာလးတွေရလို့သမီးတော်ကို မဂျက်ကကျေးဇူးတင်ပါတယ်