ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Friday, November 1, 2013

ကျေးဇူးတင်ပါတယ်

သမီးတော် ရေးထားတာလေးတွေကိုလာရောက်ဖတ်ရှူကြသူများအားလုံးကို ကျေးဇူးတင်ပါတယ်။
ကျေးဇူးတင်ရခြင်းက သမီးတော် ရေးတာကို ဖတ်ပေးလို့ မဟုတ်ပါဘူး။ တရားတော်တွေကို
ဖတ်ရှူလေ့လာခြင်းကြောင့် ကျေးဇူးတင်တာဖြစ်ပါတယ်။ထပ်ဆင့်ပြီးကျေးဇူးတင်ချင်တာက ....
မဟာဂရုဏာတော်ရှင် မြတ်စွာဘုရားက ဘုရားဖြစ်လို့ သတ္တ၀ါတွေကို ဥာဏ်တော်နဲ့ကြည့်တဲ့အခါ
ဘာ ဆို ဘာမှ မသိကြတာကိုမြင်တော်မူပြီး အင်မတန်မှ သနားတော်မူသတဲ့။ဒီတော့ သမီးတော်တို့ က
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ရဲ့ စစ်မှန်တဲ့တရားတော်တွေကို ကိုယ်သိသလောက် နားလည်
သလောက် ကြိုးစားပြီး ဝေမျှ ရင်း မြတ်စွာဘုရားရဲ့ မဟာ ဂရုဏာနဲ့ စေတနာကို ဖြည့်ဆည်းခွင့်ရလို့ 
လာရောက်ဖတ်ရှူသူများအားလုံး ကို ကျေးဇူးတင်ခြင်းပဲဖြစ်ပါတယ်။

တရားတော်တွေကို ဝေမျှတဲ့နေရာမှာ သမီးတော်မှာ အားနည်းချက်တွေရှိပါတယ်။
အစဉ်တစိုက် တရားတော်တွေ မဝေမျှနိုင်ခြင်းပါပဲ။ တရားတပုဒ်ကို ရေးသားဖို့  စိတ်ကူးလိုက်တိုင်း
တရားတော်တွေ နားကြားရပါတယ်။ နာကြားတဲ့အခါ တစ်ကြိမ်တည်း နာလို့ မရပါဘူး။အနည်းဆုံးသုံးကြိမ်
လောက်နာကြားရပါတယ်။ ခပ်တိုတိုပဲ ဖတ်ချင်တတ်တဲ့ လူ့ သဘာဝ ကြောင့် ခပ်တိုတိုနဲ့ နားလည်အောင်
ကြိုးစားပြီး ထုတ်နုတ်ရတာပါ။လိုရင်းအချက်နဲ့ နားလည်အောင် တရားတော်ကိုနှလုံးသွင်းနိုင်အောင်
ရေးသားနိုင်ဖို့ ကြိုးစားရပါတယ်။

သမီးတော်က ဓမ္မ ကထိက လည်းမဟုတ်သလို  ဆရာသမားရဲ့ သြ၀ါဒ ကိုခံယူရတာမျိုးလည်း မရှိတော့.
ရေးလိုက်တဲ့ တရားတော်မှာ လွန်သွားတာမျိုး ။ လွတ်သွားတာမျိုး။ လိုသွားတာမျိုး ။ ဖြစ်မှာစိုးလည်းစိုးရိမ်
မိပါတယ်။

ရေးလိုက်တဲ့ အကြောင်းအရာမှာ တကယ် တရားတော်ထဲက ဟောထားတာကို နားလည်မှူ  အားနည်းပြီး
အရေးလွန်မှာ စိုးပါတယ်။ လိုရင်းကို လွတ်ပြီး ရေးမိမှာ စိုးပါတယ်။ ပြည့်စုံအောင်မရေးနိုင်ပဲ လိုသွားမှာကို
စိုးမိပါတယ်။

ဒါကြောင့် အရမ်းကိုလေးနက်တဲ့တရားတော်တွေကိုနာကြားခဲ့ရပေမယ့် ရေးဖို့ ခက်ခဲနေတာပါ။
သမီးတော်ရေးသားခဲ့တဲ့..ဆရာကောင်းသမားကောင်းကိုမှီဝဲပါ..ဆိုတဲ့  စာတစ်ပုဒ်မှာ  နောက်ဆုံး
အဆင့်ကိုပဲ သမီးတော်ရေးသားနိုင်ခဲ့ပြီး ရှေ့ မှာ စတင်ပြီးအားထုတ်ရမယ့် အချက်အလက်တွေ
အဆင့်ဆင့်တွေကိုပြည့်စုံအောင် မတင်ပြနိုင် မရေးသားနိုင်ခဲ့ပါဘူး။အဓိပတိ (၃)ပါးကိုလက်ကိုင်
ထားဖို့ ။နီဝဏ (၅)ပါးကိုဖယ်ရှားရှင်းလင်းဖို့  စသည်ဖြင့် တရားအားထုတ်သူ အတွက် ဖြောင့်ဖြောင့် 
မှန်မှန်အားထုတ်ရာမှာ ကြားဝင်တတ်တဲ့ကိလေသာတွေကို ဖယ်တဲ့နည်းတွေ မရေးသားနိုင်ခဲ့ပါဘူး။

တကယ် ပြည့်ပြည့်စုံစုံရေးသားဖို့ ကြတော့ သမီးတော်ကိုယ်တိုင်က ကျမ်းတွေ ပါဠိတော်တွေ စသည်ဖြင့်
ပြည့်စုံအောင်လေ့လာထားတာမဟုတ်တဲ့အတွက် အင်မတန်မှ အားနည်းနေပါတယ်။

ဒါကြောင့်လည်း တရားကိုတကယ်ရချင်တဲ့သူများကို စနစ်တကျ သင်ကြားပို့ ချပေးမယ့်နေရာမှာ
သင်ယူလေ့လာပြီး အားထုတ်ဖို့ ပဲတိုက်တွန်းနေရတာပါ။

သင်ထောက်ကူပစ္စည်းတွေနဲ့ သုံးပြီး သေသေချာချာနားလည်အောင် စနစ်ကျအောင် သင်ကြားပေးတဲ့
ဆရာတော်များ ရဲ့ လမ်းညွှန်မှူနဲ့ ၀ီရိယ စိုက်ပြီး အားထုတ်ကြမယ်ဆိုရင် ဒီဘ၀ မှာ နိဗ္ဗာန် မရဘူးဆိုတာ
မရှိတော့ပါဘူး။  ရ ကို ရမှာ သေချာပါတယ်လို့  ရဲရဲဝံ့ဝံ့ ပြောပါရစေပါ။

စာဖတ်ရန်ရောက်ရှိလာကြသူများအားလုံးကို တရားတော်များဖတ်ရှူသွားကြတဲ့အတွက် အထူးပဲကျေးဇူးတင်
ပါကြောင်း။ မြတ်စွာဘုရားရဲ့ တရားတော်ကို ယုံကြည်ခြင်းဆိုတဲ့ သဒ္ဒါစိတ် လေးနဲ့ ကြိုးစား လေ့လာကြတဲ့
အတွက် အထူးပင် ကျေးဇူးတင်ပါကြောင်း လေးစားစွာပြောပါရစေပါရှင်။

*****တတိယမြောက်သမီးတော်*****

2 comment:

စံပယ်ချို said...

သမီးတော်ရေးသားခဲ့တဲ့..ဆရာကောင်းသမားကောင်းကိုမှီဝဲပါ..ဆိုတဲ့ ဟာကစာအုပ်ထုပ်မှာလား ဆိုဒ်မှာပဲရေးမှာလားသမီးတော်ရေ-အဲတာလေးတော့အကြောင်းပြန်ပေးပါနော်

3rdthameetaw said...

ဂျက်ရေ ခုလိုစကားလေးပြောသွားလို့ ကျေးဇူးတင်ပါတယ်
သမီးတော်က စာအုပ်ထုတ်ရလောက်အောင်အရေးအသားမပြည့်စုံပါဘူး
ကိုယ်တိုင်လည်းမထုတ်ဝေနိုင်သလို ထုတ်ဝေပေးမယ့်သူလည်းမရှိပါဘူး
ဆိုဒ်မှာရေးတာလောက်ပဲလုပ်နိုင်မှာပါ
လေးစားစွာဖြင့်
သမီးတော်