ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...
Posted on: Wednesday, November 20, 2013
အထူးအစီအစဉ်(၈) နိဝရဏ ငါးဖြာ ဖယ်ရှူပါ
ကုသိုလ် ရရုံလောက် လူအထင်ကြီးခံရရုံလောက် တရားအားထုတ်သူများအတွက်  ဤကဲ့သို့သော
တရားတော်များသည် မလိုအပ်ပေ။
အမှန်တကယ် နိဗ္ဗာန် လိုချင်သူ။ဤဘ၀ ဤခန္ဓာ ဖြင့် အရိယာ သူတော်ကောင်းဖြစ်ချင်သောသူများ အတွက်
မဖြစ်မနေ လိုအပ်သည့် တရားတော်များပင် ဖြစ်သည်။
နိဝရဏ ဆိုသည်မှာ ဖုံးဖိ ကာကွယ်ထားခြင်း ကိုဆိုလိုသည်။
ဖြစ်ပျက် တို့ အမြင်ကျဲပြီး အတွေးတွေ ပျံလွှင့်နေလျှင်  ဖြစ်ပျက်ကိုမမြင်ပဲ ဖြစ်နေလျှင် မမြင်အောင်
ကွယ်နေသည့် အကြောင်းရင်းများရှိနေသည်ကို သတိထားရမည်။ အကြောင်းရင်းကိုသိမှ ဖယ်ရှားရမည့်
နည်းလမ်းကိုသိနိုင်မည်။
သားကိုခင်သည့် စိတ်  ၊ သမီးကိုခင်သည့်စိတ်၊ လိုချင်ရချင်သည့်စိတ်၊ ရောင်းချင်ဝယ်ချင်သည့်စိတ်များ
ဝင်လာလျှင် လောဘစိတ် ၀င်လာခြင်းဖြစ်သည်။ တရားထိုင်မည့်အရေး နာမှာကျင်မှာ စိုးရိမ်ခြင်း၊
နာလာကျင်လာသည်ကိုသီးမခံချင်၍ အလွယ်တကူရွှေ့ ပစ်နေခြင်း၊ စသည့် စိတ် အစဉ်တို့သည် ကာမစ္ဆန္ဒ
နိဝရဏ ၀င်နေခြင်းဖြစ်သည်။လောဘစိတ်လေးပါလား ဟု သိပေးခြင်းဖြင့် ဖယ်ရှားနိုင်ပြီး ထိုလောဘစိတ်
မရှိတော့သည်ကို သတိဖြင့် ဆင်ခြင်ရှူမှတ်ပေးခြင်းသည်ဝိပဿနာ   မဂ်ကို ရခြင်းဖြစ်သည်။ ရှူတတ်မှတ်တတ်
ဆင်ခြင်တတ်လျှင် မိမိကို တရားရအောင် အထောက်အပံပေးခြင်းဖြစ်ပြီး မရှူတတ် မမှတ်တတ် မဆင်ခြင်
တတ်လျှင် ၀ိပဿနာ အားထုတ်ခြင်းကို အနှောက်အယှက်ပေးခြင်းဖြစ်သည်။ ထို့ ကြောင့်သတိဖြင့် မြင်သိပြီး
ပညာ ဖြင့် ရှူမှတ်တတ်ရန် လိုအပ်ပါသည်။ဥပမာ ဆိုရသော်   ဆေးရောင်စုံတို့ ဖြင့် ညစ်ညမ်းသော
ရေပြင်တွင် မိမိ ၏ မျက်နှာ အရိပ်အကဲကို မမြင်ရသကဲ့သို့  ဖြစ်ပျက်တို့ ကို ဖုံးဖိ ထားခြင်း ဖြစ်သည်။
ထိုဆေးရောင်တို့ကို ဖယ်ရှား၍ ရေကြည်ရေသန့်တွင် ကြည့်ပါမူ မိမိ၏ မျက်နှာအရိပ်ကို ကြည်လင်စွာ
မြင်ရသကဲ့သို့  ဖြစ်ပျက် တို့ ကိုမြင်သိ ရှူမှတ်နိုင်ပါလိမ့်မည်။
လောဘ စိတ်ပါလားဟု သိခြင်းသည် လောဘစိတ်ကိုဖယ်ခြင်းဖြစ်သည်။လောဘ စိတ်ပါလားဟုသိသည့်
အခါ လောဘ စိတ်မရှိတော့ပဲ သိစိတ်ခေါ်သောဥာဏ်စိတ်ဖြစ်ပေါ်နေသဖြင့် လောဘစိတ် ပျက်သွားသည်။
စိတ်သည် တစ်မျိုးသာ ပေါ်နိုင်သည် နှစ်မျိုးပြိုင် ၍ ပေါ်ရိုးထုံးစံမရှိပေ။ ဥာဏ်စိတ်ဖြစ်ပေါ်နေသဖြင့် လောဘ
စိတ် မရှိတော့သည်ကို အကဲခတ်ပြီး မရှိတော့ပါလား ဟု သိပေးခြင်းသည် ၀ိပဿနာ  မဂ် ဥာဏ်ဖြစ်သည်။
အကယ်၍ လောဘစိတ်  လောဘ စိတ်ဟု တရစပ် သိမှတ်နေပါက  သမထ ဖြစ်မည်။ လောဘစိတ် မရှိတော့
သည်ကိုသိခြင်းသည် ၀ိပဿနာ  မဂ်ဥာဏ် ဖြစ်သည်။ ထို့ ကြောင့်သမထ နှင့် ၀ိပဿနာ ကို  ကွဲကွဲပြားပြားသိရမည်။
သို့ မှသာ နိဗ္ဗာန်စခန်းသို့ တက်လှမ်းနိုင်လိမ့်မည်။အရှိကိုတွေ့ ခြင်းသည် သမထ ၊မရှိတော့သည်ကို သိခြင်း
သည် ၀ိပဿနာ   ဖြစ်သည်။
ဝိပဿနာ  အားထုတ်သောသူသည်ထိုင်လျှင် နာလာမည်ကိုစိုးရိမ်ခြင်း(ကြောင့်ကျ စိတ်)တရားရလိုသည့်ဆန္ဒ
စောနေခြင်း။စသည့်စိတ်များဖြစ်ပေါ်နေပါက  ဗျာပါဒ နိဝရဏ ၀င်နေခြင်းဖြစ်သည်။ငါလုပ်ခဲ့တဲ့အလုပ်လေး
အဆင်မှ ပြေပါမလား ကောင်းကောင်းမွန်မွန်ဖြစ်ရဲ့လားစသဖြင့် တွေးမိခြင်းသည် ဗျာပါဒ နိဝရဏ ပင်
 ဖြစ်သည်။ဥပမာ ဆိုရသော် အခိုးငွေ့ များ ထွက်နေသော ရေပြင်တွင် မိမိ၏ မျက်နှာအရိပ် အကဲ အဖုအပိမ့်
စသည်ကိုမမြင်ရသကဲ့သို့  ခန္ဓာမှ ပြသော ဖြစ် ပျက် တို့ ကိုမမြင်ပဲ ဖြစ်နေသည်။
ကြောင့်ကြစိတ်ကလေးပါလား ဟု သိပေးခြင်းဖြင့်ဖယ်ရှားပြီး ရှိမရှိအကဲခတ်ကာ မရှိတော့ပါလား ဟု
မှန်မှန်ကန်ကန် သိမြင်ခြင်းသည် နိဝရဏ ကိုဖယ်ရှူခြင်းဖြစ်သည်။
တရား အားထုတ်မည့်သူသည် လန်းဆန်းကြည်လင်နေရမည်။ပေါ့ပါးလန်းဆန်းနေခြင်းသည်စိတ်ကို
ကြည်လင်မှူဖြစ်စေသည့်အတွက် ခန္ဓာ၏ ဖြစ် မှူ ပျက်မှူကို မြင်တွေ့ ရမည်။ကြည်လင်လန်းဆန်းမှူမရှိပဲ
ထိုင်းမှိုင်း လေးလံတွေဝေနေလျှင် အိပ်ငိုက်လာလိမ့်မည်။ ထိနမိဒ္ဓ နိဝရဏ ၀င်ခြင်းဖြစ်သည်။
ငိုက်မြည်းတဲ့စိတ်ကလေးပါလားဟု သိပေးပြီး ရှိမရှိ ဆန်းစစ်ကာ  မရှိတော့ပါလား ဟု မှန်မှန်ကန်ကန်သိပေး
ခြင်းသည် ၀ိပဿနာ  မဂ်ဥာဏ်ကိုရခြင်းဖြစ်သည်။ ဥပမာ ဆိုရသော် မှော် ရှိနေသောရေပြင်တွင် မိမိ၏ မျက်နှာ
အရိပ်အကဲကို မမြင်မတွေ့ ရသကဲ့ သို့  ခန္ဓာ ၏ ဖြစ် ပျက်သဘောကို မတွေ့ နိုင်ခြင်း ဖြစ်သည်။
သည် ပူပန်ခြင်း နောင်တ ရခြင်းနှင့်တွဲတတ်သည်။ပူပန်နောင်တ ရခြင်းသည် ကုက္ကု စ္စ ဖြစ်သည်။
ဖြတ်ခနဲ့ ဆိုသလို မိမိ စိတ်သည် လုပ်ခဲ့သောအလုပ်တခုကို အာရုံရောက်၍ ငါလုပ်ခဲ့တာလေး အပြီးသတ်ရဲ့
လား  အဲ့လိုမှန်းသိရင် မလုပ်ပဲထားလိုက်ပါတယ်။အဆင်ကောပြေရဲ့လား အကုန်လုပ်မပေးခဲ့ရဘူး စသဖြင့်
ဖြစ်သည်။ဥဒ္ဒစ္စ သည် မောဟ စိတ်ဖြစ်ပြီး ကုက္ကု စ္စ သည် ဒေါသ စိတ်ဖြစ်သည်။ပူပန်စိတ်ကလေးပါလား
နောင်တ စိတ်ကလေးပါလား ဟု သိခြင်းသည် နိဝရဏ တရားကိုဖယ်ခြင်းဖြစ်ပြီး ရှိမရှိ သတိဖြင့် ဥာဏ်ဖြင့်
စောင့်ကြည့်အကဲခတ်ပြီး မရှိခြင်းကိုသိခြင်းသည် ၀ိပဿနာ  မဂ်ဥာဏ်ဖြစ်သည်။ အဖြစ်ကိုသိ၍ အပျက် ကို
သိခြင်းသည် ဖြစ်ပျက်နှင့်မဂ် ကိုက်ညီ နေခြင်း ဖြစ်သည်။ ဥပမာ ဆိုရသော် လှူပ်နေသော ရေပြင်တွင်
မိမိ၏ မျက်နှာ အရိပ် အကဲကို မမြင်ရသကဲ့သို့  ဖြစ်သည်။
ဥဒ္ဒစ္စ ကုက္ကု စ္စ နိဝရဏ ဖြစ်သည်။
ငါလုပ်မိလား  မလုပ်မိလား လုပ်ရင်ကောင်းသွားမလား မလုပ်ပဲထားရင် ကောင်းမလား စသဖြင့် တွေးတော
မိခြင်းသည် သံသယစိတ်ဖြစ်သည်။သံသယ သည် ၀ိစိကိစ္ဆာ နိဝရဏ ဖြစ်သည်။
၎င်း နိဝရဏ တရားတို့ သည် သတိ ၀ီရိယ အားနည်းသောအခါ  သမာဓိအားနည်းပြီး ပညာ ပျက်ကာ
ခိုဝင်နေခြင်းဖြစ်သည်။သတိ သမာဓိ ပညာ အားကောင်း၍ ၀ီရိယ စိုက်ထုတ်နေပါက နိဝရဏ တရားတို့
လာနိုင်စရာ အကြောင်းမရှိတော့ချေ။
ထို့ကြောင့် တရားတော်ကို လေးနက်စွာယုံကြည်ခြင်းနှင့်ကိလေသာ အညစ်အကြေးကိုအမှန်တကယ်
မြင်သိကာ အပြီးတိုင်ပယ်သတ်လိုသူများသည် ဖေါ်ပြပါ နိဝရဏ တရားများ ၀ိပဿနာ  ဥာဏ်ကို နှောက်ယှက်
ဟန့် တားနိုင်ကြောင်းသတိပြု ဆင်ခြင်၍ မိမိ ၏ သတိ ကို၎င်း။ဝီရိယ ကို၎င်း။ ပညာကို၎င်း။ သမာဓိကို၎င်း။
မပျက်စီးအောင်လျော့ လျဲ မသွားအောင် အထူးပင်ဂရုပြု  ၍ ကြပ်မတ်စွာ အားထုတ်ကျင့်ကြံသင့်လှပါသည်။
အရှိကိုသိခြင်းသည် သမထ ဖြစ်ပြီး ရှိသော အကြောင်းတရားလေး မရှိတော့သည်ကို သိခြင်းသည်
ဝိပဿနာ   ဖြစ်ကြောင်း အရိယာနွယ်ဝင် သူတော်စင်တို့ ကောင်းစွာခွဲခြား မှတ်သားသိနိုင်ကြပါစေ
****တတိယမြောက်သမီးတော်*****
2 comment:
စံပယ်ချို said...
ဘာမှမလုပ်ရပါဘူး ဒီနေ့တော့ok နေတာပါပဲရှင် ဖတ်ရတာလဲရှင်းရှင်းလင်းလင်းပါပဲသမီးတော်ရေ
တတိယမြောက် သမီးတော် said...
အင်း ဟုတ်တယ် တင်ထားတာလေး ပြန်ဖျက်လိုက်တယ် ထင်တယ်
မောင်လေး တင်ထားပေးတာလေ