ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
Related Posts Plugin for WordPress, Blogger...

Posted on: Thursday, November 21, 2013

အထူး အစီအစဉ်(၉) ၀ိပဿနာ အားထုတ်ခြင်း

ဝိပဿနာ အားထုတ်ခြင်းသည် ပုထုဇဉ်နယ်မှ အရိယာ နယ်သို့ တက်လှမ်းခြင်းဖြစ်သည်။

တက်လှမ်းရခြင်းအကြောင်းရင်းမှာ ပုထုဇဉ်တို့၏ သေခြင်းသည် ဂတိ မမြဲခြင်း။
အရိယာတို့၏ သေခြင်းသည် ဂတိမြဲခြင်း။ ပုထုဇဉ်တို့၏ သံသရာသည် အဆုံးမရှိခြင်း။
အရိယာ တို့ ၏ သံသရာသည် နိဗ္ဗာန်`၌ အဆုံးရှိခြင်း ။ စသည့် နှိုင်းယှဉ်၍ မရလောက်အောင်
ကျေးဇူးကြီးမားခြင်းကြောင့် အရိယာနယ်သို့ တက်လှမ်းနိုင်ရန် ကြိုးစားအားထုတ်ကြခြင်းဖြစ်သည်။



ဝိပဿနာ အားထုတ်ခြင်းကြောင့်  ပထမ ဆုံး သောတာပန် အရိယာ ဖြစ်မည်။ သောတာပန် အရိယာသည်
ဒိဋ္ဌိ နှင့် ၀ိစိကိစ္ဆာ ကိုပယ်သတ်၏။ထို့ ကြောင့်  ၀ိပဿနာ ရှူမှတ်မည့်သူသည် ဒိဋ္ဌိသုံးမျိုးနှင့် ၀ိစိကိစ္ဆာ ကို စာသိဖြင့်သိထားရန် လိုအပ်ကြောင်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ ၎င်း ဒိဋ္ဌိ သုံးမျိုးနှင့်ဝိစိကိစ္ဆာ ကိုအပြီးတိုင်
ပယ်သတ်သောကြောင့် ငါကောင်သူကောင်ထင်ခြင်း။ ခိုင်သည်မြဲသည်ဟု ထင်မြင်ခြင်း။ သေလျှင်ပြတ်သည်
ဟူသော အယူအဆများ ဟုတ်လိမ့်နိုးနိုး သံသယ စိတ်နှစ်ခွ ဖြစ်ခြင်းများ လာစရာ မရှိတော့ပေ။
ဥာဏ်ဖြင့်ပိုင်းခြားထင်ထင်သိမြင်ပြီးဖြစ်သောကြောင့် ပုထုဇဉ်တို့၏ သိခြင်းနှင့် လားလားမျှ မစပ်ဆိုင်တော့။

ဒိဋ္ဌိ သုံးမျိုးနှင့်ဝိစိကိစ္ဆာ ကို ပယ်သတ်ရန် ရုပ်နာမ်ကိုသိရမည်။အာယတန(၆)ပါးကိုသိရမည်။
ပညတ်နှင့် ပရမတ် ကွဲရမည်။အကြောင်းအကျိုး ကိုသိရမည်။အဖြစ်နှင့်အပျက် ကို မြင်ရမည်။
သတိ နှင့်ဝီရိယ ယှဉ်ပြီး တရစပ် အားထုတ်ရမည်။သို့ ဆိုလျှင် သောတာပန်တည်ကို တည်မည် ဖြစ်သည်။
ဓါတ်တော်ကျသွားသော မိုးကုတ်ဆရာတော်ဘုရားကြီးက ရဲရဲဝံ့ဝံ့မိန့် တော်မူသွားခဲ့သည်။
မနက် ဖြစ်ပျက်မြင်လျှင် ညကို သောတာပန်တည်မည်။ ည ကို ဖြစ်ပျက်မြင်လျှင် မနက် သောတာပန်
တည်မည်။ ရဟန္တာ ပုဂ္ဂို လ် ပြောသောစကား မှားဖွယ်ရာမရှိပါ။မိမိ ကသာ တိတိကျကျ လိုက်နာဆောင်ရွက်
ရန် ကျင့်ကြံအားထုတ်ရန်လိုအပ်ပါသည်။

ရုပ်နာမ်ကိုသိရန် အတွက် ခန္ဓာ ငါးပါး  အကြောင်းကိုတင်ပြခဲ့ပြီးဖြစ်သည်။ အာယတန (၆)ပါးကိုသိရန်
အတွက် ပဋိစ္စသမုပ္ပဒ် တွင် မှတ်သားရန်နှင့် အကြောင်းအကျိုးကို ပါ လေ့လာရန်လိုအပ်ကြောင်းတင်ပြခဲ့
ပြီးဖြစ်ပါသည်။

အာနာပါန ကမ္မဋ္ဌာန်းကိုပွားများအားထုတ်ရာ`၌ နှာသီးဖျားသည် ရုပ်(ပညတ်) လေသည် ရုပ်( ပညတ် )
တိုးဝင်သည့်သဘောလေးသည် ရုပ်သဘော(ပရမတ်)။နှာသီးဖျား ရုပ်ကိုရှူမှတ်ခြင်းသည် သမထ။
တိုးဝင်သည့် လေ ကိုလေ ဟု ရှူမှတ်ခြင်းသည် သမထ။တိုးဝင်သည်သဘောလေးကို ဖြစ်မှန်းသိခြင်းသည်
သမထ။ ထိုသဘောလေးရှိနေရာမှ ပျက်သွားသည်ကိုသိခြင်းသည် ၀ိပဿနာ  ။

ရှိရာမှ မရှိရာကိုသိခြင်းသည် ၀ိပဿနာ  ။

ထို့ကြောင့် ၀ိပဿနာ  ဥာဏ်အမြင်ကိုရပါက နိဗ္ဗာန် စခန်း အလွန်နီးပြီဖြစ်သည်။

ဝိပဿနာ  ဥာဏ်အမြင်သည်ရုပ်နှစ်ခု၏ တွန်းတိုက်မှူကြောင့် တိုးဝင်သည့် သဘောလေးဖြစ်သည်ကိုသိသည်။
ရုပ် နှစ်ခု တွန်းတိုက်ခြင်းသည် အကြောင်း။တိုးဝင်သည့် သဘောလေးသည် အကျိုး။ အကြောင်းကြောင့်
အကျိုးဖြစ်သည်။

နှာသီးဖျားသည်(ရုပ်) အထည်ခန္ဓာဖြစ်သည်။တိုးဝင်သည့်လေသည်(ရုပ်) သဘောခန္ဓာဖြစ်သည်။
အထည်ခန္ဓာသည်ပညတ်။ သဘောခန္ဓာသည် ပရမတ်။

အာယတန(၆)ပါးသည် အရှူခံ ခန္ဓာများဖြစ်သည်။ မြင်စိတ်။စားစိတ်။နံစိတ်။ယားနာကောင်းစိတ်။
တွေ့ထိစိတ်။ကြံတွေးစိတ်တို့ဖြစ်သည်။ထိုအာယတန(၆)ပါးတွင်ဒွါရ(၆)ပါးဖြစ်သော မျက်စိအကြည်။
နားအကြည်။နှာခေါင်း အကြည်။လျှာ အကြည်။ကိုယ်အကြည်။မနှောဘ၀င်အကြည်။တို့သည်
အခံဓါတ်များဖြစ်သည်။ ထိုအခံ ဓါတ် ဒွါရ(၆)ပါးကို  အဆင်း ။အသံ။အနံ။အရသာ။တွေ့ ထိစရာ။ကြံတွေးစရာ
စသော အတိုက်ဓါတ်များက ဆိုင်ရာရာ အခံဓါတ်များနှင့်တိုက်မိသောအခါ  အပွင့်ဓါတ်ဖြစ်လာသည်။
မျက်စိအကြည်ဖြင့် အဆင်းကိုတွေ့ သောအခါ မြင်စိတ်ဖြစ်သည်။ ထိုနည်းတူ ကြားစိတ် နံစိတ် စားစိတ်
တွေ့ထိစိတ်  ကြံတွေးစိတ် စသဖြင့် ဖြစ်ဓမ္မ တို့ ပေါ်လာ၏။

၎င်းဖြစ်ဓမ္မတို့သည် သဗ္ဗေသင်္ခါရာ အနိစ္စာတိ။ ဟုဆိုထားရာ မမြဲခြင်းသဘောအတိုင်း ပျက်စီးသည်သာလျှင်
ရှိကြကုန်၏။သဗ္ဗေသင်္ခါရာ = အလုံးစုံသော သင်္ခါရတရားဆိုသည်မှာ ဥပမာ မြင်စိတ်ဖြစ်ခြင်းသည် သင်္ခါရ။
သင်္ခါရ ဆိုသည်မှာ=ပြုပြင်စီရင်သည်ဟုအဓိပ္ပါယ်ရသည်။မြင်စိတ်သည် ပြုပြင်စီရင်သည်ဟု အဘယ်ကြောင့်
ဆိုရပါသနည်း။မျက်စိ မမြင်သောသူသည် မြင်စိတ် မဖြစ်ပေါ်နိုင်ပေ။မျက်စိအကြည်ပျက်ယွင်းနေသော
ကြောင့်ဖြစ်သည်။အာရုံဖြင့် မြင်ကြည့်ခြင်းသည် ကြံတွေးစိတ်သာဖြစ်သည်။ ထို့ ကြောင့် မျက်စိ အကြည်ရှိသူ
သည် အဆင်းကိုမြင်၏။ မျက်စိအကြည်ကြောင့် အဆင်းကို မြင်ခြင်းအကျိုးတရားမြင်စိတ်ဖြစ်ပေါ်ခြင်းဖြစ်
သည်။မြင်စိတ်သည် မြင်သည့်ခဏ`၌ ဥာဏ်ဖြင့် မြင်စိတ်ပါလား ဟုသိရမည် ဖြစ်ပြီး သိစိတ်(ဥာဏ်စိတ်)
ဖြစ်သည်နှင့်မြင်စိတ်ပျက်ခြင်းကိုသိရမည်။ သိစိတ်ဖြစ်ပြီး မြင်စိတ်ပျက်သည်ကိုလည်းသိရမည်။
အလွန်နက်နဲပါသည်။ဤ သို့ မြင်သိရန် သမာဓိအားလိုအပ်ပါသည်။ပညာဖြင့် ရှူမှတ်တတ်ရန်လိုအပ်ပါသည်။
သစ္စာတရားကို နားထောင်နိုင်သည့်ဥာဏ်နားသည် ကံကောင်းသူတိုင်းမရနိုင်ပါ ။ဘုန်းကံရှိသူမှသာ
 ရနိုင်ပါလိမ့်မည်။ဘုန်းကံရှိသူဖြစ်အောင် တရားတော်ကိုလေးစားယုံကြည်ရန်လိုအပ်ပါသည်။ ကံကောင်းသူသည်စည်းစိမ်ဥစ္စာရတနာတို့ဖြင့် ကာမဂုဏ်ချမ်းသာကိုပြည့်စုံစွာခံစားနိုင်ပါသည်။
 ဥာဏ်ကောင်းသူသည်ကာမဂုဏ်တို့၏ဆင်းရဲခြင်းကို ကောင်းစွာသိမြင်၍ ပြုပြင်စီရင်၍ရသောကံကောင်းခြင်း
များကိုမမက်မောတော့ချေ။သံသရာမှ လွတ်မြောက်လိုသောစိတ်သာလျှင်ဖြစ်လာတော့သည်။ထိုစိတ်သည်
ဘုန်းကံပါရမီ အားကြီးလာသူတို့၏စိတ်ဖြစ်သည်။ဘုန်းကံပါရမီ အားကြီးသူတို့သည် ပြုပြင် စီရင်ခြင်းခံရသည့်
 မြင်စိတ် ကြားစိတ် စသည်တို့၏ မမြဲခြင်းသဘောသာလျှင်ရှိကြသည်ကို ကောင်းစွာ သဘောပေါက်ရပါမည်။

သဗ္ဗေ သင်္ခါရာ အနိစ္စာတိ။ယဒါ ပညာယ ပဿတိ  ။
အထ နိဗ္ဗိန္ဒတိ ဒုက္ခေ။ဧသ မဂ္ဂေါ ၀ိသုဒ္ဓိယာ။

ပါဠိတော်  အနက်

ရုပ်နာမ်ဓမ္မ သင်္ခါရ အားလုံးတို့သည် အမြဲမရှိကုန်ဟု  ၀ိပဿနာ   ပညာဖြင့် ရှူမြင်နိုင်၏။ထိုအခါ ရုပ်နာမ် ဓမ္မ
သင်္ခါရတို့ `၌ ငြီးငွေ့ ၏။ ဤငြီးငွေ့ ခြင်းသည် ကိလေသာ စင်ကြယ်ရာ နိဗ္ဗာန် ၏ အကြောင်းဖြစ်၏။

တရားချစ်ခင် သူတော်စင်တို့သည် အနိစ္စ လက္ခဏာ ဥာဏ်ဖြင့် ရုပ်နာမ်ဓမ္မ သင်္ခါရ တရားတို့ကို ငြီးငွေ့ သည်
အထိ ရှုမြင်နိုင်ကြသည်ဖြစ်၍ ကိလေသာစင်ကြယ်ရာ မြတ်နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ကြသည် ဖြစ်ကြပါစေ

*****တတိယမြောက်သမီးတော်*****

0 comment: