ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, November 23, 2013

အထူးအစီအစဉ်(၁၀) ၀ိပဿနာ ဆက်လက် အားထုတ်ပါ

ဝိပဿနာ ညစ်ညူးကြောင်းတရား(၁၀)ပါး ရှိသည်။
၁။ သြဘာသ=ကိုယ်ရောင် ကိုယ်ဝါ အရောင်အလင်းများ။
၂။ ။ပီတိ= နှစ်သက်မှူများ။
၃။ ။ပဿဒ္ဓိ =ကိုယ်စိတ်နှစ်ပါး ငြိမ်းအေးမှူများ။


၎။ ။အဓိမောက္ခ=ကမ္မဋ္ဌာန်း အာရုံ`၌ သက်ဝင်ဆုံးဖြတ်တတ်သော သဒ္ဓါတရားများ။
၅။ ။ပဂ္ဂဟ =၀ိပဿနာ စိတ်ကို နောက်မဆုတ်အောင် အားပေးချီးမြောက် ထောက်ပံတတ်သောဝီရိယ။
၆။ ။သုခ = ချမ်းသာခြင်းကိုခံစားမှူ။
၇။ ။ဥာဏ =အမြင်သန်သောဝိပဿနာဥာဏ်။
၈။ ။ဥပဋ္ဌာန=ကမ္မဋ္ဌာန်းအာရုံ၎င်း လွန်စွာတည်တံသောသတိ။
၉။ ။ဥပေက္ခာ=အဖြစ်အပျက် အလွန်ထင်ရှားချိန်ဪ ယင်းအဖြစ်အပျက်ကို ရှူရန် ဗျာပါရ
                        မများတော့ပဲ အသင့်အားဖြင့်သာ ရှူသော ဥပေက္ခာ။
၁၀။ ။နိကန္တိ =သြဘာသ  စသည်တို့ဖြင့်အလွန်တင့်တယ်စွာ တန်ဆာဆင်ထားသောဝိပဿနာကိုနှစ်သက်မှူ။

ဖေါ်ပြပါ တရား(၁၀)ပါးတို့သည် ကောင်းမြတ်သောတရားများဖြစ်သော်လည်း ငါ့မှာဖြစ်သည်ဟု စွဲလန်းသော
 ဒိဋ္ဌိ တို့ကို ဖြစ်ပေါ်စေ၏။စိတ်ကြီးဝင်စေ၏။တဏှာကိုဖြစ်စေ၏။အာရုံ`၌ ဖြစ်ပေါ်လာသော တရားများဖြစ်
သည့်အတွက် ဖြစ် ပျက်တို့၏ အဆုံး နိဗ္ဗာန်ကိုမြင်ခြင်းမဟုတ်။ထို အမြင်တို့သည် ၀ိပဿနာ အားထုတ်သူကို
အနှောက်အယှက်ဖြစ်စေတော့သည်။ပေါ်လာသည့်အာရုံကို ဥာဏ်ဖြင့်သိ၍ုဖြစ်ပျက် ရှူမှတ်ဆင်ခြင်တတ်ပါ
က ၀ိပဿနာ မဂ်ကိုရစေပါလိမ့်မည်။ ထိုအာရုံအပေါ်`၌ နှစ်သက်မိခြင်းများဖြစ်ပါက ရှူမှတ်နေသည့် တရား
ပျက်သဖြင့် အစမှ စ၍ ပြန်လည်ရှူမှတ်ခြင်းပြုရပြန်လိမ့်မည်။

မိမိ ၏ မူလကမ္မဋ္ဌာန်းကို အလေးဂရုပြု ရှူမှတ်ရာမှ သမာဓိအားကောင်းလာလျှင် သြဘာသ စသည့် တရား
များကိုမြင်တွေ့ကြရမည်။ တချို့  အရိုးစု သဏ္ဍန်မြင်တွေ့ သည်များ ရှိမည်။ ခန္ဓာကိုယ်ပျောက်ကွယ်သည်များ
လည်းရှိမည်။ကောင်းသောအမြင်ကိုမြင်တွေ့သည်များ ဆိုးသောအမြင်ကိုမြင်တွေ့ သည်များ`၌ မိမိ ၏ ဥာဏ်
အားကို အသုံးပြုတတ်ရန်လိုအပ်ပါသည်။ခန္ဓာ ပြသည့်နောက်ကို သာယာပြီးမလိုက်မိရန်နှင့်ကြောက်ရွံပြီး
ရပ်ပစ်လိုက်ခြင်းများမပြုမိရန် ကိုယ်ပိုင်ဥာဏ်ကိုလည်းအသုံးပြုဆင်ခြင် ရှူမှတ်ကြရန် လိုအပ်ပါသည်။
ကြားထိုးပေါ်လာသည့်  တရားတို့ကို ဥပေက္ခပြု၍ မိမိ၏ မူလ ကမ္မဋ္ဌာန်းကိုရှုမှတ်နိုင်က ရှူမှတ်ပါရန် နှင့်
မူလကမ္မဋ္ဌာန်း ရှူမှတ်နိုင်စွမ်းမရှိလောက်အောင် သိသာထင်ရှားစွာ ခန္ဓာ မှ အဖြစ်ပြပါက သတိဖြင့် ပညာ
ဖြင့် ဆင်ခြင်ရှူမှတ်ပါ။

ကမ္မဋ္ဌာန်းအားထုတ်သူသည် ခန္ဓာ ဖြစ်ပြသည်  ပျက်ပြသည်ကို ဥာဏ်ဖြင့်စောင့်ကြည့်ရန်ဖြစ်သည်။
တမင်သက်သက်လုပ်ယူ၍ မရှူရပါ။ ဘာတွေ့မလဲ စသဖြင့် ဗျာများပြီး ရှာ မရှူရပါ။

မိမိ၏မူလကမ္မဋ္ဌာန်း နှာသီးဖျားတွင်၎င်း။စိတ်ကိုရှူသူသည်မိမိ၏ရှူချင် ရှိုက်ချင်စိတ် ကို မူလ အရာထား၍၎င်း။
ဝေဒနာ ရှူ သူသည်  မနှော`၌ ဖြစ်ပေါ်သည့် ခံသာသည့်သဘော မခံသာသည့်သဘောကိုရှူ ၍၎င်း။
 မူလကမ္မဋ္ဌာန်းကို စူးစိုက်၍ ရှူမှတ်ရမည်။

ဖြစ်ပေါ်လာသမျှ သင်္ခါရ တရားတို့သည် အနိစ္စပါလား။မမြဲပါလား။ မရှိတော့ပါလား။ ပျက်သွားပါလား။
စသဖြင့် ဥာဏ်ဖြင့်မြင်အောင်ရှူမှတ်နေရမည်။ ပီတီစိတ်ဖြစ်ပေါ်ခြင်း`၌ခံစားနေ၍ မရပါ။ ပီတိ စိတ်ကလေး
ပါးလားဟု သိပြီးဖယ်ပြီး မရှိတော့ပါလား ဟု မှတ်နိုင်ရမည်။ မိမိစိတ်တွင်ပေါ်သည့် ပီတိစိတ်ကို ထပ်ကြည့်ပါ
ရှိလျှင်သိပါ သိစိတ်သည် ဖယ်ပြီးဖြစ်သည် ဖယ်လိုက်သည်ဥာဏ်စိတ်ကြောင့် ပီတိစိတ်ပျက်သည်ကို သိရ
မည်။ဝိပဿနာ ဥာဏ်အားကောင်း၍ ဘ၀င်စိတ်ကျသည့်အချိန်တွင်ပင် အေးသွာပါလားဆိုသောအသိဖြင့်
မောဟ ၀င်တတ်ပါသေးသည်။ အေးသွားသည့်အခါ ခံစားလို့ ကောင်းလိုက်တာ ဟူ၍လည်း လောဘ စိတ်
ဝင်တတ်ပါသေးသည်။ဖြစ်သည်ကိုသိပြီးပျက်သည်ကိုသိရန်မှာ မိမိတာဝန်ဖြစ်သည်။ မိမိတာဝန်ကို
ပျက်ကွက်ပြီး လောဘစိတ် မောဟ စိတ် စသည်ဖြင့် ကိလေသာကို နေရာပေးလိုက်ပါမူ တရားက ဆုံးနိုင်
တော့မည် မဟုတ်ပေ။ မိမိတာဝန်မှာ မည်သည့်ဓမ္မကိုတွေ့ တွေ့  ဥာဏ်ဖြင့်ရှူမှတ်ပေးရန်သာဖြစ်သည်။
သိရမည့်တရားကိုသိပြီး ပယ်ရမည့်တရားကိုပယ်ကာ ပွားရမည်းတရားကိုပွားနေခြင်းဖြင့် အချိန်တန်လျှင်
ဆိုက်ရောက်ရမည့်တရားကိုဆိုက်ရောက်ပေလိမ့်မည်။မိမိတာဝန်မှာ ဥာဏ်ရင့်လာအောင် အားထုတ်ပေး
ရန်ဖြစ်သည်။ ဥာဏ်ရင့်လာလျှင် မဆိုက်ရောက်ပါနှင့်ဟု တားမရ အလိုလို ဆိုက်ရောက်ပါလိမ့်မည်။
နိဗ္ဗာန်ကိုရရန်မှာ ဓမ္မ၏ တာဝန်ပင်။ အားမလျော့ပါနှင့်။ဝီရိယ မလျော့ပါနှင့်။နည်းစနစ်သာမှန်ကန်ပါစေ။
ရကိုရပါလိမ့်မည်။ ဥာဏ်ထက်သူသည်(၇)ရက်။ဥာဏ်အတော်အတင့် ရှိသူသည်(၇)လ။ဥာဏ်ထိုင်းသူသည်
(၇)နှစ်ဟု ဆိုထားသောကြောင့် မိမိ ဥာဏ်သည် ထိုင်းသည်ဆိုစေ ၀ီရိယ လျော့ပြီးအားမထုတ်ပဲ ရပ်မထားမိ
ရန်လိုပါသည်။

စိတ်ကို ရှူမှတ်သူသည် ရှေ့ စိတ်ကိုနောက်စိတ်ဖြင့် သိပေးခြင်းဖြစ်သည်။ ရူချင်စိတ်ကို သိပေးပြီး ရူချင်စိတ်
ပျက်သည်ကိုပျက်မှန်းသိရမည်။ရှိုက်ချင်စိတ်ဖြစ်သည်ကိုသိပေးပြီး ရှိုက်ချင်စိတ် ပျက်သည်ကိုသိပေးရမည်။
ရှေ့စိတ်အဖြစ် အပျက် ကို နောက်စိတ်ဖြင့်လိုက်သိပေးနေခြင်းဖြစ်သည်။

ဝေဒနာ ရှူသူသည် မိမိ၏ မနှော`၌ သုခ ဝေဒနာသော်၎င်း ။ဒုက္ခ ဝေဒနာ သော်၎င်း။သောမနဿ  ဝေဒနာ
သော်၎င်း။ ဒေါမနဿ ဝေဒနာ သော်၎င်း။ ဖြစ်ပေါ်သမျှကို သိပြီး ပျက်သွားသည်ကိုသိပေးရန်ဖြစ်သည်။
ဝေဒနာနုပဿနာ သတိပဋ္ဌာန်ကိုရှူမှတ်လိုသူများအတွက်  ရှင်သာရိပုတ္တရာ ရဟန္တာ ဖြစ်ခဲ့သောတရားတော်
တွင် လေ့လာမှတ်သား ရှူမှတ်ပွားများနိုင်ပါသည်။

ကာယကိုရှူ ခြင်းသည်၎င်း။စိတ်ကိုရှူခြင်းသည်၎င်း။ဝေဒနာကိုရှူခြင်းသည်၎င်း ခန္ဓာတွင်ပေါ်သမျှဓမ္မ ကို
ရှုမှတ်နေခြင်းဖြစ်သဖြင့် ဓမ္မာနုပဿနာ သတိပဋ္ဌာန်လည်းဖြစ်သည်။

ထို့ ကြောင့်မိမိ ရှူမှတ်မှူသည် ၀ိပဿနာ လမ်းကြောင်းမှန်ရန်သာလိုအပ်ပါသည်။ဓမ္မက ဆောင်ယူသွားပါလိမ့်
မည်။ အဓိပတိ (၃)ပါးကိုလက်ကိုင်ထား၍၎င်း။ နိဝရဏ(၅)ပါးကိုဖယ်ရှူ၍၎င်း။ ၀ိပဿနာ ညစ်ညူးကြောင်း
တရားကိုဖြတ်ကျော်၍၎င်း။ကြိုးစားအားထုတ်ကြပါ။အားထုတ်မူကိုမယုတ်လျော့ပါစေနှင့်။

သူများတရားရသလိုငါလည်းရအောင်ကြိုးစားမည် ဟူသော မာန ထားရမည်။
သူများ အရိယာဖြစ်သွားတယ် ငါလည်း အရိယာ ဖြစ်ချင်တယ် ဟူသော လောဘ ထားရမည်။
တရားအားထုတ်ရင်းဖြစ်ပေါ်လာသော နိဝရဏတရားများကြောင့် အနှောက်အယှက်ဖြစ်ပါက
ကိုယ့်ကိုကိုယ် မာန်တင်းပြီး အပျင်းကြီးနေရလား ငိုက်မြည်းနေရလား  ဟင်း  ဟုလည်း ဒေါသ
ဖြစ်ပေးရမည်။
ဖြစ်ကောင်းသော မာန။ ဖြစ်ကောင်းသော လောဘ။ ဖြစ်ကောင်းသော ဒေါသ များ ကိုလည်း အခါအားလျှော်စွာဖြစ်ပေးပါ။ဝီရိယ မလျော့ပါနှင့် လိုချင်စိတ်တကယ်ရှိလျှင် တကယ်ကိုရရမည်။ 

ဆက်လက်၍ အားထုတ်တော်မူကြပါ ဟု တိုက်တွန်းပါသည်။

ယုံကြည် ကျန်းမာ၊ စိတ်ဖြောင့်စွာဖြင့်၊ လွန်စွာ အားထုတ် ၊
နာမ်နှင့် ရုပ် ကို ဖြစ်ချုပ်ဥာဏ်မြင်၊ ဤငါးအင် မှန်ပင် မဂ် ရကြောင်း။

တရားတော်ကိုယုံကြည်ပါလျှင် မိမိခန္ဓာကိုယ် ကျန်းမာပါလျှင် နာမ်နှင့်ရုပ်တို့် ဖြစ်ခြင်း ပျက်ခြင်း ကို သိမြင်ပါလျှင် ၀ီရိယ အားစိုက်၍ ကြိုးစားပါက အမှန်ပင် မဂ် ရမည် ဖြစ်ပါကြောင်း လေးစားစွာ တိုက်တွန်းပါသည်။

                                  *****တတိယမြောက်သမီးတော်*****

            (အထူး အစီအစဉ် အား ဤတွင် နားပါမည်။)

4 comment:

pyaemoe kywal said...

ကျေးဇူး ပါ သမီးတော် ။ သာဓု သာဓု သာဓု

မြတ်ပန်းနွယ် (Myat Pan Nwe) said...

မှတ်သားနာယူသွားပါတယ် သမီးတော်ရေ။
ကျေးဇူးတင်ပါတယ်။

Anonymous said...

အစ်မတော်ရေ မောင်ငယ်လေး ၁ မှ ၁၀ ထိ ကူးယူသွားပါတယ်၊ ကျေးဇူးအရမ်းတင်ပါတယ်။ အမတော်လည်း အိုအင်ပြည့်ဝပြီး ခရီးဆုံးပန်းတိုင် မြင်နိုင်၊ တွေ့နိုင်၊ ရောက်ရှိနိုင်ပါစေ လို့ မောင်ငယ် ဆုတောင်းပေးပါတယ်။

3rdthameetaw said...

ကောင်းပါပြီ ...Anonymous ရယ်