ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, December 30, 2013

ပုထုဇဉ် နှင့် အရိယာ

သူခိုးနှစ်ယောက်သည် ဇေတ၀န် ကျောင်းတော် တရားပွဲ``၌ တရားနာသူများ အကြားတွင်ရောကာရောက်
နေလေ၏။ တစ်ဦးသော သူခိုးသည် တရားတော်ကိုနာကြား၍ နေ၏။ ကျန်တစ်ဦးသည် ပစ္စည်း ခိုးယူရန်
ကြံစည်၍ကြည့်ရှူနေ၏။


တရားနာသော သူခိုးသည် တရားတော်ကိုနာကြားရင်း ပင် သောတာပန် တည်လေ၏။

ကျန် သူခိုးသည် တရားနာပုဂ္ဂိုလ်တစ်ဦး၏ ခါးဝတ်ပုဆိုးကြား ညှပ်ထားသည့် အသပြာထုပ်ကိုခိုးယူရရှိခဲ့၏။

အသပြာထုပ်ကိုခိုးယူခဲ့သူသည် အိမ်တွင် ထမင်းဟင်းကောင်းတို့ဖြင့် အဟာရ မှီဝဲရသည်ဖြစ်၏။
တရားနာ၍ သောတာပန်တည်သော ပုဂ္ဂိုလ်၏ အိမ်`၌ ထမင်းဟင်း စားစရာမရှိဖြစ်လေ၏။

ထိုအခါ အသပြာထုပ် ခိုးယူခဲ့သော သူခိုးသည် တရားနာ၍ သောတာပန်တည်သော ပုဂ္ဂိုလ်ကို  မိမိ မိသားစု
အတွက် စားစရာရအောင်ပင် မစွမ်းဆောင်နိုင်သူ ဟု ပြောဆိုလှောင်ပြောင်လေ၏။

အရိယာ ဖြစ်နေသော သူသည် ဤသို့ တွေး၏။. လူမိုက်တို့ သည် ပညာရှိကို ပညာရှိဟု မသိနိုင်ပေ။

ထို အကြောင်းအရာကိုမြတ်စွာဘုရားအားလျှောက်ထားလိုသောကြောင့် ဆွေမျိုးတို့ နှင့်တကွ ဇေတ၀န်
ကျောင်းတော်သို့ သွား၍ လျှောက်ထားလေ၏။ မြတ်စွာဘုရားသည် ထို ဒကာ ကိုအကြောင်းပြု၍
တရားဒေသနာတော်တစ်ပုဒ်ကို ဟောကြားရာ အရိယာ ဖြစ်သွားသော ပုဂ္ဂိုလ်၏ ဆွေးမျိုးများနှင့်တကွ
များစွာသော လူအပေါင်းတို့ သည် သောတာပတ္တိဖိုလ်`၌ တည်လေ၏။


ပုထုဇဉ်တို့ မည်သည် မိမိကိုမိမိ ဟုတ်လှပြီဟု ထင်တတ်ကြသည်။ အရိယာတို့ သည်ကားပုထုဇဉ်တို့ ၏
မိုက်မဲခြင်းကို သနားဂရုဏာပင် ဖြစ်ကြရလေ၏။ ထို့ ကြောင့် မိမိကိုယ် မိမိ တော်လှတတ်လှ သဖြင့်လည်း
ဂုဏ်မောက်နေခြင်းကိုမပြုသင့်။ အရိယာတို့  နား။ မျက်စိ နှင့် မြင်သော် ကြားသော် သနားစရာ ဖြစ်နေတတ်
သည်ကို သတိပြု ဆင်ခြင်သင့်လှပါသည်။

ပုထုဇဉ်တို့ ၏ ရူးမိုက်ခြင်းမျိုး မှ လွတ်ကင်း၍ အရိယာ နှလုံးသားကိုပိုင်ဆိုင်သူများဖြစ်ကြပါစေ


(ကျမ်းကိုး.။     ။အရှင် ဓမ္မဿာမီဘိဝံသ ရေးသားတော်မူသော ဓမ္မပဒ  ၀တ္ထုတော်ကြီး ပထမ တွဲ
စာမျက်နှာ-၅၅၄ မှ ခါးပိုက်နှိုက်သမားသောတာပန်တည်ခြင်း)


                                        *****တတိယမြောက်သမီးတော်*****

4 comment:

Anonymous said...

ဒုတိယပုဂ္ဂိုလ်ကိုပဲ အားကျမိတယ်။
သာဓု သာဓု သာဓု

ရာဇာထွေး said...

ပို့စ်လေးဖတ်ပြီး မှတ်သားသွားပါတယ်ခင်ဗျာ။
အခုလိုဖတ်ခွင့်ရအောင်ပြန်လည်းဖော်ပြပေးတဲ့အတွက်
ကျေးဇူးတင်ပါတယ်ခင်ဗျာ....

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး

ရင်လှိုင်းခတ်သံ said...

အရိယာ ဖြစ်ဖို့ ထိ ဘဝတွေ အများကြီး ကြိုးစားရအုံးမယ် ။

3rdthameetaw said...

အရိယာ ဖြစ်ဖို့ ဆိုတာ ဘ၀တွေ အများကြီးကြိုးစားမှ မဟုတ်ပါဘူး
ပကတိ သာဝက ဆိုတာ ဥာဏ်ကောင်းရင် တဘ၀ တည်းနဲ့ရပါတယ်
မြတ်စွာဘုရားရှင်ကိုယ်တော်မြတ်နဲ့ ဓါတ်တော်ကျသွားတဲ့
ရဟန္တာတွေ ကိုယ်တိုင်ပြောခဲ့တဲ့စကားပါ
သံသယ ဖြစ်စရာမရှိပါဘူး
တကယ်ကြိုးစားရင်ရကိုရပါတယ်