ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Tuesday, December 23, 2014

အဘိဓမ္မာ မတတ်သော်လည်း

 တရားထူး ရဖို့ အားထုတ်မယ် ၀ဋ် မှ ထွက်မြောက်ကြောင်း နိဗ္ဗာန်ကိုမျက်မှောက်ပြုဖို့ ရန်
အားထုတ်မယ်ဆိုရင် အဘိဓမ္မာ မတတ်သော်လည်းပဲ ဆရာသမားနဲ့ အားထုတ်ရင်ဖြစ်တယ်။
အဘိဓမ္မာ အများကြီးတတ်ဖို့ မလို ဘူး။တတ်ရင်တော့ကောင်းပါတယ်။ သို့ သော် ဒီစိတ်
စေတသိက် ရုပ်နိဗ္ဗာန်  ဒါတွေ အကုန်လုံးသိမှ မင်းတရားထိုင်ရမယ်။ ဒီလိုပြောလို့ မရဘူး။
အဲ့ဒါ သတိထားရမယ်။

Posted on: Thursday, December 11, 2014

သိထားရမည့် ဒုက္ခသစ္စာ



 ပဋိသန္ဓေနေရခြင်း၊အိုရခြင်း၊နာရခြင်း၊ သေရခြင်း၊ မချစ်မနှစ်သက်အပ်သော
သတ္တ၀ါ သင်္ခါရတို့ နှင့်အတူတကွ ပေါင်းယှဉ်ရခြင်း၊ချစ်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရတို့ နှင့် ကွေကွင်းခွဲခွါရခြင်း၊ မိမိလိုအင်ဆန္ဒမပြည့်ဝခြင်း၊
စိုးရိပ်ပူဆွေးရခြင်း၊ငိုကြွေးရခြင်း၊စိတ်နှလုံး မသာယာခြင်း စသည့် ကိုယ်စိတ်
နှစ်ဖြာ ငြိုငြင်ပင်ပန်းခြင်းတို့ သည်သာမာန်ဆင်းရဲခြင်း အနက်သဘော
ရှိသော ဒုက္ခဒုက္ခ တွင် အကျူံးဝင်လေသည်။

Posted on: Thursday, December 4, 2014

ပညာ နှင့် သဒ္ဓါ


ဝီမံသနာ  ပတိရူပေန အသဒ္ဓိယံ ၀ဉ္စေတိ။

ဝီမံသနာ မတိရူပေန=စုံစမ်းဆင်ခြင်ခြင်း ပညာတရားနှင့်တူသဖြင့်၊
အသဒ္ဓိယံ= သူတစ်ပါးကိုမယုံကြည်ခြင်း အသဒ္ဓိယ တရားသည်၊
ဝဉ္စေတိ=လှည့်ပတ်တတ်၏။

Posted on: Saturday, November 29, 2014

မဟာဂန္ဓာရုံ ဆရာတော်ဘုရား၏ ကြည်ညိုဖွယ်ရာ စိတ်ထား

 ကိုယ်တည်းတစ်ယောက် ချမ်းသာရောက်ဖို့  ခုလောက်ကြိုးကုတ် အားမထုတ်ဘူး၊
ဗုဒ္ဓမြတ်စွာ သာသနာ၏ ရှေးခါဘိုးဘ လက်ထက်ကလျှင် ရသည့်တန်ခိုး ထပ်မညှိုးအောင်
အားကြိုးမာန်တက်  ငါဆောင်ရွက်သည် ဆက်လက်တည်တံ့ရုံသာတည်း။
(တစ်ဘ၀ သံသရာ စာမျက်နှာ - ၃၈၉)

Posted on: Wednesday, November 26, 2014

နှစ်နှစ်ပြည့် ဘလော့ဆိုဒ် အလှု အတွက် ဆုတောင်း မင်္ဂလာ


မောင်(စွယ်စုံကျမ်း)နှင့်တကွ အလှုရှင်များအားလုံးရဲ့ ကောင်းမှုနဲ့ 
ဒိုမိန်း ၀ဘ်ဆိုဒ်လေးကို အသုံးပြုခွင့်ရခဲ့တာ နှစ်နှစ် ပြည့်ခဲ့ပါပြီ။
မြတ်စွာဘုရားရှင်ရဲ့ သာသနာတော်ကို အလေးအမြတ်ထားပြီး
မိမိ နိုင်ရာ အခန်းကဏ္ဍကနေ ဒါန တစ်ခု စုပေါင်းပြီးပြုခဲ့ကြတဲ့အတွက်
ဝမ်းမြောက်ဝမ်းသာဖြစ်ခဲ့ရပါတယ်။

Posted on: Thursday, November 20, 2014

နှမျောစရာကောင်းသော ဘဝ



 တရားအားထုတ်တယ်ဆိုတိုင်း နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ပါရဲ့လား…..

Posted on: Monday, November 10, 2014

တစ်ဦးနောက် တစ်ဦးလိုက်၍ ကျင့်ကြံကြခြင်း



တရားနဲ့အညီ အိမ်ရာတည်ထောင် လူ့ ဘောင်မှာနေတဲ့ လူတစ်ယောက်ဟာ
တစ်နေ့ မှာ ဇနီးဖြစ်သူကို  “ ချစ်နှမ…ငါ ရဟန်းပြုလိုတယ်” လို့  ပြောတော့
ဇနီးဖြစ်သူက ၀မ်းကြာသိုက်မှာတည်နေတဲ့  ကလေး ဖွားမြင်ပြီးမှ ရဟန်း
ဝတ်ပါလို့  တောင်းဆိုပါတယ်။ခင်ပွန်းသည်ကလည်း ဇနီး ရဲ့အလိုအတိုင်း
ကလေးငယ် ဖွားမြင်ပြီးလို့  လမ်းလျှောက်တတ်တဲ့ အချိန်ထိ စောင့်ပြီးမှ
နောက်တစ်ဖန် ခွင့်တောင်းပြန်ပါတယ်။ ခွင့်တောင်းတော့ ဇနီးသည်က
ကလေး အရွယ်ရောက်တဲ့အချိန်ထိ စောင့်ပါအုံးလို့ ဆိုပြန်တော့
ခင်ပွန်းဖြစ်သူလည်း ဇနီးသည်ကိုခွင့်တောင်းနေလို့ တော့ ရဟန်းဝတ်ခွင့်
ရတော့မှာမဟုတ်ဘူးဆိုတာသိပြီး မိမိရဲ့ ၀ဋ်ဆင်းမှ လွတ်မြောက်ဖို့ ရာအတွက်
ကိုသာ ရှေ့ရှူလို့  ရဟန်းပြုခဲ့ပါတယ်။

Posted on: Sunday, November 2, 2014

ကြည်ညိုခဲ့မိသော ဂါထာလေးတစ်ပုဒ်

 မိလက္ခ မုဆိုးကြီး  အနှစ်ငါးဆယ်လုံးလုံး ပါဏာတိပါတ ကံ နဲ့ အသက်မွေးပြီး
အကုသိုလ်တွေ ဆိုးလွန်းလို့  ရဟန်းတစ်ပါးခပ်ထည့်ထားတဲ့ ရေကိုတောင်မမြင်ရဘူး တဲ့ ။
ရေက အိုးထဲမှာအပြည့်ရှိပေမယ့် သူတောင်စင်တစ်ပါးခပ်ထားတဲ့ရေကို အကုသိုလ်
အားကြီးတဲ့သူက မမြင်ရဘူး။အိုးထဲကို ငုံ့ ကြည့်တာ ရေတစ်စက်မှမရှိဘူးလို့ ပဲ မြင်တာတဲ့ ။
ကြည့်စမ်း  ဘယ်လောက်ကြောက်စရာကောင်းလိုက်သလဲနော်။

Posted on: Wednesday, October 29, 2014

ဥဒါန်း ဂါထာတော်


ဟယ်……………..
တဏှာလက်သမား
သင်ကား
ငါ၏ ခန္ဓာအိမ်ကို ဆောက်နိုင်သေးရဲ့လား……….

Posted on: Thursday, October 23, 2014

အတွေးထဲ သို့ ရောက်နေသော သေခြင်းတရားများ

ယခုတလော အတွေးထဲသို့ သေခြင်းတရားများ အကြောင်းက နေ့စဉ်လိုလို ရောက်နေတတ်သည်။
တမင် တွေးယူတာမျိုးမဟုတ်ပါပဲ  ဘာကြောင့် မှန်းမသိအောင် အတွေးက ရောက်ရောက်
သွားသည်။

သာသနာတွင်းအလှူ နိဗ္ဗာန်ယူ




 အလှူ နှစ်မျိုးရှိတယ်။သာသနာပ အလှူ နဲ့  သာသနာတွင်းအလှူ။
သစ္စာမသိပဲနဲ့  ကမ္မသက္ကဿ ဥာဏ်ကလေးနဲ့  လှူဒါန်းတဲ အလှူကို
သာသနာပ အလှူလို့  ခေါ်တယ်။သစ္စာအသိဥာဏ်ခြံရံပြီးတော့ လှူတဲ့
အလှူကို သာသနာတွင်းအလှူလို့ ခေါ်တယ်။ သစ္စာမသိပဲနဲ့ 
သာသနာ ပ  အလှူကိုလှူလိုက်တော့ ကုသိုလ်ထဲမှာ အကုသိုလ် ရောတာပေါ့။

Posted on: Friday, October 17, 2014

ခန္ဓာဖြင့် သက်သေပြသွားသော ဘဘ ဦးအုံးရီ


                                       ♦♦♦၀ိပဿနာ အကျိုး(၇)မျိုး♦♦♦
               
                             ညည်းညူမရှိ ၊ သတိမမေ့ ၊ ချိန်နေ့ သိပြန်၊
                                     မျက်လှန်ကြောဆွဲ ၊ မရှိပဲ နှင့် ၊
                            သေလည်းမတောင့်တင်း ၊ ပုပ်နံ့ ကင်းသည်၊
                                ကျိုးရင်း ၀ိပဿနာ တန်ခိုးတည်း။

Posted on: Wednesday, October 15, 2014

သစ္စဥာဏ် ကိစ္စဥာဏ် ကတဥာဏ်





ခန္ဓာမှာ နာတယ် ကျင်တယ် အောင့်တယ် ပူတယ် အေးတယ် ဆိုတာခံစားရတော့
ဆင်းရဲလား ချမ်းသာလားမေးရင်  ဆင်းရဲပါတယ် ဆင်းရဲတဲ့ အတွက်ကြောင့်
ဒုက္ခ လို့ ပြောတာ။  အမှန်တကယ် ဟုတ်လို့ မို့ လဲ  သစ္စာလို့ ပြောတာ။
ဒါကြောင့်နာတယ်  ကျင်တယ် အောင့်တယ် ပူတယ် အေးတယ်

Posted on: Tuesday, October 14, 2014

ယုတ်သော မြတ်သော အသက်ရှင်ခြင်း



လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် မသိ။ ပညတ် ပရမတ် မသိ။ ဖြစ်ပျက် မသိပဲ
အသက်တစ်ရာနေသောသူသည် ယုတ်သောအသက်ရှင်ခြင်းဖြစ်တယ်။
လူရယ်လို့ ဖြစ်ပြီး နာမ်ရုပ် ။ ပညတ် ပရမတ် ။ဖြစ်ပျက်  ကိုသိပြီး အသက်
တစ်ရက် ရှင်ရခြင်းသည် မြတ်သောအသက်ရှင်ခြင်းဖြစ်တယ်။

Posted on: Sunday, October 5, 2014

ညစ်ကျယ်ကျယ် သမီးတော်

သမီးတော်နေတာက ရှမ်းပြည်နယ်မြောက်ပိုင်းထဲက မြို့ တစ်မြို့ ဖြစ်တာကြောင့် တက္ကသိုလ်ကို
လားရှိုးမှာ တက်ရပါတယ်။အဲ့ဒီတုံးက လားရှိုးက တက္ကသိုလ်မဖြစ်သေးပါဘူး။ ရိုးရိုးကောလိပ်
ကျောင်း အဆင့်ပဲ ရှိပါသေးတယ်။ 

Posted on: Thursday, September 25, 2014

လျှပ်တစ်ပြက် ရာဂ နှင့် မိမိ စိတ်ကို တန်ပြန် ထောက်လှမ်းခြင်း။



 လွန်ခဲ့တဲ့ ဆယ်စုနှစ် တစ်ခုကျော်ကတည်းက အရောင်ကော အဆင်းပါ
နှစ်သက်လို့ ဝယ်ထားတဲ့  အ၀တ်ကလေးတစ်စုံကို တူမလေးကိုပေးဝတ်
မိပါတယ်။

Posted on: Sunday, September 21, 2014

ထောက် ကနဲ ………..



                                      ရွှန်းလက်ကယ် ကြယ်စင်
                                        ငယ်စဉ်က မျက်စိ
                                  ဇရာဝင် ပျက်ရှာကြတယ်
                                     အပ်ပေါက်ချော်ထိ။

Posted on: Saturday, September 13, 2014

ကိုယ်ပိုင် အရည်အချင်းနဲ့ဆို ဒီတသက် သူဋ္ဌေး ဖြစ်မှာမဟုတ်တဲ့ သူ


လတ်တလော  အာဏာစက် ပြင်းထန်နေတဲ့ 
BPP Challenge  လေးကြောင့် ဘလော့ရွာလေး အတော်ကိုစည်ကားသိုက်မြိုက်
နေပါတယ်။

Posted on: Monday, September 1, 2014

ဘလော့ဒေး အမှတ်တရ

ဆံကေသာ ထုံးနှောင်
ပိတုန်းရောင်အသွေး
ဇရာဝင်ပျက်ရှာကြတယ်
နက်ရာက ဖွေး။

Posted on: Sunday, August 31, 2014

အရိယာ နယ်သို့ တက်လှမ်းတာ ၀ိပဿနာပါ

ပဋိစ္စသမုပ္ပဒ် နားလည်မှ သောတာပန် သကဒါဂါမ် အနာဂါမ် ရဟန္တာ ဖြစ်မယ်လို့ ပြောလိုက်တော့
ယောဂီတို့ က မေးစရာရှိလာပြီ။

Posted on: Saturday, August 23, 2014

သဘောခန္ဓာမှသည်


 သဘာလေးပဲရှိတဲ့ ခန္ဓာငါးပါးကို ဥာဏ်နဲ့မြင်အောင်ကြည့်တတ်ဖို့ 

သိတ်ကိုအရေးကြီးပါတယ်။

ခန္ဓာငါးပါးဟာ အထည် ဒြပ် အစိုင်အခဲ အဖြစ် တည်ရှိနေတာ မဟုတ်ပါဘူး။

သဘောလေးတွေပဲ ရှိတာပါ။

Posted on: Sunday, August 17, 2014

အချစ်နဲ့ ၀ိပဿနာ


                                                     လွမ်းတယ်
                                                     .............

Posted on: Thursday, August 7, 2014

ပညာရှိသောသူမည်သည်

ချစ်သားဥဂ္ဂသေန  ပညာရှိသောသူမည်သည်

ဖြစ်ပြီးသောခန္ဓာငါးပါး ။ဖြစ်လတ္တံ့ သောခန္ဓာငါးပါး
ဖြစ်ဆဲသောခန္ဓာငါးပါး တို့ ကိုတွယ်တာငြိကပ်
တပ်မက်မှူကိုပယ်စွန့် ၍
ဇာတိ ဇရာ မရဏ ဒုက္ခ စသည်တို့ မှ
လွတ်မြောက်အောင် ကြိုးကုတ် အားထုတ်သင့်လှပေ၏ ။

Posted on: Monday, August 4, 2014

ကျက်သရေမင်္ဂလာ အဖြာဖြာရှိစေရန်


 ကုသိုလ်ကောင်းမှူဟူသမျှတို့ တွင် ၀ိပဿနာ ဘာဝနာ ကုသိုလ်သည် အကောင်းဆုံးဖြစ်၏။

ဗုဒ္ဓရှင်တော်မြတ်သည် ကုသိုလ်ကောင်းမှူလုပ်သူ ပုဂ္ဂိုလ်အပေါင်းတို့တွင် ၀ိပဿနာ ဘာဝနာကို

ပွားများသော ပုဂ္ဂိုလ်အားသာလျှင် ချီးမွမ်းတော်အမူဆုံးဖြစ်၏။

Posted on: Thursday, July 24, 2014

ဇရာဝင် အရွယ်ထောက်တော့

ဇရာမီးကလည်းလောင်နေလိုက်တာ။ဗျာဓိမီးကလည်း လောင်။ မကြာခင် မရဏမီးကလည်း သေအောင်
သတ်တော့မယ်။ ဒါကြောင့် မီး ဆိုတဲ့နေရာမှာ စာလိုပြောတော့ တေဇောဓါတ်ပေါ့။  အဲ့ဒီ တေဇော ဆိုတဲ့
မီးကလည်း နှစ်မျိုးရှိတယ်။

Posted on: Tuesday, July 22, 2014

ဝိပဿနာနည်းတော့ ဥာဏ်နိမ့်တယ်


Posted on: Monday, July 7, 2014

ကိုယ့်တရားကို ကိုယ်စစ်ဆေးပါ

နိဗ္ဗာန်ရောက်ကြောင်းတရားတော်ကိုလေ့လာကြသူများတွင် တရားစစ်တရားမှန်ကိုလေ့လာပြီး မှန်စွာ
ကျင့်ကြံသူများရှိသလို တရားစစ်တရားမှန်ရယ်လို့ ရှာမတွေ့ ပဲ ဆရာ အတုအယောင်များ အဓမ္မ တရား
သမားများ၏ အဟောအပြောကောင်းခြင်းကို နာယူပြီး လေ့လာလိုက်စားသဖြင့် လမ်းမှန်မရောက်သူများ
လမ်းဆုံးမရောက်သူများ များစွာကိုလည်းတွေ့မြင်ကြရသည်။

Posted on: Thursday, July 3, 2014

သမ္ဖပ္ပလာပ ကံကို ကျူးလွန်သော ဂါမဏိ ၀တ္ထု



လွန်လေပြီးသောအခါက မြတ်စွာဘုရားသည် ရာဇဂြိုလ်ပြည်ဝေဠုဝန် ကျောင်းတော်`

၌နေတော်မူ၏။ကချေသည်တစ်ထောင်တို့၏ အကြီးအမှူး ဂါမဏိသည် ပစ္ဆိမဘ၀ိကသားဖြစ်၍ 

ရင့်ကျက်သော ဥာဏ်ရှိသည် အဖြစ်ကြောင့် အခြံအရံနှင့်အတူ မြတ်ဗုဒ္ဓထံသို့ ချဉ်းကပ်ပြီးလျှင်-

Posted on: Wednesday, June 25, 2014

မှတ်သားဖွယ်ရာများ


Posted on: Sunday, June 22, 2014

မိဘ လုပ်ကျွေး ရဟန်းတော်လေး

 ဘုရားရှင်ကိုယ်တော်မြတ်ကြီး သာဝတ္ထိပြည်မွန် ဇေတ၀န်ရွှေကျောင်းတော်မှာကိန်းအောင်းမွေ့ လျော်
စံပျော်တော်မူစဉ် သာဝတ္ထိမြို့ထဲက သူဋ္ဌေးသားတစ်ယောက်ဟာ ကျောင်းတော်ကို ရောက်လာပြီး  မြတ်စွာ
ဘုရား ဟောကြားတဲ့တရားတော်တွေကိုနာကြားတယ်။ တရားနာပြီးတဲ့အခါမှာ သင်္ဃန်းဝတ်ချင်စိတ်
ပေါက်လာပါတယ်။

Posted on: Saturday, June 14, 2014

ပညာအမွေပေးခဲ့လေ

သူဋ္ဌေးသားနဲ့ သူဋ္ဌေးသမီး အိမ်ထောင်ရက်သားချပေးလိုက်ပြီဆိုတော့ ဟိုဘက်ကလည်း ကုဋေရှစ်ဆယ်
ဒီဘက်ကလည်း ကုဋေ ရှစ်ဆယ် စုစုပေါင်း ကုဋေ တစ်ရာ့ ခြောက်ဆယ်။သူတို့အသက်က နှစ်ဆယ်
ကျော်လေး။ပညာ ဗဟုသုတ မရှိပဲနဲ့ ဒီကုဋေတစ်ရာ့ခြောက်ဆယ်ကို ထိန်းသိမ်းဖို့ဆိုတာ လွယ်ပါ့မလား။

Posted on: Friday, May 9, 2014

ရခဲတဲ့ ဒုလ္လဘတရား သုံးပါး



ဒါန မင်္ဂလာကြီး အောင်မြင်ဖို့ ကလည်း ကြုံရခဲတဲ့  ကိစ္စပါ။ "ပစ္စည်း သဒ္ဓါ၊သာသနာ သုံးဖြာဒုလ္လဘ၊စုံခဲစွ။ "

Posted on: Tuesday, May 6, 2014

စောင့်လေမျိုးနွယ်




ရှေးတုန်းက ပညာရေးက ဘုန်းတော်ကြီးကျောင်းသင်စနစ်ဆိုတော့ ယဉ်ကျေးလိမ်မာဖို့အတွက်
စိတ်ချရပြီးသားပဲ။

Posted on: Friday, April 25, 2014

အရည်အချင်းပြည့်လေ ဂါရ၀ နိဝါတ ရှိလေ


သောတာပန်တည်ချင်ရင် ဒိဋ္ဌိကိုအရင်ဖြုတ်ရပါတယ်။ဒိဋ္ဌိက စိတ်မှာကပ်တာများတယ်။

Posted on: Monday, April 21, 2014

သစ္စာသိမှ ပြုံးသေရ

ဘုရားဟောတဲ့သစ္စာတရားက လေးပါးရှိပါတယ်။ဒုက္ခသစ္စာ။သမုဒယသစ္စာ။နိရောဓသစ္စာ။မဂ္ဂသစ္စာ။

Posted on: Thursday, April 10, 2014

နိဗ္ဗာန် မရောက်ခြင်းအကြောင်းသုံးပါး

တို့တစ်တွေ နိဗ္ဗာန် မရောက်အောင်ကန့်ကွက်နေတဲ့ အကြောင်းတရားသုံးမျိုး ရှိပါတယ်။

Posted on: Wednesday, April 9, 2014

လောက ချမ်းသာ ကျင့်လေးဖြာ

 
လောက လူသားတွေဟာ အရွယ်ရောက်လာတာနဲ့  ရာထူးဂုဏ်သိရ်အာဏာရရှိရေး အတွက် နေ၀င်မိုးချုပ်
အထိတစ်နေကုန် တစ်နေခန်း ကြံစည်လုပ်ကိုင်ရင်း အချိန်ကုန်နေကြရတာများတယ်နော်။ ရရှိလာတဲ့ရာထူး
ဂုဏ်သိရ် စည်းစိမ်အာဏာ ပါဝါဆိုတာတွေကလည်း ဘယ်လောက်ပဲကြီးကျယ်များပြားနေပါစေ တစ်ချိန်ချိန်
မှာ သူက ကိုယ့်ကိုခွဲရင်ခွဲ။ မခွဲရင် ကိုယ်က သူ့ ကိုခွဲရတာချည်းပါပဲ။

Posted on: Thursday, April 3, 2014

ကျိုးကြောင်းပြညွှန် ဆုံးမစကားကို ပြောကြားလာက နာလွယ်စေ

အကြောင်းကောင်းမှ အကျိုးကောင်းပါတယ်။အကြောင်းဆိုးရင် အကျိုးလည်း ဆိုးတတ်တာ သဘာဝ ပဲ။
 အကြောင်းမင်္ဂလာကောင်းလို့  အကျိုးမင်္ဂလာကောင်းဖြစ်ထွန်းလာပုံကို ဘုရားလက်ထက်တော်က
အရှင်ရာဓဆိုတဲ့ မထေရ်  အကြောင်းကိုလေ့လာကြည့်ရင်သိနိုင်ပါတယ်။

Posted on: Wednesday, April 2, 2014

"တော်" ထည့်ပြီး ပြောပါ

ရှေးတုန်းက ရွာတစ်ရွာမှာ ကျောင်းဒကာ ကျောင်းအမ သမီးတစ်ယောက် မိသားစု ရှိသတဲ့ ။
နေ့စဉ်နဲ့အမျှ ကျောင်းကိုဆွမ်းသွားပို့နေတာက ကျောင်းဒကာဖြစ်ဖြစ် ကျောင်းအမ ဖြစ်ဖြစ်သွားနေကျ.။
တစ်နေ့မှာလူကြီးတွေမအားတာနဲ့သမီးကိုဆွမ်းပို့ခိုင်းသတဲ့ ။ ကလေးမ က ဆွမ်းကပ်ပြီးပြန်ခါနီးမှာ
"ကဲ..အရှင်ဘုရား စားနှင့်တော့ တပည့်တော်လည်း ပြန်ကြွအုံးမယ် "  တဲ့ ။

Posted on: Thursday, March 27, 2014

အမြတ်ဆုံးဒါန ကိုကောင်းစွာ ခံယူခြင်း

ရှိရှိသမျှ ပုဂ္ဂိုလ်သတ္တ၀ါတွေအကုန်လုံးမှာ အမှန်စင်စစ် ရှိနေတာက ခန္ဓာငါးပါး ချုပ်ပြီးပြောတော့
ရုပ်နာမ် နှစ်ပါးသာဖြစ်တယ်။ ခန္ဓာငါးပါးရှိနေတဲ့အတွက် ဘ၀ များစွာသံသရာမှာ မအိုချင်ပဲလည်း
အိုခဲ့ကြရတယ်။ မနာချင်ပဲလည်း နာခဲ့ကြရတယ်။မသေချင်ပဲလည်းသေခဲ့ကြရတယ်။ ခန္ဓာရယ်လို့ 
ရလာပြီဆိုရင် ဘယ်ဘ၀ ဘယ်ခန္ဓာ ကိုယ်ကိုပဲရရ အိုနာသေဘေးကြီးတွေနဲ့တွေ့ ကြရမှာပဲ။

Posted on: Friday, March 14, 2014

လျောင်းခြင်း ဣရိယာပုတ်ဖြင့် တရားရှူမှတ်ရအောင်

သက်တောင့် သက်သာ နဲ့ ဇိမ်ကျကျ တရားအားထုတ်တဲ့ နည်းလေးပါ။ ပင်ပန်းမှာကြောက်ကြတဲ့သူတွေ
အတွက် လုပ်သင့်တဲ့နည်းလေးတစ်ခုဖြစ်ပါတယ်။

Posted on: Saturday, February 22, 2014

ပုံပြင်တစ်ပုဒ်ကို အဟုတ်မှတ်လို့ ယုံခဲ့ဖူးပါသည်။

စာအုပ်  ၄ အုပ် မှာပါတဲ့စာများကို ညွှန်းဆိုပြီး ရေးသားတင်ပြထားတဲ့ စာတစ်ပုဒ်ကို ဖတ်ရှူခွင့်ရတဲ့အတွက်
အမှတ်မှားနေသူများပါ အမှန် ပြင်ဆင်နိုင်ခွင့်ရဖို့  ရေးသားတင်ပြခြင်းဖြစ်ပါတယ်။

Posted on: Sunday, February 16, 2014

တံလျှပ်ကိုရေထင် ရွှေသမင် အလိုက်မှားသလို မဖြစ်စေချင်



ဓါတ်တော်ကျသွားသော ဆရာတော်များ၏ တရားတော်များကိုနာကြား ရသည်အခါ ဖတ်ရှူရသည့်အခါ
နိဗ္ဗာန်ရနံ့ တို့ မွှေးပျံ့ နေသည်ကိုခံစားမိရပါသည်။

Posted on: Monday, February 10, 2014

ကိုယ့်စိတ် ကိုယ်စစ်

ကိုယ့်စိတ် ကိုယ်စစ် ဆိုတဲ့ စကားလုံးလေးက အင်တာနက် စာမျက်နှာတွေပေါ်မှာတော်တော်ကိုခေတ်စား
နေတဲ့စကားလုံးလေးဖြစ်နေပါတယ်။ တကယ်ပဲကိုယ့်စိတ်ကိုယ်စစ်နိုင်ရင် နိဗ္ဗာန် မျက်မှောက်ပြုရမှာပါ။
ကိုယ့်စိတ်ကို ကိုယ်စစ်တတ်ဖို့ တော့ လိုပါတယ်။

Posted on: Saturday, February 8, 2014

အရိယာများနှင့်မောင်နှမ တော်ခြင်း

အရိယာသူတော်စင်များနှင့် မောင်နှမ တော်စပ်ရသော် ကောင်းလေစွ

Posted on: Sunday, February 2, 2014

နိဗ္ဗာန်ကို မျက်မှောက်ပြုပုံ

ဖြစ်ပျက်မြင်တဲ့အလုပ်သည် အကြောင်းသတ်ခြင်းဖြစ်တယ်။

Posted on: Saturday, February 1, 2014

နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေ

ဒါနပြုပြု သီလ ဆောက်တည်တည် ဘာဝနာအားထုတ်ထုတ် ကိုယ်ပြုတဲ့ကုသိုလ်ကောင်းမှူသည်
နိဗ္ဗာန်၏ အထောက်အပံ့ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်းကို ဘယ်လိုပုဂ္ဂိုလ်တွေဆုတောင်းကြပါသလဲ။

Posted on: Monday, January 27, 2014

အမြတ်ဆုံးနေနည်း

ထမရေ ချောင်းစီး လှူသော အလှူထက် သောတာပန် တစ်ယောက်ကိုလှူခြင်းက ပိုမြတ်၏။
သောတာပန် တစ်ရာကို လှူခြင်းထက် သကဒါဂါမ် တစ်ယောက်ကိုလှူခြင်းက ပိုမြတ်၏။

Posted on: Friday, January 24, 2014

စိတ်






ကိုယ်က သူ့ ကိုချစ်နေခင်နေတော့ သူနဲ့ချစ်ခွင့်ခင်ခွင့်ရတာကို ၀မ်းမြောက်ပျော်ရွှင်တယ်။သူ့ ကြောင့် စိတ်ကျေနပ်တယ်လို့ ယူဆတယ်။

Posted on: Thursday, January 16, 2014

မိုးကုတ်ဆရာတော်ဘုရား၏ တရားတော်များ