ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Monday, January 27, 2014

အမြတ်ဆုံးနေနည်း

ထမရေ ချောင်းစီး လှူသော အလှူထက် သောတာပန် တစ်ယောက်ကိုလှူခြင်းက ပိုမြတ်၏။
သောတာပန် တစ်ရာကို လှူခြင်းထက် သကဒါဂါမ် တစ်ယောက်ကိုလှူခြင်းက ပိုမြတ်၏။

သကဒါဂါမ် တစ်ရာကိုလှူခြင်းထက် အနာဂါမ် တစ်ယောက်ကိုလှူခြင်းက ပိုမြတ်၏။
အနာဂါမ်တစ်ရာကိုလှူခြင်းထက် ရဟန္တာ တစ်ပါးကိုလှူခြင်းက ပိုမြတ်၏။
ရဟန္တာ တစ်ရာကိုလှူခြင်းထက် ပစ္စေက ဗုဒ္ဓါ တစ်ပါးကို လှူခြင်းက ပိုမြတ်၏။
ပစ္စေက ဗုဒ္ဓါ တစ်ရာကိုလှုခြင်းထက် သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကိုလှူခြင်းက ပိုမြတ်၏။
သမ္မာသမ္ဗုဒ္ဓ ဘုရားတစ်ဆူကိုလှူခြင်းထက် သံဃာတော်များကိုလှူဒါန်းခြင်းက ပိုမြတ်၏။
သံဃာတော်များကိုလှူဒါန်းခြင်းထက်သရဏံဂုဏ် သီလ နှင့် ငါးပါးသီလကို စောင့်ထိန်းခြင်းက ပိုမြတ်၏။
သရဏံဂုဏ် သီလ နှင့် ငါးပါးသီလကို စောင့်ထိန်းခြင်းထက် မေတ္တာပွားများခြင်းက ပို၍မြတ်၏။

မေတ္တာ၏ အဝေးရန်သူသည်  ဒေါသ
မေတ္တာ၏ အနီး ရန်သူသည် တဏှာ

တဏှာသည် မေတ္တာ အယောင်ဆောင်တတ်၏။သတိဖြင့် ဆင်ခြင်ကြပါကုန်။



(ဆရာတော် ဦးတိက္ခ ၏(၂၁-၈-၂၀၁၃) မေတ္တာ အခါတော်နေ့  တွင်ဟောကြားသော တရားတော်မှ
ကောက်နုတ်ဖေါ်ပြပါသည်)




                             *****တတိယမြောက်သမီးတော်*****

1 comment:

စံပယ်ချို said...

တဏှာသည် မေတ္တာ အယောင်ဆောင်တတ်၏။သတိ------သတိ-------သတိ