ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Sunday, February 2, 2014

နိဗ္ဗာန်ကို မျက်မှောက်ပြုပုံ

ဖြစ်ပျက်မြင်တဲ့အလုပ်သည် အကြောင်းသတ်ခြင်းဖြစ်တယ်။

ဝေဒနာ နာတာ ကျင်တာ ကိုမြင်ပြီး နာတယ် ကျင်တယ် ဝေဒနာ ပျောက်ချင်တယ် ဖိလိုက်ရမလား
ဆန့် လိုက်ရမလား စသဖြင့် လုပ်ချင်နေရင် ဝေဒနာ ပစ္စယာ တဏှာ ဖြစ်နေတာ။ အကျိုးကိုသတ်ရင်
သံသရာလည်မယ်။ အကြောင်းသတ်တဲ့အလုပ်ကိုလုပ်မှ သံသရာပြတ်မယ်။  အကြောင်း ဘယ်လိုသတ်မလဲ။
ဖြစ်တဲ့ဝေဒနာကို ပျက်တာမြင်အောင်ကြည့်နိုင်ရင် အကြောင်းသတ်တာဖြစ်တဲ့အတွက် အကျိုးမလာတော့
ဘူး။တဏှာ နိရောဓါ ဖြစ်တယ်။ ပျက်တာကိုမြင်နေရင် တဏှာလာစရာမလိုတော့ဘူး။ နာတာမကြိုက်ဘူး
ကျင်တာ မကြိုက်ဘူး။ နာတာပျောက်ချင်တယ်။ကျင်တာပျောက်ချင်တယ်ဆိုပြီး ဖြစ်ချင်နေရင် တဏှာ ၀င်
နေတာဖြစ်တဲ့အတွက် တဏှာပစ္စယာ ကမ္မဘ၀ လာပါလိမ့်မယ်။ သူဖြစ်နေတာကို ကြည့်နေဖို့ ပဲလိုတယ်။
သူ က ဖြစ်ပြလိုက် ပျက်ပြလိုက် လုပ်နေမှာ။ဖြစ်တာကိုမြင်အောင်ကြည့်ရမယ်။ ပျက်သွားတာကိုလည်း မြင်
အောင်ကြည့်ရမယ်။ ကိုယ်ဖြစ်ချင်တာကို လိုက်မလုပ်နဲ့။ ဥာဏ်နဲ့မြင်အောင် လိုက်ကြည့်နေဖို့ ပဲလိုတယ်။

ဖြစ်ပျက်ချုပ်ခါနီးမှာ ဖြတ် ဖြတ် ဖြတ် နဲ့  ၀ိဇ္ဇာဏ ဂါမိနီ ၀ိပဿနာ ဇောဇောနေပြီ။ဖြတ် ဖြတ် ဖြတ် နဲ့
ဖြစ်ပျက်တွေက များလာလိုက် နည်း သွားလိုက်  ဖြစ်နေမယ်။ နောက် ဖြစ်ပျက်တွေ ဖြတ် ဖြတ် ဖြတ် နဲ့
မြန်မြန်ဖြစ်ပြီး အမြင်ငြိမ်း အနေအေးသွားမှ နိဗ္ဗာန် မျက်မှောက်ပြုတယ်လို့ မှတ်ပါ။ ဖြစ်ပျက်တွေ ရပ်နေတယ်
ဥာဏ်ရှေ့ မှာ ရပ်နေတယ်ဆိုရင် ဖြစ်ပျက် တကယ်ဆုံးသွားတာ။

မဂ်စိတ် ဖိုလ်စိတ် ဆိုတာ ကိလေသာငြိမ်းတော့ အနေအေးသွားတယ်။ ရေခဲအေးသလိုတော့ မမှတ်ပါနဲ့။
ဝန်ချအေးနည်းအေးတာပါ။ တစ်ရက် မချုပ် နှစ်ရက် မချုပ် သုံးရက် မချုပ်နဲ့ ၀န်ကိုထမ်းထားရာကနေ
ချုပ်သွားတော့ တာဝန်မရှိတော့ဘူး။ဝန်ကျသွားတာ။ အဲ့ဒီလိုအေးသွားတာ။

အမြင်ငြိမ်းတယ် ဆိုတာမှာ အတုတွေ က ရှိသေးတယ်။ ထိနမိဒ္ဓ ချုပ်တာကို အမြင်ငြိမ်းတယ်ထင်ပြီး နိဗ္ဗာန်
ရတယ်လို့ ထင်တတ်ကြတယ်။    ။ဝီရိယ ချုပ်က ရှိသေးတယ်။ အရိယာမြန်မြန်ဖြစ်ချင်တော့ ဗျာများနေတယ်
ဖြစ်ပျက် ချုပ်ချင်တယ် ဆိုတဲ့အသိနဲ့ မဲပြီးရှူမှတ်နေရင် အဖြစ်ကို အပျက်လို့ မှတ်တယ်။ အပျက်ကို အဖြစ်လို့ 
မှတ်တယ် ဥာဏ်က ရှေ့ ရောက်နေတော့ ဖြစ်ပျက်က နောက်မှာ ကျန်နေခဲ့ရော။ အဲ့ဒါကို ဖြစ်ပျက်တွေ မမြင်
တော့ဘူးဆိုပြီး နိဗ္ဗာန် ရပြီလို့ ထင်တတ်ပြန်တယ်။  ။နောက်တစ်ခု က ပီတိ ချုပ်ချုပ်တာ။ ဖြစ်ပျက်တွေ ရှူ
ရင်းနဲ့ဆိုတော့ နှလုံးကကြည်ပြီး လင်းထိန်ပြီး ပေါ့ပါးသွားတာ ။ပီတိဖြစ်ပြီး  ပီတိ ချုပ်ချုပ်တာကို နိဗ္ဗာန်လို့ 
ထင်တတ်ပြန်တယ်။ လင်းတဲ့နောက် ပေါ့တဲ့နောက်ကိုလိုက်မိလို့  လွဲသွားတာ။ ။နောက်တစ်ခု က
ပဿဒ္ဓိ ချုပ်ချုပ်တာ။ အမြင်မငြိမ်းဘူး ကာယအားဖြင့်တော့အေးတယ်။ပေါ့ပါးတယ်။ ဖြစ်ပျက်က မချုပ်ဘူး။
 ဒါလည်း မဂ်အတုပဲရှိသေးတယ်။ အဲ့လိုအမှားတွေကိုကျော်လွန်ပြီးမှ နိဗ္ဗာန်ကိုရမယ်။ နိဗ္ဗာန်တွေ့ ရင်
ဟိုလူမေး ဒီလူမေး   မမေးပါနဲ့ ။ ကိုယ့်ဘာသာ ပြန်စစ်ပါ။ ဖလသမာပတ် ၀င်စားလို့ ရတယ်။ မဂ်ဆိုတာက
တစ်ကြိမ်ပဲကျတယ်။ ဖိုလ်ကို ၀င်စားရတာ။ တနာရီ အဓိဋ္ဌာန်ပြီးထိုင်ပါ။ ဖြစ်ပျက်မငြိမ်းခင်ကလိုတော့
ဖြစ်ပျက်တွေ မြန်လိုက်နှေးလိုက် နည်းလိုက် များလိုက်တော့ မဖြစ်တော့ဘူး။ ဖြတ် ဖြတ် ဖြတ် ဆို ငြိမ်းသွား
တယ်။ဖိုလ် ၀င်စားတယ်ဆိုတာ အခိုးအငွေ့ လေးကိုပဲ သတ်ရတာ။ မဂ်ဆိုတာက မီးခဲရဲရဲကြီးကို ငြိမ်းရသလို
ခက်တယ်။အကြမ်းစားသတ်ရတာ။ ဖိုလ်ဆိုတာက အခိုးအငွေ့လေးပဲ သတ်ရတာ အနုစားလေး။
တနာရီမှာ ဆယ်မိနစ်လောက်တော့ ဖြစ်ပျက်မြင်တာပေါ့။ မိနစ် ငါးဆယ်လောက်တော့ ငြိမ်းနေတာပဲ
မြင်တယ်ဆိုရင် မဂ် အစစ် ပဲ။ အစစ် မဟုတ်ရင် မငြိမ်းဘူး။ တကယ်ချုပ်ပြီးဖလသမာပတ်ဝင်စားတယ်
ဆိုတာ မျက်လုံးအိမ်တောင် မလှုပ်ဘူး။ငြိမ်နေတယ်။
အသက်ရှူတာလေးကမှန်ပြီး အေးနေတယ်။တကိုယ်လုံးတွန့်တာ လိမ်တာ လှူပ်တာ တံတွေးမျိုတာ
မရှိဘူး။ကြည်ပြီး အရုပ်လေးချထားသလိုပဲ။ ဘယ်လောက်ထူးသလဲဆိုရင် တခြားသူတွေကိုခြင်ကိုက်တယ်။
သူ့ ကိုတော့ ခြင်တောင်မကိုက်ဘူး ကိလေသာငြိမ်းနေတော့ အနံ အသက်လဲ စင်နေတာပေါ့ ။
အဲ့လိုနည်းနဲ့ပြန်စစ်ကြည့်ကြပါ။


(အရှင်ဥာဏောဘာသ ၏ နိဗ္ဗာန သစ္စိကရဏ ပဥှာ  တရားတော်ကို နာကြားမှတ်သား၍ မျှဝေပါသည်)



                              *****တတိယမြောက်သမီးတော်****

2 comment:

မြတ်ပန်းနွယ် (Myat Pan Nwe) said...

သမီးတော်ရေ.. ကျေးဇူးလည်းတင်တယ်။ လေးလည်းလေးစားပါတယ်။ မြတ် ဒီပို့စ်လေးကို ကူးသွားပါပြီ။ မြတ် နေ့စဉ် တရားထိုင်နေတာ ခြောက်လလောက်တော့ ရှိနေပြီ။ မြတ်က စိတ်အေးချမ်းဖို့ပဲ ရည်ရွယ်တာပါ။ အချိန်မပေးနိုင်လို့ ဆိုတဲ့ အကြောင်းပြချက်ကြောင့် အခုဆို တစ်ရက် ၄၅မိနစ်တောင် အနိုင်နိုင် ဖြစ်နေတယ်။ အခုတော့ အနည်းဆုံး တစ်ရက်ကို တစ်နာရီ ထိုင်ရမယ်။ ကျေးဇူးတင်ပါတယ် သမီးတော်ရယ်.

3rdthameetaw said...

ကိုယ့်အတွက်ကိုယ်လုပ်တော့ အကျိုးကြီးတာပေါ့ မြတ်ရယ်
အဓိက လုပ်ရမယ့်အလုပ်ကို နောက်ထားကြတာ
စိတ်မကောင်းစရာပါ