ဗုဒ္ဓမြတ်စွာ သာသနာ ရောင်ဝါနေသို့ လင်းပါစေ
THAMEETAW THIRD
Related Posts Plugin for WordPress, Blogger...

Posted on: Saturday, February 22, 2014

ပုံပြင်တစ်ပုဒ်ကို အဟုတ်မှတ်လို့ ယုံခဲ့ဖူးပါသည်။

စာအုပ်  ၄ အုပ် မှာပါတဲ့စာများကို ညွှန်းဆိုပြီး ရေးသားတင်ပြထားတဲ့ စာတစ်ပုဒ်ကို ဖတ်ရှူခွင့်ရတဲ့အတွက်
အမှတ်မှားနေသူများပါ အမှန် ပြင်ဆင်နိုင်ခွင့်ရဖို့  ရေးသားတင်ပြခြင်းဖြစ်ပါတယ်။


သူငယ်ချင်းနှစ်ယောက်မှာ တစ်ယောက်က ဥပုသ်နေ့ မှာ ဥပုသ် စောင့်ကြရအောင်လို့  ပြောတော့ ကျန်တစ်
ယောက်က ဥပုသ်တော့စောင့်ချင်ပါတယ် ၀မ်းရေးကြောင့် ငါးဖမ်းဖို့  တာဝန်ရှိနေတယ် ဆိုတဲ့  ဗုဒ္ဓ၀င် ဇာတ်လမ်းလိုလို ပုံပြင်လေးတစ်ပုဒ်ဖြစ်ပါတယ်။ ဒီပုံပြင်လေးမှာ ဥပုသ်စောင့်တဲ့သူက ဥပုသ်ကျောင်းသွားပြီး
ဥပုသ်စောင့်တယ်။ သို့သော် ဥပုသ်ကျောင်းရောက်နေပေမယ့် သူ့ စိတ်က ငါးဖမ်းတဲ့သူငယ်ချင်းဆီ ရောက်
နေတယ်။ သူကတော့ ငါးတွေအများကြီးရမှာပဲလို့  စိတ်စွဲပြီးနေတယ်။ ငါးဖမ်းတဲ့သူကလည်း ငါးဖမ်းရင်း
ဥပုသ်စောင့်တဲ့သူငယ်ချင်းကိုအားကျလို့  စိတ်က ဥပုသ်ကျောင်းကိုရောက်နေပါသတဲ့။သူတို့ သေသွားတဲ့
အခါ ဥပုသ်စောင့်သူက အပါယ်ကျပြီး ငါးဖမ်းသူက နတ်ပြည်ရောက်သွားတယ်ဆိုတဲ့စကား ပုံပြင်လေး
တစ်ပုဒ်ကို ငယ်ငယ်ကတည်းက ကြားဖူးခဲ့ပြီး ယုံကြည်ခဲ့မိပါတယ်။

ဒီကိစ္စ နဲ့ ပတ်သက်လို့  ဓမ္မကထိက ဆရာတော်ရဲ့  လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက်  ဆိုတဲ့ စာအုပ်မှာ
ဒဿ     န ပါသော ပုံပြင် တစ်ပုဒ်  ဆိုတဲ့ ခေါင်းစဉ်နဲ့ သီလ အကြောင်းရေးထားတယ်လို့  ဆိုပါတယ်။
စာမျက်နှာ ၁၄၆-၁၄၇ မှာလို့  ညွှန်းထားပါတယ်။

ဒီစာကိုဖတ်မိသွားတဲ့ ၀င်းကိုကို(ထန်းကုန်း) က  ၂၀၁၀ ပြည့်နှစ် စက်တင်ဘာလ ထုတ် ဓမ္မရံသီ မဂ္ဂဇင်းမှာ
..ဒဿ     နာ စကား မှတ်ကြ အမှား ..ဆိုတဲ့ ခေါင်းစဉ်နဲ့ ဒီဒဿ      န  ဟာ အမှားကြီးပါလို့  ရှင်းပြထားပြန်တယ်။
ဆောင်းပါးရှင် ၀င်ကိုကို ဟာ ဒဿန     ကို ဘ၀င်မကျတာကြောင့် စာအုပ်စာတမ်းတွေမှာ အဖြေရှာကြည့်
တယ်လို့ ဆိုထားပါတယ်။ အဲ့ဒီလိုရှာကြည့်ရာမှာ   ထီးချိုင့် တည်တော ဆရာတော် ရဲ့  ယနေ့ ဗုဒ္ဓ၀ါဒ ဆိုင်
ရာ အမေးအဖြေများ စာအုပ်  အမှတ်-၆ မှာ  စာမျက်နှာ  ၉၄ မှာ သူသိချင်တာကို အဖြေတွေ့ခဲ့ကြောင်း
ဖေါ်ပြထားပါတယ်။

အဲ့ဒီစာအုပ်မှာ  အင်းတော်ဦးနွားမောင် ဆိုသူက  ဒီကိစ္စ  မှန် မမှန် ကို ဆရာတော် ဘုရားထံမှာ လျှောက်
ထားမေးမြန်းချက်ကလေးကို  ဒီပုံပြင်ဖြစ်ပေါ်လာပုံလေးနဲ့ ပြည့်ပြည့်စုံစုံဖေါ်ပြထားပါတယ်။

စစ်ကိုင်းမြို့ မှာ သာသနာတော်ကြီး ထွန်းလင်းခဲ့စဉ်က ၀ါတွင်း ကာလ လပြည့်လကွယ်ဆိုရင် ဥပုသ်
ကျောင်းတွေမှာ ဥပုသ်သည်တွေပြည့်နေပါတယ်။ ၀ါဆိုလကွယ်နေ့  တစ်နေ့ မှာ သံချို ဦးကျော်လှက
ရုပ်သေးပွဲ က ပါသတဲ့။ဥပုသ်ရက်မှာ ဥပုသ်သည်တွေက ရုပ်သေးပွဲ လာမကြည့်ကြတော့ ပွဲဟာ လူမစည်
တာနဲ့ ကျေနပ်ပုံမရဘူး။ ဒါကြောင့် လူစည်အောင် လှူံ့ ဆော် တဲ့ အနေ နဲ့  သံချိုကို ဆိုလိုက်ခြင်းဖြစ်ပါတယ်။
 နှစ်ယောက်လူ ခန္ဓာတွက်တော့
တံငါသည် နတ်ပြည်သွားချေပေါ့
တရားနာအပါယ်ငုပ်တာကြောင့်
ဥပုသ်တကယ်စောင့်သော်လည်း
ဇောဖြောင့်လျှင်ကုသိုလ်ရပါလိမ့်
မမသံရင်ကိုခွေ့ တော့
အောက်မေ့ရဲ့စိတ်ကစား
နှစ်ပါးသီလ ကျိုးကြလျှင်
ပုဆိုး ဆီ နှင့်ဆွတ်ပါလို့ 
ဖွပ်ရာမှာ သာလို့ ညစ်ပါလိမ့်မယ်
ထုံးစနစ် အဓိပ္ပါယ် ...

သံချို ရဲ့ဆိုလိုရင်းက ဥပုသ်စောင့်တရားနာပေမယ့် စိတ်မစင်ကြယ်ရင် အပါယ်တောင်ကျနိုင်တယ်
ဥပုသ်ထွက်ပြီးပွဲလာကြည့်ပါလို့  ဖိတ်ခေါ်တာပါ။

သံချိုဆရာဟာ ခုလို သံချိုနှောပြီး လူစည်အောင် ကြံဆောင်ခဲ့တယ်လို့ တည်တောဆရာတော်က အမေး
အဖြေ စာအုပ်မှာ နှောင်လာနောက်သားတွေ မှတ်သားနိုင်အောင်ထည့်သွင်းဖေါ်ပြခဲ့ပါတယ်။

ဒါကိုသံသယ ရှင်းအောင် တည်တောဆရာတော်ဘုရားကြီးက ဖြေရှင်းပေးထားပါသေးတယ်။
" ဒီသံချိုဟာ သီလစောင့်ပေမယ့် စိတ်မစင်ကြယ်ရင် အပါယ်ကျတယ်ဆိုတာ ဟုတ်သလိုလို ထင်ရပေမယ့်
 အမှန်တကယ်ကတော့ လုံးဝ မဟုတ်ဘူးကွဲ့ ။ သီလ ဆိုတာ  ကာယကံမှူ ၀စီကံမှူ ကို မလွန်ကျူးအောင်
 စောင့်ရှောက်ခြင်းမျှသာ ဖြစ်တယ်။ မနောကံ မပါဘူး။ သီလ ဆိုတာ ကာယ သောင်းကျန်းမှူနဲ့ ၀စီသောင်း
ကျန်းမှူကို ရှောင်ကြဉ်တာဖြစ်တယ်။ စိတ်သောင်းကျန်းမှူနဲ့  မဆိုင်ဘူး။  ဒါကြောင့်ရဟန်းတော်များမှာ
  မနော်ဒွါရေ  အာပတ္တိနာမ နတ္ထိ-စိတ်ဖြင့် အာပတ်သင့်ခြင်း  အပြစ်ဖြစ်ခြင်း မရှိဘူး လို့   ဘုရားဟောရှိ
တာပဲ။  ဥပုသ်သည်မှာ ထမင်းစားလိုစိတ်ရှိသော်လည်း ထမင်းမစားပဲနေခြင်း။ပွဲကြည့်လိုစိတ်ဖြစ်သော်
လည်း မကြည့်ပဲ နေခြင်း ဟာသီလသတ္တိ ရှိနေတာပါ။  သီလစောင့်သူဟာ ထမင်းဆာစိတ်  ပွဲကြည့်လိုစိတ်
နဲ့သေသော်လည်း ငရဲမကျကြောင်း  နတ်ဖြစ်ကြောင်း  မူလ ပဏ္ဍာသ အဋ္ဌကထာ ကောသဗ္ဗီယ သုတ်
အဖွင့်မှာပြထားပါတယ်။ ဒါကြောင့် ဦးကျော်လှ ရဲ့ သံချိုဟာ မှားယွင်းတယ် "  လို့  ဖြေဆိုတော်မူထား
ပါတယ်။

သံချို ဦးကျော်လှ ရဲ့ ဒဿန    ဟာ အမှားပါဆိုတာကို နောက်ထပ် ဆောင်းပါးရှင် အညတရ ဘိက္ခူ (အာခါ
ဗုဒ္ဓဘာသာကျောင်း) ကထပ်မံတင်ပြထားတယ်။ဆောင်းပါးရှင် အညတရဘိက္ခူက  ဒွါရ မနှောမှာ ကသော
ဇာတ်ပွဲလို့   အမည်ပေးထားပြီး ဒဿန    အမှားကို ထောက်ပြထားပါတယ်။  သီလ သည် နတ်ရွာသုဂတိကို
ရောက်နိုင်ပါသည်။ဥပေါသထ သီလရှင် သူတော်စင်တို့ ၏ မနောဒါရ စိတ်အစဉ်တွင် ကပွဲတွေဆင်နေ
သော်လည်း အပါယ် မကျနိုင်ကြောင်း စိတ်ချ ယုံကြည်စွာဆောက်တည်ကြပါလို့  တိုက်တွန်းရေးသားထား
ပါတယ်။

ဦးကျော်လှရဲ့ သံချိုးကို  အပြစ်ပြ ဆုံးမထားတဲ့ မန်လည်ဆရာတော်ဘုရားကြီးရဲ့ သံချိုကို အမေးအဖြေ
စာအုပ်မှာ  အပြည့်အစုံမဟုတ်သော်လည်း ဆောင်းပါးမှာ ပါသလောက်ကို ဖေါ်ပြပေးထားပါတယ်။

သည်စာဆို ပါယ်ဆင်းသူ အဖေါ်လိုလို့ 
ပွဲကြည့်ကိုလာစေကြောင်းငယ်နှင့်
မကောင်းဥာဏ် ၀က်ဘီလူးကဲ့သို့ 
အရူးလိုစာဥာဏ် ရှာမှ
တံငါကို ပမာပြသော်လည်း
လိမ္မာသူ မယူကြလေနှင့်
သီလသည် ပါယ် မကျပါဘူး
မစားရ အမဲဟာကို
သဲဆုပ်ကာ ပစ်လို ကြဲသည်နှယ်
ယူလွဲအောင်သည်စာထုတ်ခဲ့ 
ဥပုသ်သည် ရွယ် ပျို အို တို့ မှာ
ဥပုသ်ကိုအိပ်လို့ သုံးသော်လည်း
ယုတ်ဆုံးစွန် နတ်ရွာပို့ ပါသတဲ့ 
မိတ္တ၀ိန် ဆိုသူတို့ လိုပဲကွယ်
လွဲဖို့ ရှိဘူး...

ပုံပြင်ထဲက ဒဿန    ကို သာသနာတွင်းသွတ်သွင်းခဲ့လို့ နှိပ်ကွပ်ဆုံးမထားတာပါ။

ဆောင်းပါးရှင်ဝင်းကိုကို က သူ့ ရဲ့ဆောင်းပါးကို ဒီလိုအဆုံးသတ်ထားပါသတဲ့ ။
"ကျွန်တော်သည် တည်တောဆရာတော်ဘုရားကြီး၏ အဖြေ။ မာန်လည်ဆရာတော်ဘုရားကြီး၏အဖြေ
တို့ ကို ဖတ်ရသောအခါ လူဖြစ်ရခြင်း၏ အဓိက ရည်ရွယ်ချက် စာအုပ်ပါ ဒဿန   ပါသောပုံပြင်တစ်ပုဒ် မှာမှား
ယွင်းသောအယူအဆကိုဖြန့်ချိထားခြင်းသာ ဖြစ်ကြောင်း သဘောပေါက်သွားပါသည်။
အကယ်၍ ငါးဖမ်းသမား နတ်ပြည်သွား အဆိုက မှန်သည်ဟူသော အချက်ကို ပိဋကတ်စာပေ အထောက်
အထားများဖြင့် အခိုင်အမာပြနိုင်လျှင်ပြကြပါ။
ကျွန်တော်သည်ဥပုသ်စောင့်ပျင်းသူဖြစ်ပါသည်။ဤစကားသည် ဘုရားရှင်အဟောနှင့်ညီညွတ်သည် ဆိုပါက
ငါးကလေးများ မျှားရင်း။ပိုကာ ကစားရင်းဖြင့် နတ်ပြည်ရောက်အောင်သီလ ကိုစိတ်ကူးဖြင့်စောင့်ပါတော့
မည်။"  


သီလနှင့်ပတ်သက်၍ အယူလွဲမည်စိုးသောကြောင့် ရေးသားဖေါ်ပြကြသောစိုးရိမ်းဖွယ် ပုံပြင်လေးတစ်ပုဒ်ကို
ဖတ်ရှူမှတ်သားမိသောကြောင့် အထူးပင် ၀မ်းမြောက်ဝမ်းသာဖြစ်မိပါသည်။
၎င်းအယူအဆ ကို ဘ၀င်မကျသောကြောင့် မေးမြန်းစူးစမ်းသော အင်းတော် ဦးနွားမောင်၏ မြတ်စွာဘုရား
၏ အဆုံးအမ ကို ယုံကြည့်မြတ်နိုးမှူသည်၎င်း။ဆက်စပ်၍ ဆောင်းပါးများရေးသားကြသော အညတရဘိက္ခူ
အား၎င်း။ယခု ဆောင်းပါးကိုရေးသားမျှဝေသော ဆောင်းပါးရှင်အောင်ဇေယျ(ဥပဒေ)အား၎င်း။လေးစားစွာ
ကျေးဇူးတင်မိပါသည်။

ထို့ထက်ပို၍ မြတ်စွာဘုရားရှင်၏ သားတော်များ ပီသစွာ သီလ ကို ယုံမှားသံသယ မရှိ ရှင်းလင်း ပြည့်စုံစွာ
ဖြေကြားနှိပ်ကွပ် ဆုံးမတော်မူကြသော တည်တော် ဆရာတော်ဘုရားကြီးနှင့် မာန်လည်ဆရာတော်ဘုရား
ကြီးတို့ အား ရွှင်လန်းဝမ်းမြောက်စွာဖြင့် ကြည်ညိုမိရပါသည်။

ငယ်စဉ်အခါက နားကြားမှတ်သားခဲ့ဖူးသော အမှားတစ်ခုကို ရှင်းလင်းစွာသိခွင့်ရခဲ့သောကြောင့်
တရားချစ်ခင်သူတော်စင်များပါ ဗဟုသုတ ရှိကြစေခြင်းအကျိုးငှါ ပြန်လည်မျှဝေ ခြင်းဖြစ်ပါသည်။
ပုံပြင်တစ်ပုဒ် ၏ လှည့်စားမှူအောက်တွင် သမီးတော်တို့  များစွာသော ဗုဒ္ဓ ဘာသာဝင်များ အယူမှား
အမှတ်မှားခဲ့မည်မှာ ဧကန်မုချဖြစ်သည်။

ထို အယူ အမှားတို့ မှ လွတ်မြောက်နိုင်ကြပါစေ



                        *****တတိယမြောက်သမီးတော်*****


(၂၀၁၃ ခုနှစ် စက်တင်ဘာလထုတ် အမှတ်(၂၈၅) ဓမ္မရံသီ မဂ္ဂဇင်း  ဆောင်းပါးရှင် အောင်ဇေယျ(ဥပဒေ)
၏ ပြောတော့တရား ဟောတော့ အမှား(၂)ကို ထုတ်နုတ်ဖေါ်ပြခြင်းဖြစ်ပါသည်။)

2 comment:

ကြည်ဖြူခင်ခင် said...

တကယ်ကို မသိထားတဲ့အရာတွေကို သိခွင့်ရလိုက်တယ်.. မနောကံကတော့ ပိုထိန်းဖို့လည်းခက်တယ်လေ.. ငယ်ငယ်ကတည်းကတံငါသည်ပုံပြင်ကို ကြားဖူးပြီးသားပေမယ့်.. ခုအသေအချာကလေး ထပ်ရှင်းပြထားတော့ အလုံးစုံသိရတယ်.. ကျေးဇူးပါ.. သမီးတော်ရေ..

ချစ်ခင်စွာဖြင့်
ညလေးချို

ရာဇာထွေး said...

မှတ်သားဖွယ်ရာတန်ဖိုးရှိလှတဲ့ဆောင်းပါးလေးတစ်ပုဒ်ပါ မသမီးတော်ရေ...
အမှတ်မှားအယူမမှားစေဖို့ အားလုံးဖတ်သင့်တဲ့ဘာသာရေးဆောင်းပါးလေးပါ...
အခုလိုဖတ်ခွင့်ရ လို့ကျေးဇူးတင်ပါတယ် ခင်ဗျာ...

ခင်မင်လေးစားစွာဖြင့်
ရာဇာထွေး